← Chapters

အခန်း (၃၀၄)

Vol. 21 Ch. 304

အခန်း (၃၀၄)

Vol. 21 Ch. 304

ကျန်းချန်၏ မောက်မာသော စကားများကို ကြားလိုက်ရလျှင် သတ္တမမင်းသား ရှားယဲ့၏ မျက်နှာသည် ချက်ချင်းပင် အရောင်ပြောင်းသွား၏။

သူက ကျန်းချန်ကို ဒေါသတကြီး ကြည့်လိုက်သည်။

သူ၏ မျက်လုံးများတွင် အလိုဆန္ဒ မပြည့်ဝသော အရိပ်အယောင်များ ထင်ဟပ်နေ၏။

ဤတစ်ကြိမ် ဧကရာဇ် အကဲဖြတ်ခြင်း၌ ရှားယဲ့သည် တော်ဝင်မိသားစု ဘိုးဘွားမြေထဲသို့ မဝင်ရောက်မီ ပြီးပြည့်စုံသော ဗျူဟာတစ်ခုကို ရေးဆွဲခဲ့သည်။

ထို့ကြောင့် သူက သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ် အဆင့် ကျင့်ကြံသူတစ်ဦး၏ အကူအညီကို ရရှိခဲ့လျှင်ပင် ဧကရာဇ်တံဆိပ်ပြား အတွက် မတိုက်ခိုက်ခဲ့ပေ။

အခြားမင်းသားများ တိုက်ခိုက်နေသည်ကိုသာ လျှို့ဝှက်စွာ ထိုင်ကြည့်နေခဲ့သည်။

မည်သည့် မင်းသားက ဤတိုက်ပွဲကို အနိုင်ရရှိသည်ဖြစ်စေ၊ သူ့အဖွဲ့ထဲမှ သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ် အဆင့် ကျင့်ကြံသူသည် ၎င်းတို့ကို အံ့အားသင့်အောင် လုပ်ဆောင်နိုင်၏။

ယင်းမှာ တစ်ချီတည်းဖြင့် ကမ္ဘာကို သိမ်းပိုက်နိုင်သော ဗျူဟာ ဖြစ်သည်။

သို့သော် အဆုံးသတ်တွင် သတ္တမမင်းသား တွက်ချက်ထားသလို ဖြစ်မလာခဲ့ပေ။

ကျန်းချန်၏ အင်အားသည် ကောင်ကင်ကို ဆန့်ကျင်နိုင်လောက်သည်အထိပင် အင်အားကြီးမားနေခဲ့သည်။

သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ် အဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်လျှင်ပင် ကျန်းချန်၏ ဓားတစ်ချက်ကို မတားဆီးနိုင်ချေ။

"တတိယအစ်ကိုတော်ရဲ့ ကံတရားက အမှန်တကယ်ကို မနာလိုစရာကောင်းတယ်.. မင်းက ကျန်းချန်လို မွန်းစတား တစ်ယောက်နဲ့ တွေ့ဆုံနိုင်ခဲ့တယ်.. ငါ့အနေနဲ့ အသင့်တော်ဆုံးဗျူဟာကို ရွေးချယ်နိုင်ခဲ့ပေမဲ့ အဆုံးမှာတော့ ကျရှုံးသွားခဲ့ရတယ်"

သတ္တမမင်းသားက ခါးသီးစွာ ပြုံးလိုက်ပြီး တိုက်ရိုက် စွန့်လွှတ်ရန် ရွေးချယ်လိုက်သည်။

သူကြိုးစားပမ်းစား ပြင်ဆင်ထားသော သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ် အဆင့် ကျင့်ကြံသူပင် ကျန်းချန်၏ ဓားတစ်ချက်တည်းဖြင့် ခေါင်းဖြတ်ခံလိုက်ရသည်။

သူ့တွင် ရှားရွှယ်နှင့် ထီးနန်းအတွက် တိုက်ခိုက်ရန် မည်သည့် လှည့်ကွက်မှ ထပ်မရှိတော့ချေ။

သတ္တမမင်းသားနှင့် အခြားသူများကို တော်ဝင်မိသားစု ဘိုးဘွားမြေမှ ထုတ်ပယ်ပြီးနောက်တွင် ကျန်းချန်သည် ချိုင့်ဝှမ်း၏ ကာကွယ်ရေးကို အလွယ်တကူ ဖျက်ဆီးပြီး နောက်ဆုံး ကျန်ရှိသည် ဧကရာဇ်တံဆိပ်ပြားကို ယူလိုက်သည်။

သူတို့က ဧကရာဇ် တံဆိပ်ပြား ကိုးခုကို စုစည်းပြီးသည်နှင့် တောက်ပသော ရွှေရောင်အလင်းတန်း တစ်ခုသည် ကျန်းချန်တို့ နှစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပင် မြုပ်ဝင်သွားသည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန် တို့သည် တော်ဝင်မိသားစု ဘိုးဘွားမြေ ပြင်ပရှိ ရင်ပြင်ထဲ၌ ပေါ်ထွက်လာခဲ့၏။

"နောက်ဆုံးမှာ တတိယ မင်းသား အနိုင်ရရှိလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး"

"ကျန်းချန်က အတော်အစွမ်းထက်တာပဲ.. သူက တစ်ယောက်တည်း အင်အားနဲ့ တတိယ မင်းသားကို ဧကရာဇ် အကဲဖြတ်ခြင်းမှာ အနိုင်ရရှိအောင် အမှန်တကယ် ကူညီပေးနိုင်ခဲ့တယ်"

"လူတစ်ဦးတည်းရဲ့ အင်အားနဲ့ မင်းသားတစ်ပါးကို ဧကရာဇ် အကဲဖြတ်ခြင်းမှာ အနိုင်ရအောင် ကူညီပေးတာက မဟာရှားနိုင်ငံရဲ့ သမိုင်းမှာ နှစ်ထောင်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ပဲ"

ရင်ပြင်ထဲ၌ ပေါ်ထွက်လာသော ကျန်းချန်တို့ နှစ်ဦးကို မြင်သောအခါ လူတိုင်းသည် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သွားကြသည်။

လူတိုင်း အံ့အားသင့်နေသောအချိန်တွင် ဧကရာဇ် ရှားကျုံး၏ ခမ်းနားသော အသံသည် လေထဲ၌ ပဲ့တင်ထပ်သွား၏။

"အားလုံးပဲ.. ဧကရာဇ် အကဲဖြတ်ခြင်းက အဆုံးသတ်သွားခဲ့ပြီ.. တတိယမင်းသား ရှားရွှယ်က ဧကရာဇ် တံဆိပ်ပြား ကိုးခုကို စုစည်းပြီး ဧကရာဇ် အကဲဖြတ်ခြင်းရဲ့ အနိုင်ရသူ ဖြစ်လာခဲ့တယ်.. လဝက်ကြာရင် ငါ ကိုယ်တိုင် ဘိသိက်ခံပွဲကို ဦးဆောင်မှာဖြစ်ပြီး တတိယမင်းသား ရှားရွှယ်က ဧကရာဇ်အဖြစ် ဆက်ခံမှာ ဖြစ်တယ်"

ဧကရာဇ်ရှားက ဧကရာဇ် အကဲဖြတ်ခြင်း၏ ရလဒ်များကို ကြေညာလိုက်ပြီးနောက်တွင် လေထဲ၌ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ဧကရာဇ်ရှား ထွက်ခွာသွားပြီးနောက်တွင် ပတ်ဝန်းကျင်မှ မရေတွက်နိုင်သော လူများသည် တတိယမင်းသား ရှားရွှယ်ကို ဂုဏ်ပြုရန် ရှေ့တက်လာကြသည်။

ကျန်းချန်သည် ဤကဲ့သို့ မြင်ကွင်းမျိုးကို လုံးဝ စိတ်မဝင်စားပေ။

သူက အကြောင်းပြချက် ရှာ၍ ထွက်ခွာရန် ပြင်နေစဥ်မှာပင် လေထဲကနေ အိုမင်းသော အသံတစ်သံသည် သူ၏ နားထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။

"ညီလေး ကျန်းချန်.. မင်းကို ကိစ္စတစ်ခု အကူအညီတောင်းချင်တယ်"

ကျန်းချန်က သူ၏ ဦးခေါင်းကို အနည်းငယ် မော့လိုက်ရာ မီတာတစ်ရာအကွာရှိ လေထုထဲတွင် ရပ်တန့်ကာ သူ့ကို စကားပြောဆိုနေသော ယန်ချင်းရွှယ်ကို တွေ့မြင်လိုက်ရသည်။

ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် တစ်ဦးအနေဖြင့် ယန်ချင်းရွှယ်သည် မဟာရှားနိုင်ငံ၌ မြင့်မြတ်သော အဆင့်အတန်းရှိသောကြောင့် ဧကရာဇ် အကဲဖြတ်ခြင်းကို ကြည့်ရှုရန် အရည်အချင်း ပြည့်မီခဲ့သည်။

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ တတိယမင်းသား ရှားရွှယ်ကို နှုတ်ဆက်ကာ ယန်ချင်းရွှယ်ဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။

"အစ်ကိုယန် အားမနာပါနဲ့.. လိုအပ်တဲ့ အကူအညီကိုသာ ပြောပါ"

ကျန်းချန်သည် ရှေ့တက်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

ယန်ချင်းရွှယ်က ခါးသီးစွာ ပြုံးလိုက်၏။

"ညီလေး ကျန်းချန်.. ဒီတစ်ကြိမ်တော့ မင်းဆီကနေ အကူအညီတောင်းမှပဲ ရတော့မယ်.. မင်း ငါ့ကို ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်"

အခန်း(၃၀၄) ပြီး၏

All Chapters