← Chapters

အခန်း (၃၀၅)

Vol. 21 Ch. 305

အခန်း (၃၀၅)

Vol. 21 Ch. 305

ယန်ချင်းရွှယ်၏ အသံက မကျယ်သော်လည်း ပတ်ဝန်းကျင်မှ လူတချို့၏ နားထဲကို ရှင်းရှင်းလင်းလင်း ပျံ့နှံ့သွားခဲ့သည်။

ချက်ချင်းဆိုသလို သူတို့အားလုံးနီးပါးက မျက်လုံးများ ပြူးထွက်လုမတတ် အံ့အားသင့်သွားကြ၏။

ယန်ချင်းရွှယ်ဆိုသည်မှာ မဟာရှားနိုင်ငံ၏ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ဖြစ်သည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးကပင် ကျန်းချန်ဆီကနေ အကူအညီတောင်းခံနေခဲ့၏။

"ဒါက... ဒါက တကယ်ပဲ မယုံနိုင်စရာကောင်းလွန်းတယ်"

------------

"အစ်ကိုယန်ကို ကြည့်ရတာ ကတိကြမ္မာ ဆေးလုံး သန့်စင်တဲ့နေရာမှာ ပြဿနာရှိနေတယ် ထင်တယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

မဟာရှားနိုင်ငံတွင် ယန်ချင်းရွှယ်၏ အဆင့်အတန်းအရ သူ့ အကူအညီ လိုအပ်သည့် နေရာ အမှန်တကယ် မများပေ။

ထို့ကြောင့် ကျန်းချန် ပထမဆုံး တွေးမိတာသည် ယန်ချင်းရွှယ်အနေဖြင့် သတ္တမအဆင့် ဆေးလုံးကို လေ့လာသည့် လုပ်ငန်းစဉ်တွင် ပြဿနာရှိနိုင်သည် ဟူသောအချက်ပင်။

"ညီလေး ကျန်းချန်.. ငါတို့မှာ ကတိကြမ္မာ ဆေးလုံးကို သန့်စင်ဖို့အတွက် ပစ္စည်းတစ်မျိုး လိုအပ်နေခဲ့တယ်"

ယန်ချင်းရွှယ်က ခါးသီးစွာ ပြုံးလိုက်သည်။

"ဒီနေ့ မင်းဆီကို လာတာက ဒီအကြောင်းကြောင့်ပဲ"

"အစ်ကိုယန်.. ဆေးဖက်ဝင်ပစ္စည်းနဲ့ ပတ်သက်ရင်တော့ ကျနော်လည်း ဘာမှမတတ်နိုင်လောက်ဘူး ထင်တယ်"

ကျန်းချန်က ခပ်တိုးတိုး ပြောလိုက်သည်။

ကတိကြမ္မာ ဆေးလုံးကို သန့်စင်သည့်အခါတွင် ပြဿနာရှိခဲ့လျှင် သူက စနစ်ကို အားကိုးပြီး အကူအညီ တောင်းနိုင်ပါသေးသည်။

သို့သော် သတ္တမအဆင့် ဆေးလုံး၏ ဆေးဖက်ဝင်ပစ္စည်းကို ရှာဖွေရန်အတွက်မူ သူ့တွင် တတ်နိုင်သော အင်အားမရှိပေ။

"ကတိကြမ္မာ ဆေးလုံးရဲ့ အဓိကပစ္စည်းဖြစ်တဲ့ ကတိကြမ္မာ နှလုံးသားသစ်သီးကို ငါနဲ့ အဘိုးကြီး ချင်က မဟာရှားနိုင်ငံမှာ ရှာဖွေခဲ့ပေမယ့် မတွေ့ရှိခဲ့ဘူး.. ဒါပေမယ့် ငါတို့က ကတိကြမ္မာ နှလုံးသားသစ်သီးကို ရရှိနိုင်မဲ့ နည်းလမ်းကိုတော့ အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့တယ်"

ယန်ချင်းရွှယ်က ကျန်းချန်ကို ပြောပြလိုက်သည်။

"မဟာရှားနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ စစ်မှန်သော နဂါးနိုင်ငံမှာ တစ်လအကြာကျရင် အဂ္ဂိရတ်ပြိုင်ပွဲ တစ်ပွဲ ကျင်းပမယ်.. အဲဒီပြိုင်ပွဲကို အသက် ၂၅ နှစ်အောက် အဂ္ဂိရတ်သခင် အားလုံး ပါဝင်နိုင်တယ်.. အဂ္ဂိရတ်ပြိုင်ပွဲရဲ့ ပထမဆုက ကတိကြမ္မာ နှလုံးသားသစ်သီး ၃လုံးပဲ"

သူ ဤတစ်ခေါက် ကျန်းချန်ဆီ လာရခြင်းမှာ ကျန်းချန်သာ ဤအဂ္ဂိရတ် ပြိုင်ပွဲတွင် ပါဝင်ခဲ့လျှင် ပထမဆုအတွက် အနိုင်ရလိမ့်မည်ဟု မျှော်လင့်ခဲ့သောကြောင့်ပင်။

ယန်ချင်းရွှယ်၏ ရည်ရွယ်ချက်ကို သိပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။

စစ်မှန်သော နဂါးနိုင်ငံသည် ထိုက်ရှဂိုဏ်းရဲ့ စီမံခန့်ခွဲမှုအောက်ရှိ နိုင်ငံသုံးနိုင်ငံထဲတွင် အင်အားအကြီးဆုံး နိုင်ငံဖြစ်၏။

ထို့အပြင် ထိုက်ရှဂိုဏ်းသည် စစ်မှန်သော နဂါးနိုင်ငံ၏ နယ်မြေထဲတွင် ရှိသည်။

မည်သို့ပင်ဖြစ်စေ၊ လက်ရှိအချိန်၌ မဟာရှားနိုင်ငံတွင် သူ ဘာမှ လုပ်စရာမရှိပေ။

ထို့ကြောင့် စစ်မှန်သော နဂါးနိုင်ငံကို သွားရန် ဆုံးဖြတ်လိုက်သည်။

သုံးရက်အကြာတွင် ထွက်ခွာမည်ဟု ယန်ချင်းရွှယ်နှင့် ဆွေးနွေးပြီးနောက်တွင် ကျန်းချန်သည် ယန်ဟွမ်ကျောင်းတော်ဆီသို့ တိုက်ရိုက် ပြေးသွားလိုက်၏။

သူက မဟာရှားနိုင်ငံကနေ သုံးရက်အကြာ၌ ထွက်ခွာဖို့ ဆုံးဖြတ်ထားသောကြောင့် မထွက်ခွာခင် ပြင်ဆင်မှုတချို့ လုပ်ထားရမည် မဟုတ်ပါလား။

ဆိုရလျှင် ဤတစ်ခေါက် မဟာရှားနိုင်ငံကနေ ထွက်သွားပြီးလျှင် ဘယ်အချိန်မှ ပြန်ရောက်လာမည်ကို ကျန်းချန် မသိပေ။

အဓိကအချက်အနေဖြင့် ယန်ဟွမ်ကျောင်းတော်၏ စစ်မှန်သော အဓိပ္ပါယ်ချိုင့်ဝှမ်းတွင် သူ မလေ့လာရသေးသည့် စစ်မှန်သည့် အဓိပ္ပာယ် သုံးခုကို ထားခဲ့၍ မဖြစ်ပေ။

ထို့ကြောင့် ယန်ဟွမ်ကျောင်းတော်ကို ပြန်ရောက်သည်နှင့် ကျန်းချန်သည် စစ်မှန်သော အဓိပ္ပါယ်ချိုင့်ဝှမ်းကို ပထမဆုံး ရောက်လာခဲ့သည်။

သူက အနက်ရောင်ဝတ် အဘိုးကြီး မိုရီကို ခွင့်တောင်းကာ စစ်မှန်သော အဓိပ္ပာယ်ချိုင့်ဝှမ်းထဲကို ဝင်ပြီး စစ်မှန်သော လက်သီး အဓိပ္ပါယ်ကို လေ့လာခဲ့ပြီးနောက် လက်သီးဆန္ဒကို တိုက်ရိုက် နားလည်သွားခဲ့သည်။

မိနစ်အနည်းငယ်အကြာမှာပင် သူက မီးကြိုးအဓိပ္ပါယ်နှင့် မီးအဓိပ္ပါယ်ကို ထပ်မံ လေ့လာခဲ့ပြီး မိုးကြိုး နှင့် မီးတို့၏ စစ်မှန်သော အဓိပ္ပာယ်ကို အလွယ်တကူပင် နားလည်ခဲ့၏။

"ငါက စစ်မှန်သော အဓိပ္ပါယ် ငါးခုကို နားလည်တဲ့ မွန်းစတား တစ်ကောင် မွေးဖွားလာတာကို မြင်ခွင့်ရလိမ့်မယ်လို့ တကယ် မထင်ထားဘူး"

ကျန်းချန်က ကိုယ်ခံပညာ သုံးခု၏ စစ်မှန်သော အဓိပ္ပာယ်ကို မိနစ်ပိုင်းအတွင်း နားလည်သွားသည်ကို မြင်လျှင် အဘိုးကြီး မိုရီသည် အံ့သြတုန်လှုပ်မှုကြောင့် အနည်းငယ် မှင်တက်သွားခဲ့သည်။

ယန်ဟွမ်ကျောင်းတော်၏ နှစ်ထောင်ပေါင်းများစွာ သမိုင်းတွင် ကိုယ်ခံပညာ နှစ်ခု၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်နိုင်သည့် ပါရမီရှင် အနည်းငယ် ရှိသော်လည်း မွန်းစတားဆန်စွာ စစ်မှန်သော အဓိပ္ပါယ် ငါးခုလုံးကို အလွယ်တကူ နားလည်နိုင်သည့် ကျန်းချန်လိုမျိုးတော့ လုံးဝ မကြုံဖူးသေးပေ။

အခန်း(၃၀၅) ပြီး၏

All Chapters