← Chapters

အခန်း (၃၁၂)

Vol. 21 Ch. 312

အခန်း (၃၁၂)

Vol. 21 Ch. 312

အချိန်က တရွေ့ရွေ့ ကုန်လွန်သွားပြီး သုံးရက်တာက လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားခဲ့သည်။

တတိယမြောက်နေ့ မနက်စောစောတွင် ကျန်းချန်သည် စီစဉ်ထားသည့်အတိုင်း ယန်ချင်းရွှယ်နှင့် တွေ့ဆုံရန် အဂ္ဂိရတ်အစည်းအရုံးသို့ သွားခဲ့၏။

ထို့နောက်တွင် သူတို့သည် သားရဲအစည်းအရုံးကနေ တတိယတန်းစား မိစ္ဆာ မိုးကြိုးတောင်ပံ လင်းယုန်ကို ဝယ်ယူကာ မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်ကနေ ထွက်ခွာ၍ စစ်မှန်သော နဂါးနိုင်ငံ ဆီသို့ ဦးတည်ခဲ့တော့သည်။

စစ်မှန်သော နဂါးနိုင်ငံ။

မဟာရှားနိုင်ငံ၏ တောင်ဘက်တွင် တည်ရှိပြီး ထိုင်ရှဂိုဏ်း၏ စီမံခန့်ခွဲမှုအောက်ရှိ မြင့်မြတ်သော နေရာလည်း ဖြစ်သည်။

ထို့ကြောင့် စစ်မှန်သော နဂါးနိုင်ငံသည် အင်အားကြီးမားပြီး သူ၏အင်အားသည် မြောက်ပိုင်းတောရိုင်း ကိုးနိုင်ငံလုံးတွင် ထိပ်ဆုံးသုံးနိုင်ငံထဲ၌ ပါဝင်၏။

ကျန်းချန်တို့က တောင်ဘက်အရပ်ကို ဆယ်ရက်ကျော်ကြာ ပျံသန်းပြီးနောက်တွင် အဆုံးသတ်၌ စစ်မှန်သော နဂါးနိုင်ငံ၏ နယ်မြေထဲကို ဝင်ရောက်လာခဲ့သည်။

ခရီးတစ်လျောက်လုံး ကျန်းချန်သည် ယန်ချင်းရွှယ် ထံကနေ စစ်မှန်သော နဂါးနိုင်ငံအကြောင်းကို အများကြီး လေ့လာခဲ့ရ၏။

စစ်မှန်သော နဂါးနိုင်ငံတွင် ကိုယ်ခံပညာက အလွန်ပင် ဖွံ့ဖြိုးတိုးတက်ပြီး သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်ကို ရောက်ရှိသူများ မရှားပါးပေ။

ထိုက်ရှဂိုဏ်းနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် နိုင်ငံအနေဖြင့် အဆင့်မြင့် ကျင့်စဥ်များလည်း ပေါများသည်။

ဤနိုင်ငံ၏ ကောင်းကင်နှင့် မြေကြီးရှိ အသက်စွမ်းအင်သည် မဟာရှားနိုင်ငံထက် အဆပေါင်းများစွာ ပိုသိပ်သည်းပြီး ပိုသန့်စင်၏။

အချို့သော မိသားစုကြီးများသည် အဖိုးတန် ဝိညာဉ်ရေး တွင်းထွက် ရတနာများကို သိမ်းပိုက်ထားပြီး ကျင့်ကြံခြင်းအရင်းအမြစ်များ အလွန် ကြွယ်ဝသည်ဟု ဆိုကြသည်။

ဆိုရလျှင် စစ်မှန်သော နဂါးနိုင်ငံ၏ ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် မဟာရှားနိုင်ငံ၏ ကျင့်ကြံသူများသည် ဆင်းရဲသောနိုင်ငံမှ သူတောင်းစားများနှင့် ဆင်တူ၏။

နယ်ပယ်အဆင့်ချင်း တူလျှင်ပင် စစ်မှန်သော နဂါးနိုင်ငံ၏ ကျင့်ကြံသူများသည် မဟာရှားနိုင်ငံ၏ ကျင့်ကြံသူများကို လွယ်လွယ်ကူကူပင် အနိုင်ယူနိုင်စွမ်း ရှိသည်။

စစ်မှန်သော နဂါးနိုင်ငံ၏ နယ်မြေထဲကို ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်တို့သည် တောင်ဘက်အရပ်ကို လဝက်ကြာ ဆက်လက် ပျံသန်းပြီးနောက် မဟာရှားနိုင်ငံ၏ အင်ပါယာ မြို့တော်ထက် ပိုမိုခမ်းနားသည့် မြို့တစ်မြို့သည် နောက်ဆုံးတွင် သူတို့ရှေ့၌ ဘွားခနဲ ပေါ်လာခဲ့သည်။

တစ်လနီးပါး ပျံသန်းပြီးနောက်တွင် ကျန်းချန်တို့သည် အဆုံးသတ်၌ စစ်မှန်သော နဂါးနိုင်ငံ၏ မြို့တော်ဖြစ်သည့် ဇူလုံမြို့ကို ရောက်ရှိသွားခဲ့သည်။

မိုးကြိုးတောင်ပံ လင်းယုန်ကို သားရဲအိတ်ထဲ ထည့်သိမ်းပြီးနောက်တွင် အဆင့်နိမ့် မှော်စွမ်းအင် ဝိညာဉ်ကျောက်တုံး ၅၀၀ကို ဝင်ကြေးအဖြစ် ပေးဆောင်ကာ မြို့ထဲကို ချောချောမွေ့မွေ့ ဝင်ရောက်လာခဲ့၏။

"အကိုယန်.. အခု ကျွန်တော်တို့ ဘယ်သွားကြမလဲ"

ဇူလုံမြို့ထဲကို ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် သူ့ဘေးမှ ယန်ချင်းရွှယ်ကို မေးလိုက်သည်။

"ဒီဇူလုံမြို့မှာ နှစ်ပေါင်းများစွာ ခင်မင်လာတဲ့ ငါ့ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ရှိတယ်.. သူကလည်း ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်ပဲ.. သူက ဒီမှာ ဆေးကုသရေးဌာနတစ်ခု ဖွင့်ထားတယ်.. သူ့ရဲ့ ကုသရေးဌာနကို ချင်းဟဲ ဆေးကုသရေးဌာနလို့ ခေါ်တယ်"

ယန်ချင်းရွှယ်က ခပ်ယဲ့ယဲ့ ပြုံးကာ ဆက်ပြောလိုက်သည်။

"ငါတို့က ချင်းဟဲ ဆေးကုသရေးဌာနကို သွားပြီး သူ့ကိုအရင်ဆုံး သွားတွေ့ကြတာပေါ့.. သူ့ဆီကနေ အဂ္ဂိရတ်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး အခြေအနေကို လေ့လာကြမယ်"

ယန်ချင်းရွှယ်က ပြောလိုက်ပြီး ကျန်းချန်ကို ဇူလုံမြို့၏ အနောက်ဘက်ကို ခေါ်သွားခဲ့၏။

နာရီဝက်အကြာတွင် ကျန်းချန်တို့ နှစ်ယောက်သည် ချင်းဟဲ ဆေးကုသရေးဌာန၏ တံခါးဝကို ရောက်ရှိလာခဲ့သည်။

သူတို့က ဤနေရာတွင် ပေါ်လာသည့်အခါ ချင်းဟဲ ဆေးကုသရေးဌာန၏ တံခါးဝတွင် လူအုပ်စုကြီး တစ်စု ရှိနေသည်ကို တွေ့လိုက်ရ၏။

၎င်းတို့က ချင်းဟဲ ဆေးကုသရေးဌာန တစ်ခုလုံးကို ဝိုင်းရံထားသည်။

တစ်ချိန်တည်းမှာပင် အခြေအနေကို စောင့်ကြည့်နေသူများထံမှ ဆွေးနွေးသော အသံများကို သူတို့က အတိုင်းသား ကြားလိုက်ရ၏။

"ချင်းဟဲ ဆေးကုသရေးဌာနက ချိုးလော်လန်တော့ ဒီတစ်ခါ ကျီလျန့်ရဲ့ လက်ထဲကနေ လွတ်မြောက်ဖို့ ခက်ခဲလိမ့်မှာကို ငါစိုးရိမ်မိတယ်"

"ဟုတ်ပါ့.. အရင်ကဆို ချင်းဟဲ ဆေးကုသရေးဌာနရဲ့ ပိုင်ရှင် ကူချင်းဟဲက သူမကို ထောက်ပံ့ပေးခဲ့တယ်.. ဒါကြောင့် ကျီလျန့်က ချိုးလော်လန်ကို မမောက်မာရဲခဲ့ဘူး.. အခုတော့ သူမကို ဘယ်သူ ကယ်တင်နိုင်ဦးမှာလဲ.. ဝမ်းနည်းစရာပဲ"

ပတ်ဝန်းကျင်မှ အသံများကို ကြားလိုက်ရပြီးနောက်တွင် ယန်ချင်းရွှယ်၏ မျက်နှာသည် အနည်းငယ် လေးနက်သွားခဲ့၏။

"ချင်းဟဲ ဆေးကုသရေးဌာနကို ပြဿနာ လာရှာရဲတဲ့လူ ရှိလိမ့်မယ်လို့ မထင်ထားမိဘူး.. ငါ့ရဲ့ မိတ်ဆွေဟောင်းက တစ်ခုခု ဖြစ်နေပုံရတယ်"

"ငါတို့ သွားကြည့်ကြရအောင်"

ကျန်းချန်က ခပ်ယဲ့ယဲ့လေး ပြုံးပြီး ချင်းဟဲ ဆေးကုသရေးဌာန၏ တံခါးဝကို လျှောက်သွားလိုက်သည်။

လူအုပ်ထဲကို တိုးဝင်လိုက်ပြီး ကျန်းချန်က တစ်ချက် အကဲခတ် ​ကြည့်လိုက်ရာ ချင်းဟဲ ဆေးကုသရေးဌာန၏ တံခါးဝတွင် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်အရွယ် လှပသည့် မိန်းကလေး တစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

မိန်းကလေး၏ မျက်နှာချင်းဆိုင်တွင် တန်ဖိုးကြီး ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည့် အသက် ၁၇ နှစ် သို့မဟုတ် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက် ရှိနေ၏။

"ချိုးလော်လန်.. နောက်ဆုံးတစ်ခေါက်က ငါပြောခဲ့တာကို မင်း ဘာကြောင့် တွေဝေနေလဲဆိုတာ ငါတကယ် စဥ်းစားလို့မရဘူး"

ကျန်းချန်က အခြေအနေကို အကဲခတ်နေချိန်တွင် လူငယ်၏ ခပ်ထေ့ထေ့ ရယ်မောသံသည် သူ့နားထဲတွင် ပဲ့တင်ထပ်သွားသည်။

အခန်း(၃၁၂) ပြီး၏

All Chapters