← Chapters

အခန်း (၃၁၄)

Vol. 21 Ch. 314

အခန်း (၃၁၄)

Vol. 21 Ch. 314

ကျန်းချန်က ကျီလျန့်ကို ရိုက်နှက်ရုံတင် မကဘဲ မောင်းပါ ထုတ်နေသည်ကို မြင်လျှင် ပတ်ဝန်းကျင်တွင် ကြည့်ရှုနေသော လူတိုင်းသည် အံ့သြသွားကြသည်။

"မောက်မာလိုက်တာ"

"ဒီကောင်က သာမန် မောက်မာတဲ့အဆင့် မဟုတ်ဘူး"

ရှင်းလင်းစွာ ဝန်ခံရလျှင် ကောင်လေးက ကျီလျန့်လို မူလဘူတနယ်ပယ်အဆင့်၇ကို ဤမျှလောက် လွယ်လွယ်ကူကူ ရိုက်နှက်နိုင်သည်မှာ ရှားပါးသော ကိုယ်ခံပညာ ပါရမီရှင် တစ်ယောက်ဟု သတ်မှတ်နိုင်သည်။

သို့သော် ကျီလျန့်သည် စစ်မှန်သော နဂါးနိုင်ငံ၏ ရှေးဟောင်းမိသားစု သုံးခုထဲမှ တစ်ခုဖြစ်သော ကျီမိသားစုမှ ဖြစ်၏။

ဤကောင်လေးက ပါရမီရှင်တစ်ယောက် ဖြစ်နေလျှင်ပင် ဇူလုံမြို့မှ ကျီမိသားစုကို စော်ကားမိလျှင် သေတွင်းတူးနေခြင်းနှင့် မခြားနားပေ။

"ကောင်လေး...ငါဘယ်သူလဲဆိုတာ မင်းသိလား...ငါက စစ်မှန်သော နဂါးနိုင်ငံရဲ့ ရှေးဟောင်းမိသားစု သုံးခုထဲမှာ တစ်ခုအပါအဝင် ဖြစ်တဲ့ ကျီမိသားစုက တိုက်ရိုက် တပည့်တစ်ယောက်ပဲ"

ကျီလျန့်က ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"မင်းက စစ်မှန်သော နဂါးနိုင်ငံရဲ့ ရှေးဟောင်းမိသားစု သုံးခုကလား"

ကျီလျန့်၏ စကားများကို ကြားလျှင် ကျန်းချန်၏ မျက်လုံးများထဲ၌ ထူးဆန်းသော အကြည့်တစ်ခု လင်းလက်သွားခဲ့သည်။

စစ်မှန်သော နဂါးနိုင်ငံသို့ လာရာလမ်းတွင် ကျန်းချန်သည် ယန်ချင်းရွှယ်ထံကနေ စစ်မှန်သော နဂါးနိုင်ငံ၏ ရှေးဟောင်းမိသားစု သုံးခု အကြောင်းကို ကြားသိခဲ့ရသည်။

စစ်မှန်သော နဂါးနိုင်ငံ၏ ရှေးဟောင်းမိသားစု သုံးခုသည် စစ်မှန်သော နဂါးနိုင်ငံ၏ အင်အားအကြီးမားဆုံး မိသားစု သုံးခု ဖြစ်သည်။

ရှေးဟောင်းမိသားစု သုံးခု၏ ဘိုးဘေးများသည် သိုင်းသခင်နယ်ပယ်ထက် ကျော်လွန်သော ကျင့်ကြံသူများ ဖြစ်သည်ဟု ဆိုကြ၏။

ဤကျင့်ကြံသူများ၏ မျိုးဆက်များသည် ၎င်းတို့၏ သွေးစွမ်းအားများကို ဆက်ခံကာ မွေးဖွားလာကြသည်။

သို့ဖြစ်၍ ၎င်းတို့၏ မျိုးဆက်များသည် သွေးစွမ်းအားကို အသုံးပြုကာ တိုက်ခိုက်ရေးစွမ်းအားကို အဆများစွာ မြှင့်တင်နိုင်စွမ်း ရှိကြ၏။

ကျန်းချန်က သူ၏ ရှေ့မှ လူကို ရှေးဟောင်းမိသားစု သုံးခုထဲရှိ ကျီမိသားစုမှ ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

"ဟားဟား ကောင်လေး.. မင်း ကြောက်နေပြီလား.. မင်းက ငါ့ကို ဒူးထောက်ပြီး အသနားခံမယ်ဆိုရင် အချိန်မီပါသေးတယ်.. ငါ့ကို စိတ်သက်သာရာ ရစေဖို့ လက်ဝါးနဲ့ အကြိမ်အနည်းငယ် ရိုက်ခွင့်ပေးရင် မင်းကို လွှတ်ပေးလိုက်မယ်.. မဟုတ်ရင်တော့ ဒီဇူလုံ တစ်မြို့လုံးမှာ မင်းအတွက် နေရာမရှိဘူးလို့ ငါ အာမခံတယ်"

ကျန်းချန်က စကားမပြောသည်ကို မြင်လျှင် ကျီလျန့်သည် ကျန်းချန်က သူ့ အထောက်အထားကြောင့် ကြောက်လန့်သွားသည်ဟု ထင်ပြီး ရုတ်တရက် မောက်မာစွာ အော်ဟစ်လိုက်၏။

"ကြောက်တယ် ဟုတ်လား.. ဒီကမ္ဘာမှာ ငါ ကျန်းချန်ကို ကြောက်အောင် ခြောက်လှန့်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး"

ကျန်းချန်သည် မထီမဲ့မြင် ပြုံးလိုက်သည်။

မျက်တောင်တစ်ခတ် အတွင်း သူသည် တည်နေရာ ရွှေ့ပြောင်းလိုက်သလိုမျိုး ကျီလျန့်ဘေး၌ ပေါ်လာပြီး ကျီလျန့်ကို တစ်ဖန် လက်ဝါးဖြင့် ရိုက်နှက်လိုက်ပြန်သည်။

"ကောင်စုတ်လေး.. မင်းက ငါ့ကို လူကြားထဲမှာ အရှက်ခွဲရဲတယ်.. ငါ မင်းကို သတ်မယ်"

ကျန်းချန်၏ လက်ဝါးဖြင့် ထပ်မံ အရိုက်ခံလိုက်ရသောကြောင့် ကျီလျန့်သည် ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့သည်။

သူက စိတ်ပျက်လက်ပျက် အမူအရာဖြင့် မြေပြင်မှ ကုန်းထလိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်မှ နီရဲသော အလင်းရောင်တစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

နောက်တစ်ခဏမှာပင် အင်အားကြီးမားသော သွေးအရှိန်အဝါသည် ကျီလျန့်၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာခဲ့၏။

"ကျီလျန့်က သွေးစွမ်းအားကို ထုတ်ဖော်လိုက်ပြီ ဆိုတော့ မူလဘူတ နယ်ပယ် အဆင့်၉နဲ့ ညီမျှတဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိနေမှာကို ငါစိုးရိမ်မိတယ်.. ဒီကလေးတော့ သွားပြီ"

ကျီလျန့်က သွေးစွမ်းအားကို ရုတ်တရက် ထုတ်ဖော်လိုက်သည်ကို ကြည့်ပြီး လူတိုင်းသည် တီးတိုးပြောဆိုခဲ့ကြ၏။

"ကောင်လေး.. မင်းက ငါတို့ ကျီမိသားစုရဲ့ သွေးစွမ်းအားအောက်မှာ သေဆုံးရမှာဆိုတော့ ဂုဏ်ရှိရှိ သေလိုက်လို့ရပြီ"

ကျီလျန့်က ကျန်းချန်ကို ပြင်းထန်စွာ စူးစိုက်ကြည့်လိုက်သည်။

သူ၏ လက်မောင်းတွင် နီရဲသော အလင်းရောင်များ တောက်ပနေသည့် မီးလျှံသင်္ကေတတစ်ခု ပေါ်လာခဲ့၏။

"စစ်မှန်သော နဂါးနိုင်ငံရဲ့ ရှေးဟောင်းမိသားစု သုံးခုထဲက တစ်ခုဖြစ်ဖို့ ထိုက်တန်ပါတယ်.. မင်းတို့ ကျီမိသားစုရဲ့ သွေးစွမ်းအားက တကယ်ကို အားကောင်းတယ်.. ဝမ်းနည်းစရာက သွေးစွမ်းအားကို အသုံးချတဲ့သူက ဆိုးသွမ်းတဲ့သူဖြစ်နေတာဆိုတော့ သွေးစွမ်းအားက ဘယ်လောက်ပဲ အားကောင်းနေပါစေ.. ငါ့အမြင်မှာတော့ အမှိုက်ပဲ"

ကျန်းချန်က မဲ့ပြုံး ပြုံး၍ မှတ်ချက်ပေးလိုက်သည်။

"သွားသေလိုက်တော့"

ကျန်းချန်က သူ့ကို အမှုမထားသည်ကို မြင်လျှင် ကျီလျန့်သည် ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။

သူက ခြေထောက်ကို မြေပြင်ပေါ်သို့ ဆောင့်နင်းချလိုက်ပြီးနောက် သွေးစွမ်းအား ပါဝင်သော လက်သီးချက်ဖြင့် ကျန်းချန်ကို ထိုးလိုက်၏။

အခန်း(၃၁၄) ပြီး၏

All Chapters