← Chapters

အခန်း (၃၁၅)

Vol. 21 Ch. 315

အခန်း (၃၁၅)

Vol. 21 Ch. 315

ကျီလျန့်၏ ပေါက်ကွဲထွက်လာသော ပုံရိပ်ကို ကြည့်ရင်း ကျန်းချန်သည် တည်ငြိမ်သော မျက်နှာထားဖြင့် နေရာမှာပင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

ကျီလျန့်၏ လက်သီးက သူ့အနီးသို့ ရောက်သည်နှင့် ကျန်းချန်က လက်သီးတစ်လုံး ပစ်သွင်းလိုက်ရာ မီတာသုံးဆယ်အဝေးထိ ကျီလျန့်က တစ်ဖန် လွင့်ထွက်သွားခဲ့သည်။

"ဒီကလေးက အရမ်း သန်မာတယ်ဟ"

သွေးစွမ်းအားကို ထုတ်ဖော်ထားသော ကျီလျန့်ကို ကျန်းချန်က လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူလိုက်သည်ကို မြင်လျှင် လူတိုင်းသည် မျက်လုံးများ ကျွတ်ကျလုမတတ် အံ့အားသင့်သွားကြသည်။

သွေးစွမ်းအားကို အသုံးပြုထားသော ကျီလျန့်သည် မူလဘူတ နယ်ပယ်အဆင့်၉ နှင့်ညီမျှသည်။

ဤကလေးသည် အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်လောက်သာ ရှိပုံရသော်လည်း ကျီလျန့်ကို သက်သောင့်သက်သာပင် လက်သီးဖြင့် ဖြေရှင်းလိုက်သည်။

ထိုကဲ့သို့ ပါရမီရှင်သည် ဤဇူလုံမြို့၌ပင် အလွန် ရှားပါးသောပါရမီရှင်မျိုး ဖြစ်၏။

"မင်းကို ဆယ်စက္ကန့် အချိန်ပေးမယ်.. ငါ့ရှေ့ကနေ ချက်ချင်း ပျောက်ကွယ်သွားလိုက်.. နောင်မှာ ချင်းဟဲ ဆေးကုသရေးဌာနကို မလာတာ အကောင်းဆုံးပဲ...မဟုတ်ရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"

ကျန်းချန်က ကျီလျန့်ကို စူးစိုက်ကြည့်လိုက်သည်။

သူ၏ အေးစက်သော အသံသည် ကျီလျန့်၏ နားထဲ၌ ပဲ့တင်ထပ်သွားခဲ့၏။

"ကောင်လေး.. မင်း ငါ့ကို စောင့်နေလိုက်..မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး.. ငါ့ရဲ့ကိစ္စကို ဝင်ရှုပ်ရဲမှတော့ နောက်ဆက်တွဲ ရလဒ်ကို မင်းခံစားစေရမယ်"

ကျီလျန့်က မြေပြင်မှ ကုန်းရုန်းထလိုက်ပြီးနောက် လှည့်ထွက်မသွားခင် ကျန်းချန်ကို ကြုံးဝါးလိုက်သည်။

"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကျီလျန့် ထွက်သွားပြီးနောက်တွင် ချိုးလော်လန်က ကျန်းချန်ရှေ့သို့ အလျင်အမြန် ရောက်လာပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။

"မင်း ယဉ်ကျေးနေဖို့ မလိုပါဘူး.. ချင်းဟဲ ဆေးကုသရေးဌာနက အစ်ကိုယန်နဲ့ ပတ်သက်ဆက်နွှယ်မှု ရှိတာကြောင့် ငါက ဘေးကနေ ရပ်ကြည့်နေမှာ မဟုတ်ဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး လူအုပ်ထဲမှ တိုးထွက်လာသော ယန်ချင်းရွှယ်ကို ညွှန်ပြလိုက်သည်။

"ဆရာယန်ပါလား..ဘယ်လိုဖြစ်ပြီး စစ်မှန်သော နဂါးနိုင်ငံကိုရောက်လာရတာလဲ"

သူမ ရှေ့၌ ပေါ်လာသော ယန်ချင်းရွှယ်ကို ကြည့်ပြီး ချိုးလော်လန်၏ လှပသော မျက်လုံးများတွင် အံ့အားသင့်သော အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

"ညီလေး ကျန်းချန်နဲ့ ငါက စစ်မှန်သော နဂါးနိုင်ငံမှာ ကျင်းပမဲ့အဂ္ဂိရတ်ပြိုင်ပွဲအတွက် ရောက်လာကြတာပါ.. ငါက မင်းဆရာကူချင်းဟဲနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဆိုဖို့ ဒီကိုလာလည်ခဲ့ပေမဲ့ ဒီမှာပြဿနာ ဖြစ်နေမယ်လို့ မထင်မိခဲ့ဘူး"

ယန်ချင်းရွှမ်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"မိန်းကလေး လော်လန်.. ဒီမှာဘာတွေ ဖြစ်နေတာလဲ.. မင်းရဲ့ ဆရာ ကူချင်းဟဲကရော ဘယ်မှာလဲ"

စစ်မှန်သော နဂါးနိုင်ငံတွင် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်သည် မဟာရှားနိုင်ငံလောက် မမြင့်မြတ်သော်လည်း လျှော့တွက်၍ မရသော အဆင့်အတန်းတစ်ခု ရှိသည်။

ကူချင်းဟဲသာ ရှိနေလျှင် ကျီလျန့်သည် ကျီမိသားစု၏ တပည့် အဆင့်အတန်းရှိလျှင်ပင် ချင်းဟဲ ဆေးကုသရေးဌာနကို ဤမျှလောက်ထိ ပေါ်ပေါ်ထင်ထင် နှောင့်ယှက်ဝံ့မည် မဟုတ်ပေ။

"ဆရာက လွန်ခဲ့တဲ့ သုံးလက ဇူလုံမြို့ကနေ ရုတ်တရက် ထွက်သွားခဲ့ပြီး အခုထိ ပြန်ရောက်မလာသေးဘူး.. ဆရာ ဘာတွေ ဖြစ်နေလဲဆိုတာ ကျွန်မလည်း မသိဘူး"

ချိုးလော်လန်က ခေါင်းခါယမ်းလိုက်သည်။

မကြာမီမှာပင် သူမသည် တစ်စုံတစ်ရာကို ချက်ချင်း တွေးမိပြီး အလျင်အမြန် ပြောလိုက်၏။

"ဆရာယန်.. ဒီနေ့က အဂ္ဂိရတ်ပြိုင်ပွဲ အတွက် ဖောင်တင်ရမဲ့ နောက်ဆုံးနေ့ပဲ.. နောက်မကျခင် ကျွန်မ ခေါ်သွားပေးမယ်"

ယ​နေ့က ပြိုင်ပွဲအတွက် ဖောင်တင်ရမည့် နောက်ဆုံးနေ့ဟု ကြားလိုက်ရသည်နှင့် ကျန်းချန်သည် လျစ်လျူမရှုဝံ့ဘဲ ချိုးလော်လန် နောက်သို့ အလျင်အမြန် လိုက်သွားပြီး အဂ္ဂိရတ်အစည်းအရုံး ဆီသို့ လိုက်သွားခဲ့သည်။

နာရီဝက်ခန့်အကြာတွင် သူတို့ သုံးယောက်သည် စစ်မှန်သော နဂါးနိုင်ငံ၏ အဂ္ဂိရတ်အစည်းအရုံးသို့ ရောက်ရှိသွားခဲ့၏။

ချိုးလော်လန်က သူတို့ကို ဆေးခန်းမသို့ ခေါ်သွားခဲ့ရာ ခန်းမ အဝင်ဝ၌ အဂ္ဂိရတ်ပြိုင်ပွဲ အတွက် ဖောင်လာတင်သော အဂ္ဂိရတ်သခင် အတော်များများသည် လူတန်းရှည်ကြီး တစ်ခုဖြစ်နေခဲ့သည်။

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ခပ်သွက်သွက်ပင် တန်းစီလိုက်သည်။

နှစ်နာရီကြာ တန်းစီပြီးနောက်တွင် အဆုံးသတ်၌ ကျန်းချန်၏ အလှည့်သို့ ရောက်လာသည်။

သူက ဖောင်ဖြည့်ရန် ရှေ့တက်လာတော့မည့် အချိန်တွင် နားထဲ၌ ရယ်သံတစ်သံကို ကြားလိုက်ရ၏။

"ကောင်လေး.. မင်း ဖြစ်နေတာကိုး...ငါက မင်းကို ရှာနေတာ ဒါပေမယ့် မင်းက ကိုယ်တိုင် တံခါးဝထိ ရောက်လာမယ်လို့ မထင်ထားဘူး.. ငါတို့က တကယ်ကို တိုက်တိုက်ဆိုင်ဆိုင် ဒီမှာလာတွေ့တာပဲ"

အခန်း(၃၁၅) ပြီး၏

All Chapters