← Chapters

အခန်း (၄၁)

Vol. 3 Ch. 41

အခန်း (၄၁)

Vol. 3 Ch. 41

ဟန်ရှောင်ပင်းက မျက်နှာတည်မျက်နှာထားနှင့် မေးချလိုက်သည်။

“အဲ့ဒါဆို ကျေးဇူးပြုပြီး ရှင်သိသမျှအကုန် ပြောပြပေးပါ”

“လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က လင်းအုပ်စုက အဆောက်အအုံအသစ်တစ်ခု ဆောက်လုပ်ခဲ့တယ်။ ကျန်းထျန်းဆောက်လုပ်ရေးစီမံကိန်းတဲ့။ ခင်ဗျားအဲ့အကြောင်းသိလား”

လင်းဖေးဟန်က ဟန်ရှောင်ပင်းကို ပြန်မေးလိုက်၏။

ဟန်ရှောင်ပင်းက ခေါင်းငြိမ့်ပြီး ပြန်ပြောလိုက်သည်။

“ကျွန်မသိတယ်။ အဲ့တုန်းက ကျွန်မ ကျောင်းတက်တုန်းပဲရှိသေးတယ်။ ဒါပေမဲ့ သိရသလောက်တော့ စီမံကိန်းက ချောချောမွေ့မွေ့ပါပဲ။ နောက်ကွယ်မှာ တခြားအကြောင်းရှိနေလို့လား”

လင်းဖေးဟန်က ပြုံးကာ‌ပြောလိုက်၏။

“ဒါပေါ့။ ခင်ဗျားက ဘယ်သိမှာလဲ။ ကျွန်တော်တောင် မကြာသေးခင်ကမှ သိခဲ့ရတာ”

“လွန်ခဲ့တဲ့ဆယ်နှစ် ကျန်းထျန်းအဆောက်အအုံဆောက်လုပ်ရေးကာလမှာ မိုးတွေအသည်းအသန်ရွာခဲ့တယ်။ ဒါပေမဲ့ ပြီးဖို့သတ်မှတ်ထားတဲ့ရက်ကလည်းကပ်လာပြီ။ လျှို့ဇစ်ချီကလည်း အုပ်စုက ရှယ်ယာရှင်တွေကို စီမံကိန်းကို သတ်မှတ်ရက်အတွင်း အပြီးသတ်မယ်လို့ ပြောထားတယ်။ မဟုတ်ရင် သူ ရှယ်ယာရှင်အဖြစ်ကနေ နှုတ်ထွက်မယ်လို့ ပြောခဲ့တယ်”

“သူ့ရဲ့ အကျိုးစီးပွားကို မထိခိုက်စေဖို့နဲ့ စီမံကိန်းအမြန်ပြီးအောင်ဆိုပြီး လျှို့ဇစ်ချီက အလုပ်သမားအားလုံးကို ဖိအားပေးပြီး ဆက်လက်ဆောက်လုပ်စေခဲ့တယ်”

“အဲ့ဒီတုန်းက ကျန်းထျန်းအဆောက်အအုံစီမံကိန်းက မြစ်နဲ့နီးတယ်။ ရက်ပေါင်းများစွာ ဆက်တိုက်ကြီး မိုးသည်းတာကြောင့် မြစ်ကမ်းပြိုပြီး ကျန်းပိုင်စီမံကိန်းကို ရေလွှမ်းခဲ့တယ်”

ဟန်ရှောင်ပင်းက ခေါင်းငြိမ့်ပြီး ဖြတ်ပြောလိုက်သည်။

“ကျွန်မလည်း အဲ့အကြောင်း သတင်းတချို့ကြားဖူးတယ်။ ကျွန်မသိရသလောက်တော့ ကျန်းပိုင်အဆောက်အအုံစီမံကိန်းက အဲ့ဒီတုန်းက အရည်အသွေးအာမခံချက်ရှိပါတယ်။ အဲ့ဒီအချိန်တုန်းက ကျန်းထျန်းအဆောက်အအုံက မြစ်ရေကျိုးပေါက်တဲ့နေရာမှာ ရှိနေခဲ့တာ။ ရေလည်းကြီးရော ကျန်းထျန်းအဆောက်အအုံက အများစုကို ဟန့်တားပေးခဲ့တယ်။ အဲ့ဒါကြောင့် အသေအပျောက်မရှိခဲ့ဘူး။ ဒီကိစ္စမှာတော့ လင်းလူကြီးမင်းကို ကျေးဇူးတင်ရမယ်”

“ပြဿနာက အဲ့ဒီတုန်းက ရေလွှမ်းတဲ့အထဲ မျောပါသွားတဲ့ အလုပ်သမားတစ်ယောက်ရှိတယ်။ ဒါပေမဲ့ အဲ့ဒီအလုပ်သမားက ရေကူးကျွမ်းပြီး လုံခြုံရေးကြိုးလည်းပတ်ထားတာရယ် ကျန်တဲ့ အလုပ်သမားတွေက အချိန်မီကူညီပေးခဲ့တာရယ်ကြောင့် လူမသေခဲ့တာပဲ”

လင်းဖေးဟန်က ဖြစ်စဥ◌်ကို အေးအေးဆေးဆေး ပြန်ပြောင်းပြောပြနေသည်။

ဟန်ရှောင်ပင်းက အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။ ဘယ်သူမှ မသေခဲ့မှတော့ လင်းဖေးဟန်က ဒီကိစ္စကို ဘာလို့ ပြောနေရသေးတာလဲ။ လျှို့ဇစ်ချီရဲ့ လူမဆန်တဲ့ အကျင့်စရိုက်ကို တိုင်ကြားချင်တာလား။ မိုးသည်းတဲ့နေ့တွေမှာ အလုပ်သမားတွေကို အတင်းအကြပ် အလုပ်စေခိုင်းတဲ့ ဂုတ်သွေးစုပ်သူကြီးပေါ့။ ဒါမှမဟုတ် လျှို့ဇစ်ချီကြောင့် မြစ်ကျိုးသွားလို့လား။ အဓိပ္ပာယ် လုံးဝမရှိတာပဲ။

သို့သော် ဟန်ရှောင်ပင်းက လင်းဖေးဟန်ကို ဖြတ်မပြောခဲ့ပါ။ လင်းဖေးဟန်မှာ ဒါကို ထုတ်ပြောလာရတဲ့ အကြောင်းအရင်းရှိမယ်လို့ သူမကသိနေသည်။ အဲ့ဒါကြောင့် သူမက နားစွင့်ပြီး ဆက်နားထောင်နေလိုက်၏။

နောက်ထပ်စကားတစ်ခွန်းက ဟန်ရှောင်ပင်းကို မျက်နှာပျက်သွားပြီး စိတ်ထဲကနေ ကြက်သီးထလာစေခဲ့သည်။

“အဲ့ဒီအလုပ်သမားက သေခြင်းတရားကနေ လွတ်မြောက်လာပြီးနောက် လျှို့ဇစ်ချီကို ပိုမုန်းသွားခဲ့တယ်။ ပြီးတော့ အဲ့ဒီအလုပ်သမားတွေအကုန်လုံးက တစ်ရွာတည်းသားတွေ။ အချင်းချင်းရင်းနှီးကြတယ်။ နောက်ပြီး ဒီနေ့ ဒီတစ်ယောက် ရေထဲ ကျသွားပြီးရင် နောက်နေ့ကျမှာက သူတို့လည်းဖြစ်သွားနိုင်တယ်လေ။ အဲ့ဒီတော့ သူတို့က လျှို့ဇစ်ချီက သူတို့ကို အတင်းအကြပ်စေခိုင်းတယ်လို့ တစ်ညီတစ်ညာတည်း တွေးလာကြတာပဲ”

“အဲ့ဒါနဲ့ အလုပ်သမားတွေက ဆန္ဒပြကြပြီး လျှို့ဇစ်ချီကို သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေးပေးဖို့ တောင်းဆိုခဲ့ကြတယ်။ မဟုတ်ရင် သူတို့က ဒီကိစ္စကို ဖြန့်ပစ်မယ်ဆိုပြီးတော့ပေါ့”

“ဒီလိုမတော်တဆမှုမျိုးက လူမသေရင်တောင် ပြန့်ကြားသွားရင် မတော်တဆမှုက မတော်တဆမှုပဲလေ။ အချိန်အတိုင်းအတာတစ်ခုအထိ အလုပ်ရပ်ဆိုင်းထားရမှာပဲ။ လျှို့ဇစ်ချီက ကျိန်းသေ အဲ့လိုမျိုးမဖြစ်စေချင်ခဲ့ဘူးလေ။ ဆိုတော့ အလုပ်သမားတွေကို အာမခံချက်ပေးဖို့ သဘောတူချင်ဟန်ဆောင်ခဲ့တယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ အဲ့ဒီလူတွေကို သတ်ချင်တဲ့ ရည်ရွယ်ချက်ကြီးနဲ့ပေါ့”

“အဲ့ဒီညမှာ အလုပ်သမားတွေက လျှို့ဇစ်ချီက သူတို့ကို ပိုက်ဆံထုတ်ပေးတော့မယ်လို့ ထင်နေခဲ့ကြတာ။ သူတို့မမျှော်လင့်ထားတာက လျှို့ဇစ်ချီက သက်တော်စောင့်ဒါဇင်ချီကိုခေါ်ပြီး သူတို့ကို ရိုက်နှက်ခဲ့တယ်။ ပြီးတာနဲ့ သူတို့ကို အဆောက်အအုံအောက်မှာပဲ သက်သေမကျန်အောင်မြှုပ်ခဲ့တယ်”

လင်းဖေးဟန်က ဇာတ်ကြောင်းပြောတာကို အဆုံးသတ်လိုက်၏။

ဟန်ရှောင်ပင်းက အဲ့ဒါကိုကြားပြီး လေအေးတွေကို ရှူသွင်းလိုက်သည်။

“အရှင်လတ်လတ် မြေမြှုပ်ခံရတာလား”

ဟန်ရှောင်ပင်းက အဲ့ဒီမြင်ကွင်းကို စိတ်ကူးမယဥ◌်ကြည့်နိုင်ပါ။

လူဒါဇင်ကျော်က အဆောက်အအုံအောက်မှာ မြေမြှုပ်ခံခဲ့ရသည်။ သူတို့က သတိရှိနေရင်တောင် လှုပ်ရှားနိုင်ခဲ့မှာ မဟုတ်ဘူး။ လေကုန်သွားတာကိုပဲ တိတ်တိတ်လေးစောင့်ကြရင်း အောက်စီဂျင်ပြတ်ပြီးသေတာကိုပဲ စောင့်နေခဲ့ကြရမှာ။ အဲ့ဒီကိစ္စကို စုံစမ်းခဲ့ကြရင်တောင် အသေရော အရှင်ရော ရှာတွေ့ကြမှာမဟုတ်ဘူး။

အဆောက်အအုံအောက်မှာ မြှုပ်တယ်တဲ့လား။ ဘယ်လို အင်ဂျင်နီယာပညာရပ်မျိုးသုံးပြီး တူးထုတ်ရမှာလဲ။ လင်းဖေးဟန်က ကျန်းထျန်းအဆောက်အအုံကို အသုံးပြုခွင့်ပေးရင်တောင် အဲ့ဒီက နေထိုင်သူတွေက သဘောတူကြမှာ မဟုတ်ဘူး။ သူတို့ နေရာရွေ့ပေးရမှာ ဖြစ်နိုင်မလား။ နေထိုင်သူတွေက သဘောမတူရုံတင်မကဘူး။ မြို့တော်ကောင်စီကလည်း ပြည်သူတွေကြားထဲ စိုးရိမ်ပူပန်မှုကို ဖြစ်စေမဲ့အတွက် ခွင့်ပြုနိုင်မှာ မဟုတ်ဘူး။ ဒီနည်းလမ်းက ရက်စက်လွန်းတယ်။

ဟန်ရှောင်ပင်းက ရုတ်တရက်ကြီး တစ်ခုတွေးမိလိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“လင်းလူကြီးမင်းကို မေးစရာတစ်ခုရှိပါတယ်။ ဒီအလုပ်သမားတွေမှာ မိသားစု ရှိကြမှာပေါ့။ အဲ့ဒီလူတွေ ပျောက်သွားခဲ့ရင် သူတို့က တိုင်ကြားမှာပဲလေ။ ပြီးတော့ လျှို့ဇစ်ချီက အဲ့ဒီလူတွေကိုလည်း မြင့်မားတဲ့ လျော်ကြေးငွေ ပေးခဲ့ရမှာပဲလေ။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုထက် ဘယ်ဟာက ပိုအရေးကြီးလဲဆိုတာ အသိသာကြီးဖြစ်နေရမှာလေ။ ဘာလို့ လျှို့ဇစ်ချီက ကိုယ့်ပြဿနာကိုယ်ရှာရမှာလဲ”

“အရာရှိဟန်။ ကျွန်တော့်အထင် ခင်ဗျား အိမ်ထောင်စုမှတ်ပုံတင်ဌာနကို ရက်အနည်းငယ်သွားပြီး အောက်ခြေအလုပ်သမားတွေရဲ့ အခက်အခဲတွေကို နားလည်အောင် လုပ်သင့်တယ်”

ဟန်ရှောင်ပင်းက မျက်မှောင်ကြုတ်ပြီး အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

“ဘာသဘောလဲ”

လင်းဖေးဟန်က ပြောလိုက်၏။

“တစ်ရက်တစ်ရက် ကျန်းပိုင်မြို့ကနေ လူဘယ်နှယောက် ဝင်ထွက်နေလဲဆိုတာ ခင်ဗျားသိလား”

ဟန်ရှောင်ပင်းက တိတ်ဆိတ်သွားသည်။ သူမမှ မသိတာပဲ။

“ဝင်ထွက်နေတဲ့လူတွေ ရာထောင်ချီတယ်လို့‌ ပြောလို့ရတယ်။ အများစုက ရွှေ့ပြောင်းအလုပ်သမားတွေ။ သူတို့မှာ အိမ်မရှိ ခြံမရှိဘူး။ အဲ့ဒီလူတွေက လက်ထပ်နိုင်ပါ့မလား။ သူတို့ လက်ထပ်နိုင်ရင်တောင်မှ ရှားတယ်။ သူတို့အများစုက လူငယ်တွေ။ သူတို့အိမ်မှာလည်း အသက် ၇၀၊၈၀ လူကြီးတွေပဲ ကျန်နေခဲ့တာ”

“သူတို့ရဲ့ မိသားစုဝင်တွေက တောင်ပေါ်မှာပဲနေပြီး ကလေးတွေကို စောင့်ရှောက်ကြတယ်။ ၇၀၊၈၀ အရွယ်တွေဆို ပိုဆိုးတာပေါ့။ တောင်အောက်ဆင်းပြီး ပြဿနာ မရှာနိုင်ကြဘူးလေ။ သူတို့တစ်ဘဝလုံး တောင်အောက်ဆင်းဖူးကြတာ မဟုတ်ဘူး။ နောက်ပြီး အဲ့ဒီရွှေ့ပြောင်းအလုပ်သမားတွေ ဘယ်မြို့ကို အလုပ်သွားလုပ်ကြလဲဆိုတာ သူတို့ မသိကြဘူးလေ”

“ထပ်ပေါင်းပြောရရင် လျှို့ဇစ်ချီက လူငယ်တွေကို အထူးရွေးချယ်ထားခဲ့တာလေ။ အဲ့ဒီလူတွေက ပိုက်ဆံစုပြီး အိမ်ထောင်ပြုချင်ကြတာလေ။ ဆိုတော့ ပိုက်ဆံရသရွေ့ ဘာမဆိုလုပ်ကြမှာပဲ။ သူတို့ရဲ့ လစာတောင်းဆိုချက်ကလည်း သိပ်မများဘူး”

လင်းဖေးဟန်ပြောအပြီးမှာ ဟန်ရှောင်ပင်းရဲ့မျက်နှာ အနည်းငယ်နီနေတာကို တွေ့လိုက်ရ၏။ လင်းဖေးဟန်က ဒီရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝကို အဲ့လောက်ကြီးသိနေမယ်လို့ ဟန်ရှောင်ပင်း မမျှော်လင့်ထားချေ။

“တောင်းပန်ပါတယ်။ ကျွန်မ သိပ်ပြီး မတွေးမိလိုက်ဘူး”

ဘာမှမဖြစ်ကြောင်း လင်းဖေးဟန်က လက်ခါပြခဲ့သည်။ အရာရှိမိသားစုက သမီးဖြစ်သူအနေနဲ့ ဒီကိစ္စတွေကို မသိတာ ပုံမှန်ပင်ဖြစ်၏။ လင်းဖေးဟန်သာ နှစ်ခါပြန် လူမလုပ်ခဲ့ရဘူးဆိုရင် သူ့ရဲ့ အရင်ဘဝမှာ ဒီအခြေအနေတွေကို သိခဲ့လောက်မှာမဟုတ်ဘူး။

“လင်းလူကြီးမင်း။ ရှင်ကျွန်မကို ပြောပြပေးသွားတဲ့ အချက်အလက်တွေက အင်မတန် အရေးကြီးပါတယ်။ ဒါပေမဲ့ သံသယတွေတော့ ရှိနေပါသေးတယ်”

“ဆက်ပြောပါဗျ”

လင်းဖေးဟန်က ပြုံးပြီးပြောလိုက်သည်။

“လူကြီးမင်းလင်း ဘယ်လိုလုပ်ပြီး ဒီကိစ္စကို သိခဲ့တာလဲဆိုတာ ကျွန်မမေးပါရစေ”

ဟန်ရှောင်ပင်းက အနည်းငယ် အတည်ပေါက်ပြောလိုက်၏။

ဟန်ရှောင်ပင်းက သူမရဲ့လက်ကောက်ဝတ်က ငွေရောင်လက်ကောက်ကို ထိလိုက်သည်။ လင်းဖေးဟန်နဲ့ လျှို့ဇစ်ချီက မတည့်ကြတော့လို့ အခုမှ သူက ဒီကိစ္စကို ဖော်ထုတ်ချင်တာလားဆိုတာ ဟန်ရှောင်ပင်း နည်းနည်းသံသယဝင်မိ၏။

All Chapters