← Chapters

အခန်း (၃၁)

Vol. 3 Ch. 31

အခန်း (၃၁)

Vol. 3 Ch. 31

လင်းဖေးဟန်က စွန်းရှင်းယွဲ့ရဲ့ အိပ်မက်ကို ကောင်းကောင်းကြီး နားလည်သည်။ သူမရဲ့ဘဝက ပင်လယ်ထဲမှာ ဘောင်ဘင်ခတ်နေတဲ့ လှေကလေးတစ်စင်းလိုပင်ဖြစ်၏။ ကောင်းကင်ကြီးက လျှပ်စီးလက်နေပြီး မိုးတိမ်မည်းများက စုပုံလာပြီ။ ပန်းဆိုင်ကလေးက စွန်းရှင်းယွဲ့ကို လမ်းပြနေသော မီးပြတိုက်ဖြစ်သည်။

“ကျွန်မပြောတာကို အကြာကြီး နားထောင်ပေးလို့ ကျေးဇူးပါ”

စွန်းရှင်းယွဲ့က အင်မတန် ပျော်ရွှင်မိ၏။

လင်းဖေးဟန်က နှာခေါင်းပွတ်ပြီး ပြုံးပြုံးလေးပြောလိုက်သည်။

“မင်းရဲ့ စိတ်ကူးက အတော်ကောင်းတာပဲ။ ငါတွေးကြည့်ပြီးပြီ။ ငါ ပန်းဆိုင်တစ်ဆိုင်ဖွင့်မယ်။ မင်းက ငါ့အတွက် အလုပ်လုပ်ပေး”

လင်းဖေးဟန်ပြောတာကို ကြားပြီးနောက် စွန်းရှင်းယွဲ့က သိသိသာသာကို အံ့ဩမှင်သက်သွားမိသည်။ ထို့နောက် သူမ မေးလိုက်၏။

“ပန်းဆိုင်လား။ ရှင် ပန်းဆိုင်လည်း ဖွင့်ထားတာလား”

“ဒါက ပန်းဆိုင်ပဲ မဟုတ်ဘူးလား။ ငါ မင်းဆီမှာ ရင်းနှီးမြှုပ်နှံမယ်။ မင်းက ဆက်ပြီး ပိုင်ရှင်ဆက်ဖြစ်နေမယ်။ ဘယ်လိုလဲ”

စွန်းရှင်းယွဲ့က အထင်လွဲပြီး လင်းဖေးဟန်က သူမရဲ့ ပန်းဆိုင်ကို ဝယ်မယ်လို့ တွေးလိုက်မိသည်။ ထိုအချိန်မှာ သူမအနေနဲ့ တောင်းပန်သည့်ပုံဖြင့် ပြောလိုက်၏။

“တောင်းပန်ပါတယ် လင်းလူကြီးမင်း။ တကယ်တော့ ဒီပန်းဆိုင်က ကျွန်မရဲ့ မိဘတွေ လက်ဆင့်ကမ်းခဲ့တဲ့ အမွေပါ။ ဒါကို ကျွန်မတစ်ဘဝလုံး ထိန်းသိမ်းသွားချင်ပါတယ်”

လင်းဖေးဟန်က ပြုံးပြီး မေးလိုက်၏။

“တစ်ဘဝလုံးလား။ မဖြစ်နိုင်တာ။ အစိုးရက ဒီနေရာကို ဖြိုချပြီး ပြန်ဆောက်ဖို့ လုပ်နေတာကို မကြားမိဘူးလား။ အဲ့ဒီကျရင် မင်း ဘယ်လိုလုပ်မလဲ”

စွန်းရှင်းယွဲ့က ခေါင်းခါပြီး ပြောလိုက်သည်။

“တကယ်တော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ ကျွန်မရဲ့ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး ဒီနေရာကနေ ထွက်သွားမှာ မဟုတ်ဘူး”

“ဒါပေါ့။ ကျွန်တော်လည်း ဒီနေရာကို ဘယ်တော့မှ မဖြိုချဘူးလို့ ဆုံးဖြတ်ထားတယ်”

“ရှင်က”

စွန်းရှင်းယွဲ့ အနည်းငယ် မရေမရာဖြစ်မိ၏။

လင်းဖေးဟန်က ပြုံးပြီးပြောလိုက်သည်။

“ဟုတ်တယ်။ ကျွန်တော်ပဲ။ ကျွန်တော်က ဒီက တာဝန်ရှိသူပါ။ လင်းအုပ်စုရဲ့ ဥက္ကဌ လင်းဖေးဟန်လို့ခေါ်ပါတယ်”

“ဟမ်”

စွန်းရှင်းယွဲ့ ထပ်ပြီးအံ့ဩရပြန်သည်။

လင်းအုပ်စုက လင်းဖေးဟန်ဆိုသည့်နာမည်ကို သူမ ကြားဖူး၏။ လင်းဖေးဟန်ရဲ့နာမည်ကို ကြားလိုက်ရတုန်းက တိုက်ဆိုင်တာဟု သူမ ထင်ခဲ့မိသည်။ လင်းအုပ်စုရဲ့ဥက္ကဌက သူမရဲ့ရှေ့မှာ ရောက်နေမည်ဟု မထင်မှတ်ထားပါ။

“ဘာလို့လဲ။ မယုံဘူးလား”

“ဟင့်အင်း။ မဟုတ်ပါဘူး။ ဒီအတိုင်း ကျွန်မ အံ့ဩသွားမိရုံပါ လင်းသခင်လေး”

လုရွယ်ယင်က သူ့အပေါ် အခေါ်အဝေါ် ပြောင်းလဲသွားတာကို မြင်လိုက်ရတော့ လင်းဖေးဟန် မျက်မှောင်ကြုံ့လိုက်မိ၏။ သူက စိတ်ဆိုးချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။

“ဘာကို လင်းသခင်လေးလဲ။ ကျွန်တော်တို့က မိတ်ဆွေတွေလေ။ ကျွန်တော်က မင်းထက် နှစ်အနည်းငယ်ကြီးတယ်ဆိုတော့ အစ်ကိုလို့ပဲခေါ်ပါ”

“အိုး၊ ကောင်းပြီလေ။ လင်း…အစ်ကိုလင်း။ အစ်ကို ခုနက ပြောလိုက်တဲ့ ဒီနေရာကို မဖြိုုချဘူးဆိုတာ အမှန်ပဲလား”

လင်းဖေးဟန်က ပြုံးပြီးပြောလိုက်၏။

“ကျိန်းသေတာပေါ့။ ငါက မင်းနဲ့ ပန်းဆိုင်ကို ပေါင်းဖွင့်ဖို့ လျာထားတယ်လေ။ ဒီပန်းဆိုင်က ငါနဲ့လည်းဆိုင်တယ်။ ငါလုံးဝ ဘယ်သူ့ကိုမှ ဖြိုချခွင့်မပေးဘူး”

ထိုသို့ကြားလိုက်ရချိန်မှာ စွန်းရှင်းယွဲ့က အနည်းငယ် စိုးရိမ်ပူပန်ပုံပေါက်လာသည်။ လင်းဖေးဟန်က အဲ့ဒီနေရာကို ပိုက်ဆံဖြင့်ဝယ်ယူပြီး သူမက မငြင်းဆန်နိုင်မှာကို ကြောက်သွား၏။ လင်းဖေးဟန်က အမြန်ရှင်းပြလိုက်သည်။

“စိတ်မပူပါနဲ့။ ငါ မင်းရဲ့ ပန်းဆိုင်ကို လိုချင်တယ်လို့ မပြောလိုက်မိပါဘူး။ မင်းဆီမှာပဲ ရင်းနှီးမြှုပ်နှံချင်တာ။ အဲ့လိုဆို နှစ်ကုန်ရင် မင်းငါ့ကို ဝေစုပေးရုံပဲ”

အဲ့ဒီစကားကိုကြားပြီးနောက် စွန်းရှင်းယွဲ့က ပိုမိုစိုးရိမ်လာကာ ပြောလိုက်၏။

“အစ်ကိုလင်း။ ကျွန်မ အရှုံးပေါ်ရင် ပိုက်ဆံပိုအကြွေးတင်သွားလိမ့်မယ်။ ကျွန်…ကျွန်မမှာ လျော်ကြေးပေးစရာငွေမရှိဘူး”

စွန်းရှင်းယွဲ့ရဲ့ အတည်ကြီးဖြစ်နေတဲ့ မျက်နှာကိုကြည့်ပြီး အင်မတန် ချစ်စရာကောင်းသည်ဟု လင်းဖေးဟန်က တွေးလိုက်မိသည်။ လင်းဖေးဟန်က သူမရဲ့ပါးကို ဆွဲညစ်ကာ ပြုံးလိုက်၏။

“စိတ်မပူပါနဲ့။ ငါဒီမှာ လုပ်စရာအများကြီးရှိသေးတယ်။ မင်း ပိုက်ဆံရှုံးသွားရင် ငါ့အနားမှာနေပြီး တဖဝါးမှမခွာပဲနဲ့ ငါ့အတွက် တစ်သက်လုံး အလုပ်လုပ်ဖို့ပြင်ထားလိုက်”

လင်းဖေးဟန်ရဲ့ အပြုအမူကြောင့်လား စကားကြောင့်လား မသိပေမဲ့ စွန်းရှင်းယွဲ့ရဲ့ပါးတွေကနေစပြီး နားရွက်နောက်ထိ နီမြန်းသွားသည်။

“ဒီလိုပြောရအောင်။ ငါ မင်းရဲ့ အကြံကို သိလိုက်ရတယ်။ ငါ့အထင် အဲ့ဒီအကြံက ကောင်းမွန်တယ်။ ဘယ်တော့မှကျဆုံးမှာ မဟုတ်ဘူး။ မင်းလည်း ဒီပန်းဆိုင် ရုတ်တရက်ကြီး ဖြိုချခံရတာကို မမြင်ချင်ဘူး။ ငါနဲ့သာဆိုရင် သူတို့တွေ အဲ့လိုလုပ်ရဲမှာ မဟုတ်ဘူး”

“အင်း…အဲ့ဒါဆိုလည်း ကောင်းပြီလေ”

စွန်းရှင်းယွဲ့က ရင်ထဲထိပြီး မျက်ရည်ပါဝဲသွားပြန်၏။

“အဲ့လိုသာဆိုရင် ကျွန်မ အစ်ကိုလင်းကို အမြဲတွေ့ရမှာပေါ့။ ဒီလိုတွေးတော့လည်း မဆိုးပါဘူး”

ထိုသို့တွေးလိုက်မိချိန်မှာ စွန်းရှင်းယွဲ့ ချိုမြိန်စွာပြုံးလိုက်မိသည်။

“ကောင်းပြီ။ အဲ့ဒါဆို အတည်တကျဖြစ်သွားပြီနော်။ ဒါနဲ့ ဒီနှင်းဆီအဖြူတွေကို ဒီမှာအရင်ထားလိုက်။ မင်းငါ့ကိုကူပြီး သူတို့ကို သေချာကြည့်ပေးရမယ်”

“ကောင်းပါပြီ အစ်ကိုလင်း”

စွန်းရှင်းယွဲ့က ပျော်ရွှင်စွာ ခေါင်းငြိမ့်လိုက်၏။

လင်းဖေးဟန် ဝမ်းသာသွားသည်။ အရင်ဘဝက အမည်မသိ လူတစ်ယောက် ပြောဖူးတာရှိ၏။ မိန်းကလေးတစ်ယောက်ကို လိုက်ချင်ရင် သူမနဲ့ တူညီတဲ့အရာကို ရှိလာအောင်လုပ်ရမယ်တဲ့။ ကြောင်တစ်ကောင် ဒါမှမဟုတ် ပန်းအိုးတစ်အိုးလိုမျိုးပေါ့။ တူညီတဲ့ရလဒ်ကိုပေးတယ်။ အဲ့ဒီလူက ဘယ်သူလဲလို့မေးတာလား။ ကျိန်းသေ သူပဲပေါ့။

“ကောင်းပြီ။ ငါအရင်သွားတော့မယ်။ ဒါက ငါ့ဖုန်းနံပါတ်။ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ရင် ဒါမှမဟုတ် မင်းမှာတစ်ခုခုလုပ်စရာရှိရင် ဆက်သွယ်လိုက်”

လင်းဖေးဟန်က စွန်းရှင်းယွဲ့ကို ရွှေရောင်အနားကွပ်ထားတဲ့ လုပ်ငန်းကဒ်ကို ပေးလိုက်၏။ စွန်းရှင်းယွဲ့က အဲ့ဒါကို လက်နှစ်ဖက်ဖြင့်ယူလိုက်ပြီး ဂရုတစိုက်နဲ့ ချထားလိုက်သည်။ ကလေးတစ်ယောက်လိုပင်။

လင်းဖေးဟန်က ထွက်သွားပြီး လျှို့ရှင်းယာ သူ့ကိုပို့ပေးလိုက်တဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်၏။ အမှန်က လျှို့ရှင်းယာက ပန်းဆိုင်ထဲမှာကတည်းက အချက်အလက်အပြည့်အစုံကို ပို့ပေးပြီးပြီဖြစ်သည်။ လင်းဖေးဟန်က စွန်းရှင်းယွဲ့နဲ့ စကားပြောနေသောကြောင့် ဖုန်းကို မကြည့်ဖြစ်လိုက်ခြင်းဖြစ်၏။

“ဟယ်လို လူကြီးမင်းလီ။ ကျွန်တော်က လင်းဖေးဟန်ပါ”

လင်းဖေးဟန် ကားပေါ်မှာထိုင်ရင်း အေးဆေးပြောလိုက်သည်။ သူက ဆောက်လုပ်ရေးသူဌေး လီလုံဟွေ့ကို ဆက်လိုက်ခြင်းဖြစ်၏။

“လင်းလူကြီးမင်း။ ဟယ်လို။ ဟယ်လို။ ကျွန်တော် ခင်များနာမည်ကို ကြားဖူးတာ ကြာပါပြီဗျ။ ကျွန်တော် ခင်ဗျားနာမည်ကို ကြားဖူးတာ ကြာပါပြီ”

ဖုန်းတစ်ဖက်က လီလုံဟွေ့က လင်းဖေးဟန်ရဲ့အသံကိုကြားတာနဲ့ စိတ်လှုပ်ရှားလျက်ရှိသည်။ လင်းဖေးဟန်ကို သူမမြင်ဖူး၊ မဆက်သွယ်ဖူးသော်လည်း သူက ကန်းနေတာမဟုတ်သလို နံပါတ် ၈ လုံးနဲ့ဖုန်းက ဘယ်သူနဲ့သက်ဆိုင်သလဲဆိုတာ သူသိ၏။

ကျန်းပိုင်မြို့မှာ နံပါတ် ၈ လုံးနဲ့ဖုန်းရှိတာ လူတစ်ယောက်တည်းရှိပြီး အဲ့ဒီလူက လင်ဖေးဟန်ဖြစ်သည်။ လင်းအုပ်စုနဲ့ စာချုပ်အောင်မြင်စွာချုပ်နိုင်ခဲ့တာအတွက် သူ့ရဲ့ဘိုးဘေးတွေကို သူကျေးဇူးတင်နေမိပြီကို အခုကျ လင်းဖေးဟန်ကိုယ်တိုင်က ဖုန်းခေါ်လာတယ်တဲ့လား။ သူစိတ်မလှုပ်ရှားဘဲ ဘယ်နေနိုင်ပါ့မလဲ။

လင်းဖေးဟန်က လီလုံဟွေ့ရဲ့ ခံစားချက်တွေကို လျစ်လျူရှုလိုက်ပြီး လိုချင်တာကို တိုက်ရိုက်ပြောလိုက်သည်။

“ဖုန်းလုံဧရိယာ။ အဲ့ဒီက ပန်းဆိုင်ကို ဖြိုချလို့မရဘူး။ သတိပေးလိုက်မယ်နော်။ ကိုယ့်လူတွေကိုယ် သေချာစောင့်ကြည့်ထားပါ။ အဲ့ဒီပန်းဆိုင်က အုတ်တစ်ချပ်ကို ရွှေ့လိုက်မိတာနဲ့ ခင်များ ကျန်းပိုင်မြို့မှာ လှောင်ရယ်စရာ လူတစ်ယောက်ဖြစ်သွားမယ်”

လင်းဖေးဟန်ရဲ့စကားကိုကြားရတော့ လီလုံဟွေ့က ကဗျာကယာပြောလိုက်သည်။

“စိတ်မပူပါနဲ့ လူကြီးမင်းလင်း။ အဲ့ဒီဆိုင်က မြက်တစ်ပင် သစ်ပင်တစ်ခုတောင် မထိဘူးလို့ ကတိပေးပါတယ်။ အဲ့ဒီကိစ္စကို ကျွန်တော်ချက်ချင်းပဲ ဖြေရှင်းလိုက်ပါ့မယ်”

ထိုသို့ပြောပြီးတာနဲ့ လင်းဖေးဟန်က ဖုန်းကို တန်းချလိုက်၏။

လီလုံဟွေ့မျက်နှာက ပုတ်သိုးသွားသည်။ အဆောက်အအုံဖြိုချတာလို ကိစ္စလေးကြောင့်နဲ့ လင်းအုပ်စုရဲ့ ဥက္ကဌက သူ့ကို လာပြီး အပြစ်တင်‌ဝေဖန်သွားမယ်လို့ သူတစ်ခါမှ မတွေးဖူးချေ။ မဟုတ်မှလွဲရော သူ့လူတွေက လင်းဥက္ကဌကို အပြစ်ပြုမိလိုက်တာလား။

လီလုံဟွေ့က တွေးကြည့်လိုက်ပြီး မဖြစ်နိုင်ဘူးဟု ခံစားလိုက်ရ၏။ သူက စာချုပ်ရလိုက်ပြီဆိုပေမဲ့ အကောင်အထည်မဖော်ရသေးသလို ဖြိုချရေးအဖွဲ့ကလည်း မရောက်သေးပေ။ ပိုမိုထူးဆန်းတာက လင်းဖေးဟန်က ပန်းဆိုင်ကိုသာ လိုချင်ခြင်းဖြစ်သည်။

All Chapters