← Chapters

အခန်း (၃၂)

Vol. 3 Ch. 32

အခန်း (၃၂)

Vol. 3 Ch. 32

လီလုံဟွေ့က သူသာ ဒီကိစ္စကို ကောင်းကောင်းမကိုင်တွယ်ဘူးဆိုရင် လင်းဖေးဟန်ရဲ့စိတ်နဲ့က မနက်ဖြန်လောက်ကျ သူ နေတောင်မြင်ရတော့မှာမဟုတ်ဘူးဆိုတာ သိထားသည်။ လင်းဖေးဟန် ဘယ်လေတိုက်လို့ ဒီကိုရောက်လာသလဲ မသိပါဘူး။ လီလုံဟွေ့စိတ်ထဲ စောဒကတက်လိုက်၏။ သို့သော် သူပေါ့ပေါ့တန်ဆန်တော့ မမှတ်ယူရဲပါ။ လက်ထဲကအလုပ်တွေကိုချပြီး ဖြိုချတဲ့အဖွဲ့ရဲ့ခေါင်းဆောင်ကို ချက်ချင်းခေါ်လိုက်သည်။

လင်းဖေးဟန်က ကားဆီပြန်ပြီး လမ်းတစ်လျှောက်မောင်းကာ ဗီလာသို့ပြန်ခဲ့၏။ ဒီလိုအချိန်ကောင်းလေးနဲ့က ကျိန်းသေ သူအနားယူပြီးဂိမ်းဆော့ဖို့ ပြင်ဆင်ရမှာပေါ့။

“အသုံးပြုသူက တကယ်ကိုတော်တာပဲ။ လေးစားပါတယ်။ စွန်းရှင်းယွဲ့ရဲ့ အသုံးပြုသူအပေါ် နှစ်သက်မှုက တစ်ရက်အတွင်း မြင့်မားခဲ့ပါတယ်။ အသုံးပြုသူက စွန်းရှင်းယွဲ့ကို သဘောကျသွားတာပဲ”

စနစ်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။

လင်းဖေးဟန် ပြုံးလိုက်၏။ ဒီတစ်ကြိမ်ကရုတ်တရက်ဆန်လှသည်။ သူ့စိတ်ထဲမှာ စွန်းရှင်းယွဲ့ကို အပိုင်ရဖို့ အကြမ်းဖျဉ်းပဲတွေးထားရသေး၏။ ပြဿနာကြီးကြီးမားမားတွေလည်း ရှိလိုက်သေးသည်။ ဒါပေမဲ့ အခုတော့ အဲ့ဒါတွေအားလုံးက မဆိုင်တော့ချေ။ စွန်းရှင်းယွဲ့ရဲ့စိတ်ကို သူအရယူနိုင်ခဲ့ပြီ။

လင်းဖေးဟန်က စွန်းရှင်းယွဲ့ရဲ့ အကြိုက်တွေကို သေချာသိသည်။ အဲ့ဒါကြောင့် စွန်းရှင်းယွဲ့နဲ့သူ့ကြားက အကွာအဝေးကို သေးငယ်သွားစေဖို့ နှင်းဆီဖြူတွေကို တာထွက်အနေနဲ့သုံးခဲ့၏။ အဲ့လိုမှသာ စွန်းရှင်းယွဲ့က သူ့အပေါ်ယုံကြည်လာစေရန်ဖြစ်သည်။ ဒီတစ်ခါအပြီးသတ်ကတော့ သူနဲ့မဆိုင်ဘဲ လူမိုက်သုံးယောက်ကြောင့်ဆိုတာ ဖော်ပြဖို့တန်၏။ ထိုလူမိုက်သုံးယောက်ရဲ့အကူအညီနဲ့ လင်းဖေးဟန်က စွန်းရှင်းယွဲ့ရဲ့ဘေးမှာ ကံကြမ္မာရဲ့သားတော်လိုမျိူး ပေါ်ထွက်ခဲ့သည်။ ထိုအချက်က အရာရာကို ချောမွေ့သွားစေခဲ့၏။

လင်းဖေးဟန်က အေးအေးဆေး‌ဆေးပြောလိုက်သည်။

“စွန်းရှင်းယွဲ့က အင်မတန် ဖြူစင်တဲ့မိန်းကလေးပဲ။ သူကအရမ်းကောင်းတယ်။ အခုခေတ် သူ့လိုမိန်းကလေးမျိုး များများစားစား မရှိတော့ဘူး”

လုရွှယ်ယင်က အေးစက်စက်ဆောင်းရာသီဆိုရင် စွန်းရှင်းယွဲ့က နွေးထွေးတဲ့နွေဦးဖြစ်၏။ မတူညီတဲ့ ပုံစံနှစ်မျိုးဆိုပေမဲ့ တူညီစွာလှကြသည်။

“ကြည့်ရတာ အသုံးပြုသူရင်ထဲထိသွားတဲ့ပုံပဲ”

စနစ်က စတင်အတင်းတုပ်လိုက်၏။

“မင်းကဘာသိလို့လဲ။ အချစ်အကြောင်းမသိတဲ့ငထုံရဲ့”

လင်းဖေးဟန်က စတင်ရန်စလိုက်သည်။

“အသုံးပြုသူက ဒီလိုမျိုးစိတ်နေသဘောထားမျိုး ဆက်ထားနေမယ်ဆိုရင် စနစ်ကို မိတ်ဆွေအနေကနေ ဆုံးရှုံးလိမ့်မယ်လို့ အာရုံခံမိပါတယ်”

စနစ်က လင်း‌ဖေးဟန်နဲ့ ရက်အနည်းငယ်ကြာ အတူရှိနေခဲ့ပြီး သူမဲ့ ရင်းနှီးလာခဲ့၏။ စနစ်နဲ့ စက်က ဘာမှလုပ်စရာမရှိရင် ‌သာယာနေတတ်ကြသည်။

ထို့နောက်စနစ်က လင်းဖေးဟန်အတွက် စိတ်ပူပြီး သတိပေးပြန်၏။

“ကျေးဇူးပြုပြီး ဂိမ်းတွေအပေါ်မှာ အချိန်မဖြုန်းပါနဲ့ အသုံးပြုသူ။ ဇာတ်လိုက်ယဲ့ဖန်း တောင်အောက်ဆင်းလာမဲ့အချိန်က အတော်လေးနီးကပ်လာပါပြီ။ အသုံးပြုသူအတွက် အချိန်သိပ်မကျန်ပါဘူး။ ဒီလိုမျိုးလုပ်နေဦးမယ်ဆိုရင် အသုံးပြုသူက ဂိမ်းကစားတာမဟုတ်ပဲ ယဲ့ဖန်းက အသုံးပြုသူကိုကစားတာ ဖြစ်သွားပါလိမ့်မယ်”

လင်းဖေးဟန်က ခေါင်းငြိမ့်ပြီးပြောလိုက်သည်။

“စိတ်မပူပါနဲ့ စနစ်။ အားလုံးက ငါ့ထိန်းချုပ်မှုအောက်မှာပါ။ အချိန်မကျသေးလို့”

ထို့နောက် လင်းဖေးဟန်က တစ်ခုခုကိုတွေးလိုက်ပြီး အမြန်ပြောလိုက်၏။

“ဒါနဲ့လေ စနစ်။ ငါ ယဲ့ဖန်းနဲ့ လုမိသားစုရယ် စွန်းရှင်းယွဲ့ရယ်ကြားက အဆက်အသွယ်ကို ဖြတ်တောက်လိုက်ပြီ။ ယဲ့ဖန်းက သူတို့နဲ့တွေ့ဦးမှာလား”

မူလ၀တ္ထုအရတော့ ယဲ့ဖန်းကတောင်အောက်ဆင်းလာချိန်မှာ စွန်းရှင်းယွဲ့ကို အရင်တွေ့သည်။ နောက်မှ လုမိသားစုကို သွားခဲ့၏။ သူက စွန်းရှင်းယွဲ့ကို ကယ်ခဲ့ရုံသာမက လုသခင်ကြီးကိုလည်းကယ်ခဲ့သည်။ ယဲ့ဖန်းက သူတို့နဲ့တွေ့ဦးမယ်ဆိုရင်တောင် လင်းဖေးဟန်က သူ့ရှေ့ကသွားနှင့်ပြီဖြစ်တဲ့အတွက် အချည်းနှီးဖြစ်လိမ့်မည်။

စနစ်က ခဏမျှစဉ်းစားပြီးပြောလိုက်၏။

“စနစ်က ဖော်ပြချက်အရ ရှေ့ကြုံလာမှာတွေတစ်ခုမှ မသိရပါဘူး။ အသုံးပြုသူက ဇာတ်‌ကြောင်းကိုဖျက်ဆီးခဲ့ပေမဲ့ ယဲ့ဖန်းက ဇာတ်လိုက်ဖြစ်နေပါတယ်။ သူ့ရဲ့ ဒီလောကမှာ သက်ရောက်မှုက အသုံးပြုသူဖျက်ဆီးသွားတဲ့ဇာတ်ကြောင်းကို ပြင်ဆင်ဖို့အတွက် လုံလောက်ပါတယ်။ မူရင်း၀တ္ထုထဲကအတိုင်း ဖြစ်မလာရင်တောင် ယဲ့ဖန်းက သူတို့ကို တွေ့နိုင်ပါသေးတယ်”

“အသုံးပြုသူရဲ့ဖျက်အားက ယဲ့ဖန်းဆီကနေ အခွင့်အရေးတွေအများကြီး လုယူဖို့ထိ မကြီးမားသရွေ့ ပြောင်းလဲဖို့ခက်ခဲပါတယ်”

စနစ်ကပြောတာကို လင်းဖေးဟန်နားလည်သည်။ အဆုံးမှာတော့ ဇာတ်လိုက်ရဲ့ အခွင့်ထူးက အရေးအကြီးဆုံးပဲလေ။ အဲ့ဒါသာ ငါ့လက်ထဲရှိနေမယ်ဆိုရင် လောကကြီးကငါ့ဟာပဲ။

လင်းဖေးဟန် ဂိမ်းမဆော့ဘဲ တန်းထွက်ခဲ့၏။ ဒီကနေ ဘယ်လိုမျိုး အကျိုးအမြတ်ကြီးရအောင်ယူပြီး လက်ဦးမှုယူရမလဲဆိုတာ သူစတင်တွေးတောလိုက်သည်။ အိပ်ယာပေါ်မှာလှဲပြီး စဉ်းစားရင်းနဲ့ သူအိပ်ပျော်သွား၏။ လုရွှယ်ယင်နဲ့ တွေ့ရန်ပြောထားတာကိုပင် မေ့သွားသည်။

နောက်တစ်နေ့ကျ လင်းဖေးဟန်အစောကြီးနိုးလာခဲ့၏။ ဖုန်းမျက်နှာပြင်ပေါ်က လုရွှယ်ယင်ရဲ့ မစ်ကောလ်တွေကို ကြည့်လိုက်ပြီး ခေါင်းကိုက်သွားသည်။ သေစမ်း။ ဘယ်လိုလုပ် ဒီလိုအရေးကြီးတာကို မေ့သွားရတာလဲ။

ဒါပေမဲ့မကြာခင်မှာပဲ လင်းဖေးဟန်က စိတ်အေးသွားပြီး လောလောဆယ် လုရွှယ်ယင်ကို လျစ်လျူရှုထားဖို့ ဆုံးဖြတ်လိုက်၏။ လုရွှယ်ယင်အတော်စိတ်တိုနေလောက်ပြီ။ ကိစ္စမရှိဘူး။ သူမကစိတ်တိုလေ သူကစိတ်လှုပ်ရှားလေပဲ။

ဆေးကြောမနက်စာစားပြီးချိန်မှာတော့ သူက အိမ်တော်ထိန်းကို သူ့ကိုကာကွယ်ဖို့ ပိုကောင်းတဲ့သူရှာပေးဖို့ တန်းပြောလိုက်သည်။ အိမ်တော်ထိန်းအိုကြီးက အလျင်အမြန်ပဲ သဘောတူလိုက်ပြီး တစ်ယောက်ယောက်က သူ့ကိုဒီနေ့ ကုမ္ပဏီမှာ လာရှာလိမ့်မည်ဟု ပြောလိုက်၏။

မနေ့က လူအင်အားမလုံလောက်တာကို လင်းဖေးဟန် သိလိုက်ရသည်။ အားသောင်က သူ့အတွက် ကိစ္စတွေအများကြီး လုပ်ပေးနေရပြီး သူ့နားမှာ အချိန်အတော်ကြာ မရှိပေးနိုင်ခဲ့ပါ။ အတွေ့အကြုံမရှိတဲ့ ကိုယ်ရံတော်တွေက သာမန်လူတွေနဲ့ ‌ဆက်ဆံဖို့အတွက်သာဖြစ်သည်။ အကယ်၍ တစ်ဖက်က ကျွမ်းကျင်သူတွေဆိုရင် သူတို့သွားအသေခံရုံပဲရှိမည်။ သူ့နားမှာ ကောင်းမွန်တဲ့ကိုယ်ရံတော်မရှိပါ။ သူ့ရဲ့ဟန်ပန်နှင့် ဗီလိန်စတိုင်ကို တကယ်ပဲထိခိုက်စေသည်။

လင်းဖေးဟန်က အလွန်ရိုးရှင်းတဲ့ A8 ကို မောင်းနှင်ပြီး တစ်ရက်တာအလုပ်ခရီးစဉ်ကို စတင်ခဲ့သည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း လင်းဖေးဟန်က သူ့အပိုင်းကို မြန်မြန်ပဲ နေသားကျသွားခဲ့၏။ ဘာဖြစ်ဖြစ် ဒီလိုလုပ်ငန်းစုကြီးက သူ့လက်ထဲ ပျက်စီးသွားလို့မဖြစ်ဘူးလေ”

လင်းဖေးဟန်က ကုမ္ပဏီကို ရောက်သောအခါ လျှို့ရှင်းယာက သူ့ပြောကြားချက်အရ အနက်ရောင်အသားကပ်ကို ၀တ်ဆင်ထားတာကို မြင်လိုက်ရသည်။ သူမကပို၍ပင်ကြည့်ကောင်းနေသဖြင့် လင်းဖေးဟန်က ခဏမျှမတ်တပ်ထနေမိ၏။

လျှို့ရှင်းယာက အစီရင်ခံတာကို အာရုံစိုက်နေသော်လည်း လင်းဖေးဟန်က သူမပြောတာကို နားထောင်ရန် စိတ်မ၀င်စားပါ။ သူက လျှို့ရှင်းယာရဲ့ ခန္ဓာကိုယ်အကြောင်းတွေးနေခဲ့သည်။ သူမက အ၀တ်တွေအများကြီး၀တ်ထားတာပဲ။ မပူဘူးလား။ ခဏအကြာမှာတော့ လျှို့ရှင်းယာ အစီရင်ခံလို့ပြီးသွားသည်။

ဒါပေမဲ့ လင်းဖေးဟန်က သူမကို ပေးမသွားချင်ပါ။ ဒီလိုမိန်းမလှလေးမျိုးကို ပေးသွားရမှာ အဓိပ္ပာယ်မရှိပေ။ သူက လျှို့ရှင်းယာကို သူ့အတွက် လက်ဖက်ရည်ချပေးဖို့နဲ့ သန့်ရှင်းရေးလုပ်ဖို့ ညွှန်ကြားလိုက်သည်။

ဒီလို လုပ်ငန်းခွင်၀တ်စုံနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်က သူ့အတွက် အလုပ်ကြိုးစားနေတာမြင်ရတော့ ပြောရန်စကားတစ်ခွန်းသာရှိသည်။ စံစားလိုက်။ ထို့နောက် အဓိကအပိုင်းကို ရောက်ရှိလာ၏။ နှိပ်နယ်ခြင်းဖြစ်သည်။

“ရှောင်ယာ မင်းလုပ်ပုံက နည်းနည်းမှားနေတယ်။ ထိုင်လိုက်။ ငါမင်းကိုသင်ပေးမယ်။ ငါဘယ်လိုမင်းကို နှိပ်ပေးလဲဆိုတာကြည့်”

လျှို့ရှင်းယာက နည်းနည်းအံ့ဩသွားပေမဲ့ ဥက္ကဌရဲ့ အတွင်းရေးမှူးနေရာကိုရလာတဲ့သူမက ငပေါတော့မဟုတ်ပေ။ မကြာခင်မှာပဲ သူမက ဆိုလိုရင်းကို သဘောပေါက်သွားပြီး ရှက်သွေးဖြာသွားသည်။ သို့သော် သူမ ထိုင်ချခဲ့၏။

စစချင်းက လင်းဖေးဟန်က ကောင်းကောင်းပြုမူ၏။ သို့သော် ကြာလာတာနဲ့အမျှ သူ့ရဲ့ အမူအကျင့်တွေက ပိုမိုရဲတင်းလာသည်။ အဲ့ဒီနာက် လျှို့ရှင်းယာက ကြွေဆင်းသွားသည်။ ဒါမှမဟုတ် လင်းဖေးဟန်က အတွင်းရေးမှူးလေး၏ ဆွဲဆောင်မှုကို ခံနိုင်ရည်မရှိဘဲ ကျဆုံးသွားသည်ဟုဆိုရမည်။

ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ဘယ်သူမှ လင်း‌ဖေးဟန်ရဲ့ရုံးခန်းကို မလာရဲချေ။ ကုမ္ပဏီက ပုံမှန်လည်ပတ်နေပြီး သူ့ကို စိတ်ဒုက္ခပေးသည့်အရာလည်းမရှိပေ။ အဲ့ဒါက လင်းဖေးဟန်ကို သာယာစေသည်။ မဖော်ပြနိုင်တဲ့ ဇာတ်ကွက်အများကြီးအပြီးမှာတော့ လင်းဖေးဟန်က အတွင်းရေးမှူးလေးကို သူ့လက်မောင်းတွေထဲ ပွေ့ဖက်ထားလိုက်သည်။ လင်းဖေးဟန်က တင်စီးကာပြောလိုက်၏။

“ဒီနေ့ကစပြီး မင်းက ငါ့မိန်းကလေးပဲ။ မင်းကို ငါပိုင်သွားပြီ”

All Chapters