အခန်း (၃၃)
Vol. 3 Ch. 33
လျှို့ရှင်းယာက ထိုစကားကို ကြားလိုက်ရချိန်မှာ သူမ၏မျက်လုံးတွေ မျက်ရည်ဝဲလာပြီး ကြေကွဲနေသောလေသံဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် လင်းဥက္ကဌ။ ကျွန်မ အရမ်းကံကောင်းတယ်လို့ ခံစားရပါတယ်”
လင်းဖေးဟန်က ဖြည်းညင်းစွာ ပြောလိုက်၏။
“စိတ်မပူပါနဲ့။ မင်းကို မတရားမခံစေရပါဘူး”
လင်းဖေးဟန်က ထိုအတွင်းရေးမှူးလေးကို ငွေလွှဲပေးပြီး ထောက်ပံ့ပေးရန် ပြင်ဆင်လိုက်သည်။
လျှို့ရှင်းယာက ချက်ချင်းငြင်းပြီး ပြောလိုက်၏။
“ကျွန်မကို အထင်မသေးပါနဲ့ လင်းဥက္ကဌ။ ကျွန်မက လင်းဥက္ကဌရဲ့ ခန္ဓာကိုယ်ကို လောဘတက်တာပါ။ ရှင့်ရဲ့ ပိုက်ဆံတွေကို စိတ်မဝင်စားပါဘူး”
လင်းဖေးဟန်က အံ့ဩသွားသည်။ မူလဝတ္ထုကို ဖတ်ပြီးနောက် လျှို့ရှင်းယာက ငွေအင်မတန်ကြိုက်သည့် မိန်းကလေးဟု သူက အမြဲထင်ထားခဲ့၏။ သူမက သိက္ခာရှိတဲ့ မိန်းကလေးဖြစ်နေမည်ဟု သူမမျှော်လင့်ထားပေ။ ထိုအရာက သူ့ကို ထပ်မံစိတ်လှုပ်ရှားစေခဲ့သည်။ သူက ချက်ချင်းပဲ လှုပ်ရှားလိုက်ပြီး လျှို့ရှင်းယာက သာယာမှုနှင့် ထပ်ခါထပ်ခါအော်ညည်းလိုက်၏။ လင်းဖေးဟန်က သူ့ကိုယ်သူ အတော်လေးဆွဲဆောင်မှုရှိသည်လို့ တွေးလိုက်မိသည်။
ထို့နောက် လင်းဖေးဟန်က ပုံမှန်အလုပ်ပြန်လုပ်ပြီး အလုပ်ခန့်အပ်ခြင်းကို ဆောင်ရွက်လိုက်၏။ မွန်းလွဲ ၂ နာရီလောက်ဝန်းကျင်တွင် အိမ်တော်ထိန်းက သူ့ကို ဖုန်းဆက်ပြီး လူရှာတွေ့ပြီလို့ ပြောလိုက်သည်။ အဲ့ဒီလူက အိမ်တော်ထိန်းကြီး၏မိတ်ဆွေရဲ့ တပည့်ဖြစ်၏။ လင်းဖေးဟန်မှာသာ အချိန်ရှိရင် သူ့ကို တန်းပြီး အင်တာဗျူးနိုင်သည်။ လင်းဖေးဟန်က ချက်ချင်း သဘောတူလိုက်၏။
မူရင်းဝတ္ထုကို ဖတ်ပြီးနောက် အိမ်တော်ထိန်းကြီးက သူ့အဘိုးလက်ထက်ကတည်းက အလုပ်အကြွေးပြုလာသည်ကို လင်းဖေးဟန်ကသိသည်။ မျိုးဆက်သုံးဆက်ပင်ရှိပြီဖြစ်၏။ အိမ်တော်ထိန်းက အသက်ကြီးနေပြီဖြစ်သော်လည်း သူသာ အားသောင်နှင့် တိုက်ခိုက်မည်ဆိုလျှင် အားသောင်က သူ့ကို ယှဥ်နိုင်မည် မဟုတ်ပါ။
ဘာမှမကြည့်ဘူးဆိုရင်တောင် အိမ်တော်ထိန်းကြီးက သူ့မိတ်ဆွေရဲ့ တပည့်လို့ ပြောထားတဲ့အတွက် ထိုပုဂ္ဂိုလ်က ဝတ္ထုတစ်ခုခုထဲက ဇာတ်လိုက်နှင့် ပိုတူနေသည်။ ဒီကိုယ်ရံတော်က အဆင်ပြေမည်ဟု လင်းဖေးဟန် ခံစားမိ၏။ နာရီဝက်မျှကြာသောအခါ ခပ်ပိန်ပါးပါးရှိတဲ့ လူတစ်ယောက် ရုံးခန်းထဲဝင်လာခဲ့သည်။
ကျိန်းသေ လင်းဖေးဟန်က ဝင်ပေါက်က အစောင့်ကို အသိပေးထားတာပေါ့။ ဝတ္ထုထဲကလို အရှက်တကွဲ အကျိုးနည်း သူ ထပ်မဖြစ်ချင်ဘူးလေ။ လျှို့ရှင်းယာက သူတို့ကို လက်ဖက်ရည်ချပေးလိုက်ပြီး လှည့်ထွက်သွားရန် ဟန်ပြင်လိုက်၏။ သို့သော် လင်းဖေးဟန်က သူမလက်မောင်းကို လှမ်းဆွဲပြီး သူ့ရင်ခွင်ထဲ ဖက်ထားလိုက်သည်။
လျှို့ရှင်းယာက အနည်းငယ် မျက်နှာပူသွား၏။ သူမက အလိုလိုပင် မျက်နှာချင်းဆိုင်က လူငယ်ကို လှမ်းကြည့်လိုက်ပြီး ထိုလူငယ်ကလည်း မျက်နှာပူပြီး ခေါင်းငုံ့လိုက်တာကို တွေ့လိုက်ရသည်။ လျှို့ရှင်းယာ ပိုပြီးရှက်သွား၏။ ထို့နောက် လင်းဖေးဟန်က ပြောလိုက်သည်။
“မင်းက ငါ့မိန်းကလေးပဲလေ။ ငါ့ကို ရှောင်နေစရာ မလိုပါဘူး”
ထိုသို့ကြားလိုက်ရချိန်မှာ လျှို့ရှင်းယာ အတော်စိတ်လှုပ်ရှားသွား၏။ လျှို့ရှင်းယာ ရှက်နေတာကိုမြင်တော့ လင်းဖေးဟန်က စိတ်လှုပ်ရှားလာပြန်သည်။ သူ့ရှေ့မှာရှိနေတဲ့ လူကြောင့်သာမဟုတ်ရင် လင်းဖေးဟန်က သေနတ်မောင်းတင်နှင့်ပြီးဖြစ်၏။
မျက်နှာချင်းဆိုင်ကလူက လင်းဖေးဟန်ရဲ့စကားတွေကိုကြားပြီး ကြက်သီးဖြန်းဖြန်းထသွားသည်။ သူတို့နှစ်ယောက် ချစ်ကြည်နူးနေတာကိုမြင်ပြီး သူ ဖြတ်ပြောလိုက်၏။
“ဟေး။ ကျေးဇူးပြုပြီး ကျွန်တော့်လို အထီးကျန်နေတဲ့ တစ်ကိုယ်တည်းသမားရဲ့ ခံစားချက်ကို ထည့်တွေးပေးလို့ရမလား”
“ဟဟ”
လင်းဖေးဟန်က ဖော်ရွေစွာ ပြုံးလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“မင်းက အိမ်တော်ထိန်းကြီး မိတ်ဆွေရဲ့ တပည့်မဟုတ်လား။ ငါ့နာမည်က လင်းဖေးဟန်။ ဒီအဆောက်အအုံရဲ့ပိုင်ရှင် လင်းအုပ်စုရဲ့ဥက္ကဌပါ”
“ကျွန်တော့်နာမည်က ဝမ်တကုံလို့ခေါ်ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ လူတွေက ကုံဇီလို့ခေါ်ကြတယ်။ ဥက္ကဌလည်း ကျွန်တော့်ကို ကုံဇီလို့ ခေါ်လို့ရပါတယ်။ ဟေး…ကျွန်တော် လင်းဥက္ကဌကို တွေ့ရတာ အရမ်းဝမ်းသာတာပဲ”
ဝမ်တကုံက အရှေ့မြောက်ပိုင်းလေသံနဲ့ စကားပြောတာကို ကြားရတော့ လင်းဖေးဟန်က ဝမ်တကုံဟာ အင်မတန်ရိုးသားတယ်လို့ ခံစားလိုက်ရသည်။ ဒါပေမဲ့ နောက်ဆုံးစကားက သူ့အတွေးမဟုတ်လောက်ဘူး။ သူအဲ့လိုပြောဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာက အကောင်းမြင်ခံရအောင် အိမ်တော်ထိန်းကြီးက သင်ပေးလိုက်တာပဲနေမည်။
“မင်း ဝမ်းသာတာ အရမ်းစောနေသေးတယ်”
ဝမ်တကုံ တိတ်ဆိတ်သွားသည်။ ဘာဖြစ်တာလဲ။ ဒါက သူ့ဦးလေး အထူးသင်ကြားပေးလိုက်တဲ့ စကားလေ။ ဘာလို့ အလုပ်မဖြစ်တာလဲ။ တစ်နေရာရာလွဲသွားလို့လား”
“မင်း ငါ့ရဲ့ ကိုယ်ရံတော်ဖြစ်ချင်ရင် ငါ့ကို အရင်ဆုံး မင်းရဲ့ ကိုယ်ခံပညာအရည်အချင်းကိုပြ”
“တောင်းပန်ပါတယ်။ ကျွန်တော်က ကိုယ်ရံတော်ပါ။ ဆက်ကပ်သမားမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော် ကတိပေးတယ်။ ဒီကျန်းပိုင်မြို့မှာတော့ လင်းဥက္ကဌကို ကာကွယ်တာက ကျွန်တော့်အတွက် အရမ်းလွယ်တဲ့အလုပ်ပဲ”
“အိုး။ လေလုံးကြီးလှချည်လား။ ကိုယ်ရံတော်မလုပ်ခင်က မင်းဘာလုပ်ခဲ့လဲ”
လင်းဖေးဟန်က ဝမ်တကုံရဲ့စကားကြောင့် အံ့ဩသွား၏။
ငါ့ကိုကာကွယ်နိုင်တာထက်ပိုတယ်တဲ့လား။ မင်းမှ ယဲ့ဖန်းကို မမြင်ဖူးသေးတာ။ အဲ့ဒီတော့ သူဘယ်လောက်တော်လဲဆိုတာ မင်းမသိဘူး။
“ကျွန်တော်က စစ်သားလုပ်ခဲ့တာပါ။ ဒါပေမဲ့ စစ်သားတော့မဟုတ်ဘူး။ နယ်စပ်မှာ နှစ်အနည်းငယ် ကြေးစားလုပ်ခဲ့တာ။ အဲ့ဒါက ပျင်းစရာကောင်းလို့ ကျွန်တော်ပြန်လာလိုက်တာ”
စစ်သားဟောင်းတဲ့လား။ ဝမ်တကုံရဲ့စကားကိုကြားပြီးနောက် လင်းဖေးဟန်က သူ့ကို ပိုပြီးကြည့်လိုက်မိသည်။ ဒီဝမ်တကုံကို သူရင်းနှီးနေသလိုပဲ။ ဝတ္ထုထဲကလို ယဲ့ဖန်းရဲ့ စီနီယာ၊ ဂျူနီယာတွေပါ တောင်အောက်ဆင်းလာကုန်ကြပြီလား။ သောက်ကျိုးတွေတော့ နည်းတော့မှာပဲ…အဲ့လိုကြီးတွေ မနောက်ပါနဲ့ မိုးနတ်မင်းကြီးရေ။
လင်းဖေးဟန်က အနည်းငယ် သတိထားပြီး မေးလိုက်၏။
“စကားလေးတစ်ခွန်းနဲ့ ငါမင်းကို ကိုယ်ရံတော်ခန့်လိုက်လို့ မရဘူး။ ငါ့ရဲ့ လုံခြုံရေးကိုလည်း ထည့်တွက်ရဦးမယ်။ မင်းကို ဘာလို့ လစာမြင့်မြင့်ပေးရမှာလဲဆိုတာလည်း သိရဖို့လိုတယ်”
“လစာလား”
ဝမ်တကုံရဲ့မျက်လုံးများက မရေရာမှုတွေနဲ့ ပြည့်နှက်သွားသည်။
“ဘာလဲ။ မင်းရဲ့ဦးလေးက မပြောလိုက်ဘူးလား”
လင်းဖေးဟန် မျက်မှောင်ကြုံ့သွား၏။ ဒီအိမ်တော်ထိန်းကြီးက ဘာတွေဖြစ်နေတာလဲ။ အသက်ကြီးလို့ မှတ်ဉာဏ်မကောင်းတော့တာလား။ ဘာလို့ လစာအကြောင်းပြောဖို့ မေ့နေရတာလဲ။
ဝမ်တကုံက ထရပ်ပြီး ပြောလိုက်သည်။
“ကျွန်တော့်ဦးလေးက ကျွန်တော့်ကိုညာပြီး ကိုယ်ရံတော်ဖြစ်ရင် မန်ထိုပေါက်စီရမယ်လို့ပြောလိုက်တာ။ ခင်ဗျားက မန်ထိုပေါက်စီမပေးဘူးဆိုရင် ကျွန်တော် ကိုယ်ရံတော် မဖြစ်ချင်တော့ဘူး။ သွားတော့မယ်”
“မန်ထိုပေါက်စီလား”
လစာမပေးဘဲ မန်ထိုပေါက်စီပဲ ပေးရမယ်ပေါ့။ ငါဆိုတဲ့ လင်းဖေးဟန်ကို လျော့တွက်ထားတာပဲ။ ရုတ်တရက်ကြီး မူရင်းဝတ္ထုရဲ့ အပိုင်းပိုမှာ ဝမ်တကုံ ပါတာကို လင်းဖေးဟန် သတိရသွားသည်။ ဒီကလေးက ဝတ္ထုတစ်ခုလုံးရဲ့ လာဘ်ကောင်လေးပဲ။ သူက တစ်ရက်ကို ပေါက်စီဆယ်လုံးစားရမှကိုဖြစ်တာ။ သူက အစားကြီးတယ်လို့ ထျဲရှားကျန်ရဲ့ခေါင်းဆောင်က ထင်တဲ့အတွက် သူ့ကို တောင်အောက်ကို မောင်းချလိုက်တာ။ ပြီးတော့သူက ဘေးရွာက မုဆိုးမကျန်းနဲ့ အရှက်မဲ့စွာ နေထိုင်ခဲ့၏။
တောင်အောက်ဆင်းလာပြီးနောက် ဝမ်တကုံက သူ့ရဲ့ စီနီယာအစ်ကို ဝမ်တဟိုင်ဆီကို သွားခဲ့သည်။ အဆုံးသတ်မှာတော့ သူ့ရဲ့စားနိုင်စွမ်းက ဝမ်တဟိုင်ကို ဘိုင်ပြတ်သွားစေခဲ့၏။ ညီနောင်နှစ်ယောက်က အကြံကုန်တော့ ရေမြောင်းဖုံးတွေကို ခိုးကြတော့တာပဲ။ နောက်ဆုံးမှာ ကင်းလှည့်တဲ့ရဲတွေက ဖမ်းမိသွားပေမဲ့ အဲ့ဒီကောင်လေးရဲ့ စားနိုင်စွမ်းကြောင့် ပြန်လွှတ်ပေးခံလိုက်ရပြန်သည်။
ဘာပဲဖြစ်ဖြစ် ကြီးမားတဲ့အမှားမှမရှိတာ။ စကားနဲ့ပဲ ဆုံးမလိုက်ကြ၏။ ပြန်ထွက်လာပြီးနောက် ညီနောင်နှစ်ယောက်သား နည်းလမ်းပြောင်းပြီး ရေမြောင်းအဖုံးခိုးတာကို ရပ်တန့်လိုက်ကြသည်။ သူတို့ရဲ့ ကွန်ဖူးပညာနဲ့ ခေါင်မိုးတွေပေါ်ပျံပြီး အမျိုးသမီး ခြေအိတ်တွေနဲ့ အတွင်းခံတွေကို လိုက်ခိုးကြတော့၏။ ထို့နောက် မလျှော်မဖွတ်ဘဲ တစ်ပတ်ရစ်ပလက်ဖောင်းတွေမှာ ရောင်းကြသည်။
ဝတ္ထုထဲတွင် နောက်ဆုံးမှာတော့ သူတို့က ယဲ့ဖန်းရဲ့ မိန်းကလေးဆီကနေ ခိုးမိကြပြီး ယဲ့ဖန်းသတ်တာကို ခံလိုက်ရ၏။ သို့သော် စာအုပ်ထဲတွင် ဝမ်တဟိုင်က ယဲ့ဖန်းလက်ထဲမှာ သေသွားတာကိုပဲဖော်ပြထားပြီး ဝမ်တကုံကိုတော့ မဖော်ပြထားချေ။ စာရေးဆရာမေ့သွားတာ ဒါမှမဟုတ် တခြားအကြောင်းအရာရှိနေတာ ဖြစ်နိုင်သည်။
ဇာတ်လိုက်ကို စိတ်ဆိုးအောင် လုပ်လိုက်ပေမဲ့ ဘယ်လိုဇာတ်သိမ်းသွားလဲဆိုတာ မသိရဘူး။ မဟုတ်ရင် သူများတွေက သူ့ကို ဘာလို့ လာဘ်ကောင်လေးလို့ ခေါ်ကြမှာလဲ။ လင်းဖေးဟန်က သူ့ကို တွေ့ဆုံရမယ်လို့ မမျှော်လင့်ခဲ့ချေ။
“မသွားပါနဲ့။ မန်ထိုပေါက်စီပဲမလား။ မင်းကြိုက်သလောက်ရတယ်”
“တကယ်လား”
“မင်းစိတ်ကြိုက်ရတယ်။ လိုအပ်ချက်တစ်ခုပဲရှိတယ်။ မင်းရဲ့ စီနီယာအစ်ကို ဝမ်တဟိုင်နဲ့ ဝေးဝေးနေ”
ဝမ်တကုံနဲ့ ဝမ်တဟိုင်သာ ပေါင်းမိရင် သူတို့က သူ့အနားမှာ ရှိတဲ့ အမျိုးသမီးလေးတွေဆီကနေ ရေမြောင်းအဖုံး ဒါမှမဟုတ် အသားကပ်ခြေအိတ်တွေ လိုက်ခိုးကြမှာပေါ့။ သူက အဲ့ဒါကို ဘယ်လိုလုပ်ပြီး သည်းခံရမှာလဲ။