အခန်း (၃၈)
Vol. 3 Ch. 38
ထိုအချိန်တွင် လုရွှယ်ယင်က အခန်းထဲမှာထိုင်ပြီး အများကြီးတွေးနေမိသည်။ ငါ လင်းဖေးဟန်ကို ခေါ်လိုက်သင့်လား။ ငါက သူစိတ်ကျေနပ်အောင်လုပ်နေတာ မဟုတ်ပါဘူး။ အပင်စိုက်တာနဲ့ပတ်သက်ပြီး မေးချင်ရုံပါပဲ။ ဟုတ်တယ် အပင်စိုက်တာအကြောင်းပဲ မေးချင်တာ။ လုရွှယ်ယင်က လင်းဖေးဟန်ကို ဖုန်းခေါ်လိုက်သည်။
“ကုံဇီ။ အမြန်အမြန်။ ချက်ချင်းတက်ကြရအောင်”
လင်းဖေးဟန်ရဲ့ဖုန်းက မြည်လာခဲ့၏။ ဘယ်သူခေါ်လဲဆိုတာတောင်မကြည့်ပဲ သူကတန်းချလိုက်သည်။ ဘယ်သူမှ ငါ့ကို အသင်းနဲ့ကစားနေတာကနေ မရပ်တန့်နိုင်ဘူး။ ဟုတ်တယ်။ တိုက်ခိုက်တာမနိုင်ရင် တာဝါကိုသာချိုး။
သူမဖုန်းကို ထပ်ချလိုက်တဲ့အတွက် လုရွှယ်ယင် မုန်သုန်သွားသည်။ လုရွှယ်ယင်က စိတ်အရမ်းတိုတဲ့အတွက် အိပ်ယာပေါ်လှဲချလိုက်၏။ သူမ အဲ့ဒီအကြောင်း စဉ်းစားကြည့်ပြီးတဲ့နောက်မှာတော့
“မဟုတ်သေးဘူး။ ငါလျှို့ရှင်းယာကိုဖုန်းဆက်ပြီး အခြေအနေကို မေးကြည့်ရမယ်”
“လင်းဥက္ကဌက HOK ဆော့နေတာပါ။ အစက သူကျွန်မကို ခေါ်ဆော့သေးတယ်။ နောက်ကျ ကျွန်မဆော့တာမကောင်းလို့ သူ့ဘာသူ ဆက်ဆော့သွားပါတယ်”
“ကောင်းပြီ။ သိပြီ”
HOK တဲ့လား။ ဘာကြီးတုန်း။ အဲ့ဒါက ငါ့ထက်တောင် ပိုစိတ်၀င်စားဖို့ကောင်းနေတာလား။ မဟုတ်ဘူး။ ငါ့ဖုန်းထက်တောင်ပြောတာ။ လုရွှယ်ယင်က သူလည်း ဂိမ်းကို ဒေါင်းလုဒ်လုပ်သင့်လား စဉ်းစားနေတုန်းမှာပဲ သူ့ဖုန်းမျက်နှာပြင်က လင်းလာခဲ့သည်။ ဗီဒီယိုကောလ်တစ်ခု၀င်လာခြင်းဖြစ်၏။
လုရွှယ်ယင်က တစ်ဖက်လူရဲ့နာမည်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။ အလျင်အမြန်ပဲ သူမဗီဒီယိုကောလ်ကို ဖြေကြားလိုက်၏။ တစ်ဖက်ကလူရုပ် ပေါ်ထွက်လာသည်။ သူမက ရွှေအိုရောင်ဆံပင်၊ မျက်လုံးပြာတွေနဲ့ မိနိးမလှလေးဖြစ်သည်။ သို့သော် အဝါရောင်အောက်ခံအသားအရေက သူမက သွေးနှောဆိုတာ သိသာစေ၏။ သူမက ဟိုပေါ်ဒီပေါ်၀တ်ထားပြီး မီးသီးခေါင်းနှစ်ခုက မျက်နှာပြင်တစ်၀က်စာလောက် နေရာယူနေသည်။
သူမက လုရွှယ်ယင်ရဲ့ အချစ်ဆုံးသူငယ်ချင်း လွီရွှမ်ဖြစ်၏။ အဲ့ဒီနာမည်က လုရွှယ်ယင်ပေးထားတာဖြစ်ပြီး လွီရွှမ်ရဲ့ အင်္ဂလိပ်နာမည်က ပိုအသံထွက်ရခက်သည်။
“ဘာပြောလိုက်တာ။ နင့်ယောက်ျားက နင့်ဖုန်းကိုမကိုင်ဘူးပေါ့။ ရက်ရက်စက်စက်တောင် ဖုန်းချလိုက်သေးတယ်လား”
“အမေရိကန်မှာသာ အဲ့လိုဖြစ်ရင် အမျိုးသမီးတစ်ယောက်က သူ့ယောက်ျားကို မျက်ခွက်ထိုးနေလောက်ပြီဆိုတာ နင်သိလား”
လုရွှယ်ယင်က အမြန်ပြင်ပြောလိုက်သည်။
“ငါတို့က လက်မထပ်ရသေးပါဘူး။ စေ့စပ်ထားတာကိုလည်း ဖျက်သိမ်းထားတယ်”
“အင်း။ အဲ့ဒါဆို နင့်ခင်ပွန်းဟောင်းပေါ့”
လုရွှယ်ယင်က ဘာပြောရမှန်းမသိဖြစ်ပြီး သူမကိုလည်း ဆက်မရှင်းပြချင်တော့ပေ။ သူမက ဆက်ပြောလိုက်၏။
“လွန်ခဲ့တဲ့နှစ်ရက်အတွင်း သူ့အကျင့်တွေ ထူးဆန်းနေတာကို ငါသိလိုက်ရတယ်။ အရင်ကဆို သူဘယ်လိုလူလဲဆိုတာ ငါပြောနိုင်ပေမဲ့ အခုတော့ ငါ သူ့လုပ်ရပ်တွေတစ်ခုကိုမှ နားမလည်တော့ဘူး”
လုရွှယ်ယင်က ဘာလုပ်ရမှန်းမသိ ပါးကိုပွတ်ရင်းပြောလိုက်သည်။
“ဒီရက်ပိုင်း သူဘာတွေဖြစ်နေမှန်းငါမသိဘူး။ သူငါ့ဖုန်းကို တစ်ခါပြီးတစ်ခါချနေတယ်။ သူအရင်က ဒီလိုမဟုတ်ပါဘူး။ ငါသူ့ကိုဖုန်းခေါ်ရင် သူက တစ်ပတ်လောက်ပျော်နေတတ်တာ။ ဒါပေမဲ့ အခုတော့ အဆိုးဆုံးက ဂိမ်းအတွက်နဲ့ ငါ့ဖုန်းကိုချလိုက်တာပဲ”
“သူကအလုပ်ကြမ်းပိုး။ ပြီးတော့ကုမ္ပဏီဥက္ကဌ။ ငါဆို ကုမ္ပဏီကိစ္စနဲ့တင် အလုပ်များနေပြီ။ သူက ဂိမ်းဆော့ဖို့ အချိန်ရှိသေးတယ်ပေါ့။ ထူးဆန်းတယ်”
“အင်း…ဆိုတော့”
လွီရွှမ်က ခဏမျှစဉ်းစားပြီးနောက် မေးလိုက်၏။
“အမေရိကန်မှာဆိုရင် ဒီလိုအခြေအနေအများစုက အပြင်မှာနောက်ထပ်မိန်းကလေးရှိနေတဲ့ ယောက်ျားတွေမှာပဲဖြစ်တာ နင်သိလား”
လုရွှယ်ယင်က ခေါင်းခါပြီး အသေအချာပြောလိုက်သည်။
“မဟုတ်တာ။ ငါ့ရဲ့သတင်းပေးတွေက လိမ်ညာမှာမဟုတ်ပါဘူး”
လွီရွှမ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
“အဲ့လိုဆိုရင် သူ့အခြေအနေက စိတ်နှစ်ခွဖြစ်တာလို့ ပြောလို့ရတယ်။ သူ့အပြုအမူကို သုံးသပ်ရရင် သူက တစ်ခုခုကြောင့် စိတ်ပိုင်းဆိုင်ရာရှော့ခ်ရသွားတာဖြစ်မယ်။ သက်ရောက်မှုက သူ့ဘ၀ကို ပြောင်းလဲသွားနိုင်စေတဲ့အဆင့်အထိရှိလို့ သူကအခုလိုဖြစ်နေတာပဲ”
“နင်ပြောပြတဲ့ပုံအရ ငါကောက်ချက်တစ်ခုချလို့ရတယ်။ သူနင့်ကိုလိုက်တာ အကျိုးမထူးလို့ အတိုင်းအတာတစ်ခုအထိ သူက စိတ်ဖိအားခံစားလိုက်ရတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အကာအကွယ်လိုင်းပျက်စီးပြီး အကျင့်စရိုက် ပြောင်းလဲသွားစေခဲ့တာပဲ။ အဆုံးသတ်ကျ နင်နဲ့ ပြတ်စဲလိုက်တယ်ပေါ့”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူကပုံမှန်ပဲဖြစ်နေခဲ့တာပါ”
“ရှောင်ယင်ရေ။ ဘယ်ကောက်ရိုးက ကုလားအုတ်ကို ခါးကျိုးစေခဲ့သလဲဆိုတာ နင်သိတာမဟုတ်ဘူး”
လွီရွှမ်ပြောတာကိုနားထောင်ပြီး လုရွှယ်ယင်ရဲ့ အမူအယာက အနည်းငယ်ထူးဆန်းသွားသည်။
ဗီဒီယိုထဲကလူက ကမ္ဘာ့ထိပ်တန်း စိတ်ပညာရှင် မဟုတ်ဘူးဆိုရင် ပေါက်ကရတွေပြောနေတယ်လို့ သူထင်မိမှာပဲ။
“သူဒီလိုဖြစ်တာ ငါ့ကြောင့်လို့ ပြောနေတာလား”
“ဒါပေါ့။ နင့်ခင်ပွန်းဟောင်းက စိတ်ဓာတ်မာကြောပြီးခံနိုင်ရည်ရှိတယ်ပြောရမယ်။ ငါသာဆို တစ်နှစ်အပြင်မခံဘူး”
“ပြီးတော့ လူတွေက မျက်နှာနှစ်မျိုးရှိတယ်။ သူနင့်နောက်လိုက်တုန်းက သူ့ရဲ့အကောင်းဆုံးဘက်ခြမ်းကို နင့်ကိုပြချင်ခဲ့တယ်။ ဒီအပိုင်းမှာ သူသေချာစီစဉ်ပြီး နင့်အကြိုက်ဆောင်တယ်။ ဒါပေမဲ့ နင်က သူ့အပေါ်အေးစက်နေတုန်းပဲ။ နင့်ကိုရဖို့ သူ့ရဲ့ ကောင်းတဲ့ပုံစံကို တစ်ဆုံးပြပေးလိမ့်မယ်။ နောက်ဆုံးကျ ဘာကအစစ်အမှန်လဲဆိုတာတောင် သူမပြောတတ်တော့ဘူး”
“ဒါပေမဲ့ ရလဒ်က သူစိတ်ကူးထားတာကိုကျော်လွန်ပြီး သူ့ကို လုံး၀ကို စိတ်ပျက်သွားစေခဲ့တယ်။ အဲ့ဒီတော့ သူ့ရဲ့တခြားဘက်ခြမ်းက ပြန်ပေါ်လာတာပဲ။ သူ့ရဲ့ စိတ်နှစ်မျိုးက သူ့ခန္ဓာကိုယ်ကို အသုံးပြုခွင့်ရဖို့ စတင်အားပြိုင်လာတယ်။ ဒီလိုအခါမှာ ဘာကိစ္စမဆို ဖြစ်လာနိုင်ချေရှိတယ်”
“ဒီလိုအခြေအနမျိုးက သာမန်လူတွေမှာ မဖြစ်နိုင်ဘူး။ အဲ့ဒါက လူတစ်ယောက်ရဲ့ ကောင်းမွန်တဲ့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်း လိုအပ်တယ်။ နင်သိပါတယ်။ လူတွေက သဘာ၀အရ ပျင်းကြတယ်လေ။ အဲ့ဒီတော့ ခင်ပွန်းဟောင်းက အတော်လေးထူးချွန်တယ်လို့ ပြောလို့ရတယ်။ အဲ့ဒါကြောင့် သူအခုလိုဖြစ်သွားတာပဲ”
လုရွှယ်ယင်က မျက်မှောင်ကြုံ့ကာပြောလိုက်သည်။
“သူ့ဘာသာ ဘယ်လောက်တော်တော် ငါနဲ့မဆိုင်ဘူး။ ငါဘယ်တုန်းကမှ ဉာဏ်နီဉာဏ်နက်များတဲ့ လင်းဖေးဟန်လို ကောင်ချောလေးတွေကို သဘာကျခဲ့တာမဟုတ်ဘူး”
“အနာဂတ်မှာ နင်နောင်တမရဖို့ မျှော်လင့်ပါတယ်”
“ငါကနောင်တရမယ်တဲ့လား။ ငါ့ရဲ့အဘိဓာန်မှာ နောင်တရတယ်ဆိုတာ မရှိဘူး”
“အင်း။ ငါလတ်တလော လုပ်စရာမရှိဘူး။ တရုတ်ပြည်ကို ပြန်လာဖို့စီစဉ်ထားတယ်။ ပြီးတော့ ငါတို့ရဲ့ ဒီခင်ပွန်းဟောင်းက အတော်စိတ်၀င်စားဖို့ကောင်းတာပဲ။ မမလေးလု ကျွန်မကို လက်ခံပေးနိုင်မလား”
လုရွှယ်ယင်က ပြုံးပြီးပြောလိုက်သည်။
“ပြန်လာလို့ရတာပေါ့။ ငါတို့လည်း အတူမရှိတာကြာပြီလေ”
“ကောင်းပြီ။ အဲ့ဒါဆို အဲ့လိုထားလိုက်ပြီနော်”
နောက်နေ့မနက်မှာ လင်းဖေးဟန်က ဖုန်းသံကြောင့်နိုးမလာခင်အထိ နှစ်ခြိုက်စွာအိပ်ပျော်နေခဲ့၏။ သူဌေးသားဖြစ်လာကတည်းက လင်းဖေးဟန်က သဘောဆိုးလာသည်။ မနက်ခင်းအောက်သိုးသိုးဖြစ်ခြင်းကိုပင် ခံစားလာခဲ့ရ၏။
သူ့ဖုန်းကိုကြည့်ပြီး မသိတဲ့နံပါတ်ကို မြင်လိုက်ရတော့ ကုမ္ပဏီကတစ်ယောက်ယောက်ဆက်တာလို့ ထင်လိုက်မိသည်။ “ရှင်းပြဖို့တစ်မိနစ်အချိန်ပေးမယ်။ မဟုတ်လို့ကတော့ ထွက်စာတင်ဖို့ပြင်ထားလိုက်”
တစ်ဖက်ကပြောတာကိုတောင်မစောင့်ပဲ သူ အေးစက်စွာပြောလိုက်၏။
“လင်းလူကြီးမင်းက ဒီလိုမျိုး ဒေါသကြီးတာလား”
တစ်ဖက်က အမျိုးသမီးတစ်ယောက်အသံဖြစ်ပြီး လုံး၀ကြောက်မနေပေ။ ထိုအစား သူမက စနောက်ဟန်ရယ်လိုက်သည်။ လင်းဖေးဟန်က အံ့ဩသွား၏။ သူမက သူ့ကိုကြောက်မနေပါ။ သူမက ဘယ်သူလဲ။ သူ့ဖုန်းထဲမှာ မှတ်မထားဘူးဆိုတော့ တစ်ဖက်က သူနဲ့သိတာမဟုတ်ဘူး။