← Chapters

ကျင့်ကြံခြင်းကျောင်းများ၏ အားသာချက်များကို ဆန်းစစ်ခြင်း။

Vol. 75 Ch. 1111

ကျင့်ကြံခြင်းကျောင်းများ၏ အားသာချက်များကို ဆန်းစစ်ခြင်း။

Vol. 75 Ch. 1111

အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်း

ကြိုတင်ပြင်ဆင်ထားသည့် လက်ကမ်းစာဆောင်များကို လှန်ကြည့်ရင်းအမှတ် ၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်း ကျောင်း၏သမိုင်းကို ရှင်းပြနေသည့် ကျောင်းအုပ်ကြီးချန်းကို လှမ်းကြည့်လိုက်သည်။

အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်းသည် အမှတ် ၆၀ အထက်တန်းကျောင်း တည်ထောင်ပြီးနောက်မှသာ တည်ထောင်ခဲ့သောကျောင်းတစ်ကျောင်းဖြစ်ပြီး သက်တမ်း နှစ်600သာ ရှိသေးသည်။

ဤကျောင်းသည် အလင်းအင်အားစု ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည့် မိစ္ဆာနှိမ်နှင်းရေး ဂိုဏ်းမှ ရင်းနှီးမြှပ်နှံမှုများ အဖြစ် တည်ထောင်ထားသော ကျင့်ကြံခြင်း ကျောင်းတစ်ကျောင်း ဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၆၀၀ကျော်အတွင်း ထိုကျောင်းသည် နတ်ဆိုးများကို ချေမှုန်းရန် နှင့် နိုင်ငံတော်အတွက် တရားမျှတမှုကို မြှင့်တင်ရန် အင်မော်တယ်ကင်းလှည့်အဖွဲ့တွင် ပါ၀င်နိုင်မည့် အရည်အချင်းရှိသောသူများကို ပြုစုပျိုးထောင်ပေးခဲ့ပြီး သိသိသာသာပင် ပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့သည်။

ထို့အပြင် အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်း၏ လက်ရှိ ကျောင်းအုပ်ကြီး ဖြစ်သည့် မိစ္ဆာနှိမ်နှင်းရေးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် လီချင်းရှီသည် ပြင်ပတွင်လည်း နာမည်ကျော်တစ်ဦး ဖြစ်ပြီး မိစ္ဆာနှိမ်နှင်းရေး တာအိုသခင်ဟု ကျော်ကြားသူ ဖြစ်သည်။

အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်း၏ သင်ရိုးညွှန်းတန်းမှ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ထိန်းချုပ်မှုကို လေ့လာခြင်း ဖြစ်သည်။

သဘာ၀အားဖြင့် ထိုကျောင်းမှ ကျောင်းသားများသည် ထိန်းချုပ်မှု မှော်အမျိုးအစား အမျိုးမျိုးကို သင်ယူကြရသည်။

အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်း

သည် အလွန်ပင် အန္တရာယ်များသောကြောင့် ကျောင်းအုပ်ကြီးချန်းသည် သတိထားရမည့် ကျောင်းများစာရင်းတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်၏။

ထိန်းချုပ်မှုအမျိုးအစား မှော်စွမ်းရည်များကို ကိုင်တွယ်ဖြေရှင်းရာမှာ အလွန်ပင် ခက်ခဲသည်။

ထိုနည်းစနစ်သည် မှော်အတတ် အသုံးပြုမှုများကို ကန့်သတ်နိုင်ရုံသာမက ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကိုလည်း ကန့်သတ်နိုင်စွမ်းရှိသည်။

စိတ်၀ိညာဥ်ကို စည်းတံဆိပ်ခတ်ခြင်း၊ အေးခဲစေခြင်း သို့မဟုတ် အားနည်းစေခြင်း အပြင် ရုပ်သေးရုပ် ကဲ့သို့ ထိန်းချုပ်နိုင်သော မှော်နည်းစနစ်မျိုးစုံလည်း ရှိသည်။

သင့်အနေဖြင့် မှန်ကန်စွာ မတုံ့ပြန်နိုင်လျှင် မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်းမှ ကျောင်းသားများသည် ရုပ်သေးအဖြစ် အသုံးချသွားလိမ့်မည် ဖြစ်၏။

ဤတစ်ကြိမ်ပြိုင်ပွဲသည် ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ်ပွဲဖြစ်သော်လည်း မှော်အတတ် အသုံးပြုမှုကို ကန့်သတ်ထားခြင်း မရှိပေ။

ဒြပ်စင်ငါးပါးစွမ်းအားကို အသုံးပြု၍ ပတ်၀န်းကျင်ကို အလွန်အမင်း ပျက်စီးစေနိုင်သော မှော်စွမ်းရည်များမှ လွဲ၍ အခြားသော မှော်စွမ်းရည်များ အားလုံးကို အသုံးပြုခွင့် ပေးထားခဲ့သည်။

ကျောင်းအုပ်ကြီးချန်း အစိုးရိမ်ဆုံးအချက်မှာ အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်းမှ ရုပ်သေးမှော်အတတ်ကို အသုံးပြုလာမည်ကို ဖြစ်၏။

ရုပ်သေးမှော်အတတ်ကို အသုံးပြုခြင်းဖြင့် ၎င်းတို့သည် တခြားကျောင်းများမှ ပြိုင်ပွဲ၀င်ကျောင်းသားများကို ၄င်းတို့၏ အဖွဲ့အ၀င်များအဖြစ်ခိုင်းစေကာ ၎င်းတို့ကို ကာကွယ်ရန် သက်တော်စောင့်များအဖြစ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ဤနည်းအားဖြင့် ၎င်းတို့သည် အကာအကွယ်အတွက် လုံး၀ စိတ်ပူစရာ မလိုအပ်ဘဲ ၎င်းတို့၏ တာ၀န်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည့် အမှတ်များကို အေးအေးဆေးဆေး ရရှိရန် အာရုံစိုက်နိုင်မည် ဖြစ်သည်။

အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်း အနေဖြင့် ရုပ်သေးနည်းစနစ်ကိုသာ အသုံးပြုခဲ့လျှင် စစ်မြေပြင်တစ်ခုလုံးသည် ၎င်းတို့၏ ကစားကွင်းကဲ့သို့ ဖြစ်လာလိမ့်မည် ဖြစ်၏။

"သူတို့ရဲ့ အကြမ်းဆုံး ရုပ်သေးမှော်အတတ်က ဗိုင်းရပ်စ်ရုပ်သေး မှော်အတတ်ပဲ"

ကျောင်းအုပ်ကြီးကချန်းက ဤပြိုင်ပွဲအတွင်း အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်း အသုံးပြုလာနိုင်သည့် မှော်အတတ်ကိုပါ ခန့်မှန်းထားခဲ့ပြီးပြီ ဖြစ်သည်။

"ဗိုင်းရပ်စ်ရုပ်သေးမှော်အတတ် ဟုတ်လား"

"ဒါက တကယ့်ဗိုင်းရပ်စ် မဟုတ်ဘဲ ကွင်းဆက် ထိန်းချုပ်မှု အမျိုးအစားတစ်ခုပဲ အသုံးပြုသူက လူတစ်ဦးဦးကို ထိန်းချုပ်နိုင်တာနဲ့ အဲဒီလူနဲ့ ထိတွေ့မိတဲ့ လူသားဖြစ်စေ၊သတ္တ၀ါဖြစ်စေ၊ အသုံးပြုသူရဲ့ ရုပ်သေးတွေ ဖြစ်လာလိမ့်မယ်.. ဒီမှော်အတတ်က အထက်အောက် စနစ်တစ်ခုကို ဖန်တီးထားပြီး ထိတွေ့မိတဲ့သူတိုင်းကို စကားနားထောင်အောင်လုပ်ဆောင်နိုင်တယ်.. ဒါက ဦးနှောက်ဆေးကြောတာနဲ့ နည်းနည်းဆင်တူတယ်.. အဆိုးဆုံးအချက်က ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ အသင်းဖော်တွေကို မကယ်တင်နိုင်ဘူး ဆိုရင် အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေးကျောင်းအနေနဲ့ အဖွဲ့တစ်ခုလုံးကို ထိန်းချုပ်ဖို့ ဦးတည်သွားနိုင်လိမ့်မယ်"

လူတိုင်း"..........."

ကျောင်းအုပ်ကြီးချန်း"ငါခန့်မှန်းချက်အရတော့ အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်းရဲ့ ကျောင်းသားတွေက ဒီမှော်အတတ်ကို အသုံးပြုဖို့ အခွင့်အလမ်း အရမ်းများတယ်"

ကျောင်းအုပ်ကြီးချန်းက စာမေးပွဲတွင် ပါမည့် မေးခွန်းကို မှန်းဆမိသကဲ့သို့ ပြောလိုက်သည်။

ယင်းက တိကျရေရာသော အချက် မဟုတ်သော်လည်း လက်ရှိအခြေအနေတွင် သူတို့၏ ကျောင်းအုပ်ကြီးကိုသာ ယုံကြည်ရပေမည်။

စင်စစ် ကျင့်ကြံခြင်း အထက်တန်းကျောင်းများ၏

ကျောင်းအုပ်များသည် မပျော့ညံ့ကြပေ။

၀မ်လင်းသည် ကျောင်းအုပ်ကြီးချန်း၏ တိုက်ခိုက်ရေးစွမ်းရည်ကို တစ်ခါမှ မမြင်ဖူးသော်လည်း အမှတ် ၆၀ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး အဖြစ် တာ၀န်ထမ်းဆောင်ရန် အတွက် လုံလောက်သောခွန်အား ရှိမည်မှာတော့ သေချာသည်။

ကျောင်းလုံခြုံရေး အဘိုးကြီးလီသည် ကြယ်ခုနစ်ပွင့် အထူးတပ်ဖွဲ့မှ အနားယူထားသည့် အခြေတည်စိတ်၀ိညာဥ် အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။

ထို့ကြောင့် ကျောင်းအုပ်ကြီးချန်းသည် လုံခြုံရေးမှူးလီထက် အားမနည်းမည်မှာ သေချာသလောက် ဖြစ်၏။

ကျောင်းသားအများစုသည် ကျောင်းအုပ်ကြီးချန်း၏

ကျင့်ကြံခြင်းနယ်ပယ်အဆင့်နှင့် ပက်သက်၍ သေချာ မခန့်မှန်းနိုင်သော်လည်း ၀မ်လင်း၊ကူရွှင်းကျစ်နှင့် အခြားသူများကမူ ခန့်မှန်းနိုင်ခဲ့သည်။

စင်စစ် ကျောင်းအုပ်ကြီးချန်းသည် ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့်ဖြစ်၍ အားနည်းသူတစ်ယောက် မဟုတ်ပေ။

သို့သော် ကူရွှင်းကျစ်နှင့် တခြားသူများနှင့် နှိုင်းယှဥ်လျှင်မူ ကျောင်းအုပ်ကြီးချန်းသည် အသေးအမွှားမျှသာ ဖြစ်သည်။

ကျောင်းအုပ်ကြီးချန်းက ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့်သာ ဖြစ်သော်လည်း ၀မ်လင်းသည် ကျောင်းအုပ်ကြီးချန်းကို အထင်မသေးပေ။

အဘယ်ကြောင့်ဆိုသော် ဘ၀အတွေ့အကြုံအရ အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးသည့် သူ့ထက် ကျောင်းအုပ်ကြီးချန်းက ပို၍ များပြားသည် မဟုတ်ပါလော။

ထို့အပြင် စာမေးပွဲများနှင့် ပတ်သက်၍ ကျောင်းအုပ်ကြီးချန်းသည် ခရိုင်နှင့် နိုင်ငံလုံးဆိုင်ရာ စာမေးပွဲဌာနများကိုပင် ကူညီဆောင်ရွက်ပေးခဲ့ဖူးသည်။

နှစ်အတော်ကြာ ကျောင်းအုပ်ကြီးတာ၀န်ကို ထမ်းဆောင်ပြီးနောက်တွင် အခြားသော အထက်တန်းကျောင်းများ၏ အယူအဆ အတွေးအမြင်များနှင့်လည်း ရင်းနှီးနေပြီ ဖြစ်၏။

ကျောင်းများတွင် ကိုယ်ပိုင်အယူအဆ ရှိကြသလို​ ကျောင်းအုပ်ကြီးများတွင်လည်း သဘာ၀အတိုင်း ရှိကြသည်။

ထို့ကြောင့် ယခုတစ်ကြိမ် ပြိုင်ပွဲသည် ကျောင်းသားများ ကြားတွင် ပြိုင်ဆိုင်ရုံသာမကဘဲ ကျောင်းအုပ်ကြီးများ၏ ဥာဏ်ရည်ပြိုင်ပွဲ ဆိုလည်းမမှားပေ။

၎င်းတို့က ကျောင်းသားများအတွက် နည်းဗျူဟာများ ချမှတ်ပေးရုံသာမက အခြားကျောင်းအုပ်ကြီးများ၏ အတွေးအမြင်များကို ခွဲခြမ်းစိတ်ဖြာကာ ၎င်းတို့ အသုံးပြုရမည့် နည်းဗျူဟာများကို ရှာဖွေဖော်ထုတ်ရန် လိုအပ်၏။

ပြိုင်ပွဲ၀င် ကျောင်းပေါင်း စုစုပေါင်း ၁၀၁ ကျောင်း ရှိသည်။

ထိုအကြောင်းများ အားလုံးကို ခွဲခြမ်းစိတ်ဖြာလျှင် လက်တွေ့မကျသောကြောင့် ကျောင်းအုပ်ကြီးချန်းသည် အဓိကအချက်ကိုသာ ရွေးထုတ်ခဲ့သည်။

ကျန်အပိုင်းကမူ ကံကြမ္မာကိုသာ ပုံအပ်ရတော့မည် ဖြစ်၏။

လောကတွင် ကံကောင်းခြင်းက အထွတ်အထိပ်ကို ရောက်စေခဲ့သည့် အချိန်များလည်း ရှိသည်မဟုတ်ပါလော။

"အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်းကို ကာကွယ်ဖို့အပြင် ဒီရှစ်ရက်ကြာ ပြိုင်ပွဲအတွင်းမှာ အချို့သော ကျောင်းတွေက ယာယီမဟာမိတ် ဖွဲ့နိုင်​ချေကိုလည်း မင်းတို့တွေ သတိရှိဖို့ လိုအပ်တယ်.. အဲဒီထဲမှာ အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်းနဲ့ တိုင်တန် အထက်တန်းကျောင်းတို့ ပူးပေါင်းသွားမှာကို ငါစိုးရိမ်မိတယ်"

"တိုင်တန် အထက်တန်းကျောင်းလား"

ကျောင်းသားများက ပဟေဠိ ဖြစ်သွားကြသည်။

"ကျွန်တော် အဲဒီကျောင်းကို သိတယ်"

ချန်းချောင်က လက်တစ်ဖက်ကို မြှောက်၍ ပြောလိုက်သည်။

"တကယ်တော့ တိုင်တန်အထက်တန်းကျောင်းက ငါအရင်က ပထမဆုံးတက်ဖို့ ရွေးချယ်ခဲ့တဲ့ကျောင်းပဲ.. ကံဆိုးစွာနဲ့ ငါ့ရမှတ်က မမြင့်မားတဲ့အတွက် ကျောင်း၀င်ခွင့်ကို မရရှိခဲ့ဘူး"

"ဒီ​ကျောင်းက ဘယ်လိုကျောင်းမျိုးလဲ.. သူတို့ရဲ့နာမည်အတိုင်း အဲဒီကျောင်းမှာ တက်နေတဲ့ ယောကျာ်းလေးနဲ့ မိန်းကလေးတွေ အားလုံးက အကြမ်းပတမ်းခံရဲ့လား"

ကော်ဟောက်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

လူတိုင်း"........"

"တိုင်တန် အထက်တန်းကျောင်းက တိုင်တန်ကျင့်စဥ်ကို ကျင့်ကြံကြတယ်.. ကျောင်းမှာ တက်ရောက်တဲ့သူတိုင်းက အဲဒီကျင့်စဥ်ကိုပဲ အဓိကထားပြီး ကျင့်ကြံကြတယ်.. တိုင်တန်ကျင့်စဥ်က လူတစ်ဦးရဲ့ ခန္ဓာကိုယ်သိပ်သည်းဆကို အဆက်မပြတ် တိုးမြှင့်ပေးနိုင်တယ်လို့ အဆိုရှိတယ်.. ကျောင်းသားတွေထဲက တချို့ဆိုရင် ဂျင်တစ်ထောင် ဒါမှမဟုတ် ဂျင်တစ်သောင်းလောက် အလေးချိန်ရှိကြတယ်"

ချန်းချောင်က သူသိထားသလောက် ပြောပြလိုက်သည်။

"တိုင်တန်ကျင့်စဥ်၏ အဆင့်ခွဲခြားမှုအပေါ် အခြေခံပြီး ပြောရရင် ဂျင်တစ်ထောင်ကျော် အလေးချိန်ရှိတဲ့သူတွေကို ထရပ်ကားအဆင့်၊ နှစ်ထောင်ကျော် ရှိတဲ့သူတွေကို တင့်ကားအဆင့်၊ ငါးထောင်ကျော်ရှိတဲ့သူတွေကို စစ်သင်္ဘောအဆင့် သတ်မှတ်ကြပြီး တစ်သောင်းကျော် ရှိတဲ့သူတွေကို လေယာဥ်တင် သင်္ဘောအဆင့်လို့ သတ်မှတ်ကြတယ်"

"ခန္ဓာကိုယ်အလေးချိန်က ကြောက်စရာပါလား"

ကော်ဟောက်က တအံ့တသြ ရေရွတ်လိုက်သည်။

"ကျောင်းသားချန်းချောင် ပြောတာ အမှန်ပဲ"

ထိုအချိန်တွင် ကျောင်းအုပ်ကြီးချန်းသည် သူ၏ စိုးရိမ်မှုများကို ဖော်ပြခဲ့သည်။

"တိုင်တန်အထက်တန်းကျောင်းက ကျောင်းသားတွေအားလုံးက ဟဲဗီလ်း၀ိတ်တွေချည်းပဲ.. သူတို့ရဲ့ အလေးချိန်တွေက အရမ်းကို ကြောက်ဖို့ကောင်းတယ်.. ဒီပြိုင်ပွဲမှာ ပါ၀င်လာမဲ့ ကျောင်းသားတွေက အနည်းဆုံး ထရပ်ကားအဆင့် ဖြစ်နိုင်တယ်.. ဟုတ်ပါတယ် တင့်ကားအဆင့်တွေလည်း ပါ၀င်နိုင်တယ်.. သူတို့က ခန္ဓာကိုယ်အလေးချိန်ကို ချုံ့ဖို့ သူတို့ရဲ့ကျင့်စဥ်ကို အသုံးပြုပြီး ခန္ဓာကိုယ်သိပ်သည်းဆကို သိသိသာသာ တိုးလာအောင်ပြုလုပ်ကြတယ်.. ရှင်းရှင်းလင်းလင်း ပြောရရင် သူ့တို့ရဲ့ ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင့်ကို ရောက်ရှိနေခဲ့ပြီ"

"သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရတာက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့ အတူတူပဲ.. သူတို့သာ အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်းနဲ့ ပူးပေါင်းပြီး တခြားကျောင်းတွေကို ဖယ်ရှားဖို့ အသားလုံးတင့်ကားတွေလို ဖြစ်လာခဲ့ရင် အတော်လေး ကြောက်ဖို့ ကောင်းမှာအမှန်ပဲ"

"အသားလုံးတင့်ကား ဟုတ်လား"

"ဟုတ်တယ်.. ဒါက အထူးရုပ်သေးအတတ် တစ်ခု ဖြစ်ပြီး လူ့ခန္ဓာကိုယ်ကို အလွန်အမင်း ပျက်စီးစေနိုင်တဲ့ လှိမ့်လို့ရတဲ့ ဘောလုံးတစ်လုံးအဖြစ် ပြောင်းလဲပေးနိုင်တယ်.. ပြိုင်ပွဲ၀င်အထက်တန်းကျောင်းတွေ အားလုံးမှာ ဒီနည်းစနစ်နဲ့ ပတ်သက်ရင် တိုင်တန်အထက်တန်းကျောင်းထက် ပိုပြီး သင့်လျော်တဲ့ အထက်တန်းကျောင်း မရှိဘူး"

အပိုင်း(၁၁၁၁) ပြီး၏

All Chapters