← Chapters

အမှတ်၆၀ အထက်တန်းကျောင်းနဲ့ ပတ်သက်တဲ့ဗျူဟာ

Vol. 75 Ch. 1114

အမှတ်၆၀ အထက်တန်းကျောင်းနဲ့ ပတ်သက်တဲ့ဗျူဟာ

Vol. 75 Ch. 1114

ဆော့ဟိုင်မြို့ရှိ ဒေသခံ အထက်တန်းကျောင်းများသည် အမှတ်၆၀ အထက်တန်းကျောင်းနှင့် ရင်းနှီးကြသော်လည်း အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်း၊ တိုင်တန်အထက်တန်းကျောင်းနှင့် တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်းတို့သည် အခြားသောမြို့များတွင်တည်ရှိသဖြင့် မရင်းနှီးကြပေ။

ထိုထိပ်တန်း ကျောင်းသုံးကျောင်း၏ ကျောင်းအုပ်ကြီးများသည် အမှတ်၆၀ အထက်တန်းကျောင်းကို အာရုံစိုက်နေခဲ့ကြသည်။

သို့သော် ၄င်းတို့၏ ကျောင်းသားများကမူ ၄င်းတို့နှင့် အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်လာနိုင်သည့် ကျောင်းများကိုသာ အာရုံစိုက်ခဲ့ကြသည်။

တစ်နည်းဆိုရသော် ထိုကျောင်းသုံးကျောင်းမှ ကျောင်းသားများသည် အမှတ်၆၀ အထက်တန်းကျောင်းကို သူတို့၏ ပြိုင်ဘက်အဖြစ် လုံး၀ ထည့်သွင်း မစဥ်းစားခဲ့ကြပေ။

အမှတ်၆၀ အထက်တန်းကျောင်းတွင် ဟွာကောရေတံခွန်လုပ်ငန်းစုမှ မမလေးစွန်းရုံ ရှိသည်။

သို့သော် ပြဿနာမှာ ဤပြိုင်ပွဲသည် အဖွဲ့လိုက် ပြိုင်ပွဲ ဖြစ်သည်။

တစ်ဦးချင်း၏ စွမ်းဆောင်ရည်က မည်မျှပင် သန်မာနေပါစေ၊ အသင်းတစ်ခုလုံး၏ ကယ်တင်ရှင် ဖြစ်လာဖို့ကမူ အလွန်ခဲယဥ်း၏၏

တင်စားပြီး ပြောရလျှင် စီရိုနယ်ဒိုလ်လို သမိုင်းတစ်လျောက် အကောင်းဆုံး ကစားသမား ရှိပါလျက်နှင့် ကမ္ဘာ့ဖလားတွင် အစွမ်းမပြနိုင်သည့် ပေါ်တူဂီအသင်း ကဲ့သို့ပင်။

အသင်းတွင် မိုက်မဲသည့် အသင်းဖော် ရှိနေသ၍ နတ်ဘုရားက ဆင်းကယ်လျှင်ပင် ဖြစ်နိုင်မည် မဟုတ်ပေ။

"ဒီတစ်ခေါက် အမှတ်၆၀ အထက်တန်းကျောင်းကို ဦးဆောင်မဲ့ ဆရာက ကျောင်းအုပ်ကြီး ချန်းထျန်းရှန်း ကိုယ်တိုင်ပဲ"

အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေးအထက်တန်းကျောင်း၏

ကျောင်းအုပ်ကြီး လီချင်းရှီက စတိတ်ပေါ်တွင် မတ်တပ်ရပ်ရင်း အထူးလေ့ကျင့်ရေး အတန်းချိန်တွင် ကျောင်းသားများကို စတင် ပြောကြားခဲ့သည်။

သူက သင်ခန်းစာကို အမှတ် ၆၀ အထက်တန်းကျောင်းသားများ နှင့် မစတင်ဘဲ ကျောင်းအုပ်ကြီးချန်းနှင့် တိုက်ရိုက် စတင်ခဲ့သည်။

အစပထမတွင် လီချင်းရှီသည် အမှတ်၆၀ အထက်တန်းကျောင်းကို သတိထားရမည့် ပြိုင်ဘက် စာရင်းထဲ၌ မထည့်သွင်းထားခဲ့ပေ။

သို့သော်လည်း အဖွဲ့ကို ကိုယ်တိုင် ဦးဆောင်လာမည်မှာ ကျောင်းအုပ်ကြီးချန်း ဖြစ်မှန်း ကြားလိုက်ရသဖြင့် သူအနည်းငယ် ထိတ်လန့်သွားခဲ့သည်။

အဆုံးသတ်တွင် ထိုလူသည် သူ့ကို ပြင်းပြန်းထန်ထန် နှိပ်စက်ခဲ့ဖူးသူ ဖြစ်၏။

"လူအတော်အများက အမှတ်၆၀ အထက်တန်းကျောင်းကို ပမွှားအဖြစ်သာ ရှုမြင်နေကြပြီး လုံး၀ လျစ်လျူရှုထားခဲ့ကြတယ်.. ဒါပေမဲ့ ဒီအမှတ်၆၀ အထက်တန်း ကျောင်းက နှစ်ပေါင်း တစ်ထောင်ကျော် သက်တမ်းရှိတဲ့ ကျောင်းတစ်ကျောင်း ဖြစ်တဲ့အပြင် သိပ်မကြာခင် ကာလကစပြီး အရည်အချင်းတွေလည်း တိုးတက်လာခဲ့တယ်.. မကြာသေးမီက နာမည်ကြီးခဲ့တဲ့ ဒါရိုက်တာကျိုးရီကလည်း ဒီကျောင်းထွက်ပဲ.. သူက လွန်ခဲ့တဲ့ခြောက်နှစ်က နတ်ဆိုးဘုရင်ကို လက်တစ်ဖက်တည်းနဲ့ အနိုင်ယူခဲ့တဲ့ သူရဲကောင်းတစ်ယောက်ပဲ.. ဒါ့အပြင် ဒီစာသင်နှစ်၀က်မှာ အမှတ်၆၀ အထက်တန်းကျောင်းကို ကျောင်းသားသစ်တွေ အများကြီး ပြောင်းရွှေ့လာခဲ့တယ်.. ဒါက ဘာကိုဆိုလိုတာလဲ ဆိုတာ မင်းတို့တွေ သဘောပေါက်တယ်မလား"

"ကျောင်းအုပ်ကြီးစကားက ချဲ့ကားလွန်းနေပြီ ထင်တယ်"

ကျောင်းသားတစ်ယောက်က ရယ်မော၍ ပြောလိုက်သည်။

"ဒါရိုက်တာကျိုးက ဘွဲ့ရသွားတာပဲ ကြာလှပြီ.. ကျွန်တော့်မှာ အမှတ်၆၀ အထက်တန်းကျောင်းမှာ တက်နေတဲ့ ငယ်သူငယ်ချင်း တစ်ယောက်ရှိတယ်.. သူတို့ကျောင်းရဲ့ တိုက်ခိုက်ရေးအစွမ်းက ကျွန်တော်တို့ကျောင်းနဲ့ မယှဥ်နိုင်ဘူးလို့ သူက ပြောဖူးတယ်"

"ပြိုင်ဘက်ကို ဘယ်တော့မှ လျှော့မတွက်ရဘူး.. ပြိုင်ဘက်ကို စော်ကားတာက ကိုယ့်ဒုက္ခကို ရှာသလိုပဲ ဆိုတာ သတိပြုရမယ်"

လီချင်းရှီက ထိုကျောင်းသားကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးချန်း ဆိုတာ တစ်ချိန်တုန်းက ကြယ်ခုနစ်ပွင့် တက္ကသိုလ်မှာ ထိပ်တန်းအဆင့် ရှိတဲ့ အထောက်အပံ့မှော်နည်းစနစ်ကို စာတန်းပြုစုပြီး Phd ရရှိထားတဲ့သူပဲ.. သူဖန်တီးထားတဲ့ အထောက်အပံ့ မှော်နည်းစနစ်တွေက နိုင်ငံတကာဆုတွေကို အကြိမ်ကြိမ် ရရှိခဲ့တယ်.. သူက အဲဒီ အထောက်အပံ့မှော်စွမ်းရည် နည်းစနစ်တွေကို မူပိုင်ခွင့်တင်ခဲ့ပြီးငွေကြေးများစွာလည်း ရရှိခဲ့တယ်.. ဒါ့အပြင် သူဖန်တီးထားတဲ့ အထောက်အပံ့ မှော်စွမ်းရည်တွေရဲ့ အကြီးမားဆုံး အားသာချက်က သင်ယူရတာ လျင်မြန်ပြီး သရုပ်ဖော်ဖို့ လွယ်ကူတာပဲ.. အဲဒီအထောက်အပံ့ မှော်စွမ်းရည်နည်းစနစ်တွေကို အထူးအခြေအနေတွေမှာ အသုံးပြုနေသ၍ အမှတ်၆၀ အထက်တန်းကျောင်းက မမျှော်လင့်ထားတဲ့ အကျိုး ကျေးဇူးတွေကို ရရှိလာမှာ ဖြစ်တယ်.. ဒါကြောင့်အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကျောင်းသားတွေနဲ့ ကြုံတွေရတဲ့ အခါကျရင် သတိထားကြပါ.. သူတို့ကို လုံးဝ လျော့မတွက်ပါနဲ့"

"ဒါဆို သူတို့တွေကို ထိန်းချုပ်ဖို့ ရုပ်သေးနည်းစနစ်ကိုအသုံးပြုလိုက်ရင်ရော..."

ကျောင်းသားတစ်ဦးက ပြောလိုက်သည်။

"အဲလို လုပ်လို့ မဖြစ်ဘူး"

ကျောင်းအုပ်ကြီး လီချင်းရှီက ခေါင်းခါရမ်းလိုက်သည်။

"အထောက်အပံ့မှော်စွမ်းရည်တွေရဲ့ လေးနက်တဲ့ အနှစ်သာရက မှန်ကန်တဲ့ အခိုက်အတန့်မှာလုပ်ဆောင်ဖို့ပဲ.. ဒါကြောင့် ရန်သူက မလှုပ်ရှားသ၍ ငါတို့က လှုပ်ရှားလို့ မဖြစ်ဘူး.. ရန်သူက လှုပ်ရှားတော့မယ်လို့ ထင်ရင်တော့ ငါတို့က အရင်ဆုံးလှုပ်ရှားရလိမ့်မယ်.. မဆင်မခြင်ပြုမူမိရင် ငါတို့တွေ ဒုက္ခများသွားနိုင်တယ်.. ဒါ့အပြင် အထောက်အပံ့ မှော်နည်းစနစ် အများစုမှာ ထောင်ချောက်တွေ ရှိကြတယ်.. ဒါကြောင့် မင်းတို့တွေအနေနဲ့ ဗိုင်းရပ်စ်ရုပ်သေး နည်းစနစ်ကိုပဲ အသုံးပြုဖို့ ငါအကြံပေးချင်တယ်"

"ဗိုင်းရပ်ရုပ်သေး"

လူတိုင်းက ချက်ခြင်းပင် သဘောပေါက်သွားခဲ့သည်။

ဤနည်းစနစ်ကို အသုံးပြုသည်မှာ အနည်းငယ် ယုတ်ညံ့လွန်းသည်ဟု ထင်ရသော်လည်း ဤသည်မှာ ပြိုင်ပွဲတစ်ခု ဖြစ်သည်။

ဆိုရလျှင် ဗိုင်းရပ်ရုပ်သေးနည်းစနစ်သည် ပြိုင်ဘက်

များကို အလွန်လျင်မြန်စွာ ထိန်းချုပ်နိုင်စွမ်း ရှိသည်။

သူတို့အနေဖြင့် တစ်ဖက်သားကို ထိတွေ့ဖို့သာ လိုအပ်သည်။

ဤသို့ဖြင့် ပြိုင်ဘက်များသည် အချိန်အတိုင်းအတာ တစ်ခုအထိ သူတို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး သူတို့၏ အမိန့်ကို ကောင်းမွန်စွာနာခံရမည် ဖြစ်၏။

"ဟုတ်တယ်..ဗိုင်းရပ်ရုပ်သေးနည်းစနစ်ကို အသုံးပြုရမဲ့အပြင် တခြားကျောင်းတွေနဲ့လည်း မဟာမိတ်ဖွဲ့ထားသင့်တယ်လို့ ငါအကြံပေးချင်တယ်.. ဒါ့အပြင် ပြိုင်ပွဲကာလ ရှစ်ရက်အတွင်းမှာ ငါတို့ရဲ့ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့၀င်တွေအနေနဲ့ ဒဏ်ရာအနာတရ မရှိစေဖို့ သေချာဂရုစိုက်ရမယ်"

ကျောင်းအုပ်ကြီး လီချင်းရှီက လေးနက်သော အကြံဥာဏ်များကို စတင်ပေးအပ်ခဲ့သည်။

"ငါက ကျောင်းအုပ်ကြီး ချန်းထျန်းရှန်း အကြောင်း ကောင်းကောင်းသိတယ်.. ဒါကြောင့် ဒီတစ်ကြိမ်မှာ သူ့ကို လျှော့မတွက်ဘဲ ငါတို့တွေ တခြား ကျောင်းတစ်ကျောင်းနဲ့ မဟာမိတ်ဖွဲ့ရမယ်"

"ဘယ်ကျောင်းနဲ့လဲ ကျောင်းအုပ်ကြီး"

"ငါတို့ မဟာမိတ်ဖွဲ့သင့်တဲ့ကျောင်းက တိုင်တန်အထက်တန်းကျောင်းပဲ.. ငါတို့အချင်းချင်းက တစ်ကျောင်း နဲ့ တစ်ကျောင်း မရင်နှီးသေးပေမဲ့ ငါအသေအချာ စဥ်းစားပြီးသွားပြီ.. ပြောရရင် တိုင်တန်အထက်တန်းကျောင်းရဲ့ ကျောင်းသားတွေက ငါတို့ရဲ့ ဗိုင်းရပ်ရုပ်သေးနဲ့ အသားလုံး တင့်ကား နည်းစနစ်တွေအတွက် ပြီးပြည့်စုံတဲ့ မဟာမိတ်တွေပဲ"

ကျောင်းအုပ်ကြီး လီချင်းရှီ၏ စကားကို ကြားလျှင် လူတိုင်း၏ မျက်လုံးများသည် အရောင်များ တောက်ပသွားကြသည်။

ဤမှော်အတတ်နှစ်မျိုးဖြင့်သာ ဆိုလျှင် ၄င်းတို့သည် ပြိုင်ပွဲအတွင်း၌ များစွာ လုပ်ဆောင်ပြနိုင်လိမ့်မည်မှာ အမှန်တကယ်ပင် ဖြစ်သည်။

အသားလုံးတင့်ကား နည်းစနစ်သည် တိုက်ခိုက်ခြင်းနှင့် ခုခံခြင်း နှစ်မျိုးစလုံးကို စွမ်းဆောင်နိုင်ပြီး အန္တရာယ်နှင့် ကြုံတွေ့ရသောအခါတွင် ဆုတ်ခွာရန် အကူအညီပေးနိုင်ရုံသာမက တိုက်ခိုက်မှုကို အဖွဲ့လိုက် စတင် တိုက်ခိုက်ရန် အတွက်လည်း အသုံးပြုနိုင်သည်။

ဆိုရလျှင် သူတို့၏ ကျောင်းအုပ်ကြီးလီ သာလျှင် ထိုကဲ့သို့ ပြောင် မြောက်သော တိုက်ခိုက်ရေးဗျူဟာကို ဖော်ဆောင်နိုင်လိမ့်မည် ဖြစ်၏။

"ဒါက ငါတို့ကျောင်းရဲ့ အခြေခံဗျူဟာပဲ"

ကျောင်းအုပ်ကြီး လီချင်းရှီသည် သူ၏ ရှင်းပြချက်ပြီးဆုံးသွားချိန်တွင် အကြောင်းတစ်ခုခုကြောင့် စိုးရိမ်နေခဲ့သည်။

စင်စစ် ကျောင်းအုပ်ကြီးလီသည် မိစ္ဆာနှိမ်နှင်းရေးအထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဖြစ်မလာခင်က ချန်းထျန်းရှန်းနှင့် အကြိမ်ကြိမ် ရင်ဆိုင်ဖူးကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။

ကံဆိုးစွာဖြင့် အကြိမ်တိုင်းတွင် သူသည် ပြတ်ပြတ်သားသား ရှုံးနိမ့်မှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

သူ့အနေဖြင့် မည်မျှပင် အစွမ်းထက်သည့် မှော်နည်းစနစ်ကို အသုံးပြုပါစေ၊ တစ်ဖက်လူသည် အထောက်အပံ့ မှော်စွမ်းရည်နည်းစနစ်ကိုသာ အသုံးပြု၍ အလွယ်တကူပင် ချေဖျက်ပြခဲ့သည် မဟုတ်ပါလော။

ထိုအကြောင်းများကြောင့် ပြိုင်ပွဲအတွက် ဗျူဟာများ ရေးဆွဲပြီးနောက်တွင် လီချင်းရှီသည် အလွန်ပင် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။

သူက ကျောင်းအုပ်ကြီးချန်း၏ ကြိမ်ဖန်များစွာ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး စိတ်ဒဏ်ရာများကို လက်တွေ့ကျကျ ခံစားခဲ့ရသည်။

ဆိုရလျှင် ထိုလူ၏ အထောက်အပံ့ မှော်နည်းစနစ်များသည် အလွန်ပင် နက်နဲပြီး နည်းဗျူဟာ တွေးခေါ်မှုမှာလည်း ပင်လယ်ကဲ့သို့ နက်ရှိုင်းသည်။

လီချင်းရှီအတွက်မူ သူကြုံတွေခဲ့ဖူးသည့် ပြိုင်ဘက်များထဲတွင် ချန်းထျန်းရှန်းသည် ကိုင်တွယ်ရအခက်အခဲဆုံး ဖြစ်သည်ဟု ၀န်ခံရပေမည်။

သို့သော် ဤတစ်ခေါက်ကတော့ မတူပေ။

သူက ကိုယ်တိုင်ကိုယ်ကျ ပြိုင်ပွဲ၀င်ရမည် မဟုတ်ပဲကျောင်းသားများအကြား ပြိုင်ဆိုင်မှုသာ ဖြစ်သည်။

ကျောင်းအုပ်ကြီးတစ်ဦး အနေဖြင့် သူ၏ တာ၀န်မှာ ပြိုင်ပွဲအတွက် ဗျူဟာကို ရေးဆွဲရုံသာ ဖြစ်သည်။

လက်ရှိတွင် သူတို့၏ အမှတ်၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်းသည် အလွန်ပင် ကျော်ကြား၏။

သူတို့သာ အမှတ်၆၀ အထက်တန်းကျောင်းကို ရှုံးနိမ့်ခဲ့လျှင် အမှတ်၆၀ အထက်တန်းကျောင်းသည် တစ်ဟုန်ထိုး နာမည်​ကျော်ကြားလာနိုင်မည့် အခွင့်အရေးရှိနေသည်။

ယခင်က အမှတ်၆၀ အထက်တန်းကျောင်းသည် ဤမျှလောက် ကြောက်စရာ မကောင်းခဲ့ပေ။

သို့သော် ချန်းထျန်းရှန်း ကျောင်းအုပ် ဖြစ်လာချိန်ကစ၍ လီချင်းရှီသည် သူ၏ အဓိက စိုးရိမ်မှုစာရင်းတွင် အမှတ်၆၀ အထက်တန်းကျောင်းကို ချက်ခြင်းဆိုသလို ထည့်သွင်းခဲ့သည်။

ဤလူ၏ လှည့်ကွက်များကို သူကောင်းစွာနားလည်သည်။

ဆိုရလျှင် သူ့ကိုယ်သူ နားလည်တာထက်ပင် ပိုနားလည်ခဲ့သည်။

သူက ချန်းထျန်းရှန်းကို အဓိကပြိုင်ဘက်အဖြစ် မုန်းတီးခဲ့သူဖြစ်၍ နေ့ရောညပါ ချန်းထျန်းရှန်းနှင့် မည်ကဲ့သို့ ရင်ဆိုင်ရမလဲ ဆိုသည်ကို စဥ်းစားဖူးသူလည်း ဖြစ်၏။

ကျောင်းအုပ်ကြီး လီချင်းရှီသည် အမှတ် ၆၀ အထက်တန်းကျောင်းမှ ပြိုင်ပွဲ၀င်မည့် ကိုယ်စားပြု​ ကျောင်းသားများ၏ အမည်များကို စစ်ဆေးခဲ့သည်။

စွန်းရုံက လွဲ၍ တခြားကျောင်းသားများကို သူမသိခဲ့ပေ။

ပြိုင်ပွဲ၀င်မည့် ကျောင်းသားများထဲတွင် အပြောင်းအရွှေ့ ကျောင်းသားများလည်း ပါ၀င်နေကြသည်။

၄င်းတို့အထဲမှ အများစုမှာ ခရိုင်အဆင့် ဆုတံဆိပ်ကိုသာ ရရှိခဲ့ဖူးကြသည်။

အမှတ်၆၀ အထက်တန်းကျောင်းသည် အပေါ်ယံကြည့်လျှင် ကြောက်စရာ မရှိသည်ဟု ထင်ရသော်လည်း ထင်သလောက် မလွယ်ကူလှဟု လီချင်းရှီ ခပ်ရေးရေး ခံစားခဲ့မိသည်။

အပိုင်း(၁၁၁၄) ပြီး၏

All Chapters