← Chapters

ဂိမ်းသီအိုရီ

Vol. 75 Ch. 1119

ဂိမ်းသီအိုရီ

Vol. 75 Ch. 1119

သင်ကြားခြင်းသည် ဆရာရော ကျောင်းသားများအတွက်ပါ အကျိုးရှိစေသည်။

အကြောင်းရင်းမှာ သင်ကြားနေရင်း တစ်ချိန်တည်းတွင် တိုးတက်လာနိုင်သောကြောင့် ဖြစ်သည်။

စန်းယွမ်သည် ယခင်က သူသင်ယူခဲ့သည့် အရာများကို ပြန်လည်သုံးသပ်နိုင်သောကြောင့် ကျောင်းအုပ်ကြီးချန်းကို အကူအညီပေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

အနာဂတ်ကို နားလည်ရန်အတွက် အတိတ်ကိုပြန်သတိရပါ ဟူသော စကားရှိသည်။

သင်ကြားခြင်းကနေတဆင့် မှော်အတတ်တွင် စိတ်ကူးစိတ်သန်း အသစ်များနှင့် အောင်မြင်မှုများကို ရရှိနိုင်သည်။

တကယ်တမ်းတွင် သင်ကြားခြင်းသည် တာအို၏ လမ်းစဥ်တစ်ခုဖြစ်၏။

ယေဘုယျအားဖြင့်ပြောရလျှင် တပည့်များက သင်ကြားရန်ခက်ခဲလေလေ ဆရာများသည် ပို၍ဥာဏ်အလင်း ရလေလေ ဖြစ်သည်။

စန်းယွမ်သည် သင်ကြားခြင်းဖြင့် ဥာဏ်အလင်းအသစ်များရရှိရန်အတွက် အမှတ်၆၀ အထက်တန်းကျောင်းသို့ ရောက်ရှိလာခဲ့ခြင်း ဆိုလည်းမမှားပေ။

အဆုံးသတ်တွင် လက်ရွေးစင်ကျောင်းသားများသည် သူထင်ထားသည်ထက် ပို၍ ဥာဏ်ကောင်းနေကြောင်း သူတွေ့ရှိခဲ့သည်။

"ဒါရော မှန်ရဲ့လား ဆရာစန်းယွမ်"

၀မ်ကျန်းကလည်း စိုးရွံ့သောအမူအရာဖြင့် အခြားသူများရှေ့မှာပင် ချွေးပေါက်မှတဆင့် ၀ါးမျိုခြင်း မှော်စွမ်းရည်ကို အသုံးပြုကာ စိတ်၀ိညာဥ်သစ်သီးကို စားပြလိုက်သည်။

သူ၏ စုပ်ယူမှုအမြန်နှုန်းက အလွန်ပင် မြန်ဆန်ပြီး စန်းယွမ်နှင့် တန်းတူနီးပါး ဖြစ်နေခဲ့၏။

"တော်ပြီ...ဒီသင်ခန်းစာကို မင်းတို့တွေရသွားပြီ"

မျက်နှာဖုံးအောက်တွင် စန်းယွမ်၏ နှုတ်ခမ်းထောင့်များသည် ရွဲ့မလိုပင် ဖြစ်နေခဲ့သည်။

ဤအမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများသည် ဤမျှအထိ ထက်မြတ်လိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ယခုတကြိမ် အမျိုးသားအဆင့်ပြိုင်ပွဲတွင် ကျောင်းပေါင်းများစွာ ပါ၀င်မည်ဟု စန်းယွမ် ကြားသိခဲ့ရသည်။

စန်းယွမ်သည် ယခင်က အမှတ် ၆၀ အထက်တန်းကျောင်းကို ကံအလွန်ကောင်းမှသာ ထိပ်ဆုံး ၅၀ စာရင်းသို့ ၀င်နိုင်မည်ဟု ထင်ခဲ့သည်။

သို့သော် ယခုအခါတွင် သူမှားယွင်းသွားကြောင်း ၀န်ခံရတော့မည် ဖြစ်၏။

ဆိုရလျှင် အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများသည် သူထင်ထားသည်ထက်ပင် များစွာ ပို၍ အားကောင်းနေခဲ့သည်။

"လူတိုင်းကျွမ်းကျင်သွားပြီ ဆိုတော့ နောက်ထပ် သင်ခန်းစာ တစ်ခုကို ဆက်သွားကြရအောင်"

ထိုစကားကို ပြောပြီးနောက်တွင် စန်းယွမ်သည် အနက်ရောင်နေကာမျက်မှန် တစ်လက်စီကို ဝေငှပေးလိုက်သည်။

"ဒါက ဘာလဲ ဆရာ"

"ဒါက အထူးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းပဲ.. ဒီပစ္စည်းရဲ့ အမည်အပြည့်အစုံကို တောင်တန်းမြစ်ပေါင်းစပ်ရေး ကြေးမုံလို့ ခေါ်တယ်.. အရင်ကတော့ ဒီပစ္စည်းက အလွန်စျေးကြီးပေမဲ့လည်း လက်ရှိအချိန်မှာ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်တဲ့ မှော်ရတနာတစ်ခု အဖြစ် သတ်မှတ်နေနိုင်ပါပြီ.. ပြောရရင် ဒီမျက်မှန်တွေက မင်းတို့တွေရဲ့ စိတ်တွေကို ထပ်တူပြုပြီး ချိတ်ဆက်ပေးနိုင်တယ်.. ငါ့ရဲ့မျက်မှန်ကို မင်းတို့ရဲ့ မျက်မှန်တွေနဲ့ ချိတ်ဆက်ပြီးပြီ.. တစ်နည်းဆိုရရင် မင်းတို့က မျက်မှန်ကိုတပ်ပြီးတာနဲ့ ငါ့ရဲ့စိတ်အာရုံထဲကို ရောက်သွားလိမ့်မယ်"

စန်းယွမ်၏ စကားကိုနားထောင်ရင်း လူတိုင်းက ခေါင်းညိမ့်လိုက်ကြသည်။

လာမည့်သင်ခန်းစာက တိုက်ပွဲနှင့် သက်ဆိုင်နေမည်ဟု ၀မ်လင်း မှန်းဆမိခဲ့သည်။

အစောပိုင်းတွင် ၀မ်လင်းသည် စန်းယွမ်က တိုက်ပွဲသင်ခန်းစာ သင်ပေးခဲ့လျှင် တိုက်ပွဲ၌ တမင်တကာ အရှုံးပေးသင့် မပေးသင့် တွေးမိခဲ့သည်။

သို့သော် စန်းယွမ်က သူတို့၏စိတ်ကို တစ်ပြိုင်နက် ချိန်ညှိပေးနိုင်သော မျက်မှန်ကို ပေးလိုက်သောအခါတွင် သူအလွန်စိတ်သက်သာရာ ရသွားခဲ့၏။

ဆိုရလျှင် သူ့အနေဖြင့် တကယ့်တိုက်ပွဲကို ဆင်နွှဲရမည် ဖြစ်သော်လည်း မျက်မှန်ကြောင့် တခြားလူကို ထိခိုက်နိုင်မည်မဟုတ်ပေ။

ထိုအချက်က သူ့ကို ပို၍ သက်တောင့်သက်သာ ဖြစ်စေခဲ့ခြင်းပင်။

"မင်းတို့တွေ တစ်ယောက်ချင်းဆီက စစ်ဆေးရေးဂိတ် ခြောက်ဂိတ်ကို ကျော်ဖြတ်ရမယ်.. စစ်ဆေးရေးဂိတ် တစ်ခုဆီမှာ စစ်ဆေးရေးမှူး တစ်ယောက်ဆီရှိတယ်.. ငါက ဆဌမနဲ့ နောက်ဆုံးသော စစ်ဆေးရေးမှူး ဖြစ်လိမ့်မယ်.. ဒီစစ်ဆေးရေးမှူး ခြောက်ယောက်ကို အနိုင်ယူနိုင်ရင် မင်းတို့တွေ ဒီနေ့ စာမေးပွဲကို အောင်မြင်ပြီ"

စန်းယွမ်က ပြောလိုက်သည်။

တကယ်တမ်းတွင် ဤသည်မှာ မနက်ဖြန်အတွက် လေ့ကျင့်ခန်း ဖြစ်သည်။

သို့သော်လည်း သူဘာတတ်နိုင်မည်နည်း။

၀မ်လင်းနှင့် အခြားသူများသည် သူသင်ပြပေးသည့် သင်ခန်းစာများကို အလွယ်တကူပင် တတ်ကျွမ်းနေခဲ့သည် မဟုတ်ပါလော။

ထို့ကြောင့် စန်းယွမ်အနေဖြင့် မနက်ဖြန်မှ သင်ကြားပေးမည့် သင်ခန်းစာများကို ယနေ့သင်ကြားပေးရန်မှ တပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

စန်းယွမ်က သူသတ်မှတ်ထားပြီးသား စစ်ဆေးရေးဂိတ်များကို အမှတ်ရလိုက်သည်။

စစ်ဆေးရေးဂိတ်များကို အသေအချာ ထိန်းထားသ၍

အရာအားလုံးက အဆင်ပြေသွားလိမ့်မည် ဖြစ်၏။

၄င်းတို့သည် အထက်တန်းကျောင်းသား အုပ်စုတစ်စုသာဖြစ်သည်။

ပရောဖက်ရှင်နယ် ကျင့်ကြံခြင်း အထူးတပ်ဖွဲ့မှ စစ်သည်တစ်ယောက် အနေဖြင့် စန်းယွမ်သည် ၄င်းတို့ကို မုချ ကိုင်တွယ်နိုင်မည်ဟု တွေးထားခဲ့သည်။

"မင်းတို့တွေအနေနဲ့ စစ်ဆေးရေးမှူးတွေကို အနိုင်ယူဖို့ပဲ လိုအပ်တယ်.. ဒါပေမဲ့ အချိန်ကန့်သတ်ချက်ရှိတယ်.. အချိန်ကျော်လွန်သွားရင် အစကနေ ပြန်စရလိမ့်မယ်"

စန်းယွမ်က ပြောလိုက်သည်။

"စစ်ဆေးရေးဂိတ် တစ်ခုစီက စစ်ဆေးရေးမှူး တစ်ဦးစီရဲ့ လှုပ်ရှားမှုတွေကို လူတိုင်းက အနီးကပ် စောင့်ကြည့်လေ့လာရလိမ့်မယ်.. သူတို့အားလုံးမှာ အားနည်းချက်တွေ ကိုယ်စီ ရှိကြတယ် အဲဒီအားနည်းချက်တွေကို ဆုပ်ကိုင်ထားနိုင်သ၍ စစ်ဆေးရေးမှူးတွေကို ရှင်းပစ်ဖို့က လွယ်လွယ်လေးပဲ"

ယခုတစ်ကြိမ် စန်းယွန်၏ လေ့ကျင့်ရေးသည် ပြိုင်ဘက်၏ အားနည်းချက်ကို စူးစမ်းလေ့လာမှုစွမ်းရည်အား လေ့ကျင့်ခြင်း ဖြစ်သောကြောင့် ခန္ဓာကိုယ်နည်းစနစ်များကို လေ့ကျင့်ခြင်းနှင့် ပတ်သက်ခြင်းမရှိဟု ထင်ရသည်။

တကယ်တမ်းတွင် အားနည်းချက်များကို စူးစမ်းလေ့လာခြင်းသည် ခန္ဓာကိုယ် နည်းစနစ်များကို ကျင့်ကြံသူများအတွက် အရေးကြီးသော သင်ခန်းစာတစ်ခု ဖြစ်၏။

အကြောင်းရင်းမှာ ခန္ဓာကိုယ်နည်းစနစ်များ ယှဥ်ပြိုင်ရာတွင် တစ်ခါတရံ၌ ပိုမိုအားကောင်းသည့်လူက အောင်ပွဲမရတတ်သည်ကို ဖြစ်ရပ်များက သက်သေပြနေသောကြောင့်ပင်။

ခွန်အားကြီးမားခြင်းသည် ရိုးရှင်းစွာပင် အားသာချက်တစ်ခု ဖြစ်သည်။

၄င်းကို အောင်ပွဲအဖြစ်သို့ ပြောင်းလဲရာတွင် အတွေ့

အကြုံနှင့် အားနည်းချက် ရှာဖွေနိုင်စွမ်းတို့ ပေါင်းစပ်မှုရှိရန်လည်း လိုအပ်သည်။

ခန္ဓာကိုယ်နည်းစနစ်တွင် အဆင့်မြင့်မားစွာ ကျင့်ကြံထားသူများသည် အလွန်ထက်မြက်သော အားနည်းချက်ရှာဖွေခြင်း စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။

၄င်းတို့သည် ပြိုင်ဘက်၏ အားနည်းချက်ကို အမိအရဆုပ်ကိုင်ကာ တစ်ချက်တည်းဖြင့် အမှောက်သိပ်တတ်ကြသည်။

သင်၏ ကိုယ်ပိုင်ခွန်အားက ပြိုင်ဘက်ထက် အားနည်းနေလျှင်ပင် ပြိုင်ဘက်၏ အားနည်းသောအချက်များကို လေ့လာပြီး ထိုးထွင်းဥာဏ်နှင့် အရှိန်အဟုန်ကို အသုံးပြုနိုင်သ၍ သင့်တွင် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်စွမ်း ရှိသည်။

ကိုယ်ခံပညာအားလုံးတွင် ပြီးပြည့်စုံသော ခုခံရေး အကွက်များ မရှိပေ။

ထို့ကြောင့် အားနည်းချက်ရှာဖွေ၍ ချက်ချင်းဆိုသလို အရှိန်အဟုန်ဖြင့် တုန့်ပြန်နိုင်စွမ်းကသာ ရလဒ်ကို သတ်မှတ်ပေးနိုင်သည်ဟူသော ဆိုရိုးစကားရှိ၏။

သို့သော်လည်း အားနည်းချက်ကို စူးစမ်းရှာဖွေနိုင်စွမ်းသည်

ပြောသလောက် မလွယ်ကူပေ။

ထိုစွမ်းရည်သည် နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးမှသာ ရလာနိုင်သည့် စွမ်းရည်မျိုး ဖြစ်သည်။

နိုင်ငံတကာအဆင့် ကိုယ်ခံပညာရှင်များသည် အားနည်းချက်ကို စူးစမ်းရှာဖွေရာတွင် ကျွမ်းကျင်သည်ဟု လူအများက သတ်မှတ်ထားကြသော်လည်း တကယ်တမ်းတွင် ၄င်းတို့သိထားသည်မှာ အပေါ်ယံမျှသာ ဖြစ်သည်။

ဆိုရလျှင် ကိုယ်ခံပညာနှင့် ရိုးရာသိုင်းပညာသည်အတိုင်းအတာတစ်ခု အထိ ကွဲပြား၏။

ဥပမာအားဖြင့် ရိုးရာသိုင်းပညာများဖြစ်သည့် ထိုက်ကျိ နှင့် ၀င်ချွမ်းတို့သည် သေစေနိုင်သော အကွက်များကို လျှော့ချထားသော သိုင်းပညာများ ဖြစ်သည်။

ယနေ့ခေတ်တွင် ရိုးရာသိုင်းပညာများသည် ကမ္ဘာတလွှားသို့ ပျံ့နှံ့ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ထိုသိုင်းပညာများကို ကျင့်ကြံခြင်းသည် ခန္ဓာကိုယ်အပေါ် ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ ရှိစေသည်။

သို့ရာတွင် ကိုယ်ပိုင်ရိုးရာသိုင်းပညာအကြောင်းကို နားမလည်သည့် လူများလည်း အမြဲလိုလို ရှိခဲ့သည်။

အချို့သော ကွန်ဖူးမာစတာများသည် မိမိတို့၏ ရိုးရာသိုင်းပညာကို အထင်မကြီးဘဲ နပန်း သို့မဟုတ် ကိုယ်ခံပညာများ ရောစပ်ထားသည့် အားကစားပွဲများသို့ ၀င်ရောက် တိုက်ခိုက်ရခြင်းကို နှစ်သက်ကြသည်။

အဆုံးသတ်တွင် ၄င်းတို့သည် မိမိကိုယ်ကို အရှက်ခွဲနေခြင်းမျှသာ ဖြစ်၏။

ရိုးရာသိုင်းပညာအနေဖြင့် ဆက်လက် ပြန့်ပွားရန် လိုအပ်သည်ဟု ၀မ်လင်းအမြဲလိုလို ခံစားခဲ့ရသည်။

ဆိုရလျှင် ရိုးရာသိုင်းပညာအပြင် အခြားသော ကိုယ်ခံပညာအားလုံး၌ အားသာချက်များ ကိုယ်စီရှိကြသည်။

ကိုယ်ခံပညာပေါင်းစုံကို လေ့ကျင့်သော သူများသည် ပြိုင်ဘက်များကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိကြသည်။

သို့သော် ၄င်းတို့၏ ခန္ဓာကိုယ်ကမူ ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပျက်စီးသွားလိမ့်မည်သာ။

အဆုံးသတ်တွင် ရိုးရာသိုင်းပညာကို လေ့ကျင့်သင်ကြားခဲ့သော ကျင့်ကြံသူများသည် ၄င်းတို့ထက် အသက်ပိုရှည်ခဲ့ကြသည်။

၀မ်လင်းက နေကာမျက်မှန်ကို တပ်လိုက်သောအခါတွင် ကူရွှင်းကျစ်၊ ၀မ်ကျန်းနှင့် အခြားသူများထံမှ မေးခွန်းများစွာသည် သူ၏စိတ်ထဲတွင် ပြည့်နှက်လာခဲ့သည်။

"အထက်တန်းကျောင်းသားလို သရုပ်ဆောင်ရတာ ဒါပထမဆုံးအကြိမ်မို့ ဘယ်အဆင့်ထိ သရုပ်ဆောင်ရမလဲ ဆိုတာ သေချာမသိဘူး"

ကူရွှင်းကျစ်" စီနီယာ.. ကျွန်တော်တို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆယ်ချီအထိခုခံပြီးမှ အနိုင်ယူလိုက်သင့်လား"

၀မ်လင်း"........"

၀မ်ကျန်း"မလုံလောက်သေးဘူး.. နောက်ထပ်ငါးချီလောက် ထပ်ထည့်မှ ပိုလုံခြုံမယ်လို့ ငါထင်တယ်.. ဒါ့အပြင် ငါတို့က နည်းနည်းပါးပါးတော့ ထိုးစစ် ဖွင့်သင့်တယ်.. တစ်ချိန်လုံး ခုခံနေလို့လည်း မဖြစ်သေးဘူး.. ဘာပဲဖြစ်ဖြစ် ငါတို့ကအထက်တန်းကျောင်းရဲ့ လက်ရွေးစင် ကျောင်းသားလေးတွေ မဟုတ်လား"

"ဒီစကားကို ငါထောက်ခံတယ်"

ကျန်းရွမ်က ၀မ်ကျန်း၏ အကြံပြုချက်ကို ထောက်ခံလိုက်သည်။

"ကျွန်မတို့ နည်းနည်းပါးပါးတော့ ပြန်တိုက်ရလိမ့်မယ်.. မဟုတ်ရင် ဆရာစန်းယွမ်က သံသယ၀င်သွားလိမ့်မယ်"

လျူချင်းရီက ပြောလိုက်သည်။

"စိတ်ညစ်ဖို့ကောင်းလိုက်တာ တကယ်တမ်းဆိုရင် ငါတို့ရဲ့အဆင့်နဲ့ အားနည်းချက်ကို ရှာဖွေဖို့တောင် မလိုဘူး.. တစ်ချက်တည်းနဲ့ ဖြေရှင်းလိုက်ရုံပဲ"

လျူချင်းရီက ညီးညူလိုက်သည်။

၀မ်လင်း"........"

လျူချင်းရီ ပြောသော စကားက မမှားပေ။

ခွန်အားကြီးမားသော ကျင့်ကြံသူများသည် အဆုံးသတ်တွင် အောင်ပွဲခံနိုင်မည် မဟုတ်ဟု ဆိုရိုးစကား ရှိသော်လည်း ခွန်အားကွာဟချက် ကြီးမားလွန်းလျှင်မူ အောင်နိုင်သူက မည်သူဖြစ်မည်မှာ ရှင်းလင်းနေသည် မဟုတ်ပါလော။

အပိုင်း(၁၁၁၉) ပြီး၏

All Chapters