← Chapters

ရက်ပါတစ်ယောက်ရဲ့လျှို့ဝှက်လက်နက်

Vol. 75 Ch. 1121

ရက်ပါတစ်ယောက်ရဲ့လျှို့ဝှက်လက်နက်

Vol. 75 Ch. 1121

လျူချင်းရီ၏ ပြင်းထန်သောကန်ချက်ကို မြင်လိုက်ရသောအခါတွင် ၀မ်လင်း၊ကူရွှင်းကျစ်၊၀မ်ကျန်းနှင့် ကျန်းရွမ်တို့အားလုံးသည် ၄င်းတို့၏ ခန္ဓာကိုယ်အောက်ပိုင်း အေးခဲသလို ခံစားလိုက်ရသည်။

၀မ်ကျန်းနှင့် လျူချင်းရီတို့သည် ခွင့်မပြုဘဲ အောက်ကမ္ဘာသို့ ဆင်းသက်လာသည့်အတွက် ကူရွှင်းကျစ်၏ အပြစ်ပေးမှုကိုခံနေရဆဲ ဖြစ်သည်။

ထိုအချိန်က ၀မ်လင်းသည် မေမေ၀မ်၏ တောင်းဆိုမှုကြောင့် ၀မ်ကျန်းနှင့် လျူချင်းရီကို ဝေ့ကျစ်၏နေရာတွင် နေထိုင်ရန် စီစဥ်ပေးခဲ့သည်။

ထိုနှစ်ယောက်သည် အမြဲတကျက်ကျက် ရန်ဖြစ်နေသော် လည်း တစ်ယောက်နှင့်တစ်ယောက် အလွန်လိုက်ဖက်မှုရှိသည်ဟု သူထင်မြင်ခဲ့သည်။

ထို့ကြောင့် ၄င်းတို့အချင်းချင်း တစ်ယောက်အကြောင်း တစ်ယောက်ပိုသိကာ ခံစားချက်များ တိုးပွားလာစေရန်အတွက် သူက ဝေ့ကျစ်၏တိုက်ခန်းတွင် နေထိုင်ရန် စီစဥ်ပေးခဲ့ခြင်းပင်။

သို့ရာတွင် ထိုနှစ်ယောက်က ယခုအချိန်ထိ အမြဲတကျက် ကျက် ဖြစ်နေလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

အချို့သောစုံတွဲများသည် အတူရှိနေစဥ် တကျက်ကျက် ဖြစ်နေတတ်သော်လည်း မရှိတော့သည့်အခါမှသာ နှလုံးသားက တောင့်တတတ်ကြသည်ဟု အဆိုရှိကြသည်။

ထိုစကားက အလိမ်အညာ မဟုတ်ကြောင်း ၀မ်လင်း စဥ်းစားမိခဲ့သည်။

စင်စစ် ခံစားချက်များနှင့် ပတ်သက်လျှင် သဘာ၀အတိုင်း တိုးတက်လာသည်ကသာ ပို၍ ကောင်းမွန်၏။

လျူချင်းရီ၏ကန်ချက် မည်မျှပြင်းထန်သည်ကို မြင်လိုက်ရသောအခါတွင် ၀မ်ကျန်းသည် သူ၏ရတနာကို လက်ဖြင့်အမှတ်မထင် ဖုံးအုပ်လိုက်မိသည်။

သူက လျူချင်းရီ၏ သွားတိုက်တံကို မတော်တဆ အသုံးပြုမိခဲ့၍ မနက်ကတင် အရိုက်ခံခဲ့ရသည်ကို ပြန်အမှတ်ရမိသည်။

လွန်ခဲ့သည့်နှစ်ရက်ကလည်း ဧည့်ခန်းထဲရှိ စားပွဲပေါ်မှာ အရက်တစ်လုံးကို သူသောက်ခဲ့မိသေးသည်။

သူက ဝေ့ကျစ်၏ အရက်ပုလင်းဟု ထင်ခဲ့သော်လည်း လျူချင်းရီ၏ ပုလင်း ဖြစ်နေ၍ အကန်ခံခဲ့ရပြန်သည်။

လျူချင်းရီထံမှ ရက်သတ္တပတ် အနည်းငယ်အတွင်း အကြိမ်ရေ မည်မျှ အကန်ခံရသည်ကိုပင် သူ မမှတ်မိတော့ပေ။

မည်သို့ပင်ဆိုစေကာမူ လျူချင်းရီ၏ ကန်ချက်များ

က တိုးတက်လာခဲ့၍ သူ့အနေဖြင့် သံမဏိတုတ်နည်းစနစ်ကို ကျင့်ကြံရတော့မည်ဟု တွေးမိခဲ့သည်။

၀မ်ကျန်းက လျူချင်းရီ၏ နှိပ်စက်ခြင်းကို ခံရလွန်း၍ မျက်ရည်တောင်၀ဲမိခဲ့သည်။

လျူချင်းရီ၏ အနိုင်ကျင့်မှုကို ခံရခြင်းသည် သူ၏ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟု သူထင်မြင်ခဲ့သည်။

သို့ရာတွင် သူ့အနေဖြင့် ဤကာလတစ်လျှောက်လုံး လျူချင်းရီကို စိတ်ရှည်စွာဖြင့် ဆက်ဆံခဲ့မိသည်ကို ကိုယ့်ကိုယ်ကိုယ် သဘောပေါက်ခဲ့သည်။

သူမက သူ့အပေါ် အတော်လေး အနိုင်ယူခဲ့သော်လည်း သူဒေါသ မထွက်ခဲ့ပေ။

မှန်ပါသည်၊ သူက ဤကြမ်းတမ်းသည့် မိန်းမအပေါ်တွင် ခံစားချက်များ ရှိနေပြီမှန်း သူ့ကိုယ်သူ လုံး၀မယုံနိုင်ခဲ့ပေ။

သူ့မိဘများသည် သူငယ်စဥ်ကတည်းကပင် သူ၏ ခန္ဓာကိုယ်ကို အပြင်းအထန် လေ့ကျင့်ပေးခဲ့သည်။

ထိုကဲ့သို့ ကြီးပြင်းလာရသဖြင့် လျုချင်းရီ၏ ကြမ်းတမ်းသောအပြုအမူများကို ခုခံနိုင်စွမ်း ရှိနေတာလည်း ဖြစ်နိုင်သည်ဟု သူခံစားခဲ့ရသည်။

၀မ်လင်းသည် ၀မ်ကျန်း၏ အတွေးများကို ရှင်းရှင်းလင်းလင်း ကြားနေခဲ့သည်။

စင်စစ် ၀မ်ကျန်းသည် စိတ်ဓာတ်ကြံ့ခိုင်သော လူတစ်ယောက်ဟု ဆိုရမည်။

၄င်းသည် ငယ်ရွယ်စဥ်ကတည်းကပင် ပြင်းထန်သော

ကျင့်ကြံမှုများကို ကြံ့ကြံ့ခံခဲ့ပြီး ကြီးပြင်းလာခဲ့သူ ဖြစ်သည်။

၀မ်ကျန်း မိဘများ၏ လေ့ကျင့်ပေးမှုများသည် သာမန်လူများသာ ဆိုလျှင် အသက်ဆုံးရှုံးနိုင်ခြေ အလွန်မြင့်မားသည်။

၀မ်လင်းသည် အိမ်တွင်ဖြစ်စေ၊ ကျောင်းတွင်ဖြစ်စေ၊ အကြမ်းဖက်မှုများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူတစ်ဦး ဖြစ်သည်။

အသံတိတ်နေထိုင်ခြင်းသည် ကျောင်းတွင် အသုံးများဆုံးနှင့် လျစ်လျူရှုရ အလွယ်ဆုံးသော နည်းလမ်း ဖြစ်သည်။

အထီးကျန်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုအတွက် ကောင်းမွန်ခြင်းမရှိသော်လည်း မိဘများစွာသည် အလေးအနက် မထားကြသည်မှာ ထင်ရှား၏။

ကျောင်းတိုင်း သို့မဟုတ် အတန်းတိုင်းတွင် အပယ်ခံ ကျောင်းသားတစ်ဦးစီ ရှိတတ်ကြသည်။

လူတိုင်းသည် ငယ်ရွယ်စဥ်က မသိနားမလည်ဘဲ အတန်းဖော် တချို့ကို အနိုင်ကျင့်မိခဲ့ကြပြီး ထိုအတန်းဖော်များကို တောင်းပန်ရန်အတွက် အကြွေးတင်နေတတ်ကြသည်။

သို့သော်လည်း သင့်အနေဖြင့် ထိုကိစ္စကို အစဥ်အမြဲတွေးကာ စိတ်သောကရောက်နေစရာ မလိုအပ်ပေ။

သင်၏အမှားကို သိနေသ၍ သင့်ပတ်၀န်းကျင်ရှိ သူငယ်ချင်းများ၊ ဆွေမျိုးများနှင့် သင့်အနာဂတ် ကလေးများကို အတတ်နိုင်ဆုံးကြင်နာစွာ ဆက်ဆံရမည် ဖြစ်သည်။

တကယ်တမ်းတွင် ၀မ်လင်းကိုယ်တိုင်က လူအများ သူ့အားရှောင်ဖယ်ခြင်းအား နှစ်သက်သောသူ တစ်ယောက် ဖြစ်သည်။

ယင်းက အနည်းဆုံးတော့ ခေါင်းကိုက်သက်သာစေမည် မဟုတ်ပါလား။

သို့ရာတွင် သူငယ်စဥ်ကတည်းက လူတိုင်း၏ အကြည့်များသည် သူနှင့် ဝေးကွာမသွားခဲ့ပေ။

အကြောင်းရင်းမှာ သူငယ်ရွယ်စဥ်က သူ၏ ထိန်းချုပ်နိုင်စွမ်းသည် တည်ငြိမ်မှု မရှိသေးသောကြောင့်ပင်။

၀မ်လင်းက သူ၏အတွေးများကို ပြန်လည်စုစည်းလိုက်သောအခါတွင် ဒုတိယစစ်ဆေးရေးဂိတ်သို့ ရောက်ရှိနေပြီမှန်း သိလိုက်ရသည်။

ဒုတိယစစ်ဆေးရေးဂိတ်၏ စစ်ဆေးရေးမှူးမှာ မြွေသားရေအင်္ကျီကို ၀တ်ဆင်ထားသည့်အရပ်ရှည်ရှည် လူငယ်တစ်ဦးဖြစ်သည်။

ထိုလူငယ်က ကျစ်ဆံမြီး အချောင်းလေးများ အချောင်းချောင်း ချထားသည့် ဆံပင်ပုံစံနှင့်ဖြစ်ပြီး နေကာမျက်မှန်ကို ၀တ်ဆင်ထားသည်။

ထို့အပြင် လည်ပင်းတစ်၀ိုက်တွင် ရွှေရောင်ဆွဲကြိုးကြီးများက လှုပ်လှုပ်ခတ်ခတ် ဖြစ်နေ၍ ရက်ပ်ပါတစ်ယောက် ဖြစ်သည်မှာ ထင်ရှားနေသည်။

ရက်ပ်သည် ဂီတအမျိုးအစားတစ်ခု ဖြစ်သည်။

သို့သော်လည်း ၀မ်လင်းတွင် သွက်လက်သောလျှာ မရှိသဖြင့် အစကတည်းကပင် ဖရီးစတိုင် ရက်ပ်ရွတ်သည်ကို စိတ်၀င်စားမှု လုံး၀မရှိခဲ့ပေ။

ဟွာရှို့နိုင်ငံတွင် ရက်ပ်ရှိုးပွဲများသည် လူကြိုက်များသည်။

အခြားလူများ၏ ဘ၀များကို လှောင်ပြောင်စပ်ဆိုသော သီချင်းစာသားများကို ဖန်တီးခြင်းဖြင့် ပရိသတ်များကို ဆွဲဆောင်လေ့ရှိသည့် ရက်ပ်ပါများအကြောင်းကို သူ၏အတန်းဖော်နှင့် သူ့ပတ်၀န်းကျင်ရှိ အတန်းဖော်များသည် ဆွေးနွေးကြလေ့ရှိသည်။

၀မ်လင်း တစ်ယောက်တည်းသာလျှင် ရက်ပ်ပါများနှင့် ပတ်သက်၍ စိတ်၀င်စားမှုမရှိခြင်း ဖြစ်သည်။

သူရှေ့မှ မြွေသားရေအင်္ကျီ ၀တ်ဆင်ထားသည့် ရက်ပ်ပါကို ကြည့်ရင်း ၀မ်လင်းသည် ထိုရက်ပ်ပါကို ညီနောင်မြွေသားရေဟု အမည်မေးလိုက်သည်။

ညီနောင်မြွေသားရေက ရက်ပ်ပါတစ်ဦး ဖြစ်သောကြောင့် ၀မ်လင်း ပထမဆုံးတွေးမိခဲ့သည့် အတွေးမှာ တစ်ဖက်လူက သူ့ကို ရုပ်ပိုင်းဆိုင်ရာ နည်းစနစ်နှင့် အသံလှိုင်းဆိုင်ရာ နည်းစနစ်ကို ပေါင်းစပ်တိုက်ခိုက်နိုင်သည် ဟူသော အတွေးဖြစ်သည်။

အဆင့်မြင့်အသံလှိုင်း မှော်နည်းစနစ်များသည် လူတော်တော်များများ ထင်ထားသလို ကျယ်လောင်စွာ အော်ဟစ်နေရန် မလိုအပ်ပေ။

တကယ်တမ်းတွင် အဆင့်မြင့်အသံလှိုင်း မှော်နည်းစနစ်တော်တော်များများသည် ဆူညံခြင်း မရှိကြပေ။

ခပ်တိုးတိုရေရွတ်ရုံဖြင့်ပင် လူကိုသေစေနိုင်မည် ဖြစ်သည်။

အဆင့်မြင့်အသံလှိုင်း မှော်နည်းစနစ်များသည် အနိမ့်သံဖြင့် သီဆိုလိုက်သောအခါတွင် တစ်ဖက်လူကို ကယောင်ခြောက်ခြားများပင် ဖြစ်စေနိုင်သည်။

ထိုအချိန်ကို အလစ်အငိုက်ဖမ်း၍ ရုပ်ပိုင်းဆိုင်ရာ နည်းစနစ်ကို အသုံးပြုလိုက်လျှင် အာရုံထွေပြားနေသော ပြိုင်ဘက်သည် အပြင်းအထန် ထ်ိုးနှက်ခံရလိမ့်မည် မဟုတ်ပါလား။

ပြိုင်ဘက်၏ အရေးကြီးသော အစိတ်အပိုင်းများကို ထိထိမိမိ တုံ့ပြန်နိုင်ခဲ့လျှင် ပြိုင်ဘက်သည် မြေပြင်ပေါ်သို့ လဲကျသွားလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ဤစစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ရန် အဓိကသော့ချက်မှာ အသံလှိုင်းမှော်စွမ်းရည်၏ သက်ရောက်မှုကို မခံရရန်အတွက် အထက်တန်းကျောင်းတွင် သင်ကြားခဲ့သည့် အပ်စိုက်နည်းစနစ်ဖြင့် သူ၏နားကို စည်းခတ်ထားရန် ဖြစ်သည်။

တကယ်တမ်းတွင် သူ၏နားကို စည်းမခတ်လျှင်ပင် အသံလှိုင်းက သူ့အပေါ် သက်ရောက်မှု ရှိနိုင်မည် မဟုတ်ပေ။

သို့သော်လည်း သူ့အနေဖြင့် ဟန်ပြသရုပ်ပြမှုကို လုပ်ဆောင်ရပေမည် မဟုတ်လော။

၀မ်လင်းက သူ၏သရုပ်ဆောင်ချက် အတော်လေး ကောင်းမွန်နေသည်ဟု တွေးနေချိန်မှာပင် သူ၏အရှေ့ရှိ ​ညီနောင် မြွေသားရေ၏ အင်္ကျီလက်အိုးထဲကနေ လျှို့၀ှက်လက်နက်ပုန်း အများအပြားသည် ရုတ်တရက် ပျံသန်းထွက်လာခဲ့သည်။

၀မ်လင်း " ? ? ? "

ထိုခဏတွင် ၀မ်လင်း၏ နှလုံးသားသည် တုန်လှုပ်သွားခဲ့သည်။

စင်စစ် လျှို့၀ှက်လက်နက်ပုန်းများသည် သူ့အတွက် ကြီးမားသော ကိစ္စတရပ် မဟုတ်ပေ။

ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက််မှုများတွင် လျှိ့၀ှက်လက်နက်ပုံးများကို တွဲဖက် အသုံးပြုလေ့ ရှိကြသည်။

ထိုသို့သော တိုက်ခိုက်ခြင်းသည် ပုံမှန်ဖြစ်ရပ် တစ်ခုသာ ဖြစ်၏။

ထို့ကြောင့် ၀မ်လင်းသည် ညီနောင်မြွေသားရေ၏ အပြုအမူကို နားလည်ခဲ့သည်။

သို့ရာတွင် ၀မ်လင်းသည် သူ့ဆီသို့ ပျံသန်းလာသော လျှို့၀ှက်လက်နက်ပုန်းများကို မှုန်ကုတ်ကုတ်အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုလျှို့၀ှက်လက်နက်ပုန်းများသည် ဖက်ထုပ်အရေခွံများ ဖြစ်နေခြင်းကြောင့်ပင်။

အပိုင်း(၁၁၂၁) ပြီး၏

All Chapters