← Chapters

ဝတ္ထုအတွက် ကုန်ကြမ်းကို လိုက်ဖက်အောင် စီစဥ်သော ဖေဖေဝမ်

Vol. 75 Ch. 1124

ဝတ္ထုအတွက် ကုန်ကြမ်းကို လိုက်ဖက်အောင် စီစဥ်သော ဖေဖေဝမ်

Vol. 75 Ch. 1124

ပြိုင်ပွဲသည်ကနဦးတွင် ခရိုင်အဆင့်ပြိုင်ပွဲသာ ဖြစ်သော် လည်း အမျိုးသားအဆင့်ပြိုင်ပွဲအဖြစ် ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့သည်။

ဤပြိုင်ပွဲတွင် အမှတ် ၆၀ အထက်တန်းကျောင်းသာ မြင့်မားသောအဆင့်၌ ရပ်တည်ခဲ့လျှင် ၀မ်လင်းအနေဖြင့် မည်မျှပင် သိုသိုသိပ်သိပ်နေပါစေ၊ လူအများအား သတိမပြုမိစေဘဲ နေနိုင်တော့မည် မဟုတ်ပေ။

အဖြစ်အပျက်များသည် ဖေဖေ၀မ်နှင့် မေမေ၀မ်တို့ ချမှတ်ထားသော စည်းမျဥ်းများနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လာပုံရသည်။

ဗုဒ္ဓဟူးနေ့ နိုင်၀င်ဘာလ ၁၂ရက်

ထိုညတွင် ၀မ်လင်း၏မိဘများသည် ပြိုင်ပွဲအတွက်အကြောင်းကြားစာနှင့် လက်မှတ်နှစ်စောင်ကို ရရှိခဲ့သည်။

အမျိုးသားအဆင့်ပြိုင်ပွဲ ဖြစ်လာပြီးနောက်တွင် စုန့်ဟိုင်မြို့ရှိ ပညာရေးကော်မတီသည် ပြိုင်ပွဲကိုတိုက်ရိုက်ကြည့်ရှုရန် စုန့်ဟိုင်မြို့မှ ပြိုင်ပွဲ၀င်များ၏ မိဘအားလုံးအတွက် ကြိုတင်ဘိုကင်လုပ်ပေးရန် ဆုံးဖြတ်ခဲ့သည်။

ဖေဖေ၀မ်နှင့်မေမေ၀မ်က ဖိတ်ကြားခံခဲ့ရသော်လည်း ၀မ်လင်းအလယ်တန်းကျောင်း တက်စဥ်ကတည်းကပင် ၄င်းတို့သည် မိဘဆရာ အစည်းအဝေးသို့ တစ်ခါမှ မတက်ဘဲ အခြားတစ်ယောက်ကသာ အစားထိုးတက်ပေးခဲ့ရသည်။

ဥပမာအားဖြင့် ၀မ်လင်းသည် ပထမနှစ်၀က်တွင် မိဘဆရာအစည်းအဝေးသို့ တက်ရောက်ရန် ဗုံးပစ်စီနီယာ အင်မော်တယ်ကို အကူအညီတောင်းခဲ့ရသည်။

ထို့ကြောင့် ဖေဖေ၀မ်နှင့်မေမေ၀မ်က သွားလိမ့်မည်ဟု ၀မ်လင်း မထင်ခဲ့ပေ။

"အင်း....ဒီတစ်ခေါက်က ပြိုင်ပွဲကြီးဆိုတော့ လက်မှတ်တွေပါ ပို့ပေးလိုက်တဲ့ပုံပဲ "

ဖေဖေ၀မ်က အကြောင်းကြားစာ တစ်စောင်နဲ့ လက်မှတ်နှစ်စောင်ကို လက်ခံရရှိသောအခါတွင် အတွေးထဲ၌ ချက်ခြင်းဆိုသလို ပျောက်ဆုံးသွားခဲ့သည်။

ကျောင်းက လက်မှတ်ပို့ထားပြီးပြီ ဖြစ်၍ သွားမသွားဆိုသည်မှာ မိဘများအပေါ်တွင်သာ မူတည်တော့သည်။

ဤကိစ္စကို မည်သူကမှ အထူးတလည် ကြီးကြပ်မည် မဟုတ်သလို မိဘများ တက်မတက်ကို စစ်ဆေးမည့် ဆရာများလည်း ရှိမည်မဟုတ်ချေ။

ပြဿနာမှာ ဖေဖေ၀မ်အနေဖြင့် ဤပြိုင်ပွဲသည် သူတို့ဇနီးမောင်နှံ လုပ်ဆောင်နေသော ကိုယ်၀န်ဆောင် လေ့ကျင့်ခန်းအား ထိခိုက်စေသည်ဟု ခံစားမိနေခြင်း ဖြစ်သည်။

ဖေဖေ၀မ်နှင့်မေမေ၀မ်တို့သည် ဤကာလအတွင်း ကိုယ်၀န်ဆောင် လေ့ကျင့်ခန်းများကို ဂရုတစိုက် လုပ်ဆောင်ခဲ့ကြသည်။

ဖေဖေ၀မ်နှင့်မေမေ၀မ်သည် ၀မ်နွမ်လေး စိတ်တည်ငြိမ်

မှုရှိစေရန် ရည်ရွယ်ချက်ဖြင့် ကျင့်ကြံခြင်းသမိုင်းဆိုင်ရာ ယဥ်ကျေးမှုပြတိုက်အမျိုးမျိုးသို့ သွားရောက် လည်ပတ်ခဲ့ကြသည်။

ယေဘုယျအားဖြင့် ပြောရလျှင် မိန်းကလေးများသည် ယောကျ်ားလေးများထက် ပို၍ အိန္ဒြေကြီးတတ်သည်။

ဖေဖေ၀မ်က ကိုယ်၀န်ဆောင်ချိန် တရားထိုင်ခြင်း ကဲ့သို့ လေ့ကျင့်ခန်းမျိုး သည်လည်း အလွန်အရေးကြီးသည်ဟု ခံစားမိခဲ့သည်။

ဖေဖေ၀မ်က အကြောင်းကြားစာနှင့် လက်မှတ်များကို စိုက်ကြည့်ရင်း တစ်ခဏမျှ စဥ်းစားခန်း၀င်ပြီးမှ အဆုံးသတ်တွင် ငြင်းပယ်ရန် ဆုံးဖြတ်လိုက်သည်။

"ငါတို့ကိုယ်စား လဲ့လေးကို လွှတ်လိုက်ရင် ဘယ်လိုသဘောရလဲ"

၀မ်လင်း "........."

ဖေဖေ၀မ်က ထိုသို့ဖြေမည်မှန်း ၀မ်လင်း ကြိုတင်မှန်းဆမိခဲ့သည်။

"မင်းက အခုအချိန်မှာ အေးတိအေးစက်နဲ့ စကားပြောရတာ မနှစ်သက်ပေမဲ့ မင်းမွေးတုန်းကတော့ အတော်လေးကြမ်းတယ်.. ဒီလိုဖြစ်ရတာ မင်းမမွေးခင်တုန်းက ငါတို့တွေ ကိုယ်၀န်ဆောင်လေ့ကျင့်ခန်း ​စနစ်တကျ မလုပ်ခဲ့တာကြောင့်လားလို့ မင်းအမေနဲ့ငါ အမြဲတွေးမိခဲ့တယ်.. ဒါကြောင့် မင်းအမေနဲ့ ငါက မင်းညီမကို မင်းလို မဖြစ်စေဖို့အတွက် ယဥ်ကျေးမှုနဲ့ အနုပညာပြတိုက်တွေကို သွားရောက်လည်ပတ်ခဲ့တာပဲ.. ဒီလိုလုပ်ခြင်းအားဖြင့် မင်းရဲ့ညီမလေးက အနည်းငယ်ပိုပြီး တည်ငြိမ်လာမယ်လို့ ငါတို့ မျှော်လင့်ထားတယ်"

ဖေဖေ၀မ်က ဆိုလိုက်သည်။

"ပြောရရင် ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ်တဲ့ ပြိုင်ပွဲက ကိုယ်၀န်ဆောင်လေ့ကျင့်ခန်း အတွက် ကောင်းမွန်ပုံမပေါ်ဘူး.. ဒီပြိုင်ပွဲရဲ့အကြမ်းဖက်မှုတွေက မင်းညီမလေးအပေါ်မှာ လွှမ်းမိုးသွားရင် ဘယ်လိုလုပ်မလဲ.. မင်းအမေနဲ့ငါက မင်းလို မဖြစ်စေချင်ဘူးလေ"

ထိုစကားက ၀မ်လင်းကို မှင်တက်သွားစေခဲ့သည်။

"........"

[မင်းလို မဖြစ်ချင်ဘူးဆိုတဲ့စကားက ဘာအဓိပ္ပါယ်လဲ.. သူက မွေးကတည်းက လိမ်လိမ်မာမာ မနေခဲ့လို့လား]

အရေးကြီးဆုံးသောအချက်မှာ ဝမ်လင်းသည် ကိုယ်၀န်ဆောင်လေ့ကျင့်ခန်းက သူ့ညီမလေး၏ ခွန်အားကို ဟန့်တားနိုင်မည်ဟု မထင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ၀မ်နွမ်၏ အရိပ်တာအို စွမ်းအားသည် နွေရာသီအားလပ်ရက်တွင် ၀မ်လင်းကို ဒုက္ခများစွာ ပေးခဲ့ပြီးပြီ ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် ၀မ်လင်းသည် ၀မ်နွမ် မည်ကဲ့သို့ ဖြစ်လာမည်ကို သိနှင့်ထားခဲ့ပြီ ဖြစ်၏။

ကြောက်မက်ဖွယ်ကောင်းသော အရိပ်တာအို စွမ်းအားကြောင့် သူ၏ချစ်စရာကောင်းသော ညီမလေးက မမွေးဖွားရသေးသော်လည်း အမွှေဇယားလေး ဖြစ်လာမည်မှာ သေချာသလောက်ပင်။

ဖေဖေ၀မ်က တက်ရောက်ဖို့ အစီအစဥ်မရှိသည်ကို မြင်လျှင် ၀မ်လင်းသည် လက်မှတ်များကို ပြန်ယူလိုက်ပြီး အကြောင်းကြားစာတွင် လက်မှတ်ထိုးခိုင်းလိုက်သည်။

ရိုးသားစွာ၀န်ခံရလျှင် ၀မ်လင်းသည် ဖေဖေ၀မ် နှင့် မေမေ၀မ်တို့ မတက်ရောက်သဖြင့် အလွန်ပင် စိတ်သက်သာရာ ရသွားခဲ့သည်။

အကြောင်းရင်းမှာ ပြိုင်ပွဲအတွင်း သူ၏စွမ်းဆောင်ရည်ကို သူ့မိဘများ ကြည့်ရှုနေသည် ဟူသော ခံစားချက်သည် တွေးကြည့်ရုံဖြင့်ပင် သူ့ကို တုန်လှုပ်စေမည် ဖြစ်သောကြောင့်ပင်။

ထိုနေ့ညတွင် မေမေ၀မ်သည် အသားရေလှစေသည့် မျက်နှာဖုံးကို မျက်နှာတွင် ကပ်ထားစဥ် ပြိုင်ပွဲအကြောင်းကို ဖေဖေ၀မ်နှင့် ဆွေးနွေးခဲ့သည်။

ဖေဖေဝမ် "မင်းတကယ်ပဲ ငါ့ကိုသွားကြည့်စေချင်တာလား"

မေမေဝမ် "အဲဒီနေ့ကျရင် ကျွန်မက သူငယ်ချင်းတချို့နှင့် ချိန်းတွေ့ဖို့ စီစဥ်ထားတယ်ဆိုတော့ မလိုက်ဖြစ်တော့ဘူး.. ရှင် ကျွန်မကို ဘာမှစိတ်ပူနေစရာမလိုဘူး.. သူတို့က ကျွန်မကို အမြဲတမ်းလိုလို ကောင်းကောင်းမွန်မွန် ဂရုစိုက်ကြတယ်"

ဖေဖေ၀မ်က သတင်းစာကို ဘေးတွင်ချလိုက်ပြီးမေမေ၀မ် ပြောဆိုသည်ကို နားထောင်ကာ ခါးကို မတ်လိုက်သည်။

"ဒီလို ပြိုင်ပွဲက ရှားပါးပြိုင်ပွဲတစ်ခုပဲ.. လင်းလင်းက အချိန်တိုင်းမှာ သိုသိုသိပ်သိပ် နေတတ်ပေမဲ့ သူ့ဆရာက သူ့ကို ရွေးချယ်ထားတယ်ဆိုမှတော့ သူ့ကို အမှန်တကယ် သဘောကျနေတယ်ဆိုတာ သက်သေပြနေတာပဲ.. ပြိုင်ပွဲကို ရှင်သွားကြည့်သင့်တယ်လို့ ကျွန်မထင်တယ်.. ပုံမှန်အားဖြင့်တော့ ရှင်တို့သားအဖတွေက တစ်ယောက်နဲ့တစ်ယောက်စကားပြောဖြစ်ဖို့ ခဲယဥ်းကြတယ်.. ဒါက တကယ်တော့ အရမ်းကောင်းမွန်တဲ့ အခွင့်အရေးပဲ ပြိုင်ပွဲအတွင်း လင်းလင်းရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ရှုတာက ရှင်တို့သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမှာ ဖြစ်တယ်"

"ဒါပေမဲ့ လင်းလင်းက လက်မှတ်တွေ ပြန်ယူသွားပြီမဟုတ်လား"

ထိုစကားကို ကြားလျှင် မေမေ၀မ်က ရယ်မောပြီး အံဆွဲကိုဖွင့်ကာ လက်မှတ်ကို ဆွဲထုတ်လိုက်သည်။

"ကျွန်မ လက်မှတ်တွေကို လင်းလင်းဆီကနေ ပြန်ယူထားခဲ့တယ်"

"........."

ဖေဖေ၀မ်က မေမေ၀မ်ထံကနေ လက်မှတ်များကို လှမ်းယူလိုက်သည်။

"မိန်းမ.. မင်းအတော်လျှင်တာပဲ"

"ဒါက ရှင့်အတွက်ပဲလေ"

မေမေ၀မ်က ပြုံး၍ ပြောလိုက်သည်။

တကယ်တမ်းတွင် ဖေဖေ၀မ်သည် အမျိုးသားအဆင့် ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ်သည့် ပြိုင်ပွဲကို သွား ရောက် ကြည့်ရှုချင်ခဲ့သည်။

မေမေ၀မ် ပြောခဲ့သလိုပင်၊ ဖေဖေ၀မ်သည် ၀မ်လင်း၏ စွမ်းဆောင်ရည်ကို မြင်ချင်ခဲ့သည်။

ထို့အပြင် ပြိုင်ပွဲကိုသွားရောက်ကြည့်ရှုခြင်းသည် သူ၏ ၀တ္ထုအတွက် ကုန်ကြမ်းစုဆောင်းခြင်း ဆိုလည်းမမှားပေ။

ဆိုရလျှင် ဖေဖေ၀မ်ထံ၌ ခန္ဓာကိုယ်နည်းစနစ်နှင့် ပတ်သက်သည့် ဗဟုသုတ အရင်းအမြစ် များစွာမရှိပေ။

ယခုတစ်ကြိမ် အမျိုးသားအဆင့်ပြိုင်ပွဲတွင် အထက်တန်းကျောင်း 102 ကျောင်း ပါ၀င်ယှဥ်ပြိုင်မည် ဖြစ်ရာ ဖေဖေ၀မ်သည် ရတနာသိုက်ကို ရရှိသကဲ့သို့ စိတ်လှုပ်ရှား ရင်ခုန်နေခဲ့သည်။

ဖေဖေ၀မ်၏ အလုပ်သည် သူ့ပတ်၀န်းကျင်ရှိ လူများနှင့် လူအဖွဲ့အစည်းဆိုင်ရာ သတင်းများကို စုဆောင်းပြီး သူ၏၀တ္ထုများတွင် ပေါင်းစည်းရန် ဖြစ်သည် မဟုတ်ပါလော။

ဥပမာအားဖြင့် ဖေဖေ၀မ်သည် အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်သူနှင့် သစ်သီးတောင်သူကြားတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စတစ်ခုကို အနည်းငယ် ပြုပြင်ပြောင်းလဲကာ သူ၏ ဇာတ်လမ်းတွင် ယမန်နေ့က ထည့်သွင်းခဲ့သည်။

အွန်လိုင်းမှရောင်းချသည့် သစ်သီးဆိုင်ရှင်သည် ၄၅၀၀ ဂရမ်ကို 26 HNY ဖြင့် ရောင်းချရာတွင် ၄၅၀၀ ဂျင်ဟု မှားယွင်းရေးသားမိခဲ့သည်။

၁ ဂျင်တွင် ၅၀၀ ဂရမ်ရှိရာ ၄၅၀၀ ဂျင်သည် ၂၂၅၀

ကီလိုဂရမ် ပမာဏအထိ ဖြစ်သွားခဲ့၍ သစ်သီးတောင်သူအနေဖြင့် စျေးချပြီး ရောင်းလိုက်သလို ဖြစ်သွားခဲ့သည်။

ထိုအကြောင်းအရာကို ဖေဖေ၀မ်သည် ၀တ္ထုနှင့် လိုက်လျောညီထွေးမှုဖြစ်စေရန် အကျိုးအကြောင်း ဆီလျော်မှုရှိမရှိ ဦးစွာ စစ်ဆေးဆုံးဖြတ်ခဲ့သည်။

စာရေးဆရာတစ်ဦးအနေဖြင့် သူ၏ကျင့်ကြံခြင်း၀တ္ထုတွင် အနည်းငယ်မျှ အလှည့်အပြောင်း လုပ်ထားမည်မှာ မလွဲဧကန်ပင်။

ထို့ကြောင့် ဖေဖေ၀မ်သည် ဤဖြစ်ရပ်ကို သူ၏ ကိုယ်ပိုင်ဇာတ်လမ်းအတွက် ပြန်လည်ပြင်ဆင်ခဲ့သည်။

အပိုင်း(၁၁၂၄) ပြီး၏

All Chapters