← Chapters

ဖေဖေဝမ်၏ စိတ်ကူးစိတ်သန်း

Vol. 75 Ch. 1125

ဖေဖေဝမ်၏ စိတ်ကူးစိတ်သန်း

Vol. 75 Ch. 1125

ထိုညနေခင်းတွင် ဖေဖေ၀မ်သည် သူ၏ အယ်ဒီတာ လဲ့မုန့်မုန့်နှင့် ပုံမှန်အတိုင်းတွေ့ဆုံခဲ့ပြီး နောက်ထပ်ဇာတ်ကောင်အတွက် မည်ကဲ့သို့ ဆက်တင် ချရမည်ကို ဆွေးနွေးခဲ့ကြသည်။

သူ၏ ၀တ္ထုထဲတွင် ဗီလိန်ဖြစ်စေ၊ ဇာတ်ဆောင်ဖြစ်စေ၊ တစ်ဦးချင်းစီ၌ အံ့သြစရာကောင်းသည့် ဇာတ်လမ်းနှင့် ဇာတ်ကောင်ပုံစံများ ရှိကြသည်။

ထို့ကြောင့် ဇာတ်လမ်းတစ်ခုလုံးတွင် ဇာတ်ကောင်များကို နေရာချရန်မှာ အလွန်ပင် အရေးကြီး၏။

ထိုနေ့ညနေတွင် သူတို့နှစ်ဦးသည် ဗီဒီယိုကောလ်ဖြင့် ဆွေးနွေးခဲ့ကြသည်။

လဲ့မုန့်မုန့်သည် ယခုအခါတွင် ဖေဖေ၀မ်၏ စာမူကို စစ်ဆေးပေးရသည့် တာ၀န်ကိုပါ ယူထားရ၏။

ဆိုရလျှင် ကျင့်ကြံခြင်း ၀က်ဘ်ဆိုက်သည် မကြာသေးမီကစပြီး ၄င်းတို့၀က်ဘ်ဆိုက်တွင် တင်သည့် ၀တ္ထုများကို အယ်ဒီတာများအား တင်းကြပ်စွာ စစ်ဆေးခိုင်းခြင်းများ ပြုလုပ်ခိုင်းခဲ့သည်။

အစစ်ဆေး မခံနိုင်သော စာရေးဆရာများသည် ၀က်ဘ်ဆိုက်မှ ဘန်းခံရမည် ဖြစ်၏။

ယင်းက အနည်းငယ်ရက်စက်သည်ဟု ထင်ရသော်လည်း တကယ့်လက်တွေ့ အရှိတရား ဖြစ်သည်။

ဆိုရလျှင် ကျင့်ကြံခြင်း၀က်ဘ်ဆိုက်၏ အယ်ဒီတာ့အာဘော် ဌာနတစ်ခုလုံးသည် တားမြစ်ပိတ်ပင်ထားသော ပြဿနာများနှင့် မပတ်သက်မိစေရန် မကြာသေးမီကစပြီး အချိန်ပိုယူကာ တင်းကျပ်သော စစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြသည်။

အသေးအမွှားချိုးဖောက်မှုများအတွက်မူ အခန်းများ သို့ မဟုတ် အဓိကစကားလုံးများကို ဆင်ဆာဖြတ်ခြင်းဖြင့် လုံလောက်သော်လည်း ကြီးလေးသော လူမှုစံနှုန်း ချိုးဖျက်မှုများဆိုလျှင်မူ စာအုပ်တစ်အုပ်လုံးကိုပင် ဖြုတ်ချပစ်လိုက်နိုင်၏။

ထို့ထက်ပို၍ ဆိုးရွားခဲ့လျှင် စာရေးသူ၏ ကလောင်အမည်ကိုပင် ပိတ်ပင်ထားနိုင်ပေသည်။

လဲ့မုန့်မုန့်သည် ဖေဖေ၀မ်၏ ဇာတ်ကောင်အသစ်ကို

ခွဲခြမ်းစိတ်ဖြာရန် အချိန်အနည်းငယ်မယူမီ ယနေ့အတွင်း အကြမ်းဖျင်းအားဖြင့် စာအုပ် ထောင်ပေါင်းများစွာကို စစ်ဆေးခဲ့သည်။

"မင်းက အချိန်တွေကို အလဟဿ မဖြုန်းတီးဘဲ သတင်းတွေလည်း ဖတ်သားပဲ.. မထင်မှတ်ဘဲ တိုက်ရိုက်ထုတ်လွှင့်သူက မယုံကြည်နိုင်သေးဘဲ သစ်သီးတောင်သူက သူ့ကိုယ်သူ စိတ်ကြီး၀င်နေတယ်လို့ ပြောနေသေးတယ်"

"တိုက်ရိုက်ထုတ်လွှင့်သူရဲ့စကားက ဘာမှယုံချင်စရာမရှိပါဘူး တကယ်တော့ ဒီသစ်သီးတောင်သူက ဆင်းရဲသား ကူညီထောက်ပံ့ရေး စီမံကိန်းမှာ ပါ၀င်တဲ့ ဆင်းရဲသား တစ်ယောက်ပဲ. သူ့ရဲ့မွေးရပ်မြေကနေ သူ့ကို ဆင်းရဲတွင်းကနေ ကယ်တင်ဖို့အတွက် အွန်လိုင်းစတိုးကို ဖွင့်ဖို့ ကူညီပေးခဲ့တယ်.. ဒါပေမဲ့ နောက်တစ်နေ့မှာပဲ တိုင်ကြားစာတွေကို ၀က်ဘ်ဆိုက်က ရရှိခဲ့တဲ့အတွက် သူ့ရဲ့အွန်လိုင်းစတိုးကို ပိတ်ပစ်လိုက်တယ်.. ဒီသတင်းကြောင့် သူတို့ရွာရဲ့ ရွာသူကြီးတောင် အံ့သြတုန်လှုပ်သွားတယ်လို့ ကြားလိုက်ရတယ်"

လဲ့မုန့်မုန့်က အံ့အားသင့်သွားခဲ့သည်။

"၀တ္ထုအတွက် ဒီမရိုးသားတဲ့ တိုက်ရိုက်ထုတ်လွှင့်သူကို အာရုံစိုက်တာက ပိုကောင်းမယ်လို့ ငါထင်တယ်"

ဖေဖေ၀မ်"၀တ္ထုထဲမှာ ထည့်သုံးမဲ့ သူ့ရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး ငါစိတ်ကူးထားပြီးသားပါ.. ဇာတ်လိုက်က လူအများကို လှည့်စားတတ်တဲ့ သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အထူးစွမ်းရည်ကတော့ လိမ်လည်လှည့်ဖြားတဲ့စွမ်းရည်ပဲ"

လဲ့မုန့်မုန့်"ဆက်ပြောပါ"

"ဒီစွမ်းရည်ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မပြောသေးဘူး.. ဒါပေမဲ့ အဓိကအချက်ကတော့ လိမ်လည်လှည့်ဖြားတဲ့ စွမ်းရည်ပဲ.. ဗီလိန်အသစ်ရဲ့ ကုဒ်အမည်က လုရမ်လို့ ငါပေးထားတယ်.. သူက ၀တ္ထုထဲမှာ ငါအရင်က ရေးသားခဲ့ဖူးတဲ့ အဖိုးလုနဲ့ ဆက်စပ်မှုရှိတယ်.. ပြောရရင် သူက အဖိုးလုရဲ့ မြေးတစ်ယောက်ပဲ.. သူက အင်တာနက်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး ကူပွန်အတုတွေကို မျှဝေတဲ့စနစ်ကို အဖိုးလုဆီကနေ အမွေဆက်ခံရရှိခဲ့တယ်.. ဒီကူပွန်အတုစနစ်

က လူတွေရဲ့ အတွင်းစိတ် လောဘဇောကို အခွင့်ကောင်းယူထားတဲ့ စနစ်တစ်ခုပဲ.. ဒီစနစ်က သေးငယ်တဲ့ အမြတ်အစွန်းတွေကို အသုံးချပြီး ကျင့်ကြံသူတွေကို ကလစ်နှိပ်ဖို့အတွက် ဆွဲဆောင်တဲ့စနစ်ပဲ.. ကျင့်ကြံသူတွေက ကလစ်ကို နှိပ်နေသ၍ သူတို့ရဲ့ကျင့်ကြံမှု တစ်စိတ်တစ်ပိုင်းကို လုယက်သွားမှာ ဖြစ်တယ်"

"ဒီစနစ်က ကြောက်စရာမကောင်းလွန်းဘူးလား"

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ဇာတ်ကောင်က အနိုင်မခံအရှုံးမပေးတဲ့ဇာတ်ကောင်ပဲ.. ဒီအခြေအနေတွေကို ပြုပြင်ဖို့အတွက် သူ့မှာ အမြဲတမ်းနည်းလမ်း ရှိလိမ့်မယ်.. ကျင့်ကြံသူတွေက ကူပွန်လင့်ခ်တွေကို နှိပ်လိုက်တဲ့အခါ ကျင့်ကြံမှုတွေအလိုအလျောက် ဆုတ်ယုတ်သွားမှာ ဖြစ်ပေမဲ့ အဲဒီကူပွန်လင့်ခ်တွေကို ထပ်ဆင့်မျှဝေမယ် ဆိုရင်တော့ သူတို့ရဲ့ကျင့်ကြံမှုတွေက သူတို့ဆီကို ပြန်လည်ရောက်ရှိလာမှာဖြစ်တယ်.. ဒါ့အပြင် များများ မျှဝေလေ၊ သူတို့ရဲ့ကျင့်ကြံမှုတွေက ပိုပြီးတိုးတက်လာလေပဲ.. ဒါပေမဲ့လည်း တစ်ချိန်တည်းမှာ ဒီကူပွန်အတုတွေက ကမ္ဘအနှံ့ကို ပျံ့နှံ့သွားပြီး ကြီးမားတဲ့ အကျပ်အတည်းကို ဖြစ်လာစေလိမ့်မယ်"

"........"

ထိုစကားကိုကြားလျှင် လဲ့မုန့်မုန့်သည် အသက်ကို ခပ်ပြင်းပြင်းမရှုဘဲ မနေနိုင်တော့ပေ။

ယင်းက အထူးသဖြင့် နှစ်စဥ်နှစ်တိုင်း ကျင်းပသော ပွဲတော်ရက်များတွင် ပရိုမိုးရှင်း ကူပွန်လင့်ခ်များဖြင့် လွှမ်းခြုံသွားသည်ကိုပင် ရုတ်တရက် အမှတ်ရစေသည်။

ကြောက်စရာအကောင်းဆုံးအရာမှာ လင့်ခ်တွေကို ကလစ်ခ်နှိပ်ပြီး ကူညီပေးရန် တောင်းဆိုမည့် မိတ်ဆွေများက အမြဲတစေ ရှိနေမည်ကိုပင်။

မျှော်လင့်ထားသည့်အတိုင်းပင် ၀တ္ထုအတွက် ကုန်ကြမ်းအရင်းအမြစ်သည် လက်တွေ့ဘ၀ကနေ ထွက်ပေါ်လာခဲ့သည်။

လဲ့မုန့်မုန့်သည် ဖေဖေ၀မ်၏ စိတ်ကူးကြောင့် အံ့သြသွားခဲ့သည်။

"ဒီကူပွန်ဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် ဗီလိန်က အရမ်းမသန်မာလာနိုင်ဘူးလား....."

"အဲ့လိုတော့ မဖြစ်လာနိုင်ဘူး.. ဘာလို့လဲဆိုတော့ လင့်ခ်တွေက အတုဖြစ်နေရင် အွန်လုံးအသုံးပြုသူတွေက အတိုင်းအတာတစ်ခုထိ တိုင်ကြားလာမှာဖြစ်လို့ပဲ.. အဲဒီနောက်မှာ အင်တာနက်ရဲတွေက ကူပွန်လင့်ခ် ဝေမျှတဲ့သူတွေကို ဖမ်းဆီးမှာဖြစ်တဲ့အတွက် အရမ်းကြီး ထိခိုက်မှုတွေ ရှိလာမှာမဟုတ်ဘူး"

"ဒီလိုကိုး"

လဲ့မုန့်မုန့်က သူ၏ချွေးများကို သုတ်လိုက်သည်။

ဤကဲ့သို့ အဓိပ္ပါယ်မဲ့သော ဟာသမျိုးသည် ဖေဖေ၀မ်၏ ၀တ္ထုတွင် ပါ၀င်လေ့ရှိသည်။

တစ်ခါတစ်ရံတွင် ဟာသများသည် အဓိပ္ပါယ်ရှိရန် မလိုအပ်ပေ။

၄င်းက ရယ်စရာကောင်းနေသ၍ လူအများသည် သဘောကျလိမ့်မည်သာ ဖြစ်၏။

ကြာသပတေးနေ့..နို၀င်ဘာလ ၁၃ ရက်၊

မနက်ဖြန်သည် ကျင့်ဟွာမြို့သို့ ပြိုင်ပွဲအတွက် ခရီးထွက်မည့်နေ့ ဖြစ်သည်။

နံနက်မိုးလင်းသည်နှင့် ကျောင်းအုပ်ကြီးချန်းသည် အားလုံးကို ကျင့်ဟွာမြို့သို့ အသွားအပြန် လက်မှတ်များ ပေးအပ်လိုက်သည်။

ပြိုင်ပွဲအချိန်ဇယားအရ သတ်မှတ်ထားသော အခြေစိုက်စခန်းသို့ သောကြာနေ့ ညနေတွင် ရောက်ရှိရမည် ဖြစ်၏။

ပြိုင်ပွဲကို စနေနေ့တွင် တရား၀င်စမည် ဖြစ်ကာ နဂါးကိုးကောင်တောင်ပေါ်တွင် ရှစ်ရက်ကြာ ပါ၀င်ယှဥ်ပြိုင်ရမည် ဖြစ်သည်။

ပြိုင်ပွဲအတွက် မှော်ရတနာများ၊ အစားအသောက်များသို့မဟုတ် နေ့စဥ်သုံးပစ္စည်းများကို ယူဆောင်ခွင့် မပြုထားပေ။

ပြိုင်ပွဲသို့ မ၀င်ရောက်မီတွင် စစ်ဆေးမှုများကို ပြုလုပ်မည်ဖြစ်ပြီး တစ်စုံတစ်ဦးမှ ခိုးသွင်းနေသည်ကို တွေ့ရှိခဲ့လျှင် ထိုပြိုင်ပွဲ၀င်ကို အရည်အချင်း ပြည့်မီသည်ဟု သတ်မှတ်တော့မည် မဟုတ်ပေ။

အဆုံးသတ်တွင် ဤသည်မှာ အမျိုးသားအဆင့် ပြိုင်ပွဲတစ်ခုဖြစ်၍ စည်းမျဥ်းစည်းကမ်းများသည် ခရိုင်အဆင့် ပြိုင်ပွဲများထက် ပိုမိုတင်းကျပ်ပုံ ပေါ်သည်။

သို့သော်လည်း အမှန်တရားမှာမူ သက်သက်ရှိသည်။

ထို့နေ့ နံနက်ပိုင်းတွင် ကျောင်းအုပ်ကြီးချန်းသည် လူတိုင်းကို ရှင်းပြခဲ့သည်။

"သီအိုရီအရတော့ အထဲကို ဘာမှယူဆောင်ခွင့် မပေးထားဘူး.. ဒါပေမဲ့လည်း စွန့်စားပြီး ယူဆောင်သွားမဲ့ လူတချို့တော့ သေချာပေါက်ရှိနေမှာ အမှန်ပဲ"

"အဲဒီလို လုပ်နိုင်ပါ့မလား"

"ပြောရရင် ခိုးသွင်းဖို့ ရည်ရွယ်ချက်ရှိတဲ့သူ အများစုက သူတို့ရဲ့အရည်အချင်းကို အလွန်အမင်း ယုံကြည်ထားကြလိမ့်မယ်.. ပွင့်ပွင့်လင်းလင်း ပြောရရင် ခိုးသွင်းလို့မရဘူးဆိုတဲ့ စည်းကမ်းချက်က စစ်ဆေးရေးနဲ့ပဲ အဓိက သက်ဆိုင်တယ်.. တစ်နည်းပြောရရင် စစ်ဆေးရေးကို ကျော်ဖြတ်ပြီး အောင်မြင်စွာ ခိုးသွင်းနိုင်ခဲ့ရင် ပြိုင်ပွဲအတွင်းမှာ ပွင့်ပွင့်လင်းလင်းအသုံးပြုလို့ရတယ်.. ဘယ်သူကမှ လူလည်ကျတယ်လို့ ယူဆမှာ မဟုတ်ဘူး.. ပြောရရင် ကျောင်းအသီးသီးက ကျောင်းသားတွေအနေနဲ့ စစ်ဆေးရေးဂိတ်ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်"

ကော်ဟောက်"ကျွန်တော့်ရဲ့ ဦးလေးတစ်ယောက်ကကျောင်းသားဘ၀မှာ ဒီလိုပြိုင်ပွဲတွေကို ပါ၀င်ဆင်နွှဲဖူးတယ်.. စစ်ဆေးရေးဂိတ်တွေမှာ နေရာလွတ် ထောက်လှမ်းတဲ့ ကိရိယာတွေတောင် ရှိတယ်လို့သိရတယ်.. အဲဒီကိရိယာက သိုလှောင်လက်စွပ်နဲ့ သိုလှောင်အိတ်တွေထဲက မှော်ရတနာတွေကိုတောင် အသာလေး ရှာဖွေနိုင်တယ်ဆိုပဲ"

ထိုစကားကိုကြားလျှင် ကျောင်းအုပ်ကြီးချန်းသည် တိတ်ဆိတ်သွားခဲ့သည်။

ဆိုရလျှင် ဤသည်မှာ ကျောင်းသားများ၏ တုန့်ပြန်မှုကိုစမ်းသပ်ရန်အတွက် ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့မှ တမင်ဖန်တီးထားသည့် ကယ်ပေါက်တစ်ခု ဖြစ်ကြောင်း သူကောင်းစွာသိသည်။

စင်စစ် လျှို့၀ှက်စွာ ခိုးသွင်းခြင်းသည် အခွင့်အရေးတစ်ခုဖြစ်သည်။

ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့သည် ဤတစ်ကြိမ် ပြိုင်ပွဲကို ကောင်းမွန်စွာ ပြင်ဆင်ထားခဲ့သည်။

အကယ်၍ လျှို့၀ှက်ခိုးသွင်းမှုကို စစ်ဆေးတွေ့ရှိခဲ့လျှင် ၎င်းတို့သည် စည်းမျဥ်းချိုးဖောက်မှုဟုသာ မှတ်ယူကြမည် ဖြစ်၏။

ဆိုရလျှင် ကျောင်းသားတစ်ဦးက အရည်အချင်း မပြည့်မီ၍ စစ်ဆေးရေးဂိတ်အတွင်း ဖမ်းမိလျှင်ပင် ၄င်းတို့ကို မှတ်တမ်းတင်ထားမည် မဟုတ်ပေ။

စန်းယွမ်က အမှတ် ၆၀ အထက်တန်းကျောင်းကို ထိပ်တန်းရှစ်သင်း စာရင်း၀င်မည်ဟု ခန့်မှန်းပေးခဲ့၍ ကျောင်းအုပ်ကြီးချန်းသည် သူ၏ကျောင်းသားများကို ယခုအခါတွင် အတော်လေး မျှော်လင့်ထားခဲ့ပြီ ဖြစ်၏။

ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့က ထိုသို့ ကယ်ပေါက် တစ်ခုကို ဖန်တီးပေးထားသောကြောင့် သူ့အနေဖြင့် ၎င်းကို အပြည့်အ၀ အခွင့်ကောင်း မယူစရာ ဘာအကြောင်း မှ မရှိပေ။

အပိုင်း(၁၁၂၅) ပြီး၏

All Chapters