← Chapters

ကျားအရေခွံခြုံခြင်း

Vol. 98 Ch. 1505

ကျားအရေခွံခြုံခြင်း

Vol. 98 Ch. 1505

ထုံးစံအားဖြင့် ရွှီချင်းက အားညို၏ ခါးသီးမှုကို မသိပေ။

ဤလဝက်အတွင်းမှာ သူက ဧကရီပေးခဲ့သော အမိန့်တော်ကို ပြီးပြည့်စုံစွာ ထမ်းဆောင်ခဲ့သည်။ သူက အနောက်ပိုင်းမိစ္ဆာငှက်မွှေးမှ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူအားလုံးကို စိန်ခေါ်ခဲ့သည်။

သို့သော်လည်း သူ၏ စိန်ခေါ်မှုက တိုက်ခိုက်ခြင်းမဟုတ်ပေ။ ခုခံကာကွယ်ခြင်းသာ ဖြစ်သည်။

သို့ဖြစ်၍ လဝက်ကုန်ဆုံးသွားပြီးနောက် ရွှယ်ချန်းဇီက မဟာဧကရာဇ်ငရဲမီးတောက်၏ လျှို့ဝှက်အတတ်ပညာကို တတ်မြောက်ထားသည်ဟူသော သတင်းက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့နှံ့သွားသည်။

ယင်းက ရွှယ်ချန်းဇီ၏ နာမည်ကို မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေတစ်ခုလုံးမှာ ကျော်ကြားသွားစေသည်။

တချို့လူများသည်တော့ ရွှယ်ချန်းဇီက မဟာဧကရာဇ်ငရဲမီးတောက်၏ လျှို့ဝှက်အတတ်ပညာကို မည်သို့ရရှိခဲ့ကြောင်း သံသယရှိနေကြသည်။ သို့သော်လည်း ရွှယ်ချန်းဇီက လုလင်းဇီ၏ လက်အောက်ငယ်သားဖြစ်ပြီး သူ့တစ်ယောက်တည်းကို အနောက်ပိုင်းမိစ္ဆာငှက်မွှေးဆီသို့ ခေါ်ဆောင်လာလေရာ ထိုလျှို့ဝှက်အတတ်ပညာကို လုလင်းဇီက သင်ပေးထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ရွှီချင်း၏ စိန်ခေါ်မှုက ဆက်လက် ဖြစ်ပွားနေသည်။ သူက အမှတ်ခုနစ်နှင့် အမှတ်ရှစ် အုပ်ချုပ်သူတောင်များကို ဖြတ်ကျော်ပြီးနောက် အမှတ်ခုနစ် အုပ်ချုပ်သူတောင်ဆီသို့ ရောက်ရှိလာသည်။

အရေအတွက်များပြားသော ကျင့်ကြံသူများက တောင်၏ ဘေးပတ်ပတ်လည်မှာ စုဝေးရောက်ရှိနေကြသည်။ သူတို့ထဲမှ အများစုက အနောက်ပိုင်းမိစ္ဆာငှက်မွှေး၏ ဒေသခံကျင့်ကြံသူများဖြစ်ကြပြီး တချို့သည်တော့ အရှေ့ပိုင်းမိစ္ဆာငှက်မွှေးမှ ရောက်ရှိလာကြခြင်း ဖြစ်သည်။

ရွှီချင်းထွက်ပေါ်လာသည့်အခိုက် ဤနေရာက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

တချို့က ဒေါသထွက်စွာ ကျိန်ဆဲနေကြစဉ် တချို့က အားဟစ်အားပေးနေကြသည်။ ယင်းက အမှတ်ခုနစ် အုပ်ချုပ်သူတောင်၏ အပြင်ဘက်တွင် ကြီးမားသော ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေသည်။

သို့သော်လည်း တောင်အပြင်ဘက်က ဆူညံနေစဉ် အမှတ်ခုနစ် အုပ်ချုပ်သူတောင်က တိတ်ဆိတ်ငြိမ်သက်နေသည်။

ထိုသို့ဖြင့် လူတိုင်း၏ အကြည့်အောက်မှာ ရွှီချင်းက အမှတ်ခုနစ် အုပ်ချုပ်သူတောင်ဆီသို့ လျှောက်သွားသည်။

သူက ယခင်အတိုင်း တူညီသော စကားကို ပြောသည်။ ထို့နောက် သူက အုပ်ချုပ်သူတောင်၏ လှေကားထစ်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ တစ်စုံတစ်ယောက်၏ လာရောက်တိုက်ခိုက်မှုကို စောင့်ဆိုင်းသည်။

သို့သော်လည်း ဤတစ်ကြိမ်က ယခင်ကနှင့် ခြားနားသည်။

ရွှီချင်း၏ စိန်ခေါ်မှုနှင့် ဘေးပတ်ပတ်လည်မှ လူထုအမြင်အောက်မှာ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က နောက်ဆုံးမှာတော့ စည်းမျဉ်းများကို ချိုးဖြတ်ရန် ဆုံးဖြတ်လိုက်သည်။ ယင်းက ကိုယ်တိုင်ရွေးချယ်မှုလော သို့မဟုတ် လိမ္မာပါးနပ်ခြင်းလော မသေချာပေ။

သူက အနောက်ပိုင်းမိစ္ဆာငှက်မွှေးကို နာမည်ပျက်စေသည့် ဤစိန်ခေါ်မှုကို ရပ်တန့်ပစ်ချင်သည်။

ရွှီချင်းက တင်ပျဉ်ခွေထိုင်လိုက်သည်နှင့်ချက်ချင်း အေးစက်စက် နှာခေါင်းရှုံ့သံက အမှတ်ခုနစ် အုပ်ချုပ်သူတောင်မှ ထွက်ပေါ်လာသည်။

“ ရွှယ်ချန်းဇီ… မင်း သိပ်မမောက်မာနဲ့ ”

စကားသံက ပဲ့တင်ထပ်သွားသည်နှင့် ပုံရိပ်တစ်ခုက တောင်ပေါ်မှ ပျံသန်းလာပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ထိုပုံရိပ်က လူငယ်တစ်ယောက်နှင့် ဆင်တူသည်။ မဟာလောကခုနစ်ခုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွန်းလင်းတောက်ပပြီး ကျယ်ပြောသော စွမ်းအားကို ဖွဲ့စည်းလိုက်သည်။ ယင်းက တောင်တန်းများကို ဖျက်ဆီးပစ်နိုင်ပြီး ပင်လယ်များကို မှောက်လှန်ပစ်နိုင်စွမ်းရှိသည်။ သူက အဖျက်အဆီးစွမ်းအားနှင့်အတူ ရွှီချင်း၏ အပေါ်သို့ ရောက်လာသည်။

သူက လုံးဝမရပ်တန့်ခဲ့ပေ။ သူက ညာလက်ကို မြှောက်လိုက်ပြီး ရွှီချင်းပေါ်သို့ ဖိချလိုက်သည့်အခါ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဧရာမလက်ဝါးပုံရိပ်တစ်ခုက သူ၏ အရှေ့မှာ မြန်ဆန်စွာ ဖွဲ့စည်းသွားသည်။ ယင်းက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ရွှီချင်းပေါ်သို့ ကျရောက်လာသည်။

ဝိညာဉ်စုစည်းခြင်းအဆင့် တခြားကျင့်ကြံသူများသည်လည်း ထိုသို့ဧရာမလက်ဝါးပုံရိပ်ကို ထုတ်ဖော်နိုင်ကြသည်။ သို့သော်လည်း ဤလက်ဝါးပုံရိပ်က ယခင်က ရွှီချင်းတွေ့ဆုံခဲ့သော ဝိညာဉ်စုစည်းခြင်းအဆင့်များနှင့် လွန်စွာ ကွဲပြားခြားနားသည်။

ဤလက်ဝါးပုံရိပ်က ပိုပြီးထင်ရှားပြီး ယင်းပေါ်မှ လက္ခဏာမျဉ်းကြောင်းများကိုပင် ရှင်းလင်းစွာ မြင်နိုင်သည်။ အရေးကြီးဆုံးမှာ ဤလက်ဝါးကို ဖွဲ့စည်းထားသော ဥပဒေသများနှင့် နိယာမများက ယခင်က ရွှီချင်းမြင်ခဲ့သော ဥပဒေသများနှင့် နိယာမများထက် အများကြီး ပိုကြောက်စရာကောင်းသည်။

ပိုပြီးအံ့ဩဖွယ်ကောင်းသည်မှာ အခွင့်အာဏာအားလှိုင်းအတတ်အကျများ ဖြစ်သည်။

ထိုအားလှိုင်းအတတ်အကျများ၏ ဇစ်မြစ်က မဟာလောကခုနစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့် လူငယ်တစ်ယောက်ထံမှ ထွက်ပေါ်လာခြင်းဟု အောက်မေ့ရသည်။ သို့သော်လည်း အနီးကပ်သေချာကြည့်မည်ဆိုလျှင် တကယ့်ဇစ်မြစ်က မြှောက်တင်ထားသော သူ၏ လက်ဖဝါး ဖြစ်သည်။

သူ၏ လက်ဖဝါးပေါ်တွင် ပုစဉ်းရင်ကွဲ၏ အတောင်ပံကဲ့သို့ ပါးလွှာသော လက်အိတ်တစ်ခု ရှိသည်။

ယင်းက အုပ်ချုပ်သူရတနာတစ်ခု ဖြစ်သည်။

ယင်းထံမှ ထုတ်လွှတ်လိုက်သော စွမ်းအားသည် အုပ်ချုပ်သူတစ်ပါး၏ တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်နိုင်သည်။

အုပ်ချုပ်သူရတနာကို ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က အသုံးပြုခြင်းသည် လွယ်ကူသောအရာ မဟုတ်ပေ။ ထိုအတွက် ပေးဆပ်ရမည့် တန်ကြေးက အလွန်ကြီးမားသည်။ သို့သော်လည်း လူငယ်၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားသော အရိပ်အယောင်က ထွက်ပေါ်လာသည်။ သူက လက်အိတ်၏ အစွမ်းကို ထုတ်လွှတ်ရန် သူ၏ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။

ယင်းက ဧရာမလက်ဝါးပုံရိပ်၏ စွမ်းအားကို ပိုပြီးကြောက်မက်ဖွယ်ကောင်းလာစေသည်။ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က ပြိုကွဲသွားသည်နှင့် ဧရာမလက်ဝါးပုံရိပ်က ရွှီချင်းကို လွှမ်းခြုံသွားသည်။

ရွှီချင်းက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး သူ၏ ဦးခေါင်းပေါ်မှာ တဖြည်းဖြည်း ကြီးမားလာနေသော ဧရာမလက်ဝါးပုံရိပ်ကို ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ထဲမှ ဧကရာဇ်ဓားက တုန်ယင်လာသည်။ အကယ်၍ သူသာ အမိန့်ပေးလိုက်မည်ဆိုလျှင် ဓားက တစ်ဟုန်ထိုး ပျံသန်းထွက်သွားပြီး ဧရာမလက်ဝါးကို ပိုင်းဖြတ်ပစ်လိမ့်မည်။

သို့သော်လည်း ရွှီချင်းက ဧကရာဇ်ဓားကို အသုံးမပြုပေ။ သူ၏ အမူအရာမှာဖြစ်စေ သူ၏ နှလုံးသားထဲမှာဖြစ်စေ ထိုသို့အခြေအနေကြောင့် အံ့ဩမသွားပေ။

တစ်စုံတစ်ယောက်က စည်းမျဉ်းများကို ချိုးဖောက်ခြင်းသည် သူ၏ မျှော်လင့်ထားမှုအတွင်းမှာ ရှိသည်။

သူက လှုပ်ရှားရန် မလိုပေ။

သူက အုပ်ချုပ်သူအဆင့်အောက်မှ ကျင့်ကြံသူများကိုသာ ရင်ဆိုင်ရလိမ့်မည်။ သို့သော်လည်း အုပ်ချုပ်သူတစ်ပါး၏ စွမ်းအားက ထွက်ပေါ်လာမည်ဆိုလျှင် ယင်းက ဧကရီလိုချင်နေသောအရာ ဖြစ်သည်ဟု ရွှီချင်း ယုံကြည်သည်။

သူ၏ စိန်ခေါ်မှုက စစ်တုရင်အကွက်ရွှေ့မှုတစ်ခုသာ ဖြစ်သည်။

ဧကရီက အနောက်ပိုင်းမိစ္ဆာငှက်မွှေးဆီသို့ ရောက်လာခြင်းမှာ မဟာဧကရာဇ်မိစ္ဆာငှက်မွှေးဖြင့် တွေ့ဆုံရန် ဖြစ်သည်။ မဟာဧကရာဇ်က ဧကရီကို စောင့်ခိုင်းထားခြင်းမှာ ထုံးစံအားဖြင့် လေးနက်သော အဓိပ္ပာယ်တစ်ခု ရှိသည်။

ထိုသို့စောင့်ခိုင်းခြင်းက တစ်ရက်၊ တစ်လဖြစ်နိုင်သလို မသေချာသော အချိန်ကာလတစ်ခုလည်း ဖြစ်နိုင်သည်။

သို့ဖြစ်၍ တခြားအုပ်ချုပ်သူများ၏ ရန်စမှုဖြင့် ရင်ဆိုင်ရသောအခါ ဧကရီက တိုက်ခိုက်ရန် မရွေးချယ်ခဲ့ပေ။ ယင်းအစား သူက ရွှီချင်းကို သူတို့လူများအား စိန်ခေါ်စေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဧကရီက သူတစ်ပါး၏ ထိန်းချုပ်မှုအောက်မှာ ရှိနေခြင်းကို သဘောမကျသောကြောင့် ဖြစ်သည်။ သူက အရင်ဦးစွာ လက်ဦးမှုရယူချင်သည်။

မည်သို့ဆောင်ရွက်သင့်ကြောင်း၊ မည်သည့်အချိန်မှာ ဆောင်ရွက်သင့်ကြောင်းနှင့် ဆောင်ရွက်ရမည့် အကြောင်းအရင်း အစရှိသော အရာအားလုံးက သူ၏ ဦးဆောင်မှုနောက်ကိုသာ လိုက်ရမည်။

ဧကရီ၏ လုပ်ဆောင်မှုအားလုံးက မဟာဧကရာဇ်မိစ္ဆာငှက်မွှေးကို ဆွေးနွေးပွဲအတွက် အမိန့်ထုတ်ပြန်ရန် ဖိအားပေးနေခြင်း ဖြစ်သည်။

ရွှီချင်းက အချက်အလက်များမှတဆင့် ယင်းကို သုံးသပ်နိုင်ခဲ့သည်။ ထို့အတူ အနောက်ပိုင်းမိစ္ဆာငှက်မွှေးမှ လူများကလည်း ငတုံးမဟုတ်ကြောင်း သူယုံကြည်သည်။ သူတို့သည်လည်း ဤကိစ္စကို သေချာနားလည်ထားကြလိမ့်မည်။

ထို့ကြောင့် အုပ်ချုပ်သူရတနာနှင့် ကျင့်ကြံသူတစ်ယောက်က ထွက်ပေါ်လာသည့်အခါ ထိုကျင့်ကြံသူ၏ တကယ့်ရည်ရွယ်ချက်ကို သူမခန့်မှန်းနိုင်ပေ။

ဖြစ်နိုင်သည်မှာ အုပ်ချုပ်သူတစ်ပါးက ယင်းကို တမင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်။

အကြောင်းအရင်းတချို့ကြောင့် သူတို့က ဧကရီကို လက်ကမ်းပေးလိုက်ကြသည်။ ယင်းက ဧကရီကို ဦးဆောင်မှုပေးနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်သည်။

သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ အုပ်ချုပ်သူ၏ လက်အိတ်မှ ဖွဲ့စည်းသွားသော ဧရာမလက်ဝါးပုံရိပ်သည် ရွှီချင်းနှင့် ပေတစ်ထောင်အကွာမှာ ရုတ်တရက် ရပ်တန့်သွားသည်။

ဧရာမလက်ဝါးပုံရိပ်၏ အောက်တွင် လုလင်းဇီ၏ ပုံရိပ်က ရွှီချင်းမျှော်လင့်ထားသကဲ့သို့ ထွက်ပေါ်လာသည်။ သူက လက်မြှောက်လိုက်ပြီး ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ခမ်းနားထည်ဝါသော ဧရာမလက်ဝါးပုံရိပ်က လွင့်ပြယ်သွားသည်။

ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရွှီချင်းက မတ်တတ်ရပ်လိုက်ပြီး လုလင်းဇီကို အရိုအသေပေးလိုက်သည်။

မဟာလောကခုနစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့် လူငယ်သည်လည်း စိတ်ထဲမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ဟန် ရသည်။ သူက ချက်ချင်း ခေါင်းငုံ့လိုက်ပြီး အရိုအသေပေးလိုက်သည်။

လုလင်းဇီ၏ အကြည့်က သူ့အရှေ့မှ အုပ်ချုပ်သူတောင်ပေါ်သို့ ကျရောက်သွားသည်။ သူက မည်သည့်စကားမှ မပြောသော်လည်း ဖိအားက သူ၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည်။

ကောင်းကင်၏ အရောင်က ပြောင်းလဲသွားသည်။

ချက်ချင်းဆိုသလို ကြီးကျယ်မြင့်မြတ်သော ပုံရိပ်တစ်ခုက အုပ်ချုပ်သူတောင်ပေါ်မှာ ထွက်ပေါ်လာသည်။ ထိုသူက အေးတိအေးစက် အမူအရာဖြင့် အဖွားအိုတစ်ယောက် ဖြစ်သည်။ သူက လုလင်းဇီကို ကြည့်လိုက်သည်။

မြေပြင်က တုန်ယင်သွားသည်။

အုပ်ချုပ်သူနှစ်ပါးထံမှ အရှိန်အဝါ၊ အကြည့်နှင့် ဖိအားက ထိပ်တိုက်တွေ့ဆုံသွားကြသည်။

ထိုထိပ်တိုက်တွေ့ဆုံမှုကြောင့် ဟင်းလင်းပြင်က ပရမ်းပတာဖြစ်သွားပြီး လေဟာနယ်အက်ကွဲကြောင်းများက ဘေးပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားကြသည်။ စွမ်းအင်မုန်တိုင်းသည် လေထဲမှာ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ကို ရိုက်ခတ်သွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ မုန်တိုင်းက အလွန်ကြီးမားသော ဝဲကတော့တစ်ခုကို ဖွဲ့စည်းသွားသည်။

မရေမတွက်နိုင်သော ပူဖောင်းများက လေထဲသို့ မြှောက်တတ်သွားကြသည်။ အုပ်ချုပ်သူတောင်သည်ပင် အနည်းငယ် တုန်ယင်သွားသည်။

တစ်ချိန်တည်းမှာ ဤနေရာမှ အားပြိုင်မှုသည် အနောက်ပိုင်းမိစ္ဆာငှက်မွှေးထဲမှ တခြားအုပ်ချုပ်သူများ၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။ မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများက ဤနေရာမှာ စုဝေးသွားကြလေရာ ယင်းက ဤနေရာ၏ အချိန်နှင့်လေဟာနယ်ကို ပိုပြီးပရမ်းပတာ ဖြစ်သွားစေသည်။

ဥပဒေသများနှင့် နိယာမများမှ ဖြစ်ပေါ်လာသော ချည်မျှင်များက အဆက်မပြတ် ထွက်ပေါ်လာကြပြီး ဆက်တိုက် အက်ကွဲသွားကြသည်။

ဖိနှိပ်သော ခံစားမှုက ဤနေရာမှ ကျင့်ကြံသူအားလုံး၏ နှလုံးသားကို လွှမ်းခြုံသွားသည်။ ယင်းက သူတို့ကို နှလုံးတုန်သွားစေသည်။ ထိုစဉ် လုလင်းဇီအသွင် ရုပ်ဖျက်ထားသော ဧကရီ၏ အသံက ပဲ့တင်ထပ်သွားသည်။

“ ရွှယ်ချန်းဇီ… မင်းကို ငါပေးထားတဲ့ တုံကင်ကို ထုတ်လိုက်ပါ ”

ယင်းကို ရွှီချင်းကြားသောအခါ သူက ကျောက်စိမ်းပြားကို ချက်ချင်း ထုတ်လိုက်ပြီး မြင့်မြင့်မြှောက်လိုက်သည်။

ဧကရီက လက်ဝှေ့ယမ်းလိုက်သည့်အခါ အုပ်ချုပ်သူတစ်ပါး၏ အရှိန်အဝါက ကျောက်စိမ်းပြားထံမှ ထွက်ပေါ်လာသည်။ လူတိုင်း၏ အသိအမြင်ရှေ့တွင် ထိုကျောက်စိမ်းပြားထဲမှာ အုပ်ချုပ်သူတစ်ပါး၏ စွမ်းအားက အမှန်တကယ် တည်ရှိနေကြောင်း ထင်ရှားပေသည်။

“ မင်း အနောက်ပိုင်းမိစ္ဆာငှက်မွှေးက လူတွေနဲ့ တိုက်ခိုက်ခဲ့တုန်းက ဒီတုံကင်ကို အသုံးပြုခဲ့လား ”

ယင်းကို ရွှီချင်းကြားသောအခါ သူက တည်ကြည်လေးနက်စွာ ပြောသည်။

“ မသုံးခဲ့ပါဘူး ”

ဧကရီက ဆက်လက် ပြောသည်။

“ အနောက်ပိုင်းမိစ္ဆာငှက်မွှေးက လူတွေနဲ့ တိုက်ခိုက်ခဲ့တုန်းက တစ်ယောက်ယောက်ကို မင်းသတ်ခဲ့သလား ”

ရွှီချင်းက ခေါင်းခါလိုက်သည်။

“ ဒီတိုက်ပွဲက အနိုင်အရှုံးကို ဆုံးဖြတ်ဖို့သက်သက်ပဲ… လူသတ်ဖို့ မဟုတ်ဘူး ”

ဧကရီ၏ အကြည့်က အမှတ်ခုနစ် အုပ်ချုပ်သူတောင်ပေါ်သို့ ကျရောက်သွားသည်။

“ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမိစ္ဆာငှက်မွှေးကြားက ယှဉ်ပြိုင်မှုက မျိုးနွယ်စုတစ်ခုတည်းက မျိုးနွယ်ဝင်တွေကြားက ယှဉ်ပြိုင်မှုပဲ… ယှဉ်ပြိုင်မှုက တရားမျှတရမယ်လို့ ဘိုးဘေးတွေက သွန်သင်ဆုံးမခဲ့တယ် ”

“ ရွှယ်ချန်းဇီက အုပ်ချုပ်သူအဆင့် ရတနာကို တစ်ခါမှ အသုံးမပြုခဲ့ဘူး… ဒီတိုက်ပွဲက အနိုင်အရှုံးကို ဆုံးဖြတ်ဖို့သက်သက်ပဲ… သေခြင်းရှင်ခြင်းတိုက်ပွဲမဟုတ်ဘူး… ဒါ့အပြင် ပထမဆုံး တိုက်ပွဲကလွဲလို့ ရွှယ်ချန်းဇီက အရင်ဆုံး စမတိုက်ခိုက်ခဲ့ဘူး ”

“ ဒါပေမဲ့ အနောက်ပိုင်းမိစ္ဆာငှက်မွှေးက အုပ်ချုပ်သူအဆင့် ရတနာကို အသုံးပြုခဲ့တယ်… တကယ်လို့ ငါသာ မထွက်ပေါ်လာဘူးဆိုရင် ရွှယ်ချန်းဇီက အသက်ရှင်နိုင်မှာ မဟုတ်ဘူး ”

“ မျိုးနွယ်ဝင်အချင်းချင်းကြားက တိုက်ပွဲမှာ ဒီလိုရက်စက်ကြမ်းကြုတ်တာ ဘာအဓိပ္ပာယ်လဲ ”

ဧကရီ၏ အေးတိအေးစက် အသံက အရပ်မျက်နှာအဘက်ဘက်တွင် ပဲ့တင်ထပ်သွားသည်။

ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က ပရမ်းပတာ လှုပ်ခတ်သွားပြီး နတ်ဘုရားစိတ်အာရုံများက အေးခဲသွားကြသည်။ လုလင်းဇီ၏ စကားကြောင့် ဘေးပတ်ဝန်းကျင်မှ လေထုက ပိုပြီးတင်းကျပ်လာသည့်အခါ တည်ငြိမ်သော စကားသံတစ်သံက ပဲ့တင်ထပ်လာသည်။

“ လုလင်းဇီ… ငါ့ကို တာအိုယဇ်ပလ္လင်ပေါ်မှာ လာတွေ့ချေ ”

ထိုအသံ၏ ထွက်ပေါ်လာမှုက ပရမ်းပတာဖြစ်နေသော အချိန်နှင့်လေဟာနယ်ကို ပြန်ငြိမ်သက်သွားစေသည်။ အက်ကွဲသွားသော အသေးစား ဥပဒေသများနှင့် နိယာမများသည်လည်း ပုံမှန်ပြန်ဖြစ်သွားကြသည်။ တစ်ချိန်တည်းမှာ ယင်းက အေးစက်သော လေထုကို ချက်ချင်း လွင့်ပြယ်သွားစေသည်။

အုပ်ချုပ်သူအားလုံးက ချက်ချင်း ထွက်ပေါ်လာကြပြီး အတောင်ပံပုံသဏ္ဍာန် တာအိုယဇ်ပလ္လင်ဆီသို့ အရိုအသေပေးလိုက်ကြသည်။

အဘယ့်ကြောင့်ဆိုသော် အစောနက စကားကို ပြောလိုက်သူက လက်ရှိမျိုးဆက်၏ မဟာဧကရာဇ်မိစ္ဆာငှက်မွှေး ဖြစ်သည်။

ဧကရီက ခေါင်းမော့လိုက်ပြီး ဟင်းလင်းပြင်ဆီသို့ အေးဆေးတည်ငြိမ်စွာ လျှောက်သွားသည်။

သူ၏ ရည်ရွယ်ချက်က အောင်မြင်သွားသည်။

ဤနေရာသို့ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်ထားကြသော အုပ်ချုပ်သူများသည်တော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က ပြန်မထွက်သွားကြမီ အတွေးအမျိုးမျိုးက သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။

မကြာမီ အမှတ်ခုနစ် အုပ်ချုပ်သူတောင်ပေါ်မှ အဖွားအိုပုံရိပ်သည်လည်း ပျောက်ကွယ်သွားသည်။ ရွှီချင်းကို အစောနက တိုက်ခိုက်ခဲ့သော လူငယ်သည်သာ ထွက်မသွားခင် ရွှီချင်းထံသို့ လက်သီးဆုပ်လိုက်သည်။

ရွှီချင်းက တောင်ခြေမှာ ဆက်ရှိနေဆဲပင်။ ထိုမြင်ကွင်းကို မြင်သွားသောအခါ သူ၏ တာဝန်က ပြီးမြောက်သွားပြီဖြစ်ကြောင်း သူနားလည်လိုက်သည်။ သူက ဆက်ပြီး စိန်ခေါ်နေရန် မလိုတော့ပေ။

“ ဒါဆိုရင်… ”

အတွေးတစ်ခုက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ ငါက အနောက်ပိုင်းမိစ္ဆာငှက်မွှေးဆီ ရောက်နေပြီး ဧကရီရဲ့ ကာကွယ်ပေးမှုကို ရရှိထားတယ်ဆိုမှတော့… ဒီနေရာမှာ ငါစူးစမ်းရှာဖွေသင့်တဲ့ နေရာတစ်နေရာ ရှိတယ် ”

ရွှီချင်းသည် သူ့ကို စီနီယာအကိုကြီးပြောခဲ့သော သတင်းအချက်အလက်များကို အမြဲတမ်း မှတ်ထားသည်။ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေ၏ အင်မော်တယ်အတတ်ပညာခန်းမနှစ်ခုသည် အင်မော်တယ်အတတ်ပညာတစ်ခုစီကို အမွေဆက်ခံခဲ့ကြသည်။

“ ခွေးငါးကောင်… သူခိုးခြောက်ယောက်… ”

ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ သူက အရှေ့ပိုင်းမိစ္ဆာငှက်မွှေး၏ သူခိုးခြောက်ယောက် လှည့်စားခြင်းကို တတ်ကျွမ်းပြီးပြီ ဖြစ်သည်။ အကယ်၍ တခြားအချိန်မှာသာဆိုလျှင် သူက အနောက်ပိုင်းမိစ္ဆာငှက်မွှေး၏ ခွေးငါးကောင် အင်မော်တယ်ကာကွယ်ခြင်းကို စူးစမ်းလေ့လာနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ယခုတော့…

“ ဧကရီရဲ့ အကူအညီနဲ့ ဒီလဝက်အတွင်း ငါ့ရဲ့ နာမည်ကျော်ကြားမှုကို အသုံးချမယ်ဆိုရင် အဲ့ဒါကို ငါကြည့်နိုင်လောက်တယ် ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ သူ၏ အတွေးက မမှားယွင်းကြောင်း အတည်ပြုပြီးနောက် သူက လေထဲသို့ ပျံသန်းသွားသည်။ ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ ဆွေးနွေးမှုအောက်မှာ သူက မြန်ဆန်စွာ ထွက်သွားသည်။

သူက အနောက်ပိုင်းမိစ္ဆာငှက်မွှေး၏ အင်မော်တယ်အတတ်ပညာခန်းမဆီသို့ ဦးတည်သွားသည်။

အနောက်ပိုင်းမိစ္ဆာငှက်မွှေး၏ အင်မော်တယ်အတတ်ပညာခန်းမသည် အမှတ်ခုနစ် အုပ်ချုပ်သူတောင်နှင့် သိပ်မဝေးပေ။ ယင်းကို အင်မော်တယ်အရိပ်ဟုခေါ်သော ရေကန်ပေါ်မှာ တည်ဆောက်ထားသည်။

ရေကန်ထဲမှ ရေက အနက်ရောင်ဖြစ်ပြီး အင်မော်တယ်အတတ်ပညာခန်းမကို အဖြူရောင်ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသည်။ အဖြူရောင်အလင်းက ခန်းမ၏ ဘေးပတ်ပတ်လည်မှာ စီးဆင်းနေလေရာ ယင်းက အလွန်ခမ်းနားထည်ဝါသည်။

ရေကန်နှင့် နှုင်းယှဉ်မည်ဆိုလျှင် ခန်းမက ငြိမ်းချမ်းသော စိတ်ခံစားမှုကို ပေးသည်။

ရေကန်၏ မျက်နှာပြင်ပေါ်တွင် ကျင့်ကြံသူရာပေါင်းများစွာက တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့ထဲမှာ ယောင်္ကျားမိန်းမများ ပါဝင်ကြပြီး အားလုံးက အဖြူရောင်ဝတ်စုံကို တူညီစွာ ဝတ်ဆင်ထားကြသည်။ သူတို့က မျက်လုံးမှိတ်ထားလျက် ကျင့်ကြံနေကြသည်။

အင်မော်တယ်အတတ်ပညာ၏ အားလှိုင်းအတတ်အကျများက ဘေးပတ်ဝန်းကျင်တွင် ပျံ့နှံ့နေကြသည်။

ရွှီချင်းရောက်ရှိလာပြီးနောက် ထိုမြင်ကွင်းကို မြင်တွေ့သွားသောအခါ ထိုလူများက အနောက်ပိုင်းမိစ္ဆာငှက်မွှေး၏ အင်မော်တယ်သခင်များဖြစ်ကြောင်း ချက်ချင်း သူနားလည်သွားသည်။

ရွှီချင်း၏ ရောက်ရှိလာမှုက ဤနေရာမှ ကျင့်ကြံသူများ၏ စိတ်အာရုံကို မဆွဲဆောင်သွားပေ။ ရွှီချင်းက ရေကန်၏ အလယ်ဗဟိုမှ အဖြူရောင်အင်မော်တယ်အတတ်ပညာခန်းမကို အာရုံစိုက်၍ ကြည့်လိုက်သည်။ ထို့နောက် သူက လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။

“ အုပ်ချုပ်သူရဲ့ နာမည်နဲ့အတူ ကျုပ်ရွှယ်ချန်းဇီက ခွေးငါးကောင် အင်မော်တယ်ကာကွယ်ခြင်းကို လေ့လာဖို့ ဒီကို ရောက်လာတာပါ ”

ရင်ဆိုင်ဖို့ အဲ့ဒါကို ငါအသုံးပြုမယ် ”

All Chapters