← Chapters

မိစ္ဆာဝိညာဉ် ယိုယွင်းအက်ကွဲခြင်း

Vol. 98 Ch. 1509

မိစ္ဆာဝိညာဉ် ယိုယွင်းအက်ကွဲခြင်း

Vol. 98 Ch. 1509

ကီလိုမီတာ(၅၀၀၀)အတွင်းမှ မြေပြင်သည် အက်ကွဲနေသော ကြေးမုံတစ်ချပ်နှယ် ဖြစ်လာသည်။

အနက်ရောင်မီးတောက်များက အက်ကွဲကြောင်းများထဲမှ ပေါ်လျှိုးလာပြီး ဘေးပတ်ဝန်းကျင်က မီးတောက်ပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မီးတောက်များက လောင်ကျွမ်းနေစဉ် မီးတောက်ပင်လယ်ထဲမှ မရေမတွက်နိုင်သော လူသားဝိညာဉ်များက အော်ဟစ်ညည်းတွားလိုက်ကြသည်။

သူတို့က အချုပ်အနှောင်မှ မရုန်းထွက်နိုင်ကြဘဲ လှံ၏ ဘေးပတ်ပတ်လည်မှ မီးတောက်ပင်လယ်ထဲမှာ ပိတ်မိနေကြသည်။

အရှေ့ကောင်းကင်တောင်သည် ဤနေရာမှာ မရှိတော့ပေ။

အစောနက တောင်ရှိနေခဲ့သော နေရာတွင် မြေကြီးထဲသို့ ထိုးစိုက်နေသော ထိတ်လန့်ဖွယ်ကောင်းသည့် အနက်ရောင်လှံသာလျှင် တည်ရှိတော့သည်။

လှံရှည်ပေါ်တွင် မတ်တတ်ရပ်နေသော ပုံရိပ်သည် သေမျိုးလောကပေါ်သို့ ဆင်းသက်လာသော မိစ္ဆာတစ်ကောင်နှင့် ဆင်တူသည်။ သူ၏ အနီရောင်ဆံပင်ရှည်က လေထဲမှာ တဖျပ်ဖျပ်လွင့်မျောသွားနေစဉ် သူ၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်ခုနစ်ခုက ရောင်ဝါထွန်းလင်းတောက်ပနေကြသည်။

ထိုလူသည် အနောက်မိစ္ဆာကလေးမှလွဲ၍ တခြားလူမဟုတ်ပေ။

ရွှီချင်းက အနောက်မိစ္ဆာကလေး၏ အနောက်မှ ကောင်းကင်မိစ္ဆာပုံရိပ်ကို အဓိက အာရုံစိုက်လိုက်သည်။

အဘယ့်ကြောင့်ဆိုသော် ထိုပုံရိပ်ထံမှ အန္တရာယ်အငွေ့အသက်ကို သူခံစားမိနေသောကြောင့် ဖြစ်သည်။

ထိုကောင်းကင်မိစ္ဆာက ဝေဝါးနေသော်လည်း ၎င်းက အရပ်ရှည်ပြီး ကြီးကျယ်မြင့်မြတ်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ မဟူရာစစ်ချပ်ဝတ်က ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ပြင်းထန်သော ဖိအားသည်လည်း ၎င်းထံမှ ထွက်ပေါ်နေသည်။ ထို့ပြင် ၎င်း၏ နက်ရှိုင်းပြီး အေးစက်သော မျက်လုံးထဲတွင် မိစ္ဆာအလင်းတန်းတစ်ခု ရှိသည်။ ယင်းက လူတိုင်း၏ အသိစိတ်ကို ထွင်းဖောက်မြင်နိုင်ဟန် ရသည်။

၎င်း၏ ဆံပင်က ရှည်လျားပြီး ကွေးကောက်နေသည်။ ယင်းက အမှောင်ညထဲမှ မီးတောက်များပမာ အောက်မေ့ရပြီး ထူးဆန်းသော အလင်းကို ထုတ်လွှတ်နေသည်။

၎င်း၏ လက်ချောင်းများက သေးသွယ်ပြီး ချွန်ထက်လေရာ မည်သည့်အရာကိုမဆို အလွယ်တကူ ဆုတ်ဖြဲနိုင်သည့်အလားပင်။

၎င်း၏ ခန္ဓာကိုယ်ကို ရှုပ်ထွေးနက်နဲသော သင်္ကေတများဖြင့် ဖုံးလွှမ်းထားသည်။ ယင်းတို့က ၎င်း၏ စွမ်းအင်အရင်းအမြစ်ဖြစ်ရုံသာမက ထူးဆန်းသော ကျိန်စာတချို့ကိုလည်း ဖုံးကွယ်ထားသည်။

ကောင်းကင်မိစ္ဆာက ဆင်းသက်လာသည့်အခါ အမှောင်ထုက ဟင်းလင်းပြင်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်။ လေပြင်းမုန်တိုင်းက ဝုန်းခနဲ မြည်သံနှင့်အတူ ဖွဲ့စည်းသွားပြီး လျှပ်စီးက ကောင်းကင်ပေါ်မှာ ပြိုးပြိုးပြက်ပြက် လင်းလက်သွားသည်။

အရာအားလုံးက ၎င်း၏ ဂုဏ်ကျက်သရေနှင့် စွမ်းအားကို ဖော်ပြနေသည်။

“ အခွင့်အာဏာ… ”

ရွှီချင်းက ကောင်းကင်မိစ္ဆာပုံရိပ်ကို စိုက်ကြည့်လိုက်သည့်အခါ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။ ၎င်းထံမှ အလွန်သိပ်သည်းသော အခွင့်အာဏာ အားလှိုင်းအတတ်အကျများကို သူအာရုံခံနိုင်သည်။

ယင်းက သာမန်အခွင့်အာဏာမဟုတ်ကြောင်း ချက်ချင်း သူနားလည်လိုက်သည်။

“ ငါ့ရဲ့ အခွင့်အာဏာကို မိစ္ဆာဝိညာဉ် ယိုယွင်းအက်ကွဲခြင်းလို့ ခေါ်တယ် ”

အနောက်မိစ္ဆာကလေးက ရွှီချင်းကို ငုံ့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ မင်းက ရွှယ်ချန်းဇီဟုတ်တယ် မဟုတ်ဘူးဆိုတာ အရေးမကြီးတော့ဘူး ”

“ ဒီကို ငါရောက်လာတာက အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူတောင်ကိုယ်စား တိုက်ခိုက်ဖို့ပဲ… အားနည်းတဲ့လူတွေကို ငါအနိုင်မကျင့်ချင်ဘူး… ဒါကြောင့် ဒီတိုက်ပွဲမှာ နတ်ဘုရားစွမ်းရည်သုံးမျိုးကိုပဲ ငါအသုံးပြုမယ်… မင်းသေသွားရင်တောင် လုလင်းဇီက ငါ့ကို အပြစ်မရှာနိုင်ဘူး… တကယ်လို့ မင်းက အသက်ရှင်ခဲ့မယ်ဆိုရင်တော့ အဲ့ဒါက မင်းအတွက် ကံကောင်းခြင်းပဲ… ငါမင်းကို အသက်ချမ်းသာပေးလိုက်မယ် ”

ထိုသို့ပြောပြီးနောက် သူက ရွှီချင်းထံသို့ လက်ညှိုးညွှန်လိုက်သည်။

ချက်ချင်းဆိုသလို ရွှီချင်း၏ အရှေ့မှ ဟင်းလင်းပြင်က ပြိုကွဲသွားသည်။ ပေပေါင်းဒါဇင်ခန့် ထူထဲပြီး ပေတစ်ရာကျော် ရှည်လျားသော လှံတစ်ချောင်းက ဟင်းလင်းပြင်ထဲမှ တိုးထွက်လာပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

လှံဖြတ်သန်းသွားသည့်နေရာတိုင်း နိယာမများနှင့် ဥပဒေသများက ပြိုကွဲပျက်စီးသွားသည်။ လောကက တုန်ဟီးသွားပြီး အခွင့်အာဏာစွမ်းအားက ထွက်ပေါ်လာသည်။

လှံသည် ၎င်း၏ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးလိုက်ပြီး ရွှီချင်း၏ အသိစိတ်ကို ပစ်မှတ်ထားလိုက်သည်။ ၎င်းထံမှ စွမ်းအားက အလွန်ကြောက်စရာကောင်းပြီး အုပ်ချုပ်သူအဆင့်နှင့် အလွန်နီးကပ်သည်။

လှံက လျှပ်တစ်ပြက်အတွင်း ချဉ်းကပ်လာသည်။

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။

အနောက်မိစ္ဆာကလေး၏ စွမ်းအားသည် အတိတ်မှာ သူရင်ဆိုင်ခဲ့ဖူးသော ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူအားလုံးထက် အများကြီး သာလွန်သည်။ တစ်ဖက်လူက သူရင်ဆိုင်ခဲ့ဖူးသော ဝိညာဉ်စုစည်းခြင်းအဆင့် ရန်သူများထဲမှာ နံပါတ်တစ်ဖြစ်သည်ဟုပင် ဆိုနိုင်သည်။

ရွှီချင်းက မြန်ဆန်စွာ ချဉ်းကပ်လာနေသော လှံကို စိုက်ကြည့်လိုက်ပြီး အနောက်ဆုတ်သွားသည်။

သို့သော်လည်း ရွှီချင်းက အနောက်ဆုတ်သွားသည်နှင့်ချက်ချင်း ဒုတိယလှံက ရွှီချင်းဆီသို့ တခြားဦးတည်ရာမှ တစ်ဟုန်ထိုး ပျံသန်းလာသည်။

သတ်ဖြတ်ခြင်းအရှိန်အဟုန်သည်တော့ အဆုံးမသတ်သေးပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယင်းက ဆက်လက် တိုးမြှင့်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာ တတိယလှံ၊ စတုတ္ထလှံ၊ ပဉ္စမလှံ…

ကမ္ဘာတုန်ဟီးစေနိုင်သော စုစုပေါင်းလှံကိုးချောင်းသည် မတူညီသော အရပ်မျက်နှာများမှတဆင့် ရွှီချင်းကို ဝန်းရံလိုက်ကြသည်။ ၎င်းတို့က ပြင်းထန်သော သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုကို ဖွဲ့စည်းလိုက်ပြီး ရွှီချင်း၏ တည်နေရာအားလုံးကို ချိပ်ပိတ်လိုက်သည်။

သို့သော်လည်း အနောက်မိစ္ဆာကလေးက ရွှီချင်းအကြောင်းကို အများကြီး မသိထားသည်မှာ ထင်ရှားသည်။ အတိအကျပြောရလျှင် သူက ရွှယ်ချန်းဇီအကြောင်းကို သိထားနိုင်သော်လည်း ရွှီချင်းအကြောင်းကိုတော့ ဘာမှမသိထားပေ။

သို့ဖြစ်၍ ဤတိုက်ခိုက်မှုတွင် လှံတစ်ချောင်းစီက အုပ်ချုပ်သူအဆင့်နှင့် အလွန်နီးကပ်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီး အရပ်ရှစ်မျက်နှာကို ချိပ်ပိတ်ထားသော်လည်း သူက အသံကိုတော့ ချိပ်မပိတ်ထားခဲ့ပေ။

ထို့ကြောင့် လှံကိုးချောင်းက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် တစ်ပြိုင်နက် ကျဆင်းလာကြပြီး ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရွှီချင်း၏ တည်နေရာကို ဖြတ်ကျော်သွားကြသည်။

ရွှီချင်း၏ ပုံရိပ်သည်တော့ ဝေဝါးသွားသည်။ လှံကိုးချောင်းက ဖောက်ထွင်းသွားသည်မှာ သူ၏ အကြွင်းအကျန်ပုံရိပ်သာ ဖြစ်သည်။

သူ၏ အစစ်အမှန်ခန္ဓာကိုယ်က အသံနှင့် ပေါင်းစပ်သွားပြီး ပျောက်ကွယ်သွားသည်။

သူက ပြန်ပေါ်လာသည့်အခါ လေထဲမှာ မတ်တတ်ရပ်နေသော အနောက်မိစ္ဆာကလေး၏ အနောက်မှာ ထွက်ပေါ်လာသည်။ သူက လုံးဝမရပ်တန့်ခဲ့ပေ။ သူက ထွက်ပေါ်လာသည်နှင့်ချက်ချင်း လက်မြှောက်လိုက်ပြီး အနောက်မိစ္ဆာကလေးထံသို့ ဖိချလိုက်သည်။

သို့သော်လည်း အနောက်မိစ္ဆာကလေးသည် တိုက်ပွဲအတွေ့အကြုံများပြားပြီး သူ၏ တုံ့ပြန်မှုက အတော်လေး အံ့ဖွယ်ကောင်းသည်။ ရွှီချင်းက ထွက်ပေါ်လာပြီး တိုက်ခိုက်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ ပုံရိပ်က ဝေဝါးသွားသည်။

ရွှီချင်း၏ လက်ဝါးက လေကိုသာ ထိမှန်သွားသည်။ သူက ရုတ်တရက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ကောင်းကင်ပေါ်တွင် အနောက်မိစ္ဆာကလေး၏ ပုံရိပ်က ထွက်ပေါ်လာသည်။ သူက ခေါင်းငုံ့လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည့်အခါ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ စိတ်ဝင်စားစရာပဲ ”

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း ညာလက်ကို ထပ်မံ မြှောက်လိုက်ပြီး ရွှီချင်းထံသို့ လက်ညှိုးညွှန်လိုက်သည်။

ချက်ချင်းဆိုသလို ကီလိုမီတာ(၅၀၀၀)ဧရိယာကို ဖုံးလွှမ်းထားသော အနက်ရောင်မီးတောက်ပင်လယ်က တစ်ဟုန်ထိုး လောင်မြိုက်လာသည်။ မီးတောက်များက လေထဲသို့ မြှောက်တတ်သွားသည့်အခါ မီးတောက်ပင်လယ်ထဲမှ လူသားဝိညာဉ်များက ပုံပျက်တွန့်လိမ်သွားပြီး လှံများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

လှံများသည် အနည်းဆုံး အရေအတွက်တစ်သောင်းခန့် ရှိသည်။ ၎င်းတို့က အနက်ရောင်မီးတောက်ပင်လယ်နှင့်အတူ လေထဲသို့ ပျံသန်းသွားကြပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။ ဤသည်မှာ လှံမိုးက ရွှီချင်းပေါ်သို့ ရွာသွန်းလာသည့်အလားပင်။

ပိုပြီးကြောက်စရာကောင်းသည့်အချက်မှာ လှံတစ်သောင်းက ရွှီချင်းဆီသို့ ပျံသန်းသွားနေစဉ် ထပ်မံ ကွဲထွက်သွားကြသည်။ သို့ဖြစ်၍ မျက်တောင်တစ်ခတ်အတွင်းမှာ လှံအရေအတွက်က တစ်သိန်းကျော်သွားသည်။

လှံများက မြေကြီးထဲမှ ပျံသန်းထွက်လာကြပြီး ကီလိုမီတာ(၅၀၀၀)ဧရိယာကို ဖုံးလွှမ်းသွားကြသည်။

ထို့ပြင် ၎င်းတို့၏ အလျင်က အလွန်မြန်ဆန်သော်လည်း မည်သည့်အသံမှ မထွက်ပေါ်ပေ။

လှံတစ်ချောင်းစီ၏ အစွမ်းက အစောနက လှံကိုးချောင်းကဲ့သို့ မသန်မာသော်လည်း ၎င်းတို့က အရေအတွက် အလွန်များပြားလေရာ တိမ်းရှောင်ရန် အလွန်ခက်ခဲသည်။ ယခု လှံတစ်သိန်းသည် တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့်အတူ အနောက်မိစ္ဆာကလေး၏ ဒုတိယမြောက်လူသတ်ကွက် ဖြစ်လာသည်။

၎င်းတို့က ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ကျဆင်းလာကြသည်။

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက မတိမ်းရှောင်ပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ အသက်ဓာတ်က ပရမ်းပတာ လှုပ်ခတ်သွားသည့်အခါ သူက မျက်လုံးမှိတ်လိုက်သည်။

နောက်အခိုက်အတန့်မှာ လှံတစ်သိန်းသည် အရပ်မျက်နှာအဘက်ဘက်မှ ဆက်လက် ကျဆင်းလာကြသည်။ ကမ္မာတုန်ဟီးစေနိုင်သော အသံလှိုင်းများက ပျံ့နှံ့သွားပြီး ရွှီချင်းရှိနေသော လေထဲမှ နေရာက ထွန်းလင်းတောက်ပလာသည်။

ဥပဒေသများက ပြိုကွဲသွားပြီး နိယာမများက လွင့်ပြယ်သွားကြသည်။ ဟင်းလင်းပြင်က အက်ကွဲသွားပြီး ထိတ်လန့်ဖွယ်ကောင်းသော မီးတောက်များက ပေါက်ကွဲသွားကြသည်။

သို့သော်လည်း ရွှီချင်း၏ ပုံရိပ်က အကောင်းတိုင်း ရှိနေဆဲပင်။

လှံများက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဆက်တိုက် ကျဆင်းသွားနေကြောင်း မည်သူမဆို မြင်နိုင်သည်။ လှံက သူ၏ ခန္ဓာကိုယ်ဖြင့် တွေ့ဆုံသွားသည့်အခါတိုင်း ကျယ်လောင်သော ပေါက်ကွဲသံနှင့် သေစေနိုင်သော စွမ်းအားကို ဖွဲ့စည်းသွားလိမ့်မည်။ သို့သော်လည်း ၎င်းတို့အားလုံးက ရွှီချင်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သော တန်ပြန်စွမ်အားအောက်မှာ အရင်ဆုံး ပြိုကွဲပျက်စီးသွားကြသည်။

၎င်းတို့က ရွှီချင်း၏ ရုပ်ခန္ဓာကိုယ်ကို မချိုးဖြတ်နိုင်ကြပေ။

ထိုမြင်ကွင်းက အနောက်မိစ္ဆာကလေးကို မျက်မှောင်ကြုတ်သွားစေသည်။ သို့သော်လည်း သူက အများကြီး မအံ့ဩသွားပေ။ မည်သို့ဖြစ်ပါစေ တစ်ဖက်လူက ခုခံကာကွယ်ခြင်းတွင် အထူးကောင်းမွန်ကြောင်း အစောကြီးကတည်းက သူသိထားသည်။ သူက ယင်းကို သိထားသည့်တိုင် တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းမှာ အကြောင်းအရင်းရှိသည်။

လှံများ ပြိုကွဲပျက်စီးသွားပြီးနောက် အနက်ရောင်မီးတောက်များက ပိုမိုအားကောင်းစွာ လောင်မြိုက်လာကြသည်။ ထိုမီးတောက်က ထူးခြားဆန်းကြယ်ပြီး ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ၎င်းဘာသာ တွယ်ကပ်လာသည်။

၎င်းက မလောင်ကျွမ်းသွားသော်လည်း သေးငယ်သော မီးဝဲကတော့ငါးခုကို ဖွဲ့စည်းသွားကြသည်။ ထိုဝဲကတော့များက မြန်ဆန်စွာ လှည့်ပတ်သွားကြသည်။

ယင်းကို မြင်သောအခါ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အနောက်မိစ္ဆာကလေး၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အချိန်ကျပြီ ”

သူက ကောင်းကင်ပေါ်မှာ ပျံသန်းလိုက်ပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

သူက အနားသို့ ချဉ်းကပ်သွားသည်နှင့် ညာလက်ကို မြှောက်လိုက်သည်။ သူ၏ အနောက်မှ ကောင်းကင်မိစ္ဆာပုံရိပ်သည်လည်း ၎င်း၏ ညာလက်ကို မြှောက်လိုက်သည်။ တစ်ချိန်တည်းမှာ အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာပြီး ကောင်းကင်မိစ္ဆာပုံရိပ်၏ ပါးစပ်ထဲမှ ရှုပ်ထွေးသော မန္တန်ရွတ်ဆိုသံက ပဲ့တင်ထပ်သွားသည်။

၎င်းရွတ်ဆိုလိုက်သော စကားလုံးများက ရှင်းလင်းပီသသော်လည်း ယင်းတို့က ပဲ့တင်ထပ်သွားသည့်အခါ မည်သူမှ ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို နားမလည်နိုင်ကြပေ။

သို့သော်လည်း မန္တန်ရွတ်ဆိုသံက ပဲ့တင်ထပ်လာသည်နှင့် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်မီးဝဲကတော့ငါးခုက တုန်လှုပ်သွားကြပြီး သူ၏ နဖူးဆီသို့ ရွေ့လျားသွားကြသည်။ လှံများသည်လည်း တန်ပြန်အားကြောင့်မဟုတ်ဘဲ ၎င်းတို့ဘာသာ ပြိုကွဲပျက်စီးသွားကြသည်။

ယင်းက အနက်ရောင်မီးတောက်ကို ပိုပြီးအားကောင်းသွားစေပြီး ပိုမိုများပြားသော မီးဝဲကတော့များကို ထွက်ပေါ်လာစေသည်။

မီးဝဲကတော့အားလုံးက ရွှီချင်း၏ နဖူးပေါ်မှာ စုဝေးသွားကြသည်။ ယင်းတို့က အချင်းချင်း ထပ်ဆင့်လွှမ်းခြုံသွားပြီးနောက် အနက်ရောင်ဝဲကတော့တစ်ခုကို ဖွဲ့စည်းသွားသည်။

ရွှီချင်း၏ နဖူးပေါ်မှ ထိုအနက်ရောင်ဝဲကတော့က လှည့်ပတ်သွားသည်နှင့် အနောက်မိစ္ဆာကလေး၏ ညာလက်က ဆန့်တန်းထွက်လာသည်။

သူ၏ လက်ဖဝါးပေါ်မှာ သူ့ဝိညာဉ်၏ အမျှင်တန်းတစ်ခု ရှိသည်။

သူက နောက်ဆုံးလူသတ်ကွက်ကို အသက်သွင်းလိုက်သည်။

ဤလူသတ်ကွက်သည် သတ်ဖြတ်ခြင်းကို မရည်ရွယ်ပေ။

အစောနက သူ၏ စကားများနှင့် လုပ်ရပ်များက ရန်သူကို စိတ်ရှုပ်ထွေးသွားစေရန်နှင့် သူ၏ နောက်ဆုံးတိုက်ကွက်အတွက် အခြေခံအုတ်မြစ်ချရန်သာ ဖြစ်သည်။

ဝိညာဉ်အစားထိုးခြင်း…

အတိအကျဆိုရလျှင် သူက ရွှီချင်းကို အနိုင်မယူချင်ပေ။ သူက စစ်မြေပြင်မှ အပြေးအလွှား ပြန်ရောက်လာခြင်းမှာ အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူတောင်၏ ဂုဏ်သိက္ခာကို ပြန်လည်ဆောင်ကြဉ်းပေးရန် မဟုတ်ပေ။

သူက ရွှီချင်းကို တိုက်ခိုက်ခြင်းမှာ ငရဲမီးတောက်လျှို့ဝှက်အတတ်ပညာကြောင့် ဖြစ်သည်။

သူက ရွှီချင်းထံမှ ထိုလျှို့ဝှက်အတတ်ပညာကို ရယူချင်သည်။

တခြားလူများအတွက်တော့ ထိုသို့လုပ်ဆောင်ရန် အတော်လေး ခက်ခဲလိမ့်မည်။ သို့သော်လည်း သူ၏ အခွင့်အာဏာက ထူးခြားဆန်းကြယ်သည်။ ယင်းကို မိစ္ဆာဝိညာဉ် ယိုယွင်းပျက်စီးခြင်းဟု ခေါ်သည်။ သတ်ဖြတ်ခြင်းသည် ထိုအခွင့်အာဏာ၏ အပေါ်ယံအနှစ်သာရတစ်ခုမျှသာ ဖြစ်သည်။

ထိုအခွင့်အာဏာထဲမှာ နက်နက်ရှိုင်းရှိုင်း သူဖုံးကွယ်ထားသော တခြားစွမ်းရည်တစ်ခု ရှိသည်။ ယင်းက ဝိညာဉ်အစားထိုးခြင်း ဖြစ်သည်။

ယင်းက အတင်းအဓမ္မ လဲလှယ်ခြင်း ဖြစ်သည်။

သူက တစ်ဖက်လူ၏ လျှို့ဝှက်အတတ်ပညာဖြင့် လဲလှယ်ရန် သူ့ဝိညာဉ်၏ အမျှင်တန်းတစ်ခုကို အသုံးပြုလိုက်သည်။

ဤဝိညာဉ်သည်တော့ တစ်ဖက်လူ၏ ထိန်းချုပ်ခံရလိမ့်မည် မဟုတ်ချေ။ လဲလှယ်မှု အောင်မြင်သွားသည်နှင့် ဝိညာဉ်က ၎င်းဘာသာ ပြန်ရောက်လာလိမ့်မည်။

ယင်းက ကောင်းကင်မိစ္ဆာ၏ လဲလှယ်မှု ဖြစ်သည်။

သို့သော်လည်း ဤလောကထဲတွင် အရာအားလုံးဆီမှာ အစွန်းနှစ်ဖက်ရှိသည်။

‘ မင်းက တခြားလူတွေအပေါ် မကောင်းကြံစည်နေတဲ့အချိန် တခြားလူတွေကလည်း မင်းအပေါ်ကို မကောင်းကြံစည်နေလောက်တယ် ’

ထိုသဘောတရားက ဤအခိုက်အတန့်မှာ အမှန်ဖြစ်လာသည်။ ရွှီချင်း၏ နဖူးပေါ်မှ အနက်ရောင်မီးဝဲကတော့က ဝုန်းခနဲ မြည်သွားပြီး အနောက်မိစ္ဆာကလေးက သူ၏ ဝိညာဉ်ကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်စဉ် ရွှီချင်း၏ မှိတ်ထားသော မျက်လုံးက ရုတ်တရက် ပြန်ပွင့်သွားသည်။

အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူခိုးခြောက်ယောက် လှည့်စားခြင်း အခွင့်အာဏာက ချက်ချင်း ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းမှာ ရွှီချင်းတစ်ယောက်သာ မြင်နိုင်သော စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးမှ ချည်မျှင်များသည် အနောက်မိစ္ဆာကလေး၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။

ချည်မျှင်များက သူ၏ ခန္ဓာကိုယ်နှင့် ချက်ချင်း ဆက်သွယ်သွားကြသည်။

သူခိုးခြောက်ယောက်က လမ်းကြောင်းတစ်ခုဖြစ်လာသည်။

ထိုလမ်းကြောင်းက ဝိညာဉ်နှင့် ဆက်စပ်နေသည်။

ရွှီချင်း၏ ဝိညာဉ်က သူ၏ အသိစိတ်ပင်လယ်ထဲမှ ထွက်လျှောက်လာပြီး ထိုလမ်းကြောင်းနောက်သို့ လိုက်သွားသည်။ ဝိညာဉ်က သူ၏ နဖူးထဲမှ တိုက်ရိုက် ပျံသန်းထွက်လာပြီး အနောက်မိစ္ဆာကလေး၏ ညာလက်ဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

ရွှီချင်း၏ ဝိညာဉ်ခန္ဓာကိုယ်၏ ဘေးပတ်ပတ်လည်တွင် အနက်ရောင်ဓားမြှောင်တစ်လက်လည်း ရှိသည်။

ဤအခိုက်အတန့်မှာ ဓားမြှောင်က တစ်ဖက်လူအသုံးပြုခဲ့သော နည်းလမ်းနှင့် အလဲအလှယ်ကို လျစ်လျူရှုထားလိုက်ပြီး အကြင်နာမဲ့စွာ ပိုင်းဖြတ်လိုက်သည်။

ဓားချက်ကြောင့် အနောက်မိစ္ဆာကလေး၏ ညာလက်ထဲမှ ဝိညာဉ်က နှလုံးကွဲကြေစွာ အော်ဟစ်ညည်းတွားလိုက်ပြီး ချက်ချင်း နှစ်ပိုင်းကွဲထွက်သွားသည်။

ရွှီချင်းသည်တော့ သူ၏ တိုက်ခိုက်မှုက မပြီးဆုံးသေးပေ။ သူ၏ ဝိညာဉ်သည် ဓားမြှောင်ကို သယ်ဆောင်လျက် အနောက်မိစ္ဆာကလေးဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ သူက တစ်ဖက်လူ၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။

အနောက်မိစ္ဆာကလေး၏ အသိစိတ်ပင်လယ်က အလွန်ကျယ်ပြောပြီး အထဲမှာ အနက်ရောင်မီးတောက်ဖြင့် ပြည့်နှက်နေသည်။ မဟာလောကခုနစ်ခုက ၎င်းကို ဝန်းရံထားကြစဉ် လှံကိုင်ဆောင်ထားသော ကောင်းကင်မိစ္ဆာတစ်ပါးက အနက်ရောင်မီးတောက်များပေါ်မှာ တင်ပျဉ်ခွေထိုင်နေသည်။

ထိုကောင်းကင်မိစ္ဆာကို သူမြင်သွားသည့်အခိုက် ရွှီချင်း၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်အားကောင်းလာသည်။ သူက ဓားမြှောင်ကို မြှောက်လိုက်ပြီး အရှေ့သို့ ပြေးသွားသည်။

ကောင်းကင်မိစ္ဆာသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ ၎င်းက ရွှီချင်း၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် ၎င်း၏ လက်ထဲမှ လှံကို မြှောက်လိုက်သည်။

ဓားမြှောင်နှင့် လှံက ထိပ်တိုက်တွေ့ဆုံသွားသည်။

ဓားမြှောင်က ဘာမှမဖြစ်သွားသော်လည်း လှံက ပြိုကွဲသွားပြီး အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။

ကောင်းကင်မိစ္ဆာသည်လည်း အတင်းအဓမ္မ အနောက်ဆုတ်သွားရသည်။

ရွှီချင်းက ၎င်းနောက်သို့ လိုက်ဖမ်းတော့မည့်အချိန် အန္တရာယ်ခံစားမှုက သူ၏ ဝိညာဉ်ထဲမှာ ထွက်ပေါ်လာသည်။

အနောက်ဆုတ်သွားသော ကောင်းကင်မိစ္ဆာ၏ အနောက်တွင် သံချေးတတ်နေသော ရှေးဟောင်းခေါင်းလောင်းတစ်ခုက မြှောက်တတ်လာသည်။ ခေါင်းလောင်းက လှုပ်ယမ်းသွားသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ထွက်ပေါ်လာသည်။

ရွှီချင်း၏ ဝိညာဉ်မျက်လုံးက အရောင်လင်းလက်သွားသည်။ သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်း အနောက်ဆုတ်သွားသည်။

သူက အနောက်မိစ္ဆာကလေး၏ အသိစိတ်ပင်လယ်ထဲမှ ထွက်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားသည့်အခိုက် ကြောက်မက်ဖွယ်ကောင်းသော ထိုစွမ်းအားက ပျံ့နှံ့သွားပြီး အပြင်လောကမှာ ထွက်ပေါ်လာသည်။

ရွှီချင်းနှင့် အနောက်မိစ္ဆာကလေး၏ ခန္ဓာကိုယ်က လေထဲမှာ အနောက်သို့ လွင့်စင်သွားကြပြီး သူတို့နှစ်ယောက်က ပေတစ်ထောင် ဝေးကွာသွားကြသည်။

ပေတစ်ထောင်အဝေးတွင် အနောက်မိစ္ဆာကလေး၏ အမူအရာက အရုပ်ဆိုးသွားသည်။ အစောနက အန္တရာယ်ကို သူပြန်အမှတ်ရသွားသောအခါ နှလုံးတုန်သွားသည်။ ဤအခိုက်အတန့်မှာ သူက ရွှီချင်းကို စိုက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောသည်။

“ ငါ့အစီအစဉ်ကို မင်းကြိုသိနေတယ်လား ”

ရွှီချင်းက အမူအရာကင်းမဲ့စွာရှိနေပြီး တည်ငြိမ်စွာ ပြောသည်။

“ အသေးစိတ်ကို ငါမသိပေမဲ့ စောစောတုန်းက မင်းပြောခဲ့တဲ့ စကားတွေနဲ့ လုပ်ရပ်တွေကို သုံးသပ်ကြည့်မယ်ဆိုရင် အဲ့ဒါက လူသတ်ကွက်မဟုတ်ဘူးဆိုတာ ခန့်မှန်းဖို့ မခဲယဉ်းပါဘူး ”

ယင်းကို အနောက်မိစ္ဆာကလေး ကြားသောအခါ သူက ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင် ထွက်ပေါ်လာသော်လည်း သူက ထွက်သွားရန် အနောက်လှည့်လိုက်သည်။

ရွှီချင်းက လက်မြှောက်လိုက်သည့်အခါ ဟင်းလင်းပြင်က ချက်ချင်း တုန်ယင်သွားသည်။ လေပြင်းမုန်တိုင်းတစ်ခုက အနောက်မိစ္ဆာကလေး၏ အရှေ့မှာ ထွက်ပေါ်လာပြီး သူ၏ လမ်းကြောင်းကို တားဆီးလိုက်သည်။

အနောက်မိစ္ဆာကလေး၏ ခြေလှမ်းက ရပ်တန့်သွားသည်။ သူက ရွှီချင်းကို ကြည့်လိုက်သည့်အခါ သူ၏ အမူအရာက မည်းမှောင်သွားသည်။

“ ငါ့ရဲ့ တိုက်ခိုက်မှုသုံးခုက ပြီးသွားပြီ… မင်းအသက်ကို ချမ်းသာပေးမယ်လို့ ငါပြောခဲ့တယ်… မင်းက သေဘေးကို ကိုယ့်ဘာသာ ဖိတ်ခေါ်ချင်နေတာလား ”

ရွှီချင်းက ခေါင်းခါလိုက်သည်။

“ မင်းအသက်ကို ချမ်းသာပေးမယ်လို့ ငါမပြောခဲ့ဘူး ”

ရွှီချင်းက စကားပြောပြီးနောက် အရှေ့သို့ လျှောက်သွားသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပေါက်ကွဲထွက်လာသည်။

ယ်… ဒီနေ့ မင်းကို

All Chapters