← Chapters

ရှေးခေတ် ဧရာမပညတ်တော်များ

Vol. 98 Ch. 1515

ရှေးခေတ် ဧရာမပညတ်တော်များ

Vol. 98 Ch. 1515

အရှေ့မိစ္ဆာငှက်မွှေး၏ အင်မော်တယ်အတတ်ပညာခန်းမထဲတွင် ဝတ်စုံနက်ဖြင့် မဟာအကြီးအကဲ၏ အသံသည် သတ္ထုချင်းပွတ်တိုက်သံကဲ့သို့ ခန်းမထဲမှာ ပဲ့တင်ထပ်သွားသည်။

ထို့ပြင် သူ၏ အသံက ထပ်ဆင့်လွှမ်းခြုံသွားဟန် ရ၏။ အဘယ့်ကြောင့်ဆိုသော် ထိုစကားကို သူတစ်ယောက်တည်းက ပြောလိုက်ခြင်း မဟုတ်ပေ။ သူ၏ အနောက်မှ သက်လတ်ပိုင်းအရွယ်ပုံရိပ်၊ လူငယ်ပုံရိပ်နှင့် ကလေးပုံရိပ်ကလည်း တူညီစွာ ပြောလိုက်ကြသည်။

ထိုမြင်ကွင်းက အလွန်ထူးခြားဆန်းကြယ်သည်။

မဟာအကြီးအကဲဆီမှာ သူခိုးခြောက်ယောက်လှည့်စားခြင်း အင်မော်တယ်အတတ်ပညာ၏ အမွေအနှစ်မရှိသော်လည်း ထိုပုံရိပ်များက သူဖမ်းဆုပ်မိထားသော အင်မော်တယ်အတတ်ပညာ၏ ပြယုဂ်များ ဖြစ်ကြသည်။ တစ်နည်းဆိုရသော် သူ့ကိုယ်ပိုင် အင်မော်တယ်အတတ်ပညာကလည်း အလွန်အံ့ဖွယ်ကောင်းသည်။

သူက စကားဆုံးအောင် ပြောပြီးနောက် လက်ထဲမှ တောင်ဝှေးကို သူ့အောက်မှ ဟင်းလင်းပြင်ပေါ်သို့ ထုချလိုက်သည်။

ခေါင်းလောင်းမြည်သံက ချက်ချင်း မြည်ထွက်လာပြီး ဘေးပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်သွားသည်။

ယင်းက မိုးခြိမ်းသံသဖွယ် အောက်မေ့ရပြီး ထိုထဲမှာ သက်ရှိအားလုံး၏ ဟိန်းသံများ ပါဝင်နေဟန် ရသည်။ ထိုအသံမှ လွှမ်းမိုးဖိနှိပ်သော စွမ်းအားက ဟင်းလင်းပြင်ကို ပုံပျက်တွန့်လိမ်သွားစေပြီး ဘေးပတ်ဝန်းကျင်ကို ဝေဝါးသွားစေသည်။

တောင်ဝှေး၏ ညွှန်ပြခံလိုက်ရသော မြေပြင်ပေါ်တွင်လည်း ဝုန်းခနဲ မြည်သံက ထွက်ပေါ်လာသည်။ ထို့နောက် ဧရာမဝဲကတော့တစ်ခုက ထိုနေရာမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

ဝဲကတော့က ဆက်လက် လှည့်ပတ်သွားနေစဉ် အမည်မသိနေရာဆီသို့ ဦးတည်သွားသော တွင်းပေါက်တစ်ခုကို ဖွဲ့စည်းသွားသည်။

ထိုမြင်ကွင်းက အုပ်ချုပ်သူတောင်အသီးသီးမှ ကိုယ်စားလှယ်များကို အံ့ဩသွားစေသည်။ ရွှီချင်း၏ အမူအရာက တည်ငြိမ်သော်လည်း သူ၏ မျက်လုံးထဲမှာ လေးနက်သော အကြည့် ထွက်ပေါ်လာသည်။ တခြားကိုယ်စားလှယ်များသည်လည်း မကြာသေးမီက တံခါးပိတ်ကျင့်ကြံနေခြင်းမှ ပြန်ထွက်လာခဲ့သော ဤမဟာအကြီးအကဲအပေါ် အမြင်အသစ်ဖြင့် ကြည့်လိုက်ကြသည်။

“ အားလုံးပဲ… ရှေးခေတ်သဘောတူညီမှုအရ အင်မော်တယ်သန့်စင်ခြင်းဆေးမီးဖိုကို မြှောက်တင်ဖို့ ကျေးဇူးပြုပြီး မင်းတို့ရဲ့ တုံကင်ကို ထုတ်လိုက်ကြပါ ”

မဟာအကြီးအကဲက ခေါင်းမော့လိုက်ပြီး လူတိုင်းကို ကြည့်လိုက်သည်။

လူတိုင်းက နှုတ်ဆိတ်သွားကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ပဉ္စမအုပ်ချုပ်သူတောင်မှ ကိုယ်စားလှယ်က သူ၏ လက်ကို မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို တုံကင်တစ်ခုက ပျံသန်းထွက်လာပြီး သူ၏ ဦးခေါင်းပေါ်တွင် လွင့်မျောသွားကာ ထွန်းလင်းတောက်ပလာသည်။

ထို့နောက် တခြားအုပ်ချုပ်သူတောင်များမှ ကိုယ်စားလှယ်များက သူတို့၏ တုံကင်ကို အသီးသီး ထုတ်လိုက်ကြသည်။ မကြာမီ တုံကင်အားလုံးက လေထဲမှာ မျောလွင့်သွားကြသည်။

အင်မော်တယ်အတတ်ပညာခန်းမနှင့် အုပ်ချုပ်သူတောင်များကြားမှ သဘောတူညီမှုအရ အင်မော်တယ်အတတ်ပညာခန်းမက အုပ်ချုပ်သူတောင်များ၏ လက်အောက်မှာ ရှိသည်။ ထို့ကြောင့် ကြီးမြတ်သော အင်မော်တယ်သခင်တစ်ပါးကို ရွေးချယ်သည့်အခါတိုင်း အုပ်ချုပ်သူတောင်များ၏ ခွင့်ပြုချက်ကို လိုအပ်သည်။

အထူးသဖြင့် အင်မော်တယ်အတတ်ပညာခန်းမ၏ ရှေးဟောင်းရတနာတစ်ခုဖြစ်သော အင်မော်တယ်သန့်စင်ခြင်းဆေးမီးဖိုအတွက် ဖြစ်သည်။ ယင်းမှာ အကန့်အသတ်အများကြီး ရှိသည်။ အုပ်ချုပ်သူများ၏ တုံကင်များသည်သာ ယင်းကို အသက်သွင်းနိုင်သည်။

မည်သို့ဖြစ်ပါစေ ယင်းက အလွန်ရှေးကျသော ရတနာတစ်ခုဖြစ်ပြီး မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေတစ်ခုလုံးတွင် တစ်ခုတည်းသာ ရှိသည်။

ယင်းက အတိတ်တုန်းက အရှေ့မိစ္ဆာငှက်မွှေး၏ ဩဇာအာဏာနှင့် ရှေးဟောင်းဓလေ့များ အစပြုရာနေရာလည်း ဖြစ်သည်။ ယခု အရှေ့မိစ္ဆာငှက်မွှေး၏ အင်မော်တယ်အတတ်ပညာခန်းမက နိမ့်ကျသွားသည့်တိုင် အနောက်မိစ္ဆာငှက်မွှေး၏ အင်မော်တယ်အတတ်ပညာခန်းမက ဤရတနာကို သိမ်းပိုက်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့၏။

အရှေ့မိစ္ဆာငှက်မွှေး၏ အင်မော်တယ်အတတ်ပညာခန်းမက နိမ့်ကျသွားသော်လည်း အမှန်မှာ အုပ်ချုပ်သူအသီးသီးက အင်မော်တယ်အတတ်ပညာခန်းမထဲမှ အတွင်းရေးကိစ္စများကို မည်သည့်အခါမှ ဝင်ရောက်မစွက်ဖက်ခဲ့ကြပေ။ သူတို့က အင်မော်တယ်အတတ်ပညာခန်းမကို ရိုသေလေးစားကြသည်။

သို့ဖြစ်၍ တခြားကိုယ်စားလှယ်များက သူတို့၏ တုံကင်ကို ထုတ်လိုက်ပြီးနောက် ရွှီချင်းသည်လည်း ယင်းကို တစ်ခဏ တွေးတောလိုက်ပြီး သူ၏ တုံကင်ကို ထုတ်လိုက်သည်။

တုံကင်ဆယ်ခုထွက်ပေါ်လာကြသည့်အခါ ယင်းတို့ထံမှ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်က အလင်းပင်လယ်အဖြစ် ဖွဲ့စည်းသွားသည်။ ထို့နောက် အလင်းပင်လယ်က အောက်ဘက်မှ ဝဲကတော့ဆီသို့ ပေါင်းစပ်သွားသည်။

ယင်းက ဝဲကတော့ကို ရောင်စုံအလင်းဖြင့် ချက်ချင်း ပြည့်နှက်သွားစေသည်။ ဝဲကတော့က တလက်လက် ထွန်းလင်းတောက်ပသွားစဉ် ဝုန်းခနဲ မြည်သံက အစောနကထက် ပိုပြီးကျယ်လောင်လာသည်။ ဝုန်းခနဲ မြည်သံက ဆက်လက် ပဲ့တင်ထပ်နေစဉ် ပစ္စည်းတစ်ခုက ဝဲကတော့ထဲမှ မြှောက်တတ်လာသည်။

ပထမဆုံး ထွက်ပေါ်လာသည်မှာ ဦးခေါင်းခွံတစ်လုံး ဖြစ်သည်။

ထိုဦးခေါင်းခွံတွင် အသွေးအသားများမရှိပေ။ ယင်းမှာ အရိုးများသာရှိပြီး ကြောက်မက်ဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်မှုကို ထုတ်လွှတ်နေသည်။

ထို့နောက် ပေတစ်ထောင်ရှည်လျားသော အဖုံးက ထွက်ပေါ်လာသည်။

နောက်တစ်ခုက ဧရာမဆေးမီးဖိုတစ်ခု ဖြစ်သည်။

နောက်ဆုံးမှာတော့ လူတိုင်း၏ အမြင်တွင် ထွက်ပေါ်လာသည်မှာ ပေတစ်ထောင်ရှည်လျားသော ဆေးမီးဖိုဖြစ်သည်။

ဆေးမီးဖိုက အဖြူရောင်ဖြစ်ပြီး ယင်းကို အရိုးများဖြင့် ပြုလုပ်ထားသည်။ ဆေးမီးဖို၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော ရှေးဟောင်းမှော်သင်္ကေတများကို ရေးထွင်းထားသည်။ ဆေးမီးဖိုတစ်ခုလုံးက ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထို့ပြင် အချိန်က ဆေးမီးဖိုပေါ်မှာ စီးဆင်းနေသည်ဟူသော ခံစားမှုကိုလည်း ပေးသည်။

ဆေးမီးဖိုတစ်ခုလုံး ထွက်ပေါ်လာသည့်အခိုက် ရှေးဟောင်းလေက ဆန္ဒမရှိမှုနှင့်အတူ တိုက်ခတ်သွားသည့်အလား ရူးသွပ်သော ဟိန်းသံတစ်သံက လောကထဲမှာ ပဲ့တင်ထပ်သွားသည်။

ယင်းက လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

ဤနေရာမှ လူများထဲမှ တချို့သာလျှင် ဤအင်မော်တယ်သန့်စင်ခြင်းဆေးမီးဖိုကို လွန်ခဲ့သော နှစ်ပေါင်းများစွာက မြင်ခဲ့ဖူးကြသည်။ ကျန်လူများသည်တော့ ဤဆေးမီးဖို၏ ဒဏ္ဍာရီကို ကြားဖူးထားသော်လည်း ဤသည်မှာ ပထမဆုံးအကြိမ် ကိုယ်တိုင်မျက်စိဖြင့် မြင်ဖူးခြင်း ဖြစ်သည်။

ရွှီချင်းသည် ဆေးမီးဖိုထံမှ အကြည့်မခွာနိုင်ပေ။ သို့သော်လည်း သူ၏ အကြည့်က ဦးခေါင်းခွံပေါ်မှာသာ အဓိက ကျရောက်နေသည်။

ယင်းကို ပိုပြီးသူကြည့်မိလေ ရင်းနှီးကျွမ်းဝင်သည်ဟု ပိုပြီးခံစားမိလေ ဖြစ်သည်။

ထို့နောက် ရွှီချင်းက နှလုံးတုန်သွားသည်။ မယုံကြည်နိုင်စရာကောင်းသော အတွေးတစ်ခုက သူ၏ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ကိုယ်စားလှယ်တစ်ယောက်က ဖြည်းညင်းစွာ ပြောသည်။

“ မဟာအကြီးအကဲ… ဒီဆေးမီးဖိုက အင်မော်တယ်အတတ်ပညာမဟာဧကရာဇ်ကိုယ်တိုင် ဖန်တီးသန့်စင်ခဲ့တဲ့ အရိုးဆေးမီးဖိုခြောက်လုံးထဲက တစ်လုံးမဟုတ်လား ”

ယင်းကို အင်မော်တယ်အတတ်ပညာခန်းမ၏ မဟာအကြီးအကဲ ကြားသွားသောအခါ သူက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အင်မော်တယ်အတတ်ပညာမဟာဧကရာဇ်က လူသားတစ်ယောက်ဖြစ်ပြီး နောက်ပိုင်းမှာ သူက သမိုင်းထဲကနေ မေ့ပစ်ခံလိုက်ရတယ်… ဒါကြောင့် လောကကြီးက သူ့နာမည်ကို မသိနိုင်ဘူး… အင်မော်တယ်အတတ်ပညာရဲ့ နောက်မျိုးဆက်တွေဖြစ်တဲ့ ငါတို့တွေတောင်မှ အဲ့ဒါကို မသိကြဘူး ”

“ ဒါပေမဲ့ ငါ့ရဲ့ အင်မော်တယ်အတတ်ပညာမျိုးဆက်က အဲ့ဒီမဟာဧကရာဇ်ရဲ့ အကျိုးဆောင်မှုတွေကို ဘယ်တော့မှ မမေ့ဘူး ”

“ ဝမ်ကူးကုန်းမြေရဲ့ အစောပိုင်းနှစ်တွေမှာ ရှေးဘုရင်ရွှမ်ယုံက ဝမ်ကူးကုန်းမြေကို စည်းလုံးညီညွတ်အောင် တိုက်ခိုက်သိမ်းပိုက်နေတဲ့အချိန် အင်မော်တယ်အတတ်ပညာတွေကို ဖန်တီးခဲ့တဲ့ မဟာဧကရာဇ်က အရိုးဆေးမီးဖိုခြောက်လုံးကို သန့်စင်ခဲ့တယ်… ဒီဆေးမီးဖိုက အဲ့ဒီဆေးမီးဖိုခြောက်လုံးထဲက တစ်လုံးပဲ… သူက အဲ့ဒီခေတ်တုန်းက ဧရာမပညတ်တော်ခြောက်ပါးကို ကိုယ်တိုင်သုတ်သင်ခဲ့ပြီး သူတို့ရဲ့ အရိုးတွေနဲ့ ဆေးမီးဖိုတွေကို သန့်စင်ခဲ့တယ် ”

“ မင်းတို့အရှေ့က ဒီဦးခေါင်းခွံဟာ ဧရာမပညတ်တော်ခြောက်ပါးထဲက တစ်ပါးရဲ့ အရိုးခေါင်းပဲ ”

“ ကောလဟာလတွေအရ အဲ့ဒီဧရာမပညတ်တော်က လူသားတစ်ယောက်နဲ့ ဆင်တူတယ်ဆိုပေမဲ့ သူက လူသားစင်စစ်မဟုတ်ဘူး ”

“ အဲ့ဒါနဲ့ပတ်သက်ပြီး ငါ့ရဲ့ အင်မော်တယ်အတတ်ပညာခန်းမထဲမှာ ရှေးဟောင်းမှော်သင်္ကေတချို့ ရှိတယ်… အဲ့ဒီထဲမှာ ဖော်ပြထားတာတော့ ဒီဆေးမီးဖိုကို သန့်စင်ခဲ့တဲ့ ဧရာမပညတ်တော်က ကြောက်စရာကောင်းပြီး မဟာဧကရာဇ်တစ်ပါးနဲ့ ယှဉ်ပြိုင်နိုင်တယ်… အထူးသဖြင့် သူ့ရဲ့ ရူးသွပ်မှုက အရာအားလုံးကို ခြိမ်းခြောက်နိုင်တယ်… ဒါ့အပြင် သူ့ရဲ့ လောဘက ပြိုင်စံရှားပဲ ”

“ အတိတ်မှာ ရှေးဘုရင်ရွှမ်ယုံက အသင်္ချေမျိုးနွယ်စုတွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့အချိန် အဲ့ဒီပညတ်တော်က အသင်္ချေမျိုးနွယ်စုတွေဆီ ဝင်ရောက်ပြီး ရတနာအမျိုးမျိုးကို ခိုးယူခဲ့တယ်… အထူးသဖြင့် နောက်ဆုံးအကြိမ်ပဲ… အဲ့ဒီပညတ်တော်က အတော်လေး သတ္တိကောင်းပြီး ရှေးဘုရင်ရွှမ်ယုံရဲ့ သရဖူကိုတောင် ခိုးဖို့ ကြိုးစားခဲ့တယ်… သူကျရှုံးသွားတဲ့နောက် ရှေးဘုရင်ရွှမ်ယုံက ဒေါသထွက်သွားပြီး အင်မော်တယ်အတတ်ပညာမဟာဧကရာဇ်ကို သူ့ကို လိုက်ဖမ်းစေခဲ့တယ် ”

“ အဲ့ဒီနောက် သူက အင်မော်တယ်အတတ်ပညာမဟာဧကရာဇ်ရဲ့ မျှားခေါ်ခံခဲ့ရပြီး မဟာဧကရာဇ်ရဲ့ စည်းချအစီအရင်ထဲမှာ သတ်ဖြတ်ခံခဲ့ရတယ် ”

“ တကယ်လို့ မင်းက ဒီလောဘဆေးမီးဖိုကို သန့်စင်နိုင်မယ်ဆိုရင် ဒီဆေးမီးဖိုရဲ့ လောဘကို အသုံးပြုပြီး အင်မော်တယ်အတတ်ပညာတစ်ခုကို သန့်စင်နိုင်လိမ့်မယ် ”

အင်မော်တယ်အတတ်ပညာခန်းမထဲမှ မဟာအကြီးအကဲ၏ စကားသံက လူတိုင်း၏ နားထဲမှာ ပဲ့တင်ထပ်သွားသည်။ ယင်းက ကိုယ်စားလှယ်များကို အမူအရာပြောင်းလဲသွားစေသည်။

သူတို့က ဤဆေးမီးဖို၏ တည်ရှိမှုကို သိထားသော်လည်း ဤသည်မှာ ယင်း၏ မူလဇစ်မြစ်ကို ပထမဆုံးအကြိမ် သူတို့ကြားဖူးခြင်း ဖြစ်သည်။

ရွှီချင်းသည်တော့…

ထူးဆန်းသော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူ၏ စိတ်ထဲမှ မယုံကြည်နိုင်စရာကောင်းသော ခန့်မှန်းမှုက ပိုပြီးအားကောင်းလာသည်။ ထို့ကြောင့် သူ၏ အကြည့်က ဆေးမီးဖို၏ ဦးခေါင်းခွံမှ ရွှေ့ပြောင်းသွားပြီး လေထဲမှာ ချိတ်ဆွဲခံထားရသော ယွဲ့တုန်ပေါ်သို့ ကျရောက်သွားသည်။

‘ စီနီယာအကိုကြီးရဲ့ ရည်ရွယ်ချက်က… အဲ့ဒီဆေးမီးဖိုလား ’

ရွှီချင်းက တွေးတောနေစဉ် မဟာအကြီးအကဲက အရိုးဆေးမီးဖိုကို မိတ်ဆက်ပေးပြီးနောက် လက်မြှောက်လိုက်သည်။

“ အင်မော်တယ်အတတ်ပညာမဟာဧကရာဇ်ရဲ့ နာမည်နဲ့အတူ အုပ်ချုပ်သူတောင်တွေရဲ့ အရပ်ဆယ်မျက်နှာတုံကင်တွေကို ငါဆင့်ခေါ်လိုက်တယ်… အခု အရိုးဆေးမီးဖိုကို ငါအသက်သွင်းပြီး ယွဲ့တုန်ကို သူခိုးခြောက်ယောက်လှည့်စားခြင်း အင်မော်တယ်ဆေးလုံးအဖြစ် သန့်စင်ပစ်မယ် ”

“ ဆေးမီးဖို… လောင်ကျွမ်းစမ်း ”

သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ဧရာမအရိုးဆေးမီးဖိုက တဝီဝီမြည်လာပြီး တုန်ခါလာသည်။

အင်မော်တယ်အတတ်ပညာခန်းမတည်ရှိသော အဖြူရောင်ရေကန်သည် ဤအခိုက်အတန့်မှာ ပရမ်းပတာ တုန်လှုပ်လာသည်။ ရေကန်သည် အဖြူရောင်မီးတောက်ပင်လယ်အဖြစ် အမှန်တကယ် ပြောင်းလဲသွားသည်။

မီးတောက်များသည် အင်မော်တယ်အတတ်ပညာခန်းမထဲသို့ စီးဝင်သွားပြီး ခန်းမထဲမှ အရိုးဆေးမီးဖိုထဲမှာ စုဝေးသွားသည်။

ယင်းက အပြင်းအထန် လောင်ကျွမ်းသွားသည်။

ထိုမြင်ကွင်းက ကြီးကျယ်ခမ်းနားသည်။ အင်မော်တယ်အတတ်ပညာခန်းမ၏ မဟာအကြီးအကဲက မျက်လုံးဝင်းလက်သွားသည်။ သူက တောင်ဝှေးကို မြှောက်လိုက်ပြီး အော်ပြောလိုက်သည်။

“ ဆေးမီးဖို… ပွင့်သွားစမ်း ”

ချက်ချင်းဆိုသလို ဆေးမီးဖို၏ အဖုံးက ကျယ်လောင်သော မြည်သံကို ထုတ်လွှတ်လိုက်ပြီး ဘေးသို့ ဖြည်းညင်းစွာ ရွေ့လျားသွားသည်။ အဆုံးမဲ့သော မီးတောက်များက ဆေးမီးဖိုထဲမှ ထွက်ပေါ်လာပြီး လေထဲမှာ တန်းလန်းချိတ်ဆွဲခံထားရသော ယွဲ့တုန်ကို ဖုံးလွှမ်းသွားသည်။

ယွဲ့တုန်၏ ခန္ဓာကိုယ်ကို တုတ်နှောင်ထားသော သံကြိုးများက မီးတောက်များကြောင့် ချက်ချင်း အရည်ပျော်သွားကြသည်။

သို့ဖြစ်၍ ယွဲတုန်၏ ခန္ဓာကိုယ်က အောက်သို့ ပြုတ်ကျသွားပြီး ဆေးမီးဖို၏ ဝါးမျိုခံလိုက်ရသည်။

ရွှီချင်းက တုံ့ဆိုင်းသွားပြီး တိုက်ခိုက်ချင်သော စိတ်ဆန္ဒကို ချိုးနှိမ်လိုက်သည်။ စီနီယာအကိုကြီးကို ယုံကြည်ရန် သူက ရွေးချယ်လိုက်သည်။

တစ်ချိန်တည်းမှာ အင်မော်တယ်အတတ်ပညာခန်းမ၏ မဟာအကြီးအကဲက ခြေတစ်လှမ်းနှင့်အတူ ဆေးမီးဖိုပေါ်သို့ ရောက်ရှိသွားသည်။ သူ၏ အနက်ရောင်ဝတ်စုံက ဖောင်းကားလာသည်။ ဘေးပတ်ဝန်းကျင်မှ လူတိုင်း၏ အကြည့်အောက်မှာ သူက လေးနက်စွာ အသက်ရှူသွင်းလိုက်ပြီး သူ့အနောက်မှ သက်လတ်ပိုင်းအမျိုးသားပုံရိပ်ကို ဖမ်းဆုပ်လိုက်သည်။

ထိုဖမ်းဆုပ်မှုကြောင့် သက်လတ်ပိုင်းအမျိုးသားပုံရိပ်က တိုက်ရိုက် အက်ကွဲသွားသည်။ သူ၏ အသွေးအသားများက လေအဖြစ် ပြောင်းလဲသွားပြီး မဟာအကြီးအကဲ၏ လက်ထဲသို့ ကျရောက်သွားသည်။

“ စကြာဝဠာထဲက အက်ကွဲသွားတဲ့ ကြယ်ဂြိုလ်တွေဆီကနေ လေကို ဆွဲထုတ်ပြီး မင်းရဲ့ ရုပ်ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်မယ် ”

လေ၏ ထွက်ပေါ်လာမှုကြောင့် ဘေးပတ်ဝန်းကျင်တွင် တအင့်အင့်ငိုညည်းသံ ထွက်ပေါ်လာသည်။ ယင်းထဲမှာ ကိန်းဝပ်နေသော ကြောက်မက်ဖွယ်ရာစွမ်းအားက လူတိုင်း၏ အကြည့်ကို ဆွဲဆောင်သွားသည်။

မဟာအကြီးအကဲက သူ၏ ဘယ်လက်ကို မြှောက်လိုက်သည့်အခါ အပျက်အစီးကြယ်ဂြိုလ်များမှ လေက ဆေးမီးဖိုထဲသို့ ဝင်ရောက်သွားသည်။

ဆေးမီးဖိုက တုန်ယင်သွားသည်။

ဤအခိုက်အတန့်မှာ ဆေးမီးဖို၏ အဖုံးက ပွင့်နေလေရာ အထဲမှ ယွဲ့တုန်က အပျက်အစီးကြယ်ဂြိုလ်များ၏ လေကြောင့် အပိုင်းပိုင်းအစစ ဖြတ်တောက်ခံလိုက်ရကြောင်း လူတိုင်း မြင်သွားကြသည်။ ထို့နောက် မဟာအကြီးအကဲ၏ ဖမ်းဆုပ်မှုအောက်မှာ သူ့အနောက်မှ လူငယ်ပုံရိပ်က အက်ကွဲသွားပြီး သူ၏ အသွေးအသားများက အနက်ရောင်အရည်သို့ ပြောင်းလဲသွားသည်။

“ အနက်ရောင်ငရဲပြည်က မြေအောက်ရေနဲ့ မင်းရဲ့ ဝိညာဉ်ကို တိုက်စားပစ်မယ် ”

အနက်ရောင်အရည်သည် ဆေးမီးဖိုထဲသို့ ကျဆင်းသွားသည်။

ယွဲ့တုန်၏ ဖျက်ဆီးခံလိုက်ရသော ခန္ဓာကိုယ်အစိတ်အပိုင်းများက အနက်ရောင်အရည်ဖြင့် ဖြန်းပက်ခံလိုက်ရသည်။ သူ၏ အမူအရာက ချက်ချင်း ရှုံ့မဲ့သွားသည်။ ဤသည်မှာ သူက ဖော်မပြနိုင်သော နာကျင်မှုကို ခံစားနေရသည့်အလားပင်။

ထိုနာကျင်မှုက အရည်ပျော်နေသော သူ၏ ဝိညာဉ်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ရွှီချင်း၏ မျက်နှာက မည်းမှောင်သွားသည်။ ယွဲ့တုန်ကို ဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် သူက ကိုယ့်ကိုယ်ကိုယ် ချုပ်ထိန်းထားလိုက်သည်။

မဟာအကြီးအကဲက ရိုးရာဓလေ့ကို ဆက်လက် ကျင်းပသည်။ သူက ယနေ့အတွက် အချိန်အကြာကြီး ပြင်ဆင်ထားခဲ့ကြောင်း ထင်ရှားသည်။

သူက သူ၏ အင်မော်တယ်အတတ်ပညာမှ ဖြစ်ပေါ်လာသော မတူညီသည့် အရွယ်သုံးပါးပုံရိပ်များကို အင်မော်တယ်သန့်စင်ခြင်းအတွက် ကုန်ကြမ်းပစ္စည်းများအဖြစ် အသုံးပြုလိုက်သည်။

သူက နောက်တစ်ကြိမ် ဖမ်းဆုပ်လိုက်သည့်အခါ ကလေးပုံရိပ်က ပြိုကွဲသွားသည်။

၎င်းက ဟိန်းသံအဖြစ် ပြောင်းလဲသွားသည်။

“ အင်မော်တယ်ကို ဆင့်ခေါ်ဖို့ ရှေးခေတ်ကာလက မကျေမချမ်းဟိန်းသံကို ငါအသုံးပြုမယ် ”

ဟိန်းသံက ဆေးမီးဖိုထဲသို့ ဝင်ရောက်သွားသည်။

ယွဲ့တုန်က တုန်ယင်သွားသည်။ သူ၏ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးမှ သဏ္ဍာန်မဲ့ခြည်မျှင်များက ဒြည်ထည်ရှိလာကြပြီး အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရသည်။

မဟာအကြီးအကဲ၏ လက်ထဲမှ တောင်ဝှေးက အရောင်တောက်ပလာသည်။

ချက်ချင်းဆိုသလို တောင်ဝှေးက အပိုင်းပိုင်းအစစ အက်ကွဲသွားပြီး အသွေးအသားများကို အန်ထုတ်ပေးလိုက်သည်။

ထိုတောင်ဝှေးကို မဟာအကြီးအကဲ၏ အင်မော်တယ်အတတ်ပညာမှ အသွေးအသားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ ထိုအသွေးအသားများက လျှပ်စီးအဖြစ် ပြောင်းလဲသွားပြီး ဆေးမီးဖိုထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။

“ ဖရိုဖရဲလောကရဲ့ ထာဝရလျှပ်စီးက ချိပ်တံဆိပ်တစ်ခုအဖြစ် ဖွဲ့စည်းသွားစေ ”

ယင်းက အဆုံးသတ်မဟုတ်သေးပေ။ မဟာအကြီးအကဲက နောက်ဆုံးလှုပ်ရှားမှုကို အသုံးပြုလိုက်သည့်အခါ သူ၏ မျက်လုံးထဲမှာ ရူးသွပ်မှု ထွက်ပေါ်လာသည်။

ယင်းက မီးတောက်ဖြစ်သည်။

မြေပြင်က တုန်ယင်သွားပြီး အကြေးခွံရှစ်ခုက ဆေးမီးဖိုဝဲကတော့ထဲမှ ပျံသန်းထွက်လာကြသည်။ အကြေးခွံတစ်ခုစီပေါ်မှာ ထွန်းလင်းတောက်ပသော အစီအရင်များရှိပြီး ယင်းတို့က မတူညီသော အလင်းရောင်ကို ထုတ်လွှတ်နေကြသည်။

ယင်းတို့က အတူတကွ ပေါင်းစပ်သွားသည့်အခါ အလင်းရောင်ရှစ်ခုကို ဖွဲ့စည်းသွားသည်။

ထိုအလင်းရောင်ရှစ်ခုထဲမှာ အနက်ရောင်က ပါဝင်သည်။

အဖြူရောင်ရေကန်ပေါ်မှ အဖြူရောင်မီးတောက်ကို ထည့်တွက်မည်ဆိုလျှင် အရောင်က စုစုပေါင်း ကိုးရောင်ဖြစ်သည်။

အလင်းရောင်ကိုးခုက ဆေးမီးဖိုထဲသို့ ဝင်ရောက်သွားသည့်အခါ ၎င်း၏ လောင်ကျွမ်းမှုက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။

ယင်းက အင်မော်တယ်လုယက်ခြင်းမီးတောက် ဖြစ်သည်။ ယင်း၏ ဇစ်မြစ်က အလွန်ရှေးကျပြီး ယင်းကို အင်မော်တယ်အတတ်ပညာခန်းမ၏ သစ္စာဖောက်များအား သုတ်သင်ရှင်းလင်းရာတွင် အသုံးပြုသည်။

မဟာအကြီးအကဲ၏ ရိုးရာဓလေ့ထဲတွင် လေ၊ မိုး၊ လျှပ်စီးနှင့် မီးတောက်တို့ ပါဝင်ကြသည်။

ယခု အရာအားလုံးက ပြီးမြောက်သွားသည့်အခါ သူက ညာလက်ကို မြှောက်လိုက်သည်။

“ ဆေးမီးဖို ပိတ်သွားစမ်း ”

သူက အရိုးဆေးမီးဖို၏ အဖုံးကို ပိတ်ချင်ပြီး နောက်ဆုံးသန့်စင်ခြင်းကို စတင်ချင်သည်။

ယင်းကို ရွှီချင်းမြင်သွားသောအခါ သူက စီနီယာအကိုကြီးအပေါ် အလွန်ယုံကြည်ထားသော်လည်း ယခုအချိန်မှာ အနည်းငယ် သံသယဖြစ်လာသည်။ လက်ရှိအခြေအနေအရ ယွဲ့တုန်က အမှန်တကယ် သန့်စင်ခံနေရပုံပေါ်သည်။

‘ မဟာအကြီးအကဲကို ဆက်ပြီး လုပ်ဆောင်ဖို့ ငါခွင့်မပြုနိုင်ဘူး ’

ရွှီချင်းက စိတ်ဓာတ်ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ထိတ်လန့်ဖွယ်ကောင်းသော အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။

အဖုံးပိတ်သွားတော့မည့်အချိန် ဆေးမီးဖိုထဲတွင် သန့်စင်ခံနေရသော ယွဲ့တုန်၏ ဦးခေါင်းက ထိုအခိုက်အတန့်မှာ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

သူ၏ မျက်လုံးထဲမှာ အလွန်ပြင်းထန်သော ရူးသွပ်မှုက ထွက်ပေါ်လာသည်။

“ အဖိုးကြီး… ငါက ဒီအချိန်ကို စောင့်နေတာ ”

ယွဲ့တုန်က စကားပြောပြီးနောက် သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။

ထိုသွေးက သူ့ထံမှ မဟုတ်ပေ။ ယင်းအစား မဟာအကြီးအကဲ၏ သွေးဖြစ်သည်။

အတိတ်မှာ သူက မဟာအကြီးအကဲနှင့် တိုက်ခိုက်ခဲ့စဉ် တစ်ဖက်လူ၏ သွေးကို တိတ်တဆိတ် ရယူခဲ့သည်။

ယခု ထိုသွေးက သက်လတ်ပိုင်းပုံရိပ်၊ လူငယ်ပုံရိပ်၊ ကလေးပုံရိပ်၏ အသွေးအသားများနှင့် မဟာအကြီးအကဲ၏ တောင်ဝှေးထံမှ အသွေးအသားများဖြင့် ပေါင်းစပ်သွားသည်။

ဤအခိုက်အတန့်မှာ ဆေးမီးဖိုထဲတွင် မဟာအကြီးအကဲနှင့် ဆက်စပ်သော ပစ္စည်းငါးခုက စုဝေးသွားကြသည်။

ယင်းက အားညို၏ လျှို့ဝှက်အတတ်ပညာတစ်ခုကို ဖွဲ့စည်းသွားသည်။

အကြင်နာမဲ့ နွားသိုးငါးကောင် မူလဇစ်မြစ် ခြေရာခံခြင်းအတတ်ပညာ…

ထိုလျှို့ဝှက်အတတ်ပညာက သူ့အရှေ့မှ တစ်ဖက်လူကို ဆွဲခေါ်နိုင်သည်။

နောက်အခိုက်အတန့်မှာ ဝဲကတော့တစ်ခုက ဆေးမီးဖိုထဲမှာ ထွက်ပေါ်လာသည်။ ဝုန်းခနဲ မြည်သံနှင့်အတူ ဝဲကတော့၏ စုပ်ယူအားက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ တစ်ချိန်တည်းမှာ ဆေးမီးဖိုပေါ်မှ ဦးခေါင်းခွံက အနက်ရောင်အလင်းဖြင့် ထွန်းလင်းတောက်ပလာသည်။

ဤသည်မှာ ယင်းက တစ်စုံတစ်ရာကို တုံ့ပြန်နေပြီး ဝဲကတော့ကို အားဖြည့်ပေးနေသည့်အလားပင်။

သို့ဖြစ်၍ ဆေးမီးဖို၏ အပြင်ဘက်၌ အင်မော်တယ်အတတ်ပညာခန်းမ၏ မဟာအကြီးအကဲက အမူအရာပျက်ယွင်းသွားသည်။ နောက်အခိုက်အတန့်မှာ သူက လျှို့ဝှက်အတတ်ပညာ၏ သက်ရောက်မှုကြောင့် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။

သူက ဆေးမီးဖိုထဲမှာ ပြန်ပေါ်လာသည်။

နောက်အခိုက်အတန့်မှာ ဆေးမီးဖို၏ အဖုံးက ပိတ်သွားသည်။

ထိုမြင်ကွင်းက အပြင်ဘက်မှ လူတိုင်းကို နှလုံးတုန်သွားစေသည်။ ကိုယ်စားလှယ်တချို့က အမူအရာပျက်ယွင်းသွားပြီး မတ်တတ်ထရပ်လိုက်ကြသည်။

All Chapters