← Chapters

ဘာမဆိုခိုးတဲ့ အားညို

Vol. 98 Ch. 1518

ဘာမဆိုခိုးတဲ့ အားညို

Vol. 98 Ch. 1518

အရှေ့မိစ္ဆာငှက်မွှေး၏ အင်မော်တယ်အတတ်ပညာခန်းမထဲတွင် အရိုးဆေးမီးဖိုထဲမှ မြင်ကွင်းက အံ့ဖွယ်ကောင်းသော်လည်း အပြင်လောကမှ မည်သူမှ ယင်းကို အာရုံမခံနိုင်ကြချေ။ ဆေးမီးဖိုက လှုပ်ခါနေသည်ကိုသာ သူတို့မြင်နိုင်ကြသည်။

အရောင်ကိုးရောင်မီးတောက်များက ဤအခိုက်အတန့်မှာ အပြင်းအထန် လောင်မြိုက်နေကြသည်။

သို့ဖြစ်၍ မဟာအကြီးအကဲဘက်မှ အင်မော်တယ်သခင်များသည် ပထမအုပ်ချုပ်သူတောင်မှ ကိုယ်စားလှယ်ကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။

ယွင်မိသားစု၏ သခင်လေးဖြစ်သော လူငယ်သည်တော့ အခြေအနေကို ပိုပြီးစိုးရိမ်လာသည်။ ရွှယ်ချန်းဇီနှင့် ယွဲ့တုန်ကြားမှာ ရန်ငြိုးရှိကြောင်း သူသိသည်။ အစောနက တစ်ဖက်လူက ယွဲ့တုန်အတွက် ကူပြောပေးခဲ့သော်လည်း သူ၏ စကားထဲမှာ သတ်ဖြတ်ချင်သော စိတ်ဆန္ဒရှိကြောင်း သူအာရုံခံနိုင်သည်။

သို့သော်လည်း မည်သို့ဖြစ်ပါစေ တစ်ဖက်လူ၏ စကားက ယခုအချိန်မှာ ယွဲ့တုန်အပေါ် အကျိုးသက်ရောက်မှုရှိသည်။

သို့ဖြစ်၍ သူက သူ၏ မျှော်လင့်ချက်ကို ရွှယ်ချန်းဇီပေါ်မှာ ပုံထားလိုက်သည်။

တခြားကိုယ်စားလှယ်များသည်တော့ ရွှီချင်းနှင့် ပထမအုပ်ချုပ်သူတောင်မှ အဖိုးအိုကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

ဤနှစ်ယောက်တွင် တစ်ယောက်က လက်တလောမှာ တစ်ဟုန်ထိုး နာမည်ကျော်ကြားလာသူဖြစ်ပြီး တခြားတစ်ယောက်က သူတော်စင်ကုန်းမြေထဲမှာ နှစ်ပေါင်းအတော်ကြာအောင် ဂုဏ်သိက္ခာကြီးမားစွာ ရပ်တည်နိုင်ခဲ့သူ ဖြစ်သည်။

သူတို့၏ အနောက်မှ ဒသမအုပ်ချုပ်သူနှင့် ပထမအုပ်ချုပ်သူသည်လည်း ထို့အတူပင်။

သို့ဖြစ်၍ သူတို့နှစ်ယောက်ကြားမှ ပြိုင်ဆိုင်မှုက အရာအားလုံးကို အဆုံးအဖြတ်ပေးမည့် သော့ချက်ဖြစ်သည်။

“ ကောင်လေး… အနောက်မိစ္ဆာငှက်မွှေးမှာ မင်းလုပ်ဆောင်ခဲ့တာတွေကို ဒီအဖိုးကြီးက ချီးကျူးလေးစားပါတယ်… ဒါပေမဲ့ အဲ့လောက်လေးနဲ့ အရှေ့မိစ္ဆာငှက်မွှေးမှာ မောက်မာထောင်လွှားမယ်ဆိုရင်တော့ မလုံလောက်သေးဘူးလို့ ငါပြောပါရစေ ”

ပထမအုပ်ချုပ်သူတောင်မှ အဖိုးအိုက လူတိုင်း၏ အကြည့်အောက်မှာ တည်ငြိမ်စွာ ပြောသည်။

သို့သော်လည်း သူက စိတ်ထဲမှာတော့ သက်ပြင်းချလိုက်သည်။ သူက မလှုပ်ရှားချင်ပေ။ သို့သော်လည်း သူက ပထမအုပ်ချုပ်သူတောင်ကို ကိုယ်စားပြုထားသည်။ သို့ဖြစ်၍ ဤကိစ္စကို ထိုအတိုင်းလွှတ်ထားပေးခြင်းက သူ့အတွက် မသင့်တော်ပေ။

ယခု သူက ဘေးကျပ်နံကျပ်အခြေအနေသို့ ကျရောက်နေသည်။ ထို့ကြောင့် သူက ထိုင်ခုံပေါ်မှ ဖြည်းညင်းစွာ ထလိုက်သည်။

သူက မတ်တတ်ရပ်လိုက်သည့်အခါ ပြီးပြည့်စုံသော ဝိညာဉ်စုစည်းခြင်းအဆင့် အားလှိုင်းအတတ်အကျများက ထွက်ပေါ်လာသည်။ မဟာလောကပုံရိပ်များက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြပြီး လွှမ်းမိုးဖိနှိပ်သော ဖိအားတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ထိုခြေတစ်လှမ်းကြောင့် အင်မော်တယ်အတတ်ပညာခန်းမက တုန်ယင်သွားသည်။ ဤနေရာမှ ရာသီဥတုက ပြောင်းလဲသွားပြီး လွှမ်းမိုးဖိနှိပ်သော ဖိအားက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့လွင့်သွားသည်။

ရွှီချင်း၏ အမူအရာက လုံးဝမပြောင်းလဲသွားပေ။ သူက မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့် ပညာရှင်ကျင့်ကြံသူတစ်ယောက်ကို အနိုင်ရရန် ယုံကြည်ချက်မရှိပေ။ သူက အနောက်မိစ္ဆာကလေးကို သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ ကောင်းကင်မိစ္ဆာ၏ ပုန်ကန်မှုကြောင့်သာ ဖြစ်သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် သူက အနိုင်ရရန် မလိုအပ်ပေ။ သူက စီနီယာအကိုကြီးအတွက် အချိန်ဆွဲပေးရန်သာ လုပ်ဆောင်ပေးရလိမ့်မည်။

သို့ဖြစ်၍ သူသည်လည်း မတ်တတ်ရပ်လိုက်သည်။ သူ၏ ဆံပင်ရှည်နှင့် သွေးနီရောင်ဝတ်စုံက လေထဲမှာ တဖျပ်ဖျပ်လွင့်မျောသွားသည်။ အလွန်သိပ်သည်းသော သွေးမြူခိုးက သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး သွေးနဂါးများအဖြစ် ပြောင်းလဲသွားကြသည်။ ၎င်းတို့က သူ၏ ခန္ဓာကိုယ်ကို လှည့်ပတ်သွားကြပြီး ရက်စက်ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်ကြသည်။

တစ်ချိန်တည်းမှာ အသံနတ်ဘုရားအခွင့်အာဏာက အသက်ဝင်လာသည်။ ကံကြမ္မာနတ်ဘုရားအခွင့်အာဏာမှ ဖွဲ့စည်းသွားသော ဓားမြှောင်သည်လည်း အေးစက်သော စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။

အနက်ရောင်ကြာပွင့်များက ရွှီချင်း၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြပြီး အလွန်အားကောင်းသော ခုခံကာကွယ်မှုကို ဖွဲ့စည်းလိုက်ကြသည်။

ယင်းက လူတိုင်း၏ အမူအရာကို ပြောင်းလဲသွားစေသည်။ အနောက်မိစ္ဆာငှက်မွှေး၌ ရွှယ်ချန်းဇီဆောင်ရွက်ခဲ့သော သတင်းများက သူတို့၏ စိတ်ထဲမှာ ပြန်ထွက်ပေါ်လာသည်။

“ မဟာဧကရာဇ်ငရဲမီးတောက်ရဲ့ လျှို့ဝှက်အတတ်ပညာ ”

“ လျှို့ဝှက်အတတ်ပညာရဲ့ ကိုယ်ပိုင်ခုခံကာကွယ်မှုက မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့် တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ပေးနိုင်တယ်… အုပ်ချုပ်သူအဆင့်အောက်က လူတွေက အဲ့ဒါကို ချိုးဖြတ်နိုင်ဖို့ အတော်လေး ခက်ခဲတယ် ”

“ ပြီးတော့ အနောက်မိစ္ဆာကလေးရဲ့ သေဆုံးမှုလည်း ရှိသေးတယ်… အကြောင်းအရင်းကို အတိအကျမသိရဘူးဆိုပေမဲ့ အဲ့ဒါက ရွှယ်ချန်းဇီရဲ့ အစွမ်းထက်ဝှက်ဖဲဆိုတာ သေချာတယ် ”

လူတိုင်း၏ စိတ်ထဲမှာ ထိုအတွေးများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပထမအုပ်ချုပ်သူတောင်မှ အဖိုးအို၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားသည်။ နောက်အခိုက်အတန့်မှာ သူက လေထဲမှာ ပြန်ပေါ်လာသည်။

ရွှယ်ချန်းဇီ၏ ပုံရိပ်သည်လည်း ဝေဝါးသွားပြီး လေထဲမှာ ပြန်ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်က တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ရယ်မောသံက သူတို့နှစ်ယောက်ကြားထဲမှ ပဲ့တင်ထပ်လာသည်။

အင်မော်တယ်အတတ်ပညာခန်းမ၏ အပြင်ဘက်မှာ ရွှီချင်းနှင့် တွေ့ဆုံခဲ့သော လင်းခွန်းသည် ရွှီချင်းနှင့် အဖိုးအိုကြားထဲမှာ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့် အရှိန်အဝါက အကာအကွယ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

“ မင်းတို့နှစ်ယောက်... ကျေးဇူးပြုပြီး ငါ့စကားကို ခဏနားထောင်ပေးနိုင်မလား ”

“ ရှေးခေတ်သဘောတူညီမှုအရ… အုပ်ချုပ်သူတောင်တွေက အင်မော်တယ်အတတ်ပညာခန်းမရဲ့ အတွင်းရေးကိစ္စတွေမှာ ဝင်ရောက်ဆုံးဖြတ်ပေးဖို့ ဩဇာအာဏာရှိကြတယ်… ဒါပေမဲ့ ရှေးခေတ်ကတည်းက အုပ်ချုပ်သူတောင်အသီးသီးဟာ ဒီဩဇာအာဏာကို လျစ်လျူရှုထားခဲ့ကြတယ် ”

“ အကိုကျန်း… အခုလို စစ်ဖြစ်ပွားနေတဲ့အချိန်နဲ့ မဟာဧကရာဇ်ငရဲမီးတောက် တံခါးပိတ်ကျင့်ကြံတဲ့ သီးသန့်နေရာကို ဖွင့်လှစ်တော့မယ့်အချိန်မှာ မင်းက ပထမအုပ်ချုပ်သူတောင်ကို ကိုယ်စားပြုပြီး အင်မော်တယ်အတတ်ပညာခန်းမရဲ့ အတွင်းရေးကိစ္စတွေမှာ ဝင်ပါချင်တာ တကယ်သေချာလား… ဒသမအုပ်ချုပ်သူတောင်ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ရွှယ်ချန်းဇီတောင် သူ့ရဲ့ ပုဂ္ဂိုလ်ရေး ရန်ငြိုးကို မေ့ထားတယ် ”

လင်းခွန်းသည် ပထမအုပ်ချုပ်သူတောင်မှ အဖိုးအိုကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ အကိုကျန်း… ဒီကိစ္စရဲ့ နောက်ဆက်တွဲက အရမ်းကြီးမားတယ်… ဒါ့အပြင် ဒီကို ငါမလာခင် အဖေက ငါ့ကို ဒသမအုပ်ချုပ်သူတောင်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံဖို့ မှာကြားခဲ့တယ် ”

“ ဒါကြောင့် မင်းကို နောက်တစ်ကြိမ် စဉ်းစားဖို့ ငါအကြံပေးချင်တယ် ”

ပထမအုပ်ချုပ်သူတောင်မှ အဖိုးအို၏ အမူအရာက မည်းမှောင်သွားသည်။ သူက လင်းခွန်းနှင့် ရွှီချင်းကို ကြည့်လိုက်သည်။ တစ်ခဏ တိတ်ဆိတ်နေပြီးနောက် သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ တာအိုရောင်းရင်းလင်းက ပြောနေမှတော့ ဒီကိစ္စကို မေ့လိုက်ရအောင် ”

ထို့နောက် သူက ထိုင်ခုံဆီသို့ ပြန်သွားပြီး မျက်လုံးမှိတ်ထားလိုက်သည်။

သူက အနောက်ဆုတ်သွားသည့်အခါ ဤပဋိပက္ခက အဆုံးသတ်သွားသည်။

ရွှီချင်းက ယင်းကို ဂရုမစိုက်ပေ။ ပထမအုပ်ချုပ်သူတောင်မှ အဖိုးအိုက ရက်စက်ကြမ်းကြုတ်ပုံ ပေါ်လွင်သော်လည်း သူ့ထံမှ တိုက်ပွဲစိတ်ဆန္ဒကို သူအာရုံမခံမိပေ။

သို့ဖြစ်၍ သူတို့က မတိုက်ခိုက်ကြလျှင် ပိုပြီးကောင်းလိမ့်မည်။

ရွှီချင်းက လင်းခွန်းကို ခေါင်းညိတ်ပြလိုက်သည်။

လင်းခွန်းက ပြုံးလိုက်သည်။ သူက ထိုသို့လုပ်ဆောင်ခဲ့ခြင်းမှာ သူ့ကိုယ်ပိုင်အကျိုးအမြတ်ကြောင့် ဖြစ်သည်။

ပထမတစ်ချက်မှာ ပထမအုပ်ချုပ်သူတောင်မှ အဖိုးအိုက ခြေတစ်လှမ်းအနောက်ဆုတ်ရန် အကြောင်းပြချက်တစ်ခု လိုအပ်နေကြောင်း သူပြောနိုင်သည်။ ထို့ကြောင့် သူက သူ့အတွက် အကျိုးရှိစေမည့် အကြောင်းအရင်းတစ်ခုကို ပေးလိုက်သည်။

ဒုတိယတစ်ချက်မှာ သူက ဤအခွင့်အရေးကို အသုံးချပြီး ရွှယ်ချန်းဇီကို သူ၏ ကောင်းမွန်သော ဆန္ဒအား ဖော်ပြနိုင်လိမ့်မည်။

ဤသည်မှာ သူက လှုပ်ရှားမှုတစ်ခုဖြင့် အကျိုးအမြတ်နှစ်ခု ရရှိခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာ သူက အင်မော်တယ်အတတ်ပညာခန်းမ၏ ကြီးမြတ်သော အင်မော်တယ်သခင်ကို ရွေးချယ်ဆုံးဖြတ်ရာတွင် ပဉ္စမအုပ်ချုပ်သူတောင်၏ ဩဇာအာဏာကို လိမ္မာပါးနပ်စွာ ထုတ်ဖော်ပြနိုင်ခဲ့သည်။

တစ်နည်းဆိုရသော် သူက ခဲတစ်လုံးဖြင့် ငှက်သုံးကောင်ကို ပစ်နိုင်ခဲ့သည်။

ထို့ကြောင့် သူက ပြုံးလိုက်ပြီး ရွှီချင်းနှင့်အတူ သူတို့၏ ထိုင်ခုံဆီသို့ ပြန်သွားသည်။

သို့သော်လည်း ထိုမြင်ကွင်းက မဟာအကြီးအကဲ၏ လက်အောက်မှ အင်မော်တယ်သခင်များကို မျက်နှာမည်းမှောင်သွားစေသည်။ ဆန္ဒမရှိမှုက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း အုပ်ချုပ်သူတောင်ဆယ်လုံးက အဆုံးအဖြတ်ပေးပြီးပြီဖြစ်လေရာ သူတို့က ဘာမှမတတ်နိုင်ကြပေ။

ထို့ကြောင့် သူတို့က နှုတ်ဆိတ်နေရုံသာ တတ်စွမ်းကြတော့သည်။

ယွင်မိသားစု၏ သခင်လေးသည် စိတ်သက်သာရာရသွားပြီး အခန်း၏ အလယ်ဗဟိုမှ ဆေးမီးဖိုဆီသို့ လှည့်ကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ ဆေးမီးဖိုထဲတွင် အပြင်လောကထက် ပိုပြီးပြင်းထန်သော ဆူပူအုံကြွမှုက ဖြစ်ပွားနေသည်။

ဆေးမီးဖိုအဖုံးက တင်းကျပ်စွာ ပိတ်ခံထားရစဉ် ယွဲ့တုန်၏ ပြောစကားကို ကြားသွားသောအခါ အင်မော်တယ်အတတ်ပညာခန်းမ၏ မဟာအကြီးအကဲက အံ့ဩထိတ်လန့်သွားသည်။ ကြီးမားသော ဆူနာမီလှိုင်းလုံးက သူ၏ စိတ်ထဲမှာသာမက သူ၏ နှလုံးသားထဲမှာလည်း ထွက်ပေါ်လာသည်။

သူက မယုံကြည်နိုင်ဖြစ်သွားသည်။

ယွဲ့တုန်၏ စကားက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။

“ မင်း… ဒီဆေးမီးဖိုက မင်းရဲ့ အရိုးတွေနဲ့ ဖန်တီးသန့်စင်ထားတာလား… ဒါဆို မင်းက အတိတ်မှာ အင်မော်တယ်အတတ်ပညာမဟာဧကရာဇ်ရဲ့ သုတ်သင်ခံခဲ့ရတဲ့ ဧရာမပညတ်တော်လား ”

“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

မဟာအကြီးအကဲက အသက်ရှူမြန်လာသည်။ သူ၏ ပထမတုံ့ပြန်မှုက မယုံကြည်နိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း ဆေးမီးဖိုအပေါ် သူ၏ ထိန်းချုပ်မှုက ပျက်ပြယ်သွားပြီး ဆေးမီးဖိုအဖုံးက တစ်ဖက်လူ၏ အသွေးအသားများဖြင့် အမှန်တကယ် ပေါင်းစပ်သွားကာ ပိတ်ဆို့ခံထားရကြောင်း သူမြင်သွားသောအခါ သူ၏ မယုံကြည်နိုင်မှုက ပြိုလဲသွားသည်။

ယင်းက လုံးဝ မယုံကြည်နိုင်စရာကောင်းသော်လည်း သူ့မှာ ယင်းကို ယုံကြည်ရန်မှတပါး တခြားရွေးချယ်စရာမရှိပေ။

“ မင်းပြောတာ အမှန်ဟုတ်မဟုတ် အခုချိန်မှာ အရေးမကြီးတော့ဘူး… မင်းရဲ့ စွမ်းအင်မလုံလောက်မှုက အဓိကသော့ချက်ပဲ… တကယ်လို့ မင်းမှာ အကြွင်းမဲ့စွမ်းအားရှိတယ်ဆိုရင် ဘာလို့ အခုလို နည်းလမ်းကို အသုံးပြုမှာလဲ ”

အေးစက်စက်အလင်းက အင်မော်တယ်အတတ်ပညာခန်းမမှ မဟာအကြီးအကဲ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ယခုအချိန်မှာ အမှန်တရားက အရေးမကြီးတော့ကြောင်း သူနားလည်သည်။ အရေးကြီးဆုံးမှာ ဤနေရာတွင် နောက်ဆုံးအနိုင်ရလဒ်ကို သူရယူနိုင်မည့် နည်းလမ်းသာ ဖြစ်သည်။

သို့ဖြစ်၍ သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကောင်းကင်ပေါ်ထိ ပျံတတ်သွားသည်။

“ တကယ်လို့ မင်းကို ငါသတ်နိုင်မယ်ဆိုရင် အရာအားလုံး ပြီးဆုံးသွားလိမ့်မယ် ”

မဟာအကြီးအကဲက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ယွဲ့တုန်၏ ဦးခေါင်းပြတ်ဆီသို့ ဦးတည်သွားသည်။

မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့်နှင့် သူ၏ ထူးဆန်းသော အင်မော်တယ်အတတ်ပညာကြောင့် သူက လျှပ်တစ်ပြက်အတွင်း ယွဲ့တုန်၏ ဦးခေါင်းဘေးသို့ ရောက်ရှိသွားသည်။

ဦးခေါင်းက အဝေးသို့ ပျံသန်းသွားချင်သော်လည်း ယင်းက အချည်းနှီးသာ ဖြစ်၏။ မဟာအကြီးအကဲက ဦးခေါင်းပြတ်ပေါ်သို့ အကြင်နာမဲ့စွာ ရိုက်ချလိုက်သည်။

ဗုန်းဟူသော မြည်သံနှင့်အတူ ယွဲ့တုန်၏ ဦးခေါင်းက အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။

သို့သော်လည်း မဟာအကြီးအကဲ၏ အမူအရာက ပိုပြီးမည်းမှောင်သွားသည်။

အဘယ့်ကြောင့်ဆိုသော် အက်ကွဲသွားသော ယွဲ့တုန်၏ အသွေးအသားများက ချက်ချင်း ပြန်စုဝေးသွားပြီး ဦးခေါင်းက ပြန်ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် ဦးခေါင်းက ယွဲ့တုန်မဟုတ်တော့ပေ။ ယင်းအစား အားညိုဖြစ်သည်။

“ အဖိုးကြီး… ဒီတစ်သက် မင်းငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး ”

မဟာအကြီးအကဲက မည်သည့်စကားမှ ပြန်မပြောဘဲ နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက အင်မော်တယ်အတတ်ပညာကို အသုံးပြုလိုက်သည်။

ထူးဆန်းသော မီးခိုးရောင်လက်တစ်ဖက်က အားညို၏ အရှေ့မှာ ထွက်ပေါ်လာပြီး ဦးခေါင်းထဲသို့ ထိုးဖောက်သွားသည်။ ဤသည်မှာ ၎င်းက အားညို၏ ဝိညာဉ်ကို ယူဆောင်ချင်နေသည့်အလားပင်။

ဦးခေါင်း၏ အသွေးအသားများသည်တော့ ချက်ချင်း ယိုယွင်းပျက်စီးသွားပြီး အနက်ရောင်အရည်သို့ ပြောင်းလဲသွားသည်။

သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ အပြာရောင်ပိုးကောင်တစ်ကောင်က ပျံသန်းထွက်လာပြီး လေထဲမှာ ပေါက်ကွဲသွားသည်။ ထိုပေါက်ကွဲမှုက သွေးမြူခိုးကို ဖြစ်ပေါ်စေသည်။ မကြာမီ သွေးမြူခိုးက စုဝေးသွားသည့်အခါ အားညို၏ ဦးခေါင်းက ပြန်ထွက်ပေါ်လာသည်။

သို့သော်လည်း သူ၏ မျက်နှာက ဖြူဖျော့နေသည်။

သို့သော်လည်း သူ၏ အော်သံများက ပိုပြီးမောက်မာထောင်လွှားလာသည်။

“ ယီးပဲ… လာစမ်း လာစမ်းပါ… မင်းပဲ ငါ့ကို သတ်နိုင်မလား ငါကပဲ မင်းကို သတ်နိုင်မလား ကြည့်ကြတာပေါ့ ”

“ ဘယ်သူက အသက်ပိုပြင်းလဲဆိုတာ ကြည့်မယ် ”

“ မင်းရဲ့ ငါ့ရဲ့ အင်မော်တယ်အတတ်ပညာကို လိုချင်တယ်ဟုတ်လား… ငါမင်းကို ရှင်းရှင်းပြောလိုက်မယ်… မင်းရဲ့ အင်မော်တယ်အတတ်ပညာတွေကို သေချာပေါက် ငါပြန်ယူပစ်မယ် ”

“ ငါက မင်းရဲ့ အင်မော်တယ်အတတ်ပညာတွေကို နည်းနည်းချင်းစီ လေ့လာမှာ မဟုတ်ဘူး… ငါက မင်းကို တိုက်ရိုက် သန့်စင်ပြီးတော့ မင်းရဲ့ အင်မော်တယ်အတတ်ပညာတွေကို တစ်ခါတည်း ဝါးမျိုပစ်မယ် ”

အားညိုက ဟိန်းဟောက်လိုက်သည်။

မဟာအကြီးအကဲ၏ စိုးရိမ်ကြောင့်ကြမှုက တဖြည်းဖြည်း ပိုအားကောင်းလာသည်။ အဘယ့်ကြောင့်ဆိုသော် ဆေးမီးဖို၏ သန့်စင်မှုက ယခု သူ့အပေါ်ကို သက်ရောက်လာနေသောကြောင့် ဖြစ်သည်။

သို့ဖြစ်၍ သူက တုံ့ဆိုင်းမနေဘဲ နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ သို့သော်လည်း အားညို၏ ဦးခေါင်းက အက်ကွဲသွားသည့်အခါတိုင်း ထူးခြားဆန်းကြယ်သော နည်းလမ်းတစ်မျိုးမျိုးဖြင့် ပြန်ဖွဲ့စည်းသွားလိမ့်မည်။ သူက မည်သို့တိုက်ခိုက်ပါစေ ဦးခေါင်းပေါ်မှ အားညို၏ မျက်နှာသည်သာ ပိုပိုပြီး ဖြူဖျော့သွားလိမ့်မည်။ ထိုထက်ပိုပြီး ဘာမှမထူးခြားလာပေ။

ဤသည်မှာ တစ်ဖက်လူက လုံးဝမသေဆုံးနိုင်သည့် မွန်းစတားတစ်ကောင်အလားပင်။

ထို့ပြင် ဤအတောအတွင်းမှာ အားညို၏ ဝှက်ဖဲကတ်များက ရူးသွပ်စွာ ထွက်ပေါ်လာကြသည်။

“ မင်းက လေ၊ မိုး၊ လျှပ်စီးနဲ့ မီးတောက်ကို အသုံးပြုခဲ့တယ်… ဒီတော့ ငါက သတ္ထု၊ သစ်သား၊ ရေ၊ မီးတောက်နဲ့ မြေကြီးကို အသုံးပြုမယ် ”

“ ငါ့အရင်ဘဝက ထာဝရရေခဲရေကို ဆင့်ခေါ်လိုက်တယ် ”

အားညိုက ဟိန်းအော်လိုက်ပြီး ပမာဏများပြားသော အပြာရောင်ရေခဲရေကို အန်ထုတ်လိုက်သည်။ ယင်းက ဆေးမီးဖို၏ သန့်စင်မှုကို ပိုပြီးအားကောင်းသွားစေသည်။

မဟာအကြီးအကဲက ဆွံ့အသွားပြီး တုန်လှုပ်ချောက်ချားမှုက သူ၏ မျက်နှာပေါ်မှာ အထင်အရှား ထွက်ပေါ်လာသည်။ သူက အားညိုကို အမြန်သတ်ပစ်လိုက်သည်။

ဝုန်းခနဲ မြည်ဟိန်းသံနှင့်အတူ အားညိုက ပြန်ရှင်လာပြီး အော်ပြောလိုက်သည်။

“ ငါ့အရင်ဘဝက ထာဝရအသက်မီးတောက်ကို ဆင့်ခေါ်လိုက်တယ် ”

ဘန်းဟူသော မြည်သံနှင့်အတူ အားညိုက နောက်တစ်ကြိမ် အက်ကွဲသွားပြန်သည်။ သူက ပြန်လည်ဖွဲ့စည်းသွားပြီးနောက် ထပ်မံ အော်ပြောလိုက်သည်။

“ ပေဖန်းအင်မော်တယ်အင်ပါယာရဲ့ အလောင်းရှိတဲ့ ခေါင်းတလားကို ဆင့်ခေါ်ပါတယ် ”

“ အင်မော်တယ်လောကရဲ့ ပေဖန်းအင်မော်တယ်အင်ပါယာကို မြှုပ်နှံထားတဲ့ မြေကြီးကို ဆင့်ခေါ်ပါတယ် ”

သူက ပါးစပ်ဟလိုက်သည့်အခါတိုင်း ပစ္စည်းတစ်ခုကို ထွေးထုတ်လိမ့်မည်။ အသက်မီးတောက်၊ သစ်သားခေါင်းတလား၊ သင်္ချိုင်းမြေ အစရှိသော ပစ္စည်းများက ဆေးမီးဖို၏ သန့်စင်မှုကို တစ်ဟုန်ထိုး အားကောင်းသွားစေသည်။

မည်သို့ဖြစ်ပါစေ ထိုပစ္စည်းများက အားညို၏ အတိတ်ဘဝများနှင့် လက်ရှိဘဝတွင် သူစုဆောင်းထားခဲ့သော ထူးခြားပစ္စည်းများ ဖြစ်ကြသည်။ ပေဖန်းအင်မော်တယ်အင်ပါယာ၏ ခေါင်းတလားနှင့် သင်္ချိုင်းမြေကို အသုံးပြုလိုက်သည့်အခါ ဆေးမီးဖို၏ သန့်စင်မှုက ကမ္ဘာတုန်ဟီးစေလုနီးပါး အားကောင်းလာသည်။

အစွမ်းထက် ပညာရှင်ကျင့်ကြံသူတစ်ယောက်ဖြစ်သော မဟာအကြီးအကဲသည်ပင် သူ၏ ခန္ဓာကိုယ်က စတင်လောင်ကျွမ်းလာပြီး သူ၏ ဝိညာဉ်က ညှဉ်းပန်းနှိပ်စက်ခံလိုက်ရသည်။

ထိုသို့သေခြင်းရှင်ခြင်းအခိုက်အတန့်မှာ မဟာအကြီးအကဲ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူက အားညိုကို အကြင်နာမဲ့စွာ နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။

အားညိုက ပြိုကွဲသွားပြီး နောက်တဖန် ပြန်ဖွဲ့စည်းသွားသည်။ သူ၏ မျက်လုံးထဲမှ ရူးသွပ်မှုသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူက လူသားအသံမဟုတ်သော ဟိန်းသံကို ထုတ်ဖော်လိုက်သည်။

“ မီး၊ ရေ၊ မြေကြီးနဲ့ သစ်သားက ပြည့်စုံသွားပြီ… အခု သတ္ထုတစ်ခုပဲ ငါလိုအပ်တော့တယ် ”

“ မဟာကမ္မနဲ့ ပြည့်နှက်နေတဲ့ သတ္ထုအရိုးကို ငါဆင့်ခေါ်လိုက်တယ်… အဆုံးမဲ့တဲ့ ကမ္မစွမ်းအားက မင်းရဲ့ အင်မော်တယ်အတတ်ပညာကို ချိုးဖောက်သွားစေ ”

အားညိုက နားကွဲလုမတတ် ကျယ်လောင်သော အော်သံကို ထုတ်ဖော်လိုက်ပြီး လက်သည်းခွံအရွယ်အစားရှိသော အရိုးတစ်ချောင်းကို အန်ထုတ်လိုက်သည်။ ထိုအရိုးက ရွှေရောင်ဖြစ်သည်။ အရိုးထွက်ပေါ်လာသည့်အခိုက် ၎င်းက ရွှေရောင်ထွန်းလင်းတောက်ပလာသည်။ အရိုးထဲမှ ကမ္မစွမ်းအားက အလွန်အမင်း သိပ်သည်းပြီး ယင်းက တစ်ဟုန်ထိုး ပေါက်ကွဲထွက်သွားသည်။

ထိုအခါ မဟာအကြီးအကဲ၏ အမူအရာက သိသာစွာ ပျက်ယွင်းသွားသည်။

အားညိုသည်တော့ သူက ပိုပြီးမျက်နှာဖြူဖျော့သွားသော်လည်း သူ၏ ရူးသွပ်မှုက ပိုပြီးအားကောင်းလာသည်။ ထို့ပြင် သူ၏ မျက်နှာပေါ်မှာ ဘဝမြင့်သော အမူအရာက ထွက်ပေါ်လာသည်။

“ ဒီဟာက ငါ့ဂျူနီယာညီလေးရဲ့ အရိုးတွေကနေ ငါသန့်စင်ထားတဲ့ သတ္ထုရတနာတစ်ခုပဲ… လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က သူက လူသားနန်းမြို့တော်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ခဲ့တယ်… သူ့ရဲ့ ဝိညာဉ်စွမ်းအင်က လောင်ကျွမ်းသွားပြီး သူ့ရဲ့ အသွေးအသားတွေက လောင်မြိုက်ခံလိုက်ရတယ်… အဲ့ဒါက ငါ့ရဲ့ အရိုးသန့်စင်မှုကို ပြီးမြောက်ဖို့ အကူအညီပေးခဲ့ပြီး နောက်ဆုံးမှာတော့ ဒီအရိုးပဲ ကျန်နေခဲ့တယ် ”

“ အတိတ်မှာ အဲ့ဒါကို တိတ်တိတ်ကလေး ငါယူဆောင်သွားခဲ့တ

All Chapters