← Chapters

သွေးဓား၏ စွမ်းပကား

Vol. 134 Ch. 1998

သွေးဓား၏ စွမ်းပကား

Vol. 134 Ch. 1998

ခန်းမထဲရှိ အခြေအနေက ပိုပို၍ သိသာထင်ရှားလာ၏။

တမလွန်စစ်သားများ၏ ဝန်းရံပိတ်ဆို့မှုကနေ အမှန်တကယ် ဖောက်ထွက်လာနိုင်သည့်သူများမှာ ဆူဇီမို၊ ယွင်ထင်၊ ဖန်းရွှမ်၊ ထျန်ကျစ်ရီနှင့် အင်မော်တယ်ဂိုဏ်းလေဂိုဏ်းမှ ပြိုင်စံရှားများ ဖြစ်ကြ၏။ စုစုပေါင်း လူဆယ်ယောက်ထက် မပိုပေ။

ယခု ဖန်းရွှမ်က သေဆုံးသွားပြီး သူတို့ထဲမှ ခုနှစ်ယောက်ကသာလျှင် ကျောက်စိမ်းအဆောင်ကို ရရှိရန် တိုက်ခိုက်ဖို့အတွက် ကျန်ရစ်တော့၏။

အခြားကျင့်ကြံသူများက ဆက်လက်၍ အခွင့်အရေး မရှိတော့ပေ။

အတိအကျဆိုရင်လျှင် ထိုကျင့်ကြံသူများသည် ဤနေရာကနေ အသက်ရှင်လျက် ထွက်ခွာနိုင်မည်ဆိုလျှင်ပင် အလွန်တရာ ကံကောင်းလှပြီဖြစ်၏။

တမလွန်စစ်သားများ၏ အရေအတွက်က တိုးလာနေပြီး သူတို့အားလုံးကို သတ်ဖြတ်နိုင်စရာ နည်းလမ်းမရှိပေ။ ဒါ့အပြင် နောက်ပိုင်းမှာ နိုးထလာသော တမလွန်စစ်သားများက ပို၍ပင် သန်မာပြီး ခန်းမထဲရှိ မဟူရာအင်မော်တယ်များက ဟင်းရွက်၊ ကန်စွန်းရွက်များကဲ့သို့ ပိုင်းဖြတ်ခံနေရ၏။

ခန်းမထဲသို့ ဝင်ရောက်ခဲ့သော ကျင့်ကြံသူတစ်သောင်းကျော် ရှိခဲ့သော်လည်း ယခုအခါ အရေအတွက် တစ်ထောင်ပင် မရှိတော့ပေ။

ခန်းမထဲမှာ သွေးချီက ပျံ့နှံ့နေပြီး အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေ၏။

လိမ္မာပါးနပ်သော ကျင့်ကြံသူအချို့သည် ခန်းမထဲကနေ စတင်ထွက်ခွာနေကြပြီဖြစ်၏။

တမလွန်စစ်သားများသည် တစ်စုံတစ်ရာဖြင့် ကန့်သတ်ခံထားရပုံရပြီး နန်းတော်ထဲကနေ မထွက်ခွာနိုင်ပေ။

သူတို့သည် ဤနန်းတော်ထဲကနေ ထွက်ခွာနိုင်သည်နှင့်အမျှ သူတို့သည် အသက်ရှင်နိုင်ပေလိမ့်မည်။

ကျောက်စိမ်းအဆောင်၏ အောက်မှာ ဆူဇီမိုနှင့် ယွင်ထင်က မျက်နှာချင်းဆိုင် ရပ်နေကြ၏။

အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ပြိုင်စံရှားများသည် ထျန်ကျစ်ရီကို ဝန်းရံထားပြီး ရပ်နားခြင်း မရှိဘဲ အကြိတ်အနယ် တိုက်ခိုက်နေ၏။

သူတို့ငါးယောက်ကြားရှိ တိုက်ပွဲက ဆူဇီမိုနှင့် ယွင်ထင်ကြားက တိုက်ပွဲကဲ့သို့ ကမ္ဘာတုန်လောက်ဖွယ်ရာ မကောင်းသော်လည်း အန္တရာယ်များနေဆဲဖြစ်၏။

ထျန်ကျစ်ရီသည် လုပ်ကြံသတ်ဖြတ်ရာမှာ ကျွမ်းကျင်ပိုင်နိုင်သော်လည်း သူမအနေဖြင့် ဤကဲ့သို့ တိုက်ပွဲမှာ သူမ၏ နည်းစနစ်များကို ထုတ်ဖော်ဖို့ အခက်တွေ့နေ၏။

သူမသည် ပြိုင်စံရှားလေးဦးဖြင့် ဝိုင်းပိတ်ခံထားရပြီး အဲဒီကနေ လုံးဝ ရုန်းမထွက်နိုင်ပေ။

သူမ၏ တိုက်ခိုက်ရည်ခွန်အားသည် ပြိုင်စံရှားလေးဦးထဲမှ မည်သူ့ထက်မဆို သေချာပေါက် သာလွန်လေသည်။

သို့သော်လည်း တစ်ယောက်နှင့် လေးယောက်​ကြား ကွာဟချက်က ကြီးမားလွန်းနေ၏။

တိုက်ပွဲ၏ ဤနေရာအရောက်မှာ ထျန်ကျစ်ရီသည် သူမ၏ အံ့မခန်း လှုပ်ရှားမှု နည်းစနစ်နှင့် သိပ်သည်းပြင်းထန်သော တိုက်ခိုက်ရည်ပါရမီကို အသုံးချကာ ပြိုင်စံရှားလေးဦးကို ယှဉ်ပြိုင်နေရ၏။

ထျန်ကျစ်ရီသည် တစ်ချိန်လုံးလိုလို ပြန်လှန်တိုက်ခိုက်နိုင်ခြင်း မရှိဘဲ ရှောင်တိမ်းခြင်းနှင့် ခုခံခြင်းကိုသာ ပြုလုပ်နေရ၏။

ပြိုင်စံရှားလေးဦးက တစ်ယောက်နှင့်တစ်ယောက် လွန်စွာ အချိတ်အဆက်မိနေကြ၏။ သူတို့ထဲမှ တစ်ယောက်ယောက်က ဟာကွက်တစ်ခုခုကို ထုတ်ဖော်မိမည်ဆိုလျှင်တောင် အခြားသူများက အဲဒါကို အလျင်အမြန် ဝင်ရောက်ဖာထေးပေးမည်ဖြစ်၏။

ထျန်ကျစ်ရီက မရမက လိုက်လံတိုက်ခိုက်မည်ဆိုလျှင် သူမက ဒဏ်ရာအပြင်းအထန်ရရှိသွားဖို့ အခွင့်များလေသည်။

လက်ရှိအခြေအနေက အနည်းငယ်တော့ ထူးဆန်းနေ၏။

သူတို့ ခုနှစ်ယောက်ကြားမှာ ဆူဇီမိုနှင့် ယွင်ထင်က တိုက်ခိုက်ရည်ခွန်အားမှာ အခြားသူများ အားလုံးထက် သေချာပေါက် သာလွန်လေသည်။

သို့သော်လည်း သူတို့နှစ်ယောက်က အချိန်မရွေး တိုက်ခိုက်၍ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိနိုင်ပြီး အခြားသူများက နောက်ဆုံး အကျိုးအမြတ်ရရှိသူလည်း ဖြစ်သွားနိုင်၏။

အခြေအနေက အလျင်အမြန်ပြောင်းလဲနေပြီး သူတို့ ခုနှစ်ယောက်စလုံးမှာ ကျောက်စိမ်းအဆောင်ကို လုယူဖို့အတွက် အခွင့်အရေးကိုယ်စီ ရှိနေကြဆဲဖြစ်၏။

ယွင်ထင်က ဘေးဘက်မှာ ရှိသော တိုက်ပွဲနယ်မြေကို တစ်ချက်ဝေ့ကြည့်ပြီး ဆူဇီမိုကို ပြန်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါက ကျောက်စိမ်းအဆောင်နဲ့ ကောင်းကင်သတ်ဖြတ်ခြင်းနဲ့ ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်တွေကို အရယူဖို့ ဆုံးဖြတ်ထားတယ်.. ငါ မင်းကို နောက်ထပ်အခွင့်အရေး ပေးမှာ မဟုတ်တော့ဘူး”

ယွင်ထင်သည် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းသည်ဟု ယုံကြည်မှုရှိနေပြီး ယခင်တိုက်ခိုက်ခဲ့စဉ်က သူ၏ အမူအရာမှာ ပေါ့ပျက်ပျက်နိုင်သော အငွေ့အသက်တစ်ခု ရှိနေခဲ့၏။

ယခုအခါမှသာလျှင် သူက တည်ကြည်လေးနက်လာပြီး သူ၏ ခွန်အားကို လုံးဝ ထိန်ချန်မထားဖို့ ဆုံးဖြတ်လိုက်ပုံရ၏။

ဝေါ…

ယွင်ထင်၏ ခန္ဓာကိုယ်ထဲကနေ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ဆူနာမီတစ်ခုက တလိပ်လိပ်ထိုးတက်လာ၏။

ဆူနာမီသွေး…။

ချွင်.. ချွင်…

ထို့နောက် ချက်ချင်းပင် ဆူနာမီအသံကြားမှာ ဓားချီရိုက်ခတ်သံက ရောနှောပါဝင်လာပြီး အလွန်တရာ စူးရှနေ၏။

ဆူဇီမို၏ အမူအရာက တည်ကြည်လေးနက်လာခဲ့၏။

ယွင်ထင်၏ သွေးချီက အရမ်းကို သန်မာလွန်း၏။

အဲဒါသည် ရိုးရှင်းသော ဆူနာမီသွေးတစ်ခုမျှသာ မဟုတ်ပေ။

ယွင်ထင်၏ ခန္ဓာကိုယ်ထဲရှိ သွေးတစ်စက်ချင်းစီမှာ လောကကိုပင် ဖျက်ဆီးပစ်နိုင်ပုံရသော အဆုံးစွန် သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခု ပါဝင်နေ၏။

ဓားသွေးက ယွင်ထင်၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေ၏။

သူ၏ သွေးတစ်စက်ချင်းစီက အဆင့်ကိုး မဟူရာအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်နိုင်သည်ဟုဆိုလျှင် ချဲ့ကားရာကျမည် မဟုတ်ပေ။

ဆူဇီမိုနှင့် ယွင်ထင်အပေါ် ဖိအားက ဆပွားတိုးလာခဲ့၏။

သွေးချီက ယွင်ထင်၏ ခန္ဓာကိုယ်ကနေတစ်ဆင့် လေဟာနယ်ထဲသို့ တလိပ်လိပ်ထိုးတက်လာ၏။

ဆူဇီမို၏ အစိမ်းရောင်ဝတ်ရုံပေါ်မှာ ဓားချက်များက ပေါ်ထွက်လာပြီး သူ၏ မျက်နှာက စပ်ဖျဉ်းဖျဉ်းနာကျင်မှုကို ခံစားလာရ၏။

ယွင်ထင်က မတိုက်ခိုက်ခင်မှာပင် ဆူဇီမိုသည် အပိုင်းပိုင်း ဆုတ်ဖြဲခံရ၍ သွေးချီများကြား နစ်မြုပ်တော့မည်ဟု ခံစားနေရပြီဖြစ်၏။

ထိုသွေးချီကို အာရုံခံမိသွားပြီး အစိမ်းရောင်ကြာပန်း မျိုးဆက်သွေးကလည်း ဂနာမငြိမ်ဖြစ်လာခဲ့၏။

ဆူဇီမိုက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကို ဖိနှိမ်လိုက်၏။

ဖန်တီးခြင်းကြာပဒုမ္မာသည် လောကမှာ တစ်ခုတည်းသာရှိပြီး အရေးပါလေသည်။

အရင်တုန်းက အဲဒါသည် ကောင်းကင်ဘုံကမ္ဘာ၏ အင်မော်တယ်ဘုရင်တစ်ပါးထံမှ လုပ်ကြံသတ်ဖြတ် ကြိုးပမ်းမှုတစ်ရပ်ကို ဆွဲဆောင်မိခဲ့၏။ ဆူဇီမိုသည် မဆင်မခြင် မပြုမူရဲပေ။

အဲဒါက သေရေးရှင်ရေး အခြေအနေတစ်ခု မဟုတ်သရွေ့ သူသည် သူ၏ အစိမ်းရောင်ကြာပန်း မျိုးဆက်သွေးကို သေချာပေါက် ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။

“မင်း ရှုံးသွားပြီ”

ဆူဇီမိုက သူ၏ မျိုးဆက်သွေးကို ဖိနှိမ်လိုက်သည့်အချိန်မှာပင် ယွင်ထင်က အဲဒါကို အာရုံခံမိသွားပြီး တောက်လောင်ပြင်းပြသော အကြည့်နှင့်အတူ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လိုက်၏။

အဲဒါက ထိပ်သီးပညာရှင်များ၏ ကြောက်မက်ဖွယ်ရာကောင်းမှုဖြစ်၏။

သေးငယ်သော မည်သည့် အပြောင်းအလဲမဆို သူတို့၏ အာရုံခံအသိစိတ်ကနေ မလွတ်မြောက်နိုင်ပေ။

ဆူဇီမိုက သူ၏ မျိုးဆက်သွေးကို ဖိနှိမ်လိုက်စဉ် သူ၏ အော်ရာက အားလျော့သွားခဲ့၏။ ယွင်ထင်က ထိုအခွင့်အလမ်းကို ချိန်ဆပြီး ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုကို ချက်ချင်းပင် ထုတ်ဖော်လိုက်၏။

ယွင်ထင်သည် သူ၏ လက်နှစ်ဖက်နှင့်အတူ ဓားလက်ချောင်းများကို ပူးကပ်ပြီး သူက ဓားနှစ်လက်ကို ဝှေ့ယမ်းနေသည့်အလား ဓားကွက်တစ်ခုကို ဆင့်ခေါ်လိုက်၏။

သူ တိုက်ခိုက်လိုက်သည့်အချိန်မှာပင် ဓားအလင်းများစွာက ဆူဇီမိုကို လုံးဝလွှမ်းခြုံသွား၏။

သူ၏ သွေးချီကို ထုတ်ဖော်ပြီးနောက် ယွင်ထင်၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားတိုးလာကာ သူသည် ဆူဇီမိုကို ထိုလှုပ်ရှားကွက်တစ်ကွက်တည်းဖြင့် ဖိခြေနိုင်လုနီးပါးပင်။

“အား…”

ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး သူ၏ လည်ချောင်းအနက်ပိုင်းထဲကနေ ဟိန်းဟောက်သံကို ထုတ်ဖော်ကာ နတ်ဘုရားစွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ကနေ ဖြန့်ကြက်ထွက်ပေးလာ၏။

ထို့နောက် ချက်ချင်းပင် သူ၏ နောက်ကျောကနေ ကျောက်စိမ်းဖြူရောင် ဆင်စွယ်နှစ်စုံက ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။

ဆင်စွယ်တစ်ချောင်းချင်းစီသည် မနှိုင်းယှဉ်သာအောင် ထက်ရှပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခု ဖြာထွက်နေ၏။

တကယ်ဆို ဆူဇီမို၏ နောက်ဘက်မှာ ဧရာမ နတ်ဆင်တစ်ကောင်ကပင် ဝိုးတဝါး ပေါ်ထွက်လာခဲ့ပြီး ၎င်း၏ ဦးခေါင်းကို မော့ကာ ကောင်းကင်ထက်သို့ အော်မြည်ဟစ်ကြွေးနေ၏။

ပင်ကိုနတ်ဘုရားစွမ်းအား၊ အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အား။

သည့်ယခင်က ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်သည် မဟူရာအမြုတေနယ်ပယ်မှာ ရှိခဲ့စဉ် သူက ဆင်စွယ်နှစ်ချောင်းကိုသာ ဆင့်ခေါ်နိုင်ခဲ့၏။ ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်က ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းပြီးနောက် သူသည် ဆင်စွယ်လေးချောင်းကို ဆင့်ခေါ်နိုင်နေပြီဖြစ်၏။

ဆိုလိုသည်မှာ ဆူဇီမို၏ ခွန်အားက ချက်ချင်းပင် လေးဆတိုးလာခဲ့၏။

သူသည် သူ၏ မျိုးဆက်သွေးကို အသုံးပြုခြင်း မရှိသော်လည်း ဆူဇီမို၏ အော်ရာက ဆပွားတိုးလာခဲ့ပြီး သူသည် ယွင်ထင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော အဆင့်ထိ ချက်ချင်းပင် ရောက်ရှိလာခဲ့၏။

ဆူဇီမိုသည် သူ၏ လက်သီးများ၊ လက်ဖဝါးများ၊ လက်ချောင်းများ၊ လက်သည်းများ၊ ဒူးနှင့် တံတောင်တို့ကို သုံးကာ တိုက်ခိုက်နေ၏။ သူသည် သူ၏ ဘေးပတ်လည်မှာ ရှိသော ဓားအလင်းများစွာကို ခုခံရင်း တန်ပြန်တိုက်ခိုက်မှုများကိုလည်း ပြုလုပ်နိုင်၏။

နောက်ဆုံးမှာတော့ ဆူဇီမိုသည် သူ၏ လက်သီးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ပြီး ယွင်ထင်၏ ဓားလက်ချောင်းများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။

ဘန်း…

နှစ်ဖက်စလုံးက ခြေတစ်လှမ်းစီ နောက်ဆုတ်လိုက်၏။

ဆူဇီမိုသည် သူ၏ လက်ဖဝါးမှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားနေရ၏။

သူ၏ ခေါင်းကို ငုံ့ကြည့်ရင်း သူ၏ လက်သီးနှစ်ဖက်သည် ယွင်ထင်၏ ဓားလက်ညှိုးများဖြင့် ထိုးဖောက်ခံလိုက်ရပြီး သွေးများက စီးကျနေသည်ကို တွေ့မြင်လိုက်ရ၏။ သို့သော်လည်း ထိုဒဏ်ရာက သိပ်မကြာခင် သူ့ဘာသာသူ သက်သာပျောက်ကင်းလာပြီး သွေးထွက်ခြင်းက ရပ်တန့်သွား၏။

ယွင်ထင်၏ သွေးချီက အရမ်းကို သန်မာ၏။

ဆူဇီမိုသည် သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားကို သုံးပြီး သူ၏ ခွန်အားက လေးဆမြင့်တက်လာခဲ့တာတောင် သူသည် ယွင်ထင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရုံသာ ရှိ၏။

တကယ်ဆို သူသည် ယွင်ထင်၏ ဓားလက်ညှိုးများဖြင့် ထိခိုက်ဒဏ်ရာပင် ရရှိခဲ့၏။

ကံကောင်းစွာဖြင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် တုန်လှုပ်စရာကောင်းသော ပြန်လည်ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး ထိုထိခိုက်ဒဏ်ရာက သူ့အတွက် ပြောပလောက်စရာ မဟုတ်ပေ။

တကယ်တော့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ယွင်ထင်၏ ကိုယ်ကာယထက် သေချာပေါက် အားမနည်းပေ။

ဆူဇီမိုက သူ၏ မျိုးဆက်သွေးကို အသုံးပြုမည်ဆိုလျှင် ယခုဆို သူသည် ခွန်အားအရာမှာ ယွင်ထင်ကို ဖိနှိမ်နိုင်ရုံသာမက သူ၏ လက်ဖဝါးကလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့လိမ့်မည် မဟုတ်ပေ။

ယွင်ထင်က မျက်မှောင်ကြုတ်လိုက်၏။

ယခု ဖြစ်ပွားခဲ့သော တိုက်ခိုက်ဖလှယ်မှုက သူတွေးထင်ထားသည်ထက် တစ်ဖန်ကျော်လွန်သွားခဲ့၏။

သူ၏ ဓားလက်ချောင်းများ၏ ထက်ရှမှုနှင့်အတူ သူသည် မူလမဟူရာအဆင့် ဓမ္မရတနာများကိုပင် နှစ်ပိုင်းလှီးဖြတ်နိုင်၏။ သို့သော်လည်း သူသည် ဆူဇီမို၏ လက်ဖဝါးပေါ်မှာ ဒဏ်ရာနှစ်ခုကိုသာလျှင် ကျန်ရစ်ခဲ့စေနိုင်၏။

ထူးဆန်းသော အရာမှာ ဆူဇီမို၏ လက်ဖဝါးပေါ်ရှိ ဒဏ်ရာများက အသက်ရှူချိန် အနည်းငယ်အတွင်းမှာ သက်သာပျောက်ကင်းသွားခြင်းပင်။

အဲဒီမှာ မည်သည့် အငွေ့အသက်မှ မကျန်ရှိခဲ့ပေ။

ဤပြန်လည်ကုသနိုင်စွမ်းက သူ့ထက်ပင် နှစ်ဆကျော် ပိုမိုသန်မာနေပြီး ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ ပြတ်တောက်သွားသော ခြေလက်များကို ပြန်ပေါက်စေနိုင်ခြင်းနှင့် ယှဉ်နိုင်လုနီးပါးဖြစ်၏။

ဤလူသည် အောက်ဘုံမှ တက်လှမ်းလာသော ကျင့်ကြံသူတစ်ယောက်သာ ဖြစ်၏။ ထိုသူက သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်အောင် မည်သို့သော ကိုယ်ကာယနှင့် မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပါသနည်း။

ယခုတင် ဆူဇီမို အသုံးပြုခဲ့သော ပင်ကိုနတ်ဘုရားစွမ်းအားက ယွင်ထင်ကို တုန်လှုပ်သွားစေ၏။

သူသည် ဝှက်ဖဲများစွာကို အသုံးပြုပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက မြင့်တက်လာသောအခါ သူသည် ဆူဇီမိုကို အလွယ်တကူ ဖိနှိမ်နိုင်မည်ဟု တွေးထင်ထားခဲ့၏။

သို့သော်လည်း ဆူဇီမို၏ ခွန်အားကလည်း အကန့်အသတ်မဲ့နေပုံရ၏။

ယခုဆို အဲဒါသည် အနည်းငယ် လှည့်စားရာကျသည်ဟုပင် သူက ခံစားနေရ၏။

ဆူဇီမိုက ပိုမိုသန်မာလေလေ.. ယွင်ထင်က ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်ခဲ့၏။

သို့သော်လည်း ထိုသူက သူထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်အောင် သန်မာနေမည်ဆိုလျှင် သူက ပျော်နိုင်တော့မည် မဟုတ်ချေ။

All Chapters