← Chapters

အမြုတေစိတ်ဝိညာဥ်ဓားစုဖွဲ့ခြင်း

Vol. 134 Ch. 2001

အမြုတေစိတ်ဝိညာဥ်ဓားစုဖွဲ့ခြင်း

Vol. 134 Ch. 2001

ဆူဇီမိုအနေဖြင့် သူ၏ မျိုးဆက်သွေးကို အသက်သွင်းပြီး သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ကာ ယွင်ထင်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့က အရိုးရှင်းဆုံးနှင့် တိုက်ရိုက်အကျဆုံးနည်းလမ်းဖြစ်၏။

ဒါ့အပြင်... အစွမ်ခြောက်ချောင်းနတ်ဆင်ခွန်အား၏ ထောက်ပံ့မှုနှင့်အတူ ဖန်တီးခြင်းကြာပဒုမ္မာနယ်မြေဖြစ်စဥ်က ယွင်ထင်၏ သွေဓားနယ်မြေဖြစ်စဥ်ကို သေချာပေါက်အနိုင်ယူနိုင်မည်ဟု သူကယုံကြည်မှုရှိ၏။ သို့သော်လည်း အဲ့ဒါက သူ့အတွက်ဆုံးရှုံးမှုကိုသာ ဖြစ်စေပေလိမ့်မည်။

ဆူဇီမိုသည် မင်းသားတစ်ပါးကို သတ်ဖို့အတွက် ယုံကြည်မှုမရှိပေ။

ယွင်ထင်မှာ ဝှက်ဖဲများနှင့်ရတနာများ ဘယ်လောက်များများရှိသလဲ သူ မသိရသောကြောင့်ဖြစ်၏။

သူက ယွင်ထင်ကို မသတ်ဖြတ်နိုင်ဘူးဆိုလျှင် ဖန်တီးခြင်းကြာပဒုမ္မာက ပေါက်ကြားသွားပေလိမ့်မည်။

ဆူဇီမိုသည် ယွင်ထင်နှင့်သိသည်မှာ မကြာသေးပေ။ ဤလူက ဂုဏ်ယူဝင့်ကြွား၍ စိတ်ကြီးဝင်နေသော်လည်း သူသည် အစကတည်းက ရိုးသားဖြောင့်မတ်မှုရှိခဲ့ပြီး ကောက်ကျစ်သောမည်သည့်အတွေးမှ မရှိခဲ့ပေ။

သို့သော်လည်း ဆူဇီမိုသည် ထိုအလောင်းအစားကို မပြုလုပ်ရဲပေ။

ဖန်တီးခြင်းကြာပဒုမ္မာပေါက်ကြားသွားပါက အဲ့ဒါသည် မည်သို့သောသတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို ဆွဲဆောင်နိုင်သလဲ သူ့ထက် ဘယ်သူကမှ ကောင်းကောင်းပိုမသိနိုင်ပေ။

အထက်ဘုံသို့ သူတက်လှမ်းခဲ့စဥ်မြင်ကွင်းက သူ၏ စိတ်ထဲသို့ မကြာခဏဝင်ရောက်လာတတ်ပြီး သူက အဲ့ဒါနှင့်ပတ်သက်၍ အကြောက်မပြေသေးပေ။

ဖန်တီးခြင်းကြာပဒုမ္မာသည် ဘုရင်ယွင်ရိုတစ်ယောက်တည်းကိုသာ ဆွဲဆောင်ခဲ့သည်မဟုတ်ဘဲ အခြားသော အင်မော်တယ်ဘုရင်ပညာရှင်များပါ ပါဝင်လာခဲ့၏။

ဆူဇီမို၏ လက်ရှိကျင့်ကြံမှုအရ သူသည် ဤကဲ့သို့ဆင်တူသော ဒုတိယမြောက်တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိပေ။

တကယ်တော့... သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ခြင်းမရှိလျှင်တောင် သူ့မှာအခြားသောနည်းလမ်းများရှိနေသေး၏။

တကယ်ဆို ထိုနည်းလမ်းများက ပို၍ပင် ပြင်းထန်ကြမ်းတမ်းနေနိုင်သည်။

ဆူဇီမို၏ အကြည့်က တည်ကြည်လေးနက်လာပြီး သူ၏ နှာရောင်က တောက်ပလာကာ အလွန်တရာကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ်အတက်အကျတစ်ခုက ပေါ်ထွက်လာ၏။

“အမြုတေစိတ်ဝိညာဥ်တိုက်ခိုက်မှုလား”

တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိသွားပြီး ယွင်ထင်က ဆူဇီမို၏ အတွေးများကို ချက်ချင်းပင်ခန့်မှန်းမိလိုက်၏။

သို့သော်လည်း သူက အဲ့ဒါကို အလေးအနက်ထားခြင်းမရှိဘဲ သူ၏ ခေါင်းကို ညင်သာစွာခါလိုက်၏။

“အမြုတေစိတ်ဝိညဥ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်သုံးဖို့ဆိုတာ ဆိုးတဲ့အကြံတော့မဟုတ်ဘူး.... ဒါပေမဲ့ မင်းက ရိုးအလွန်းနေတယ်”

“မင်းရဲ့အမြုတေစိတ်ဝိညာဥ်က ကမ္ဘာမြေအင်မော်တယ်နယ်ပယ်ကိုရောက်နေပြီဆိုတာ.... ငါအာရုံခံမိနေတာ ကြာခဲ့ပြီ... ဒါပေမဲ့ ငါ့ရဲ့ အမြုတေစိတ်ဝိညာဥ်ကလည်း ကမ္ဘာမြေအမြုတေနယ်ပယ်ကို ရောက်နေပြီဆိုတာ မင်းသိချင်မှသိလိမ့်မယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ယွင်ထင်က ဆက်လက်၍ ဖုံးကွယ်မထားတော့ဘဲ သူကလည်းပဲ ကြီးမားသောစိတ်ဝိညာဥ်အသိစိတ်ဖိအားတစ်ခုကို ထုတ်ဖော်လိုက်၏။

အဆင့်-၂ ကမ္ဘာမြေအမြုတေနယ်ပယ်။

အမြုတေစိတ်ဝိညာဥ်များကို ကျင့်ကြံဖို့က အခက်ခဲဆုံးဖြစ်၏။

အထက်ဘုံမှာ အမြုတေစိတ်ဝိညာဥ်ကျင့်ကြံမှုများသည် ကိုယ်ကာယကျင့်ကြံမှုထက်ကျော်လွန်ဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။

အမြုတေစိတ်ဝိညာဥ်ကို ကိုယ်ကာယထက် ကျင့်ကြံမှုအဆင့်သေးတစ်ဆင့် ပိုမြင့်အောင်ကျင့်ကြံနိုင်သူ မည်သူမဆို အနှိုင်းမဲ့ပြန်ဝင်စားမွန်းစတားတစ်ယောက်ဖြစ်လေသည်။

ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေတစ်ခုလုံးမှာပင် ယွင်ထင်ကဲ့သို့ အဆင့်သေးနှစ်ဆင့်ပိုမြင့်အောင် ကျင့်ကြံနိုင်သည့်သူက များစွာမရှိပေ။

ဆူဇီမိုသည် ထိုသို့ပြုလုပ်နိုင်သည့်အကြောင်းအရင်းမှာ သူသည် အမြုတေစိတ်ဝိညာဥ်ကို ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ စွမ်းအားနှင့်အတူ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်နှင့် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်တို့၏ စွမ်းအားကနေ ဖွဲ့စည်းထားသောကြောင့်ဖြစ်၏။

ယခုအချိန်မှာ သူသည် အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ် ကျင့်ကြံမှုကလည်း အဆင့်-၂ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ရောက်ရှိနေခဲ့လေပြီ။

သို့သော်လည်း အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အား၏ ထောက်ပံ့မှုနှင့်အတူ သူ့အမြုတေစိတ်ဝိညာဥ်၊ ကိုယ်ကာယနှင့် မျိုးဆက်သွေးတို့၏ စွမ်းအားက လေးဆတိုးလာခဲ့၏။

သူ၏ အမြုတေစိတ်ဝိညာဥ် ကျင့်ကြံမှုသည် များစွာပြောင်းလဲသွားခြင်းမရှိသော်လည်း သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက အဆင့်-၃ ကမ္ဘာမြေအမြုတေနယ်ပယ်နှင့် တူညီနေခဲ့ပြီဖြစ်၏။

တကယ်တော့... ယွင်ထင်ကလည်း ထိုကွာဟချက်ကိုခံစားမိနိုင်၏။

သို့သော်လည်း သူက အလောတကြီးရှိမနေပေ။

ယွင်ထင်က ခပ်ယဲ့ယဲ့ပြုံးလိုက်၏။

“မင်းရဲ့အမြုတေစိတ်ဝိညာဥ်က ငါ့ထက်သာလွန်တယ်ဆိုတာ တကယ်ပဲ... ဒါပေမဲ့ မင်းက မင်းရဲ့အမြုတေစိတ်ဝိညာဥ်နဲ့ တိုက်ခိုက်မယ်ဆိုရင် မင်းက ရှုံးနိမ့်ရဦးမှာပဲ”

“ဘာလို့လည်းဆိုတော့.... ငါ့ရဲ့အမြုတေစိတ်ဝိညာဥ်ဓားကို ဘယ်သူကမှ ခုခံနိုင်မှာ မဟုတ်လို့ပဲ”

ယွင်ထင်၏ လေသံက သိပ်သည်းပြင်းထန်သော ယုံကြည်မှုကိုပြသနေ၏။

“ဟုတ်ပါ့မလား”

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး လှုပ်ရှားယိမ်းယိုင်သွားခြင်းမရှိပေ။

လက်တစ်ဖဝါးအရွယ် နီရဲနေသောနဂါးကြေးခွံတစ်ခုက သူ၏ နှာရောင်ကနေဖြည်းဖြည်းချင်း​ လွင့်မျောထွက်လာခဲ့၏။ အဲ့ဒါက လခြမ်းကွေးသဏ္ဌာန်ရှိပြီး ကြောက်စရာကောက်းသောအော်ရာတစ်ခုဖြင့် ပြည့်လျှမ်းနေ၏။

အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ် ဘက်ပြန်ကြေးခွံ...။

ဘက်ပြန်ကြေးခွံပေါ်ထွက်လာသည့်ခဏမှာပင် ခန်းမတစ်ခုလုံးက အေးခဲရပ်တန့်သွားသည်ဟုထင်ရ၏။ နဂါးကြေးခွံကသာလျှင် ယွင်ထင်ရှိရာသို့ ဖြည်းဖြည်းချင်း လွင့်မျောသွားပြီး ချောက်ချားစရာကောင်းသော စွမ်းအင်အတက်အကျတစ်ခုကို ဖြာထုတ်ပေးနေ၏။

နဂါးကြေးခွံနှင့်ထိတွေ့မိသော မည်သည့်စွမ်းအားမဆို... သိပ်သည်းပြင်းထန်သော အဖျက်စွမ်းအားတစ်ခုကို တွေ့ကြုံခံစားရတော့မည့်အလားပင်။

ထျန်ကျစ်ရီနှင့်တိုက်ခိုက်နေသော သက်လတ်ပိုင်းအရွယ် တာအိုပညာရှင်နှင့် အခြားနှစ်ယောက်ပင်လျှင် စိုးရိမ်ပူပန်သောအမူအရာများဖြစ်ပေါ်လာပြီး သူတို့သည် နဂါးကြေးခွံ၏ သတ်ဖြတ်ခြင်းစွမ်းအားကို ဆွဲဆောင်မိမည်စိုးသောကြောင့် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို ရုပ်သိမ်းထား၏။

“ကောင်းတယ်ကွာ... ကောင်းတယ်.... ကောင်းတယ်”

ယွင်ထင်၏ အမူအရာက အကြောက်အလန့်ကင်းမဲ့နေပြီး သူက ထပ်တလဲလဲခေါင်းညိတ်ကာ အော်ပြောလိုက်၏။

“မင်းက မင်းရဲ့အမြုတေစိတ်ဝိညာဥ်နဲ့တိုက်ခိုက်ချင်တယ်ဆိုမှတော့... ငါက ဒီနေ့မင်းကို အပြတ်အသတ်ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ပေးရတာပေါ့”

သူ၏ နှာရောင်က ပွင့်ဟသွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ရှိရာ အသိစိတ်ထဲတွင် ဓားတစ်လက်က လွင့်မျောနေ၏။

“အမြုတေစိတ်ဝိညာဥ်ဓား”

ဆူဇီမိုက အာရုံစိုက်၍ကြည့်လိုက်၏။

သူတို့၏ ခန္ဓာကိုယ်ကနေ မွေးဖွားပေါ်ထွက်လာသော မည်သည့်သက်ရှိအမြုတေစိတ်ဝိညာဥ်များမဆို သူတို့၏ အစစ်အမှန်ပုံစံများနှင့် များစွာကွာခြားမှုမရှိပေ။

ယွင်ထင်သည် လူသားတစ်ယောက်ဖြစ်သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်က ဓားတစ်လက်ဖြစ်၏။

ဆူဇီမိုသည် ဤကဲ့သို့သောအခြေအနေကို လူတစ်ယောက်တည်းမှာသာ တွေ့မြင်ခဲ့ဖူး၏။

အဲ့ဒါသည် သူ၏ အကြီးဆုံးတပည့် ပေမင်ရွှယ်ဖြစ်၏။

ပေမင်ရွှယ်၏ အမြုတေစိတ်ဝိညာဥ် သို့မဟုတ် သူမ၏ သိုင်းစိတ်ဝိညာဥ်က ဓားတစ်လက်ဖြစ်၏။

သူ့အကြီးဆုံးတပည့်၏ ဓားတာအိုမှာ ပါရမီအရည်အချင်းက ပြိုင်ဘက်ကင်းခဲ့လေသည်။

သို့သော်ယခု... အမြုတေစိတ်ဝိညာဥ်ဓားကို စုဖွဲ့ထားသည့် ဒုတိယမြောက်လူတစ်ယောက်ကို ထပ်မံ၍ တွေ့မြင်လိုက်ရ၏။

“သတ်ဖြတ်စမ်း”

ယွင်ထင်က ရှေ့သို့ထိုးညွှန်ပြီး အော်ငေါက်လိုက်၏။

ရွှစ်...

သူ၏ အသိစိတ်ထဲမှာ ယွင်ထင်၏ အမြုတေစိတ်ဝိညာဥ်ဓားသည် အလွန်တရာထက်ရှသော သွေးရောင်ဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး အဲ့ဒါက ဘက်ပြန်ကြေးခွံရှိရာသို့ ခုတ်ပိုင်းကျဆင်းလာ၏။

အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်နှစ်ခုက မည်သည့် အသံမှမထွက်ဘဲ ထိတွေရိုက်ခတ်သွား၏။

သို့သော်လည်း သူတို့ထိတွေ့ရိုက်ခတ်မိသည့်ခဏမှာပင် ဆူဇီမိုနှင့် ယွင်ထင်သည် ရင်တလှပ်လှပ်ခံစားလိုက်ရ၏။

သွေးနီရောင်ဓားသွားက ဘက်ပြန်ကြေးခွံကို ထိုးဖောက်ပြီး ဆူဇီမို၏ အသိစိတ်ထဲသို့ ချက်ချင်းပင်ဆင်းသက်ကာ အစိမ်းရောင်ကြာပန်း အစစ်အမှန်အမြုတေစိတ်ဝိညာဥ်ရှိရာသို့ ခုတ်ပိုင်းကျဆင်းလာ၏။

ဖောက်... ဖောက်... ဖောက်...

အန္တရာယ်ကိုအာရုံခံမိသွားပြီး ကြာစိမ့်ပေါက် ၈၁ ပေါက်ကနေ အလင်းရောင်ခြည်များက လျှံတက်လာ၏။

အစိမ်းရောင်ကြာစေ့ ၈၁ စေ့က ဓားရှည်တစ်လက်အဖြစ် စုဖွဲ့သွားပြီး သွေးရောင်ဓားသွားနှင့် ထပ်တလဲလဲရိုက်ခတ်နေ၏။ နောက်ဆုံးမှာတော့ သူတို့က ပျက်ပြယ်သွားပြီး အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်က လုံးဝထိခိုက်ဒဏ်ရာမရရှိပေ။

အခြားတစ်ဘက်မှာတော့ ယွင်ထင်၏ အမြုတေစိတ်ဝိညာဥ်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ ထူးဆန်းသောစွမ်းအားတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး သူက အဲ့ဒါကို မရှောင်တိမ်းနိုင်တော့ပေ။

ဘန်း...

သူ၏ အမြုတေစိတ်ဝိညာဥ်က ပြင်းထန်စွာတုန်ခါသွားပြီးနောက် ကြေမွကာ ငွေရောင်အလင်းဖြင့် တောက်ပနေသည့် သေးငယ်သော အမြုတေစိတ်ဝိညာဥ်တစ်ခုကို ထွက်ပေါ်လာစေ၏။ အဲ့ဒါသည် ယွင်ထင်နှင့်ဆင်တူပြီး ထိတ်ထိတ်ပျာပျာ အမူအရာနှင့်အတူ နောက်သိုခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။

ထိုသည်ကို တွေ့မြင်သောအခါ ဆူဇီမိုကနားလည်သဘောပေါက်သွားခဲ့၏။

ယွင်ထင်၏ အမြုတေစိတ်ဝိညာဥ်ဓားကို ၎င်း၏ အကန့်အသတ်ထိမကျင့်ကြံရသေးဘဲ သူ၏ အမြုတေစိတ်ဝိညာဥ်သည် ဓားတစ်လက်အဖြစ်သို့ လုံးလုံးလျားလျားအသွင်ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။

ယခု... ဘက်ပြန်ကြေးခွံ၏ စွမ်းအားက အဲ့ဒါကိုဖော်ထုတ်လိုက်ပြီး ၎င်း၏ အစစ်အမှန်ပုံစံက ပေါ်ထွက်လာရ၏။

ဆူဇီမိုက တိတ်တဆိတ်ထိတ်လန့်သွား၏။

နဂါးတစ်ကောင်၏ ဘက်ပြန်ကြေးခွံကို ထိမိသူမည်သူမဆို သေရပေလိမ့်မည်။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိကို ကျင့်ကြံမှုအဆင့်တူခြင်းမှာ ဘက်ပြန်ကြေးခွံကို ခုခံနိုင်သည့်တစ်ဦးတည်းသောသူက ယွင်ထင်ဖြစ်၏။

ဘက်ပြန်ကြေးခွံကို ခုခံနေစဥ် ယွင်ထင်၏ အမြုတေစိတ်ဝိညာဥ်ဓား၏ ထက်ရှမှုက သူ၏ အသိစိတ်ထဲသို့ ဆင်းသက်လာခဲ့ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို ခြိမ်းခြောက်လာခဲ့၏။

ဖန်တီးခြင်းကြာခုံကြောင့်သာမဟုတ်လျှင် သူ၏ အမြုတေစိတ်ဝိညာဥ်အနေဖြင့် ထိုထက်ရှမှုကနေ မထိမခိုက်လွတ်မြောက်နိုင်ဖို့ခက်ခဲလေသည်။

တကယ်တော့... အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်၏ စွမ်းအားအရာမှာ ယွင်ထင်၏ သွေးရောင်ဓားသွားက ဘက်ပြန်ကြေးခွံထက် ပိုမိုသာလွန်သည်ကို ဆူဇီမိုက ကောင်းကောင်းသိရှိလိုက်ပြီဖြစ်၏။

သို့သော်လည်း သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက ယွင်ထင်၏ အထက်မှာရှိနေ၏။

ဒါ့အပြင် ပင်မခန်းမ၏ ဝင်ပေါက်ဝရှိ ဝင်္ကပါကို ချေဖျက်ဖို့အတွက် ယွင်ထင်၏ ကြိုးပမ်းမှုသည် သူ၏ အမြုတေစိတ်ဝိညာဥ်အပေါ် အားအင်ကြီးမားစွာ ကုန်ခန်းစေခဲ့၏။

ဤကဲ့သို့သောအခြေအနေအောက်မှာ သူတို့နှစ်ယောက်သည် သရေရလဒ်ဖြင့် ယှဥ်ပြိုင်တိုက်ခိုက်လိုက်နိုင်ကြ၏။

ဆူဇီမိုသည် အံအားသင့်သွားရုံမျှသာဖြစ်၏။

သို့သော်လည်း ယွင်ထင်က တုန်လှုပ်၍ သူ၏ ရင်ထဲမှာ ဗလောင်ဆူလာခဲ့၏။

အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ...။

သူ၏ အမြုတေစိတ်ဝိညာဥ်ဓား.... သွေးရောင်ဓားသွားက မအောင်မြင်ခဲ့ဘူးလား။

သူ၏ သွေးရောင်ဓားသွားကို ချေဖျက်နိုင်ရန် ဆူဇီမို၏ အသိစိတ်ထဲမှာ မည်သို့သောရတနာရှိနေတာလဲ။

အမြုတေစိတ်ဝိညာဥ်များကြား တိုက်ပွဲတစ်ခုက အရမ်းကိုအန္တရာယ်များလွန်း၏။

သူ၏ အမြုတေစိတ်ဝိညာဥ်ဓားက အချည်းနှီးဖြစ်ခဲ့ရသည့်အပြင် သူ၏ အမြုတေစိတ်ဝိညာဥ်ကပါ နဂါးကြေးခွံကြောင့် ၎င်း၏ အစစ်အမှန်ပုံစံကနေ ခါထုတ်ခံလိုက်ရ၏။

ယွင်ထင်သည် ဤအမြုတေစိတ်ဝိညာဥ်တိုက်ခိုက်မှုမှာ တကယ်ပင်တုန်လှုပ်သွားရ၏။

သို့သော်လည်း အစစ်အမှန်ကြောက်မက်ဖွယ်ရာကောင်းမှုက ယခုအချိန်ထိရောက်ရှိမလာသေးသည်ကို သူက နားလည်သဘောပေါက်ခြင်း မရှိသေးပေ။

All Chapters