← Chapters

ကြီးမားသော ပေါက်ကွဲအား

Vol. 134 Ch. 2002

ကြီးမားသော ပေါက်ကွဲအား

Vol. 134 Ch. 2002

ယွင်ထင်၏ အမြုတေစိတ်ဝိညာဉ်သည် သူ၏ အစစ်အမှန်ပုံစံကနေ ခါထုတ်ခံလိုက်ရ၏။ ခဏကြာအောင် သူ၏ အတွေးများက ရှုပ်ထွေးနောက်ကျိနေပြီး အချိန်မီ မတုံ့ပြန်နိုင်ပေ။

ပုံမှန်အခြေအနေမှာဆိုလျှင် သူ၏ မျိုးဆက်သွေးနယ်မြေက ယခုအချိန်မှာ ကောင်းကောင်းဖွဲ့တည်လာသင့်၏။

သို့သော်လည်း အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များအကြား တိုက်ပွဲကြောင့် သူ၏ အမြုတေစိတ်ဝိညာဉ်က လှုပ်ခတ်သွားပြီး သူ၏ နောက်ဘက်မှာ ရှိသော သွေးရောင်ဓားသည် လုံးလုံးလျားလျား စုဖွဲ့လာနိုင်ခြင်း မရှိတော့ဘဲ အနည်းငယ် ယိမ်းထိုးနေ၏။

ယွင်ထင်သည် သူ၏ အတွေးများကို ဖယ်ထုတ်ချင်သည့်အလား သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

မည်သို့ပင်ဆိုစေ သူသည် သူ၏ မျိုးဆက်သွေးနယ်မြေကို စုဖွဲ့နိုင်သည်နှင့်အမျှ ဆူဇီမိုက သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။

ထိုအတွေးက သူ့စိတ်ထဲသို့ ဝင်ရောက်လာသည့်အချိန်မှာပင် ယွင်ထင်သည် ထူးဆန်းသော စွမ်းအင်အတက်အကျတစ်ခုကို ခံစားလိုက်ရပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။

“ဟမ်”

ယွင်ထင်၏ မျက်လုံးက ပြူးကျယ်သွားပြီး ဆူဇီမိုကို အလိုလိုလှမ်းကြည့်လိုက်၏။

“နောက်ထပ် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်လား”

ပုံမှန်အခြေအနေမှာဆိုလျှင် သာမန်ကျင့်ကြံသူများသည် အလွန်ဆုံး အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုကိုသာ ကျင့်ကြံထားကြပေလိမ့်မည်။

အကြောင်းမှာ သူတို့သည် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များစွာကို ကျင့်ကြံထားမည်ဆိုလျှင်တောင် သူတို့အနေဖြင့် တိုက်ပွဲတစ်ခုမှာ အဲဒါကို ဒုတိယမြောက်အနေဖြင့် ထုတ်ဖော်နိုင်ဖို့ မလွယ်ကူသောကြောင့် ဖြစ်၏။

အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်နှစ်ခုကို ဆက်တိုက်ထုတ်ဖော်ရခြင်း၏ လိုအပ်ချက်က အရမ်းကို မြင့်မား၏။

လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်က လုံလောက်အောင် သိပ်သည်းကျစ်လျစ်မှု မရှိဘဲ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်နှစ်ခုကို ဆက်တိုက်ထုတ်ဖော်လိုက်မည်ဆိုလျှင် သူတို့၏ အမြုတေစိတ်ဝိညာဉ်များက တစ်ဖက်လူကို မသတ်ဖြတ်နိုင်ခင်မှာပင် လဲပြိုကျသွားပေလိမ့်မည်။

တကယ်တော့ ယွင်ထင်သည်လည်း အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုထက်ပို၍ ကျင့်ကြံထားခဲ့၏။

သို့သော် ပင်မခန်းမ၏ အပြင်ဘက်မှ ဝင်္ကပါကို ချေဖျက်ရာမှာ သူ့အမြုတေစိတ်ဝိညာဉ်က စွမ်းအင်များစွာကို သုံးစွဲခဲ့ရ၏။

ထို့နောက် ဆူဇီမို၏ ဘက်ပြန်ကြေးခွံနှင့် ထိခတ်ခဲ့ရပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဉ်က အရမ်းကို အားနည်းသွားခဲ့ပြီဖြစ်၏။ သူက အဲဒါကို ထုတ်ဖော်ချင်သည်ဆိုလျှင်တောင် ထိုသို့ပြုလုပ်ဖို့ စွမ်းအား မရှိတော့ပေ။

ဆူဇီမိုက ဒုတိယမြောက် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုကို စုဖွဲ့လိုက်သောအခါ ယွင်ထင်က တိတ်တဆိတ် မချင့်မရဲဖြစ်လာခဲ့၏။

သူ အဲဒါကို စောစောကြိုသိခဲ့မည်ဆိုလျှင် သူသည် ပင်မခန်းမ၏ ရှေ့မှာ ပို၍ သတိကြီးကြီးထားခဲ့ပြီး ဝင်္ကပါကို ချေဖျက်ဖို့အတွက် အလောတကြီး ပြုလုပ်ခဲ့လိမ့်မည် မဟုတ်ပေ။

သူသည် ဝင်္ကပါကို ချေဖျက်ခဲ့စဉ်က ကျင့်ကြံမှု အဆင့်တူချင်းမှာ ရှိသော တစ်စုံတစ်ယောက်က သူ့ကို ဤမျှအတိုင်းအတာအထိ ဖိအားပေးလာနိုင်လိမ့်မည်ဟု တကယ်ပင် ထင်မှတ်မထားခဲ့ပေ။

ဆူဇီမိုသည် လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ ဆင့်ခေါ်ပြီး သူ၏ နှာရောင်ထဲရှိ စိတ်ဝိညာဉ်အသိစိတ် အတက်အကျက သိပ်သည်းကျစ်လျစ်လာခဲ့၏။

အဲဒီနောက် သူသည် သူ၏ လက်ညှိုးကို ဆန့်ထုတ်ပြီး သူ၏ နှာရောင်ကို ညင်သာစွာ ထိလိုက်၏။

ဖျောက်.. ဖျောက်…

တဖျောက်ဖျောက် မြည်သံနှင့်အတူ တွဲဖက်၍ ဆူဇီမိုသည် သူ၏ နှာရောင်ထဲကနေ ကျိန်းစပ်နေသော မိုးကြိုးကျာပွတ်တစ်ခုကို ဆွဲထုတ်လိုက်ပြီး အဲဒါက လေထဲမှာ ရူးသွပ်စွာ ကခုန်နေ၏။

စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်…

ထျန်ကျစ်ရီသည် ဝန်းရံပိတ်ဆို့ခံထားရသော်လည်း သူမ၏ မျက်ဝန်းထောင့်ကနေ အဲဒါကို တွေ့မြင်သောအခါ သူမက ရင်တစ်ချက်ထိတ်သွား၏။

အဲဒါသည် ဗလာနယ်မိုးကြိုးကျင့်စဉ်မှာ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခု ဖြစ်၏။ ဤလူက အဲဒါကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ။

သူသည်လည်းပဲ အကြွင်းအကျန်ညမှ လူတစ်ယောက်ဖြစ်ပြီး သူမအဖေ၏ အမွေကို ဆက်ခံရရှိထားတာလား။

(အကြွင်းအကျန်ညဆိုတာ အဖွဲ့တစ်ဖွဲ့ရဲ့ နာမည်ပါ။)

စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်က လျှပ်စီးများဖြင့် ပြည့်နှက်နေပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။ အမြုတေစိတ်ဝိညာဉ်တစ်ခုကို မပြောနှင့်.. အသွေးအသား ခန္ဓာကိုယ်တစ်ခုပင်လျှင် ၎င်း၏ ရိုက်ချက်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

ဆူဇီမို၏ ဒုတိယမြောက် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်နှင့် ရင်ဆိုင်ရချိန်မှာ ယွင်ထင်သည် သူ၏ စိတ်ကို အလျင်အမြန် ပြန်လည်တည်ငြိမ်စေပြီး သူ၏ မျက်လုံးထဲမှာ မည်သည့်ကြောက်ရွံ့မှုမှ မရှိတော့ပေ။

“အရင်တုန်းက ဝင်္ကပါကို ချေဖျက်ဖို့အတွက် ငါ့ရဲ့ အမြုတေစိတ်ဝိညာဉ်စွမ်းအား အတော်များများကို မသုံးစွဲခဲ့ဘူးဆိုရင် ငါကလည်း ဒီအမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို ချေဖျက်နိုင်လိမ့်မယ်”

ယွင်ထင်က ဝင့်ကြွားစွာ ပြောလိုက်၏။

ဆူဇီမိုက ပြန်မဖြေပေ။ သူ၏ မျက်လုံးများမှာ မိုးကြိုးလျှပ်စီးများ ပါဝင်နေပုံရပြီး သူက စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်နှင့်အတူ ယွင်ထင်ကို လွှဲရိုက်လိုက်၏။

ဖြောင်း…

စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်က ယွင်ထင်ကို ထိခတ်သောအခါ ၎င်းက ရုတ်တရက် ပျောက်ကွယ်သွား၏။

ယွင်ထင်၏ အသိစိတ်ထဲမှာ မိုးကြိုးလျှပ်စီးများဖြင့် ပြုလုပ်ထားသော ကျာပွတ်တစ်ခုက ပေါ်ထွက်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို အလျင်အမြန် ရစ်ပတ်လိုက်၏။ လျှပ်စီးများက တဖျပ်ဖျပ်လက်၍ လျှပ်စီးလျှပ်ပန်းများက ကျိန်းစပ်စွာဖြင့် အဆက်မပြတ် လှည့်ပတ်နေ၏။

အစကတော့ အောက်ဘုံလောကကနေ သင်ယူလာသည့် စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်သည် ဤကဲ့သို့သော ပြောင်းလဲမှုများနှင့် စွမ်းအားများ မရှိခဲ့ပေ။

သို့သော်လည်း ပကတိတစ်ဆယ်ငရဲမှာ ဆူဇီမိုသည် မိုးကြိုးဧကရာဇ်၏ အမွေအနှစ်ကို ရရှိခဲ့ပြီး ဤအမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကလည်း ဆင့်ကဲပြောင်းလဲလာခဲ့၏။ အဲဒါသည် ပကတိ အသွင်ပြောင်းလဲမှုတစ်ရပ်ကို ဖြတ်ကျော်ပြီး သေစေနိုင်စွမ်းအား ပို၍မြင့်မားလာခဲ့၏။

ပုံမှန်အခြေအနေမှာဆိုလျှင် စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်နှင့် ရစ်ပတ်ခံထားရသော မည်သည့် အမြုတေစိတ်ဝိညာဉ်မဆို အဲဒီကနေ ရှင်သန်နိုင်လိမ့်မည် မဟုတ်ဘဲ တစ်ခါတည်း ဖျက်ဆီးခံရပေလိမ့်မည်။

သို့သော်လည်း ယွင်ထင်၏ အမြုတေစိတ်ဝိညာဉ်က လုံးဝ ထိခိုက်ခံရခြင်း မရှိပေ။

“ဟားဟားဟားဟား”

ယွင်ထင်က ဟားတိုက်ရယ်မောလိုက်၏။ သူ၏ အသံက အနည်းငယ် ခြောက်ကပ်နေသော်လည်း သူက ဂုဏ်ယူဝင့်ကြွား၍ ယုံကြည်မှုရှိနေဆဲဖြစ်၏။

“ဆူဇီမို.. ဒုတိယမြောက် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကတောင်မှ ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး”

တကယ်တော့ ဘက်ပြန်ကြေးခွံသည် ယွင်ထင်၏ အမြုတေစိတ်ဝိညာဉ်ကို သူ၏ အစစ်အမှန်ပုံစံကနေ ခါထုတ်လိုက်စဉ်က ဆူဇီမိုသည် တစ်စုံတစ်ရာ ထူးခြားနေသည်ကို သတိထားမိခဲ့ပြီဖြစ်၏။

ယွင်ထင်၏ အမြုတေစိတ်ဝိညာဉ်ပေါ်မှာ ငွေရောင်အလင်းတစ်ခုက တောက်ပနေ၏။ သူက ငွေရောင်ချပ်ဝတ်တန်ဆာတစ်ခုကို ဝတ်ဆင်ထားသည့်အလားပင်။ အဲဒါသည် သူ ဝတ်ဆင်ထားသည့် ရေခဲဝိညာဉ်ငွေချပ်ဝတ်နှင့် ချိတ်ဆက်မှုတစ်ခု ရှိနေသည့်အလား အတော်လေး ဆင်တူနေ၏။

တကယ်တော့ ဆူဇီမို ထင်သည်မှာ မမှားပေ။

ရေခဲဝိညာဉ်ငွေချပ်ဝတ်ကို အတွင်းချပ်ဝတ်နှင့် အပြင်ချပ်ဝတ်ဟူ၍ နှစ်ပိုင်းခွဲခြားထား၏။ နှစ်ခုစလုံးသည် တူညီသောသွန်းလုပ်သူထံမှ လာခဲ့ပြီး အပြင်ချပ်ဝတ်က ယွင်ထင်၏ ကိုယ်ကာယကို ကာကွယ်ပေးကာ အတွင်းချပ်ဝတ်က သူ၏ အမြုတေစိတ်ဝိညာဉ်ကို ကာကွယ်ပေးမည်ဖြစ်၏။

ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်သည့် ဓမ္မရတနာ အမျိုးအစားပေါင်းများစွာ ရှိလေသည်။ သို့သော်လည်း အမြုတေစိတ်ဝိညာဉ်များကို ကာကွယ်ပေးနိုင်သည့် ဓမ္မရတနာများက သွန်းလုပ်ဖို့အတွက် အင်မတန် ခက်ခဲပြီး သူတို့ တစ်ခုချင်းစီက အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်၏။

အဲဒါသည် ရေခဲဝိညာဉ်ငွေချပ်ဝတ်၏ တန်ဖိုးဖြစ်၏။

ရေခဲဝိညာဉ်ငွေချပ်ဝတ်နှင့်အတူ မဟူရာအင်မော်တယ်များကို မပြောနှင့်.. ကမ္ဘာမြေအင်မော်တယ်ပညာရှင်များပင်လျှင် ယွင်ထင်ကို သတ်ဖြတ်နိုင်ဖို့ မလွယ်ပေ။

ထို့ကြောင့် ဆူဇီမိုသည် စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်ကို စုဖွဲ့ပြီးနောက် လုံးဝ မရပ်နားခဲ့ဘဲ သူ၏ အမြုတေစိတ်ဝိညာဉ်ကို တစ်ဖန်လှည့်ပတ်လိုက်၏။

အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုက မလုံလောက်ဘူးဆိုလျှင် သူက နှစ်ခုကို ထုတ်ဖော်မည်ဖြစ်၏။

နှစ်ခုက မလုံလောက်ဘူးဆိုလျှင် သူက သုံးခုကို အသုံးပြုရပေလိမ့်မည်။

ရှေးဟောင်းဗုဒ္ဓများက ခံ့ညားထည်ဝါသော ပုံစံဖြင့် တီးတိုးရွတ်ဆိုနေသည့်အလား ဆူဇီမို၏ စိတ်ထဲမှာ ဂါထာမန္တန်အသံများ ထွက်ပေါ်လာ၏။

သူ၏ နှာရောင်က နောက်တစ်ဖန် ပွင့်ဟသွားပြီး ရွှေရောင်သက္ကတစာလုံးတစ်လုံးက ပေါ်ထွက်လာ၏။ အဲဒါက လေဟာနယ်ကို လင်းထိန်စေသည့် ဗုဒ္ဓအလင်းရောင်ဖြင့် တောက်ပနေ၏။ အဲဒါက အလွန်တရာ သိပ်သည်းလေးလံသည့်အလား ယွင်ထင်ထံသို့ ဖိခြေကျဆင်းလာခဲ့လေသည်။

ရူလိုင်းဓမ္မချိပ်စည်း…

ရူလိုင်းဓမ္မချိပ်စည်းသည် အောက်ဘုံလောကမှ ကျင့်ကြံရေး နည်းစနစ်တစ်ခုဖြစ်သော မဟာနေ့ရက်ရူလိုင်းသုတ္တန်မှ လာသည့် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုဖြစ်၏။ ယခု အဲဒါက အထက်ဘုံသို့ ရောက်ရှိလာပြီး ဤအမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်က အရမ်းကို သာမန်ဆန်လာခဲ့၏။

သို့သော်လည်း ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကြောင့် ဆူဇီမို ကျင့်ကြံထားသည့် ဗုဒ္ဓကျင့်ကြံရေး နည်းစနစ်များ အားလုံးသည် ပကတိ အသွင်ပြောင်းလဲမှုတစ်ရပ်ကို ဖြတ်ကျော်ပြီး သူတို့၏ စွမ်းအားများက ပို၍ မြင့်မားလာခဲ့၏။

ရူလိုင်းဓမ္မချိပ်စည်းကလည်း အသွင်ပြောင်းလဲခဲ့၏။

“မင်း…”

ယွင်ထင်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူ၏ မျက်လုံးများကလည်း မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွား၏။

သူ့အမြုတေစိတ်ဝိညာဉ်၏ သိပ်သည်းကျစ်လျစ်မှုနှင့်ပင်လျှင် သူသည် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်နှစ်ခုကိုသာ ဆက်တိုက်ထုတ်ဖော်နိုင်၏။ သို့သော်လည်း အောက်ဘုံမှ တက်လှမ်းလာခဲ့သည့် ဆူဇီမိုက သုံးခုကို ထုတ်ဖော်နိုင်နေလေသည်။

ဒီလူ့ရဲ့ အမြုတေစိတ်ဝိညာဉ်ကို ဘာနဲ့ ဖွဲ့စည်းထားတာပါလိမ့်…

အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ…

အဲဒါသည် အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်၏ ကျေးဇူးကြောင့်ဆိုတာ ဆူဇီမိုကသာလျှင် သိရှိထား၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ဆူဇီမိုသည် အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်၏ ထောက်ပံ့မှုနှင့်အတူ ဓမ္မပညာရပ်များစွာကိုပင် ဆက်တိုက်ထုတ်ဖော်နိုင်ခဲ့၏။

ယခုဆို ဆူဇီမိုသည် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ် သုံးခုကို ဆက်တိုက်ထုတ်ဖော်ခဲ့ပြီး အားလုံးကို တုန်လှုပ်စေကာ ယွင်ထင်၏ အမြုတေစိတ်ဝိညာဉ်ကို တိုက်ခိုက်လိုက်၏။

ယွင်ထင်၏ အသိစိတ်ထဲမှာ ရေခဲဝိညာဉ်အတွင်းချပ်ဝတ်က စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်၏ မိုးကြိုးစွမ်းအားကို ခုခံဖို့အတွက် ပေါ်ထွက်လာခဲ့၏။

တစ်ချိန်တည်းမှာပင် ရူလိုင်းဓမ္မချိပ်စည်းက ဆင်းသက်လာခဲ့ပြီး ယွင်ထင်၏ အမြုတေစိတ်ဝိညာဉ်က လုံးဝ မရှောင်တိမ်းနိုင်တော့ပေ။

စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်ဖြစ်စေ… ရူလိုင်းဓမ္မချိပ်စည်းဖြစ်စေ.. သူတို့ တစ်ခုချင်းစီက အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ကို ကောင်းကောင်းသတ်ဖြတ်နိုင်၏။

ယခုဆို အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်နှစ်ခု၏ စွမ်းအားက ယွင်ထင်၏ အမြုတေစိတ်ဝိညာဉ်ပေါ်သို့ တစ်ချိန်တည်းမှာပင် ဆင်းသက်လာခဲ့ပြီဖြစ်၏။

“အား…”

ယွင်ထင်က နာကျင်နေသော အမူအရာဖြင့် သူ၏ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်၏။

ရေခဲဝိညာဉ်အတွင်းချပ်ဝတ်၏ ကာကွယ်မှုနှင့်ပင်လျှင် သူ့အမြုတေစိတ်ဝိညာဉ်က ပြင်းထန်သော တုန်ခါမှုတစ်ခုကို ထိခိုက်ခံစားလာရ၏။

ရေခဲဝိညာဉ်အတွင်းချပ်ဝတ်ပေါ်မှာ အက်ကွဲကြောင်းများပင် ပေါ်ထွက်လာခဲ့၏။

ဖျောက်.. ဖျောက်.. ဖျောက်…

ရေခဲဝိညာဉ်အတွင်းချပ်ဝတ်၏ အက်ကွဲကြောင်းများကနေ အေးစက်နေသော စိတ်ဆန္ဒတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်ပေါ်ရှိ မိုးကြိုးလျှပ်စီးများက အေးခဲသွားလေသည်။

ရူလိုင်းဓမ္မချိပ်စည်းသည်လည်း နှင်းခဲများဖြင့် ပြည့်နှက်သွား၏။

အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်နှစ်ခု၏ အလင်းရောင်များက အလျင်အမြန် မှေးမှိန်သွားလေသည်။

နောက်ဆုံးမှာတော့ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်နှစ်ခုသည် ရေခဲဝိညာဉ်အတွင်းချပ်ဝတ်ကို မချိုးဖျက်နိုင်ခဲ့ပေ။

“ဟီးဟီးဟီးဟီး”

ယွင်ထင်က သွားစေ့၍ ရယ်မောလိုက်ပြီး သူ၏ အသိစိတ်ကို တဖြည်းဖြည်း ပြန်လည်ရရှိလာ၏။ သူ၏ မျက်လုံးများက နီရဲနေပြီး ဆူဇီမိုကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“နောက်ဆုံးတော့လည်း မင်း မအောင်မြင်ခဲ့ဘူးမလား”

“မဟုတ်ဘူး”

ဆူဇီမိုက သူ၏ လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး ယွင်ထင်ကို ကြည့်ကာ မှင်သေသေဖြင့် ပြောလိုက်၏။

“အစကတည်းက ငါက အဲဒီ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်သုံးခုနဲ့ မင်းကို သတ်ဖြတ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူး”

“ဒါဆို ဘာလို့…”

ယွင်ထင်က ဆက်လက်၍ မပြောဆိုနိုင်တော့ပေ။

အကြောင်းမှာ သူ၏ နောက်ဘက်မှာ ရှိသော သွေးရောင်ဓားက အလျင်အမြန် ပျက်ပြယ်လာနေပြီဖြစ်သောကြောင့်ပင်။

ရေခဲဝိညာဉ်အတွင်းချပ်ဝတ်၏ ကာကွယ်မှုအောက်မှာ သူ၏ အမြုတေစိတ်ဝိညာဉ်က အကောင်းအတိုင်း ကျန်ရှိခဲ့သော်လည်း အဲဒါက ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ပြီး သူ၏ မျိုးဆက်သွေးနယ်မြေက ပျက်ပြယ်ကာ သူ၏ သွေးချီကလည်း မတည်မငြိမ် ဖြစ်လာခဲ့၏။

All Chapters