လောင်ကျွမ်းပြာချမီးတောက်များ
Vol. 134 Ch. 2003
ယွင်ထင်သည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ရှားရှားပါးပါး ပြိုင်စံရှားတစ်ဦးဖြစ်၏။
သူသည် သူ၏ နောက်ဘက်မှာ ပျက်ပြယ်လာသော မျိုးဆက်သွေးနယ်မြေကိုတွေ့မြင်သောအခါ ဆူဇီမို၏ ရည်ရွယ်ချက်ကို သူက နားလည်သဘောပေါက်သွား၏။
အပေါ်ယုံမှကြည့်လျှင်တော့ ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားဖို့အတွက် သူ၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်သုံးခုကို ဆက်တိုက်ထုတ်ဖော်ခဲ့၏။ သို့သော် တကယ်တမ်းမှာတော့ အဲ့ဒါသည် သူ၏ မျိုးဆက်သွေးနယ်မြေကို ဖျက်ဆီးဖို့အတွက်သာဖြစ်လေသည်။
ယွင်ထင်မှာ အခြားသောဝှက်ဖဲများရှိနေသေး၏။
သို့သော်လည်း သူက ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ဓမ္မတနာများကို အသုံးမပြုနိုင်သည့်အတွက် ထိုစွမ်းအားကြီးမားသော နည်းလမ်းများကို မထုတ်ဖော်နိုင်ပေ။
ယခု... သူ၏ မျိုးဆက်သွေးနယ်မြေက ပျက်ပြယ်လာခဲ့ပြီး သူက ဆူဇီမိုကို ဆက်လက်၍ မခြိမ်းခြောက်နိုင်တော့ဟု အဓိပ္ပါယ်ရ၏။
တကယ်တော့... သူတို့နှစ်ယောက်စလုံးသည် တိုက်ပွဲ၏ ဤနေရာမှာအရောက်မှာ စွမ်းအင်မြောက်မြားစွာကို သုံးစွဲခဲ့ရပြီး ဆူဇီမိုသည် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်သုံးခုကိုပင် ဆက်တိုက်ထုတ်ဖော်ခဲ့၏။
ဆူဇီမိုသည်လည်းပဲ သူ၏ လမ်းဆုံးသို့ရောက်ရှိနေပြီး သူ့ကိုခြိမ်းခြောက်နိုင်တော့မည်မဟုတ်ဟု ယွင်ထင်က ယုံကြည်၏။
“တစ်ခုခုတော့လွဲနေပြီ”
ထိုစဥ်မှာပင် ယွင်ထင်၏ စိတ်ထဲသို့ ပုံရိပ်တစ်ခုက ဝင်ရောက်လာပြီး သူက တုန်လှုပ်သွား၏။
ရုတ်တရက်ဆိုသလို... အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်သုံးခုကို အဆက်မပြတ်ထုတ်ဖော်ခဲ့ပြီးနောက် ဆူဇီမို၏ လက်ချောင်းများက အဆက်မပြတ်လှုပ်ရှားနေခဲ့ပြီး ဓမ္မပညာရပ်တစ်ခုအား ဆင့်ခေါ်နေခဲ့သည်ကို သူကပြန်လည်အမှတ်ရသွား၏။
ယွင်ထင်သည် ထပ်မြန်မြန်အာရုံစိုက်၍ ကြည့်လိုက်ပြီး သူ၏ ရှေ့မှာရှိသောအလင်းရောင်က အနည်းငယ်ကျိန်းစပ်နေသည်ဟု ခံစားလိုက်ရ၏။ ခန်းမထဲရှိအပူချိန်ကလည်း ရုတ်တရက်မြင့်တက်လာခဲ့၏။
အရောင်မတူသော မီးတောက်လုံး လေးလုံးက ဆူဇီမို၏ ဘေးမှာ မြင့်တက်လာခဲ့လေသည်။
ရွှေရောင်၊ အနက်ရောင်၊ နို့နှစ်ရောင်နှင့် အနီရောင်...။
မီးတောက်လုံးလေးလုံးသည် လက်သီးဆုပ်အရွယ်မျှသာရှိသော်လည်း သူတို့သည် ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီကိုလောင်ကျွမ်းပြာချပစ်တော့မည့် ပြင်းထန်ကြမ်းကြုတ်သော အပူလှိုင်းတစ်ခုကို ဖြာထုတ်ပေးနေ၏။
“ဒီလိုအချိန်မှာတောင်... မင်းက...”
ယွင်ထင်က သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေ၏။
အစကတော့... အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်သုံးခုကို ဆက်တိုက်ထုတ်ဖော်ခြင်းက ဆူဇီမို၏ အကန့်အသတ်ဖြစ်နေပြီဟု သူကတွေးထင်ထားခဲ့၏။
ယခု... ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်သည် ဤကဲ့သို့စွမ်းအားကြီးမားသော အင်မော်တယ်ပညာရပ် လျှို့ဝှက်အတတ်တစ်ခုကိုပင် ထုတ်ဖော်နိုင်နေသေး၏။
မီးတောက်လုံးတစ်လုံးချင်းစီကနေ ထုတ်ဖော်လိုက်သော အော်ရာများက လုံးဝကိုမတူကွဲပြားနေ၏။
ရွှေရောင်မီးတောက် ဓမ္မဝိသေသသည် ခံ့ညားထည်ဝါပြီး အတွင်းမှာ ရှေဟောင်းဗုဒ္ဓတစ်ပါး တင်ပျဥ်ခွေထိုင်နေသည်ဟုထင်ရ၏။
သို့သော်လည်း အနက်ရောင်မီးတောက်က မကောင်းဆိုးဝါးဆန်ပြီး မိစ္ဆာချီများဖြင့် ပြည့်နှက်နေ၏။
နို့နှစ်ရောင်မီးတောက်ကတော့ အဲ့ဒါက ပို၍ပင်ထူးဆန်းလေသည်။ ထိုမီးတောက်ထဲကနေ ဖီးနစ်အော်သံခပ်ဖျော့ဖျော့ကိုပင် ကြားနေရသည်ဟုထင်ရ၏။
ယွင်ထင်၏ အတွေအကြုံနှင့်ပင်လျှင် သူသည် ဤကဲ့သို့သော အင်မော်တယ်ပညာရပ်တစ်ခု သို့မဟုတ် လျှို့ဝှက်အတတ်တစ်ခုကို ဘယ်တုန်းကမမြင်ဖူး မကြားဖူးခဲ့ပေ။
ဆူဇီမိုသည် သူ၏ မျက်လုံးထဲရှိ တောက်လောင်ပြင်းပြသော မီးတောက်နှစ်ခုနှင့်အတူ လေထဲမှာမတ်တတ်ရပ်နေ၏။
အပူလှိုင်းများက တလိပ်လိပ်တိုးထက်လာပြီး ယွင်ထင်ကိုဝါးမျို၍ လောင်ကျွမ်းပြာချပစ်ချင်နေသည့်အလားပင်။
ထိုအခိုက်အတန့်မှာ ဆူဇီမို၏ အော်ရာက ယွင်ထင်ကိုအပြတ်အသတ်ဖိနှိမ်လာခဲ့၏။
အခြားတစ်ဘက်မှာတော့ သက်လတ်ပိုင်းအရွယ် တာအိုပညာရှင်နှင့် အခြားသူများကလည်း တုန်လှုပ်သွားကြ၏။
ပြန်ဝင်စားမွန်းစတားနှစ်ယောက်ကြားတိုက်ပွဲက ဤမျှအတိုင်းအတာထိ မြင့်တက်လာလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။
ဒါ့အပြင် အောက်ဘုံမှတက်လှမ်းလာသော အင်မော်တယ်က တကယ်ပဲ အသာစီးရရှိနေ၏။
ဆူဇီမို၏ အော်ရာနှင့် ရင်ဆိုင်ရချိန်မှာ ယွင်ထင်သည် မွန်းကျပ်၍ မသက်မသာခံစားလာရ၏။
သို့သော်လည်း သူက သူ၏ ခါးကိုမတ်၍ သူ၏ ခေါင်းကို မော့ထားဆဲဖြစ်၏။
သူ၏ မျက်လုံးထဲမှာ မည်သည့်ကြောက်ရွံ့မှုမှမရှိဘဲ အော်ပြောလိုက်၏။
“ဆူဇီမို... အဲ့ဒီနည်းလမ်းတွေနဲ့ မင်းငါ့ကိုနိုင်မှာ မဟုတ်ဘူး”
ယွင်ထင်မှာ သူ၏ အမြုတေစိတ်ဝိညာဥ်ကို ကာကွယ်ဖို့အတွက် ရေခဲဝိညာဥ်အတွင်းချပ်ဝတ်ရှိပြီး သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ဖို့အတွက် အပြင်ချပ်ဝတ်ရှိလေသည်။
သာမန်နည်းလမ်းများက တကယ်ပင် သူ့ကို ထိခိုက်အောင်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သူက ယနေ့မှာ အနိုင်မရနိုင်ဘူးဆိုလျှင်တောင် သေချာပေါက်ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။
“ဟုတ်ပါ့မလား”
ဆူဇီမိုက ငြင်းဆန်ခြင်းမရှိဘဲ မှင်သေသေဖြင့်ပြောလိုက်၏။
“အဲ့ဒါဆိုလည်းကောင်းတာပေါ့... ဒီနေ့ငါမင်းကို သင်ခန်းစာတစ်ခုသင်ပေးရမယ်”
သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမို၏ လက်ဟန်ချိပ်စည်းများက နောက်တစ်ဖန်ပြောင်းလဲသွား၏။
အင်မော်တယ်တာအိုမီး၊ ဗုဒ္ဓတာအိုမီ၊ မိစ္ဆာတာအိုမီးနှင့် တောင်ပိုင်းမင်းလီမီးတို့က မီးတောက်လေးခုအဖြစ် အသွင်ပြောင်းလဲပြီး ယွင်ထင်ရှိရာသို့ ပျံသန်းသွား၏။
သူတို့က လေထဲမှာရှိနေစဥ်မှာပင် မီးတောက်လုံးလေးလုံးက စွမ်းအားတချို့ဖြင့် ဆွဲယူလိုက်သည့်အလား အတူတကွပေါင်းစည်းသွားပြီး ဧရာမမီးလုံးတစ်လုံးဖြစ်ပေါ်လာ၏။
မီးတောက်လုံး တစ်လုံးချင်းစီကနေ ထုတ်ဖော်လိုက်သော စွမ်းအားက ယွင်ထင်ကို မခြိမ်းခြောက်နိုင်ပေ။
သို့သော်လည်း မီးတောက်လုံးလေးလုံးက ပေါင်းစည်းသွားပြီးနောက် ထိုလျှို့ဝှက်အတတ်က ပကတိအသွင်ပြောင်းလဲကာ ၎င်း၏ စွမ်းအားကလည်း ဆပွားမြင့်တက်လာခဲ့၏။
ယွင်ထင်သည် ပျံသန်းလာနေသော ဧရာမမီးလုံးကို ကြည့်ပြီး သူ၏ အမူအရာက သုန်မှုန်လာခဲ့၏။ သူသည် သူ၏ ရေခဲဝိညာဥ် ငွေချပ်ဝတ်ကို စတင်အသက်သွင်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို နှင်းခဲတစ်လွှာက ဖုံးအုပ်သွား၏။
မီးလုံးက စွမ်းအားကြီးမားသော်လည်း ရေခဲဝိညာဥ်ငွေချပ်ဝတ်၏ စွမ်းအားက အဲ့ဒါကိုသေချာပေါက်ခုခံနိုင်ပေလိမ့်မည်။
ထိုစဥ်မှာပင် ဆူဇီမို၏ နှာရောင်ကနေ နောက်ထပ်မီးတောက်တစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။
အမြုတေစိတ်ဝိညာဥ်တာအိုမီး... ။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်သည် အလွန်တရာအားနည်းနေခဲ့ပြီဖြစ်၏။
အဲ့ဒါကိုထုတ်ဖော်သည့်အခါ အမြုတေစိတ်ဝိညာဥ်တာအိုမီးသည် စွမ်းအားများစွာမရှိပေ။ သို့သော်လည်း အဲ့ဒါက မီးလုံးထဲသို့ ဝင်ရောက်သွားသောအခါ ထိုလျှို့ဝှက်အတတ်က နောက်ထပ် အသွင်ပြောင်းလဲမှုတစ်ရပ်ကို ကြုံတွေ့ပြီး ပဉ္စဝဏ္ဏတာအိုမီးအဖြစ်ပြောင်းလဲသွား၏။
မီးလုံးထဲရှိမီးတောက်များက သိပ်သည်းပြင်းထန်လာပြီး နောက်တစ်ဖန်ပြန့်ကားကာ နီရဲနေသောနေတစ်စင်းကဲ့သို့ ယွင်ထင်ကို ဝါးမျိုဖို့ကြိုးစားလာ၏။
ယွင်ထင်က တုန်လှုပ်သွား၏။
မီးလုံး၏ စွမ်းအားက ဆင်းသက်လာသည့်ခဏမှာပင် နောက်ထပ်အဆင့်တစ်ခုသို့ ထပ်မံတိုးမြင့်လာလိမ့်မည်ဟု သူကထင်မှတ်မထားပေ။
သူသည် သေခြင်းအော်ရာကိုပင် အာရုံခံမိလိုက်၏။
ဝှစ်...
ပဉ္စဝဏ္ဏတာအိုမီးက အော်မြည်၍ တစ်ခဏချင်းမှာပင် ယွင်ထင်ကိုဝါးမျိုဖို့ ကြိုးစားလိုက်၏။
ခန်းမထဲရှိအပူချိန်က ကြောက်စရာကောင်းသော အဆင့်တစ်ခုထိ မြင့်တက်လာခဲ့ပြီဖြစ်၏။
ဘေးမှာတိုက်ခိုက်နေကြသော သက်လတ်ပိုင်းအရွယ် တာအိုပညာရှင်နှင့် အခြားသူများသည်လည်း ချွေးများဖြင့်စိုရွှဲနေခဲ့ပြီဖြစ်၏။
သူတို့သုံးယောက်သည် တုန်လှုပ်စွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ထိုတာအိုမီးက သူတို့အပေါ်ဆင်းသက်လာမည်ဆိုလျှင် သူတို့မှာ အသက်ဆယ်သက်ရှိမည်ဆိုလျှင်တောင် ချက်ချင်းပင် လောင်ကျွမ်းပြာချခံရမည်ဖြစ်၏။
တာအိုမီးက လေထဲတွင် ပြင်းထန်ကြမ်းတမ်းစွာ လောင်ကျွမ်းနေ၏။
တာအိုမီးအတွင်းမှာ ငွေရောင်တလက်လက်ထနေသော ပုံရိပ်တစ်ခုကို ဝိုးတဝါးတွေ့မြင်နေရ၏။ အဲ့ဒါက လှုပ်ရှားရုန်းကန်နေသော ယွင်ထင်ဖြစ်၏။
“အား... အ.. အား...”
ယွင်ထင်၏ မျက်နှာက နီရဲလာပြီး သူ၏ နက်ရှိုင်းသော ဟိန်းဟောက်အော်ဟစ်သံများက ထွက်ပေါ်လာ၏။
ရေခဲဝိညာဥ်ငွေချပ်ဝတ်က ၎င်း၏ အကန့်အသတ်ထိ မြင့်တက်လာခဲ့ပြီဖြစ်ပြီး ၎င်း၏ ခွန်အားကုန်ကို ထုတ်ဖော်လိုက်၏။
သို့သော်လည်း ပဉ္စဝဏ္ဏတာအိုမီး၏ လောင်ကျွမ်းမှုအောက်မှာ ရေခဲဝိညာဥ်ငွေချပ်ဝတ်ပေါ်ရှိ ရေခဲလွှာက တဖြည်းဖြည်းအရည်ပျော်ကျသွားပြီး ချပ်ဝတ်ကပင်နီရဲလာခဲ့၏။
ပဉ္စဝဏ္ဏတာအိုမီး၏ စွမ်းအားက ရေခဲဝိညာဥ်ငွေချပ်ဝတ်ကနေတစ်ဆင့်လောင်ကျွမ်းလာခဲ့ပြီဖြစ်၏။
ယွင်ထင်က အလွန်တရာနာကျင်စွာခံစားနေရ၏။
ပဉ္စဝဏ္ဏတာအိုမီးသည် ယခုအချိန်ထိ ရေခဲဝိညာဥ်ငွေချပ်ဝတ်ကို လုံးလုံးလျားလျားမဖြတ်ကျော်နိုင်သေးလျှင်တောင် မီးတောက်စွမ်းအားအမျှင်များက ရေခဲဝိညာဥ်ငွေချပ်ဝတ်ကနေတစ်ဆင့် စိမ့်ဝင်ထိုးဖောက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်ကာ သူ၏ ကိုယ်တွင်းအင်္ဂါများကို လောင်ကျွမ်းနေ၏။
ဖျောက်... ဖျောက်...
ယွင်ထင်၏ ခန္ဓာကိုယ်ပေါ်မှ တဖျောက်ဖျောက်မြည်သံများထွက်ပေါ်လာ၏။
ရေခဲဝိညာဥ်ငွေချပ်ဝတ်က ကြေမွသွားလေပြီ။
သို့သော်လည်း တစ်ချိန်တည်းမှာပင် ငွေချပ်ဝတ်၏ အက်ကွဲကြောင်းများကြားကနေ ကြောက်စရာကောင်းသော အအေးဓာတ်တစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး ယွင်ထင်၏ ဘေးပတ်လည်မှာရှိသောလေဟာနယ်ကိုပင် ရေခဲအဖြစ်ပြောင်းလဲသွားစေ၏။
အထက်ဘုံလောက၏ နိယာမများက ပြီးပြည့်စုံပြီး မဟာတာအိုက ချို့ယွင်းချက်ကင်းမဲ့လေသည်။ လေဟာနယ်က အလွန်တရာတည်ငြိမ်ပြီး ခိုင်မာမှုရှိနေ၏။ အဲ့ဒါသည် အောက်ဘုံလောကများနှင့် လုံးဝကိုကွဲပြားခြားနားလေသည်။
ထို့ကြောင့် အောက်ဘုံမှတက်လှမ်းလာသော ကျင့်ကြံသူများသည် အထက်ဘုံနှင့် အသားကျဖို့ခက်ခဲပြီး သူတို့၏ နည်းလမ်းများကို စိတ်ရှိတိုင်းထုတ်ဖော်နိုင်မည် မဟုတ်ပေ။
ဥပမာအားဖြင့် ဆူဇီမို၏ ပဉ္စဝဏ္ဏတာအိုမီးက စွမ်းအားကြီးမားသော်လည်း ၎င်းသည် လေဟာနယ်ကိုလောင်ကျွမ်းစေနိုင်သောအဆင့်ထိ မရောက်ရှိသေးပေ။
သို့သော်လည်း ရေခဲဝိညာဥ်ငွေချပ်ဝတ်ကနေ ထုတ်ဖော်လိုက်သည့်အအေးဓာတ်က ဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ကိုပင် ရေခဲအဖြစ်အေးခဲသွားစေ၏။
အဲ့ဒါက မည်သို့သောစွမ်းအားမျိုးလဲ။
ကမ္ဘာမြေအင်မော်တယ် သို့မဟုတ် ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အဆင့်ထက်ကို သေချာပေါက်ကျော်လွန်သွားခဲ့ပြီဖြစ်၏။
ကံကောင်းစွာဖြင့် ဆူဇီမိုသည် သတိကြီးကြီးထားနေပြီး ရှေ့သို့အရမ်းကာရော ပြေးတက်မသွားခဲ့ပေ။ မဟုတ်ပါက သူသည် ယခုထွက်ပေါ်လာသော အအေးဓာတ်ဖြင့် ထိုးဖောက်ခံရလျှင် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် သေချာပေါက်သေဆုံးရပေလိမ့်မည်။
အအေးဓာတ်၏ လွှမ်းခြုံမှုအောက်မှာ ပဉ္စဝဏ္ဏတာအိုမီးက ချက်ချင်းပင် ငြိမ်းသေသွားပြီး ဘာမှမကျန်အောင် ပြောင်းလဲသွား၏။
ယွင်ထင်က သေဆုံးမသွားသော်လည်း သူက ဆိုးဆိုးရွားရွားအခြေအနေသို့ ကျရောက်သွားခဲ့၏။ သူ၏ ဆံပင်တစ်ဝက်ကျော်က လောင်ကျွမ်းခံထားရပြီး သူ၏ အဝတ်အစားများက ကြေမွနေ၏။ သူ၏ မျက်နှာက တူးချစ်၍ သူ၏ ခန္ဓာကိုယ်ကနေ မီးခိုးများအူထွက်နေ၏။
ဆူဇီမိုက စိတ်ထဲကနေ ညည်းတွားလိုက်၏။
ယွင်ထင်သည် အံကိုတင်းတင်းကြိတ်ပြီး မကျေမချမ်းဖြင့် ဆူဇီမိုကို စိုက်ကြည့်နေ၏။
ဤအခိုက်အတန့်မှာ ယွင်ထင်၏ ခန္ဓာကိုယ်ပေါ်ရှိ ရေခဲဝိညာဥ်ငွေချပ်ဝတ်က ရုတ်တရက်ကြေမွသွား၏။ ချပ်ဝတ်၏ အပိုင်းအစများစွာက ကွာကျလာပြီး သူ၏ ဘေးပတ်လည်မှာ လှည့်ပတ်ကာ ထူးဆန်းသောစွမ်းအားတစ်ခုကို ဖြာထုတ်ပေးနေ၏။