← Chapters

ပြေလည်သွားခြင်း

Vol. 134 Ch. 2005

ပြေလည်သွားခြင်း

Vol. 134 Ch. 2005

ကတုံးပြောင်ကိုယ်တော်နှင့် သံမဏိမျှော်စင်လိုလူ၏ မျိုးဆက်သွေးက တလိပ်လိပ်ထိုးတက်လာပြီး ဆူနာမီသံက ထွက်ပေါ်လာ၏။ သူတို့သည် သူတို့၏ သွေးချီစွမ်းအားကို အကန့်အသတ်ထိမြှင့်တင်လိုက်ကြ၏။

ရှေးဟောင်းခေါင်းလောင်းတစ်လုံးက ကတုံးပြောင်ကိုယ်တော်၏ နောက်ဘက်မှာ ပေါ်ထွက်လာ၏။

အဲ့ဒါက ရွှေရောင်အလင်းဖြင့် တောက်ပနေပြီး ကြောက်စရာကောင်းသောအော်ရာဖြာထွက်နေသည့် ရှေးဟောင်းစာလုံးများဖြင့် ပြည့်နှက်နေ၏။

သံမဏိမျှော်စင်လိုလူ၏ နောက်ဘက်တွင် မြင့်မားသောတောင်တစ်လုံးက ပေါ်ထွက်လာပြီး အဲ့ဒါက တုန်လှုပ်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ သက်ရှိများအားလုံးကို ဖိနှိမ်နိုင်ပုံရလေသည်။

မျိုးဆက်သွေးနယ်မြေ...။

ကတုံးပြောင်ကိုယ်တော်နှင့် သံမဏိမျှော်စင်လိုလူမှာ သန်စွမ်းသော သွေးချီများနှင့် တုတ်လှုပ်စရာကောင်းသော ကိုယ်ကာယများရှိနေကြ၏။

သူတို့သည် အနီးကပ်တိုက်ခိုက်ရည်မှာသန်မာပြီး မျိုးဆက်သွေးနယ်မြေများကိုပင် ကျင့်ကြံထားကြလေသည်။

သို့သော်လည်း သူတို့နှစ်ယောက်စလုံးသည် တစ်ချိန်လုံးမှာ သူတို့၏ ခွန်အားကို ထိန်ချန်ထားခဲ့ကြ၏။

ဆူဇီမိုသည် သက်လတ်ပိုင်းအရွယ် တာအိုပညာရှင်ကို သတ်ဖြတ်လိုက်သည့်အချိန်မှသာ သူတို့နှစ်ယောက်သည် ဆက်လက်၍ ထိန်ချန်ထားမည်ဆိုလျှင် သူတို့ပါသတ်ဖြတ်ခံရနိုင်ကြောင်းကို နားလည်သဘောပေါက်လာကြ၏။

“ဆူဇီမို... မင်းကလမ်းဆုံးကိုရောက်နေပြီပဲ... မင်းကိုယ်မင်းသိပ်ပြီးဖိအားပေးမနေနဲ့”

ကတုံးပြောင်ကိုယ်တော်ကလည်း ပြန်ဝင်စားမွန်းစတားတစ်ယောက်ဖြစ်ပြီး ဆူဇီမို၏ ခွန်အားကို ခန့်မှန်းမိနိုင်၏။

အဲ့ဒါက တခြားတစ်ယောက်ယောက်သာဆိုလျှင် သူတို့သည် ယွင်ထင်လို ပြန်ဝင်စားမွန်းစတားတစ်ယောက်နှင့် တိုက်ခိုက်ရသည့်တိုက်ပွဲမှာ သူတို့၏ ခွန်အားကို ထိန်ချန်ထားလိမ့်မည် မဟုတ်ပေ။ သူတို့က သူတို့၏ ဝှက်ဖဲများအားလုံးကို အသုံးပြုခဲ့ရပေလိမ့်မည်။

“မင်းသူနဲ့သွားပြီး အချိန်ဖြုန်းမနေနဲ့... အရင်ဆုံးသူ့ကို သတ်ဖြတ်ကြရအောင်”

သံမဏိမျှော်စင်လိုလူက တည်တံ့စွာဖြင့်ပြောလိုက်၏။

“ဟားဟားဟားဟား....”

​ဆူဇီမိုက အရယ်ရဆုံးဟာသကို ကြားလိုက်ရသည့်အလား သူ၏ ခေါင်းကိုမော့၍ ရယ်မောလိုက်၏။

“မင်းတို့နှစ်ယောက်က ငါ့ကိုသတ်နိုင်မယ်လို့ထင်နေတာလား”

ဆူဇီမိုသည် အထင်အမြင်သေးသောအမူအရာနှင့် သူတို့နှစ်ယောက်ကိုကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“ငါက... ယွင်ထင်ကိုမသတ်နိုင်​တာနဲ့ပဲ... မင်းတို့နှစ်ယောက်ကိုပါ မသတ်နိုင်ဘူးလို့ ထင်နေတာလား”

သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးကို တစ်ချိန်လုံးအသုံးမပြုခဲ့သည့်အကြောင်းအရင်းမှာ အဲ့ဒါက ပေါက်ကြားသွားမည်ကို သူကစိုးရိမ်နေသောကြောင့်ဖြစ်၏။

သူသည် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ယွင်ထင်ကိုနှုတ်ပိတ်ဖို့ ယုံကြည်မှုမရှိသောကြောင့်လည်းဖြစ်၏။

တကယ်ကို ဆူဇီမိုထင်မှတ်ထားသည့်အတိုင်းပင် ယွင်ထင်မှာ စွမ်းအားကြီးမားသည့် ဝှက်ဖဲတစ်ခု တကယ်ပဲရှိနေ၏။

သူ့ကိုစောင့်ရှောက်နေသော အခြားပညာရှင်များပင်ရှိနေပြီး သူ့ကို ဧကရာဇ်ဂူသင်္ချိုင်းထဲကနေ အတင်းအကျပ်ခေါ်ထုတ်သွားခဲ့၏။

သို့သော်လည်း ကတုံးပြောင်ကိုယ်တော်နှင့် သံမဏိမျှော်စင်လိုလူကတော့ ကွဲပြားခြားနားလေသည်။

သူတို့က အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းမှ ဖြစ်သော်လည်း သူတို့၏ အဆင့်အတန်းများက ယွင်ထင်နှင့် မျိုးနှင့်မြေလိုကွာခြားလေသည်။

အဆင့်-၉ မဟူရာအင်မော်တယ်များနှင့် ရှားရှားပါးပါး ပြိုင်စံရှားများပင်လျှင် အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းမှာ အစေခံများသာဖြစ်၏။

သူတို့သည် ရေခဲဝိညာဥ်ငွေချပ်ဝတ်ကဲ့သို့ ဓမ္မရတနာများကို အသုံးမပြုနိုင်သလို သူတို့ကိုကာကွယ်စောင့်ရှောက်ပေးမည့် ပညာရှင်များလည်းမရှိပေ။

ဆူဇီမိုက ထိုသို့ပြောလိုက်သည့်ခဏမှာပင် သူ၏ သတ်ဖြတ်လိုစိတ်က ထကြွလာခဲ့ပြီဖြစ်၏။

ဆူဇီမိုက တည်ငြိမ်လွန်းပြီး အကြောက်အလန့်ကင်းမဲ့နေသည်ကို တွေ့မြင်သောအခါ ကတုံးပြောင်ကိုယ်တော်နှင့် သံမဏိမျှော်စင်လိုလူသည် မသက်မသာခံစားလာရ၏။

သို့သော်လည်း ယခုအချိန်မှာ သူတို့နှစ်ယောက်သည် သူတို့၏ မျိုးဆက်သွေးနယ်မြေများကို ထုတ်ဖော်ထားကြပြီဖြစ်ပြီး သူတို့သည် နောက်ပြန်ဆုတ်မရသောအနေအထားမှာရှိနေကြ၏။

ဒါ့အပြင် ကျောက်စိမ်းအဆောင်က သူတို့၏ ရှေ့တည့်တည့်မှာရှိနေ၏။

သူတို့နှစ်ယောက်က တိုက်ခိုက်ခြင်းမရှိဘဲ ကျောက်စိမ်းအဆောင်ကို ဒီတိုင်းပဲ လက်လျှော့ရမှာလား။

ထိုသို့အတွေးဖြင့် သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်ပြီး တူညီသောဆုံးဖြတ်ချက်ကို ချလိုက်ကြ၏။

သူတို့သည် မည်သည့်ထိန်ချန်မှုမှမရှိဘဲ သူတို့၏ အစွမ်းကုန်ကို ထုတ်ဖော်ပြီးတိုက်ခိုက်ကြရမည်ဖြစ်၏။ သူတို့က ဆူဇီမိုကို သတ်ဖြတ်နိုင်သည့်အမျှ ထျန်ကျစ်ရီက သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပေ။

“သတ်...”

ကတုံးပြောင်ကိုယ်တော်နှင့် သံမဏိမျှော်စင်လိုလူက ဆူဇီမိုကိုတိုက်ခိုက်လိုက်ကြပြီး သူတို့၏ မျိုးဆက်သွေးနယ်မြေများကို ထုတ်ဖော်ကာ ထက်ရှသောအကြည့်များနှင့်အတူ ဆူဇီမိုထံသို့ပြေးဝင်သွားကြ၏။

“မျိုးဆက်သွေးနယ်မြေလား...”

ဆူဇီမိုက မှင်သေသေအမူအရာဖြင့် တီးတိုးရေရွတ်လိုက်၏။ သူက ကတုံးပြောင်ကိုယ်တော်နှင့် သံမဏိမျှော်စင်လိုလူ၏ နောက်ဘက်မှ မျိုဆက်သွေးနယ်မြေများကို သာမန်ကာလျှံကာတစ်ချက်ကြည့်ပြီး သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။

ဝေါ...

ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှလည်း ဆူနာမီအသံက ထွက်ပေါ်လာ၏။ အဲ့ဒါက သူတို့နှစ်ယောက်ထက်ပင် ပို၍သန်မာပြီး ပို၍ကျယ်လောင်နေ၏။

နဂါးငွေ့တန်းတစ်ခုကို ကောင်းကင်ထက်ကနေ သွန်းချလိုက်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာသည့်အတိုင်းပင်။

အဲ့ဒီနောက် ကျောက်စိမ်းရောင်ကြာပင်တစ်ပင်က ဆူဇီမို၏ နောက်ဘက်မှာ ကြီးထွားလာခဲ့၏။

ကြာရွက်များက ပြန့်ကား၍ ၎င်း၏ ရိုးတံက ဖြောင့်စင်းနေ၏။ ထိပ်ဆုံးမှာရှိသောကြာဖူးက အနည်းငယ်တုန်ခါ၍ အချိန်မရွေးဖူးပွင့်လာနိုင်လေသည်။

“ဒါက...”

ကတုံးပြောင်ကိုယ်တော်နှင့် သံမဏိမျှောင်စင်လိုလူသည် အစိမ်းရောင်ကြာပင်ကို တုန်လှုပ်စွာမော့ကြည့်ရင်း သူတို့၏ မျက်လုံးများက ပြူးကျယ်နေကြ၏။

သူတို့နှစ်ယောက်သည် စဥ်းစားကြည့်၍မရနိုင်သော ဖိအားတစ်ရပ်ကို ခံစားလာရ၏။

အစိမ်းရောင်ကြာပင်နှင့် ရင်ဆိုင်ရချိန်မှာ သူတို့နှစ်ယောက်သည် အစိမ်းရောင်ကြာပင်၏ ကြာရွက်တစ်ရွက်ကိုပင် မယှဥ်နိုင်အောင် သေးနုပ်နေသည်ဟု ခံစားလိုက်ရ၏။

အစိမ်းရောင်ကြာပင်က ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး ကစဉ့်ကလျားအော်ရာတစ်ခုဖြင့် ပြည့်နှက်နေ၏။ ကြာဖူးက သူတို့ကိုငုံ့ကြည့်နေသည့်အလား ၎င်း၏ ဦးခေါင်းကို အနည်းငယ်ငုံ့လိုက်၏။

၎င်း၏ အောက်ဘက်မှာရှိသော မျိုးဆက်သွေးနယ်မြေများက စတင်ယိမ်းထိုးလာပြီး ပျက်ပြယ်တော့မည့်လက္ခဏာများပြသလာ၏။

“အဲ့...အဲ့ဒါက ဖန်..ဖန်တီးခြင်းကြာပဒုမ္မာ ထင်တယ်”

ကတုံးပြောင်ကိုယ်တော်၏ အသံက တုန်လှုပ်နေသောအမူအရာဖြင့် တုန်ယင်နေ၏။

ထျန်ကျစ်ရီကလည်း တုန်လှုပ်သွား၏။

သူမသည် ဆူဇီမိုဆင့်ခေါ်ခဲ့သော အစိမ်းရောင်ကြာပင်ကို မြင်ဖူးခဲ့သော်လည်း သူမက ၎င်း၏ ဇာစ်မြစ်ကို မသိရှိခဲ့ပေ။

ဖန်တီးခြင်းကြာပဒုမ္မာက လောကမှာ တစ်ခုတည်းသာလျှင်ရှိလေသည်။

အင်မော်တယ်ဘုရင်များပင်လျှင် ဤကဲ့သို့သော အဆုံးစွန်ရတနာတစ်ခုကို လက်လွှတ်ခံကြလိမ့်မည် မဟုတ်ပေ။

ထိုစဥ်မှာပင် အစိမ်းရောင်ကြာပင်ပေါ်ရှိကြာဖူးက ရုတ်တရက်ဖူးပွင့်သွားပြီး အဆုံးမဲ့အလင်းများကို ဖြာထုတ်ပေးလိုက်၏။ အစိမ်းရောင်ကြာပင်က ညင်သာစွာယိမ်းနွဲ့သွားပြီး စိတ်လှုပ်ရှားတက်ကြွလာသည့်ပုံရှိလေသည်။

ဖန်တီးခြင်းကြာပဒုမ္မာက များစွာယိမ်းနွဲ့သွားခြင်းမရှိဘဲ အဲ့ဒါက သိသာထင်ရှားမှုမရှိသလောက်နီးပါးပင်။

သို့သော်လည်း ထိုအနည်းငယ်သောလှုပ်ရှားမှုက ကတုံးပြောင်ကိုယ်တော်နှင့် သံမဏိမျှော်စင်လိုလူ၏ နောက်ဘက်မှာရှိသော မျိုးဆက်သွေးနယ်မြေများကို ပြိုကျသွားစေ၏။ သူတို့က အဆုံးမဲ့သွေးချီများအဖြစ် ပြောင်းလဲသွားပြီး လေထဲမှာပျက်ပြယ်သွားကြလေသည်။

သူတို့နှစ်ယောက်သည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ဆတ်ခနဲတုန်ယင်သွားပြီး သူတို့၏ နှုတ်ခမ်းထောင့်ကနေ သွေးများကစီးကျလာ၏။

“ပြေးတော့...”

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူတို့နှစ်ယောက်က လှည့်ထွက်ပြေးလိုက်ကြ၏။

ဆူဇီမိုက လှောင်ရယ်လိုက်ပြီး သူ၏ အစိမ်းရောင်ကြာပန်းနယ်မြေက တောက်ပသွား၏။

ထူးဆန်းသောအလင်းများက ထက်ရှသောဓားများကဲ့သို့ ဖြန့်ကြက်သွားပြီး သူတို့နှစ်ယောက်ကို ချက်ချင်းပင်ထိုးဖောက်လိုက်၏။

ဘုန်း....

သူတို့နှစ်ယောက်က မြေပြင်ပေါ်သို့ လဲကျသွားပြီး သူတို့၏ ခန္ဓာကိုယ်များကနေ သွေးများက ပန်းထွက်လာကာ နေရာမှာပင် သေဆုံးသွားကြ၏။

အဲ့ဒါကိုပြုလုပ်ပြီးနောက် ဆူဇီမိုက စိတ်သက်သာစွာသက်ပြင်းချလိုက်၏။

သူတို့၏ သေဆုံးမှုနှင့်အတူ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ပေါက်ကြားတော့မည် မဟုတ်ပေ။

တိုက်ပွဲက ပြီးဆုံးသွားပြီး ကိစ္စများက ပြေလည်သွားခဲ့၏။

ဆူဇီမိုသည် သူ၏ စိတ်ကိုလျှော့ပြီး သူက အနည်းငယ်ပင် မူးဝေလာခဲ့၏။

သူ၏ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းထိုးသွားပြီး အစိမ်းရောင်ကြာပန်းနယ်မြေကလည်း ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ အလျင်အမြန် ပျက်ပြယ်သွား၏။

သူသည် တိုက်ခိုက်မှုကနေ ခြေကုန်လက်ပန်းကျလုနီးပါးဖြစ်သွားခဲ့လေသည်။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက တုန်လှုပ်စရာကောင်းသော ပြန်လည်ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားခြင်းကြောင့်သာမဟုတ်လျှင် သူကလဲပြိုကျသွားသည်မှာ ကြာနေလောက်လေပြီ။

“ပြီးသွားပြီလား”

ထျန်ကျစ်ရီက ရှုပ်ပေပွနေသော တိုက်ပွဲနယ်မြေကို မယုံကြည်နိုင်စွာကြည့်လိုက်၏။

တိုက်ပွဲ၏ ဤနေရာအရောက်တွင် သူတို့နှစ်ယောက်ကလွဲလျှင် ပင်မခန်းမထဲမှာ အသက်ရှင်ကျန်ရစ်သူ မည်သူမှမရှိတော့ပေ။ မြေပြင်ပေါ်မှာ လဲကျနေသောအလောင်းများသာလျှင် ကျန်ရစ်ခဲ၏။

ထျန်ကျစ်ရီက အင်မော်တယ်ဆေးပင်တချို့ကိုထုတ်ယူပြီး သူတို့ကို စားသုံးကာ သူမ၏ ဒဏ်ရာများကိုကုသ၍ သက်လုံအားကို ဖြည်းဖြည်းချင်းပြန်လည်ဖြည့်တင်းနေ၏။

သူမ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးအရ သူမမှာ အနားယူကုသဖို့ အချိန်တစ်ခုရှိမည်ဆိုလျှင် သူမ၏ ဒဏ်ရာများက အလျင်အမြန်သက်သာပျောက်ကင်းလာပေလိမ့်မည်။

“အဲ့ဒီကျောက်စိမ်းအဆောင်ကိုမြန်မြန်ယူပြီး တိုက်ပွဲမြေကိုရှင်းလိုက်... ငါတို့က တခြားတစ်ခုခုဖြစ်မလာခင် ဒီနေရာကနေထွက်သွားရမယ်”

ထျန်ကျစ်ရီက လောဆော်လိုက်၏။

ဘာ့ကြောင့်ရယ်မသိ သူမက ဖော်မပြတတ်သော ခံစားချက်တစ်ခုကို ရရှိနေ၏။

တစ်စုံတစ်ရာဖြစ်ပျက်လာတော့မည့်အလားဖြစ်ပြီး အဲ့ဒါက လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ ဆဋ္ဌမမြောက်အာရုံဖြစ်လေသည်။

ဆူဇီမိုက ခေါင်းညိတ်၍ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။

သူက လေထဲသို့ခုန်တက်ပြီး ကျောက်စိမ်းအဆောင်ကို သူ၏ လက်ဖဝါးထဲ ဖမ်းဆွဲယူလိုက်၏။

ဖြစ်စဥ်တစ်ခုလုံးမှာ မည်သည့်ပြောင်းလဲမှုမှ ရှိမလာခဲ့ပေ။

ဆူဇီမိုသည် ကျောက်စိမ်းအဆောင်ကို ခဏမျှစိုက်ကြည့်ပြီး အဲ့ဒါကို သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် ဂရုတစိုက်စစ်ဆေးကြည့်ရှုလိုက်သော်လည်း သူက မည်သည့်အရာကိုမှ ရှာမတွေ့ပေ။

“ဒီကျောက်စိမ်းအဆောင်က ဒီလောက်များတဲ့ ဂိုဏ်းတွေ... အဖွဲ့အစည်းတွေနဲ့ ပြိုင်စံရှားတွေကို ဆွဲဆောင်နိုင်အောင် သူ့ရဲ့နောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေများရှိနေလို့လဲ”

ဆူဇီမိုက မျက်မှောင်ကြုတ်၍မေးလိုက်၏။

“ငါလည်းမသိဘူး”

ထျန်ကျစ်ရီက ပြောလိုက်၏။

“ယွင်ထင်နဲ့ ဧကရာဇ်ဂူသင်္ချိုင်းထဲကိုဝင်ရောက်လာတဲ့ ကျင့်ကြံသူတချို့တလေကလွဲရင် သူတို့အများစုက အဲ့ဒီကျောက်စိမ်းအဆောင်ရဲ့လျှို့ဝှက်ချက်ကို မသိလောက်ဘူးလို့ ငါထင်တယ်”

သေချာပြောနိုင်သည့်တစ်ခုတည်းသောအရာမှာ ဤကျောက်စိမ်းအဆောင်သည် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ မြှုပ်နှံထားသော အင်မော်တယ်ဧကရာဇ်နှင့် ဆက်စပ်နေပေလိမ့်မည်။

All Chapters