စာကြည့်တိုက်
Vol. 134 Ch. 2006
ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်... ကျိရွှမ်အင်မော်တယ်နိုင်ငံတွင်...။
မြို့တော်ထဲရှိ နန်းတော်စာကြည့်တိုက်မှာ...။
မြို့တော်၏ မြို့ရိုးများက ပေထောင်ချီမြင့်မားလေသည်။
စာကြည့်တိုက်သည့် ပေကိုးသောင်းမြင့်မားပြီး မြို့တော်ထဲမှာ အထင်ရှားဆုံးအဆောင်အအုံဖြစ်၏။ အဲ့ဒါသည် ကျိရွှမ်အင်မော်တယ်နိုင်ငံတစ်ခုလုံး၏ အမှတ်အသားများထဲမှ တစ်ခုလည်းဖြစ်၏။
ဂမ္ဘီရမိုးကောင်းကင် နန်းတော်ကလွဲလျှင် ကျိရွှမ်အင်မော်တယ်နိုင်ငံ စာကြည့်တိုက်သည် ဒုတိယမြောက် အမြင့်မားဆုံး အဆောက်အအုံဖြစ်၏။
စာကြည့်တိုက်က အားလုံးကို ခြုံငုံထား၏။ အဲ့ဒါသည် ကျင့်ကြံရေးနည်းစနစ်များ၊ လျှို့ဝှက်အတတ်များ၊ ဓမ္မရတနာများ၊ ဆေးလုံးများ၊ မီးဆေးခြင်း၊ အမျိုးမျိုးသောနေရာဒေသများ၊ မဟာလောကများ၊ ရှေးဟောင်းအပျက်အစီးနယ်မြေများ၊ ဒဏ္ဍာရီများ... စသည်တို့နှင့် ပတ်သက်နေပြီး အဲ့ဒီမှာ အရာရာတိုင်းပါဝင်နေ၏။
ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ စာကြည့်တိုက်သည် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေ သို့မဟုတ် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာပင် စာအုပ်အများဆုံးရှိသောနေရာတစ်ခုဖြစ်သည်ဟု ကောလာဟလများရှိနေခဲ့၏။
စာကြည့်တိုက်၏ အပေါ်ဆုံးထပ်ကနေကြည့်လျှင် ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ အဆုံးမဲ့မြို့တော်နှင့် တောင်တန်းများ၊ မြစ်များကို တွေ့မြင်နိုင်၏။
ထိုအခိုက်အတန့်မှာ အမျိုးသမီးတစ်ဦးက စာကြည့်တိုက်၏ အပေါ်ဆုံးအထပ်မှာ မတ်တတ်ရပ်နေ၏။ သူမ၏ ဆံပင်ရှည်ကို ဖဲကြိုးတစ်ခုဖြင့် စည်းနှောင်ထားပြီး အဲ့ဒါကို သူမ၏ နောက်ကျောပေါ်မှာ သာမန်ကာလျှံကာ ချထား၏။ သူမသည် သူမ၏ သွယ်လျသောခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာထင်ပေါ်စေပြီး ခပ်ဖျော့ဖျော့အစိမ်းရောင်ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ထား၏။
ညင်သာသောလေပြေတစ်ချက်က တိုက်ခတ်သွားပြီး အနက်ရောင်ဆံသားတချို့က အမျိုးသမီး၏ မျက်နှာပေါ်သို့ တဖျတ်ဖျတ်လွင့်ကျလာ၏။
အမျိုးသမီးက အဲ့ဒါကို လျစ်လျူရှုပြီး သူမ၏ လက်ထဲရှိ ရှေးဟောင်းစာအုပ်ကိုသာ မမှတ်မသုန်အာရုံစိုက်၍ ကြည့်နေ၏။ သူမသည် ထိုအထဲမှာ လုံးဝအာရုံနစ်မျောနေသည့်အလားပင်။
သူမသည် ရိုးရှင်းသောအဝတ်အစားများကိုသာ ဝတ်ဆင်ထားသော်လည်း သူမ၏ ချောမောလှပမှုက အခြားသူများအားလုံးထက် သာလွန်လေသည်။
သူမက မလှုပ်မယှက်ရှိနေလျှင်တောင် သူမထံမှ ကြော့ရှင်း၍ မြင့်မြတ်သောအော်ရာတစ်ခုက ဖြာထွက်နေ၏။
အမျိုးသမီးသည် စာလိပ်တစ်လိပ်ကို ကိုင်ဆွဲထားပြီး လေကိုဆန်ကာ မတ်တတ်ရပ်နေ၏။ သူမသည် စာကြည့်တိုက်တစ်ခုလုံးနှင့် တစ်သားတည်းကျနေသည့်အလား သူမ၏ ဂါဝန်က ကြော့ရှင်းသိမ်မွေ့စွာဖြင့် ညင်သာစွာတဖျတ်ဖျတ်လွင့်နေ၏။
ရုတ်တရက်ဆိုသလို...
အပေါ်ဆုံးထပ်ရှိ လေဟာနယ်တစ်ခုကနေ ထူးဆန်းသောစွမ်းအင်အတက်အကျတစ်ခု ဖြာထွက်လာ၏။ ထို့နောက် လေဟာနယ်ကပြိုကျသွားပြီး နက်မှောင်သောအာကာသဥမင်တစ်ခု ပေါ်ထွက်လာ၏။
သူမသည် အဲ့ဒါကိုသတိမထားမိသည့်အလား အမျိုးသမီးက သူမ၏ လက်ထဲရှိ စာအုပ်ကိုသာ အာရုံစိုက်၍ကြည့်နေ၏။
ခဏနေပြီးနောက် အနက်ရောင်ပုံရိပ်တစ်ခုက အာကာသဥမင်ထဲကနေလိမ့်ကျလာပြီး ဆိုးဆိုးဝါးဝါးပုံစံဖြင့် ကြမ်းပြင်ပေါ်သို့ ကျဆင်းလာ၏။
သူ၏ အနားမှာရှိသောအာကာသဥမင်က တဖြည်းဖြည်းပိတ်ဆို့၍ ပျောက်ကွယ်သွား၏။
ထိုပုံရိပ်သည် ဧကရာဇ်ဂူသင်္ချိုင်းကနေ ပြန်လည်ခေါ်ဆောင်ခြင်းခံလိုက်ရသော ယွင်ထင်ဖြစ်၏။
အမျိုးသမီးက လှည့်မကြည့်ဘဲ သူမ၏ လက်ထဲရှိ စာအုပ်ကိုသာ အာရုံစိုက်ထားဆဲဖြစ်၏။ ဤလောကမှာ သူမ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်သည့်အရာ လုံးဝမရှိသည့်အလားပင်။
“အစ်မ...”
ယွင်ထင်က မတ်တတ်ထရပ်ပြီး သူ၏ လက်သီးနှစ်ဖက်ဆုပ်ကာ မကျေမချမ်းအမူအရာတစ်ခုနှင့်အတူ အမျိုးသမီးရှိရာဘက်သို့ အော်ခေါ်လိုက်၏။
ထိုအသံကိုကြားသောအခါ အမျိုးသမီးက အနည်းငယ်ငေးငိုင်သွား၏။ သူမသည် ခဏမျှ ရပ်တန့်ပြီးနောက် တုံ့ပြန်လာခဲ့၏။ သူမက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ယွင်ထင်ကို ကျောပေးကာပြောလိုက်၏။
“နင်ပြန်ရောက်လာပြီဆိုမှတော့... ဂေဟာကိုသွားပြီး အေးအေးဆေးဆေး ကျင့်ကြံတော့”
အမျိုးသမီးက သူ့ကို လုံးဝဂရုစိုက်ပုံမရသည်ကို တွေ့မြင်သောအခါ ယွင်ထင်ကပို၍ပင် ထိခိုက်ခံစားရ၍ မချင့်မရဲဖြစ်လာခဲ့၏။ သူက ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးပြီး တစ်ဖန်ထပ်အော်လိုက်၏။
“အစ်မ... ကျုပ်လုံးဝမရှုံးခဲ့ဘူး... အစ်မကျုပ်ကိုဘာလို့ပြန်ခေါ်ခဲ့တာလဲ”
“နင်မရှုံးခဲ့ဘူးလား..”
အမျိုးသမီးက ယွင်ထင်ကို လှည့်မကြည့်သေးဘဲ သူမ၏ ခေါင်းကိုခါယမ်းလိုက်၏။
“နင့်ကိုငါပေးထားတဲ့ ရေခဲဝိညာဥ်ငွေချပ်ဝတ်က အတွင်းချပ်ဝတ်ရော အပြင်ချပ်ဝတ်ရော ပျက်စီးသွားပြီ.. ဒါတောင်နင်ကမရှုံးသေးဘူးလို့ ပြောနေသေးတာလား”
ယွင်ထင်က ငြင်းဆန်လိုက်၏။
“အဲ့ဒါကတွေက ပျက်စီးသွားတယ်ဆိုတော့ရော... ဘာဖြစ်လဲ ကျုပ်က ဒဏ်ရာအပြင်းအထန်ရခဲ့တာမှ မဟုတ်တာ”
“အဲ့ဒီရေခဲဝိညာဥ်ငွေချပ်ဝတ်ကြောင့်မဟုတ်ရင် နင်ကဒီကို အသက်ရှင်လျက်ပြန်ရောက်လာနိုင်မှာလား”
အမျိုးသမီး၏ လေသံက အေးစက်၍မာကြောလာခဲ့၏။
ယွင်ထင်က မချင့်မရဲဖြစ်နေသေးပြီး အော်ပြောလိုက်၏။
“ဓမ္မရတနာဆိုတာလည်း...ခွန်အားရဲ့တစ်စိတ်တစ်ပိုင်းပဲ သေရေးရှင်ရေးတိုက်ပွဲတစ်ခုမှာ ဓမ္မရတနာတွေကိုမသုံးရဘူးဆိုတဲ့ စည်းမျဥ်းစည်းကမ်းရှိလို့လား”
“အစ်မကျုပ်ကို ပြန်မခေါ်ခဲ့ဘူးဆိုရင် ကျုပ်ကအဲ့ဒီလူကို သေချာပေါက်အနိုင်ယူပြီး အစ်မရဲ့ကျောက်စိမ်းအဆောင်ကို ယူလာခဲ့ပေးနိုင်မှာ”
ထိုစကားကိုကြားသောအခါ အမျိုးသမီးက ရင်ထဲမှာထိသွားပုံရ၏။ သူမ၏ မျက်လုံးထဲကနေ ညင်သာသောအကြည့်တစ်ခုပေါ်ထွက်လာပြီး နောက်ဆုံးမှာ သူမကယွင်ထင်ကို လှည့်ကြည့်လိုက်၏။ အမျိုးသမီးက စကားပြောမည်ပြုစဥ်မှာပင် ယွင်ထင်ကိုကြည့်ပြီး သူမကရယ်မိသွားလေသည်။
အမျိုးသမီး၏ အပြုံးက နှစ်လိုဖွယ်ရာကောင်းနေပြီး ချက်ချင်းပင် ဘေးပတ်ဝန်းကျင်ရှိကောင်းကင်က ပိုမိုတောက်ပလာသည်ဟုထင်ရ၏။
ထိုအခိုက်အတန့်မှာ ယွင်ထင်က ဖုန်မှုန့်များဖြင့် ပေကျံနေ၏။ သူ၏ အဝတ်အစားများက လောင်ကျွမ်းခံထားပြီး သူ၏ ဆံပင်များက ခပ်ပါးပါးပင်ကျန်ရှိတော့၏။ သူ၏ မျက်နှာက မီးသွေးတုံးတစ်တုံးကဲ့သို့ မဲတူးနေလေသည်။
“အစ်မ... ကျုပ်ကိုဘာလာရယ်နေတာလဲ”
ချက်ချင်းပင် ယွင်ထင်က ပျာပျာသလဲဖြစ်သွားပြီး သူ၏ မျက်နှာက နီမြန်းသွား၏။ သို့သော်လည်း သူ၏ မျက်နှာက လောင်ကျွမ်းတူးချစ်နေပြီး အဲ့ဒါကိုရှင်းရှင်းလင်းလင်းမတွေ့မြင်ရပေ။
သူမ၏ ဤမောင်လေးသည် ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ မင်းသားတစ်ပါးဖြစ်ပြီး အဆင့်တူများကြားမှာ ပြိုင်ဘက်ကင်းသော အနှိုင်းမဲ့ပြန်ဝင်စားမွန်းစတားတစ်ယောက်လည်းဖြစ်၏။ သူသည် ဤကဲ့သို့သော ဆိုးဆိုးဝါးဝါးအခြေအနေသို့ တစ်ခါမှ မကျရောက်ခဲ့ဖူးပေ။
ဤအရာများအားလုံးသည် ယွင်ထင်က သူမအတွက်ကျောက်စိမ်းအဆောင်ကို ရယူပေးချင်သောကြောင့်ဖြစ်ခဲ့၏။
ထိုသို့အတွေးဖြင့် အမျိုးသမီး၏ အကြည့်က နူးညံ့ပျော့ပြောင်းသွား၏။ သူမက လက်ထဲရှိစာအုပ်ကိုချပြီး ရှေ့သို့ဖြည်းဖြည်းချင်းလျှောက်လှမ်းကာ ယွင်ထင်၏ မျက်နှာကို သူမ၏ လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။
သူမ၏ လက်ချောင်းထိပ်ကနေ အဖြူဖျော့ဖျော့အလင်းတစ်ခုက ပေါ်ထွက်လာ၏။
အဖြူရောင်အလင်းက ယွင်ထင်၏ ခန္ဓာကိုယ်ကို လှည့်ပတ်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မီးသွေးများနှင့် ပြာများကို တစ်ခဏချင်းမှာပင် ဖယ်ရှားပေးလိုက်၏။
ယွင်ထင်၏ ဒဏ်ရာအချို့ကလည်း စတင်၍သက်သာပျောက်ကင်းလာ၏။
အမျိုးသမီးက ဝတ်စုံရှည်တစ်ထည်ကိုထုတ်ယူပြီး ယွင်ထင်ပေါ်ကို ခြုံပေးကာ ညင်သာစွာပြောလိုက်၏။
“နင်က ငါ့အတွက်ကြောင့် အဲ့ဒီဧကရာဇ်ဂူသင်္ချိုင်းထဲကို ခိုးဝင်သွားခဲ့တယ်ဆိုတာ ငါသိပါတယ်... ဒါပေမဲ့နောက်ကျရင် နင့်ကိုအဲ့ဒါမျိုးလုပ်ဖို့ ခွင့်မပြုတော့ဘူး”
“အဖေ့မှာ မျိုးဆက်တွေအများကြီးရှိတာမဟုတ်ဘူး... နင်က အငယ်ဆုံးနဲ့ ပါရမီအရှိဆုံးပဲ... နင်သာတစ်ခုခုဖြစ်မယ်ဆိုရင် သူရင်ကွဲရလိမ့်မယ်... နောက်ပြီး ဒီညီကိုမောင်နှမတွေထဲမှာ နင့်ကိုငါသဘောအကျဆုံးပဲ”
ယွင်ထင်က သူ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး တီးတိုးပြောဆိုလိုက်၏။
“ကျုပ်သိပါတယ်... အစ်မနဲ့အဖေက ကျုပ်ငယ်ငယ်လေးတည်းက ကျုပ်ကိုဂရုစိုက်ပေးခဲ့တာပဲ... ဒါပေမဲ့ ကျုပ်က အစ်မကိုလက်ဆောင်တစ်ခုတောင် တစ်ခါမှပြန်မပေးနိုင်ခဲ့ဘူး”
အမျိုးသမီး၏ ရှေ့မှာ ယွင်ထင်သည် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ သူပြုလုပ်ခဲ့သလို အေးစက်မှုနှင့်မောက်မာမှုတို့ ဆက်လက်၍ မရှိတော့ပေ။ ထိုအစားသူက ပို၍ပင်နာခံတတ်လာပြီး မကြာမကြာဆိုသလို... ကလေးငယ်တစ်ယောက်၏ သွင်ပြင်ဟန်ပန်မျိုး ထွက်ပေါ်လာတတ်၏။
ဘာပဲပြောပြောသူသည် အသက်နှစ်ရာကျော်သာလျှင်ရှိသေးလေသည်။
တကယ်တော့... ယွင်ထင်သည် ဤအမျိုးသမီး၏ ရှေ့မှာသာ ဤကဲ့သို့ကလေးဆန်သော အပြုအမူများကို ထုတ်ဖော်ပြသတတ်၏။
အပြင်လူများ၏ ရှေ့မှာ.. သူ့အဖေနှင့် အခြားညီကိုများရှေ့မှာပင်လျှင် သူသည် မင်းသားယွင်ထင်... လောကကို အထက်စီးကနေကြည့်သော ရှားရှားပါးပါးပြိုင်စံရှားတစ်ဦးဖြစ်လေသည်။
ယွင်ထင်သည် ငယ်ရွယ်စဥ်ကတည်းက သူ့အမေကိုဆုံးရှုံးခဲ့ရပြီး သူ့အဖေကလွဲလျှင် သူ၏ အစ်မကသာ သူငယ်စဥ်ကတည်းက သူ့ကိုထိန်းကျောင်းပေးခဲ့လေသည်။ သူ၏ ရင်ထဲမှာ သူ့အစ်မက သူနှင့်အရင်းနှီးဆုံးလူဖြစ်၏။
မဟုတ်ပါက သူ့အစ်မအတွက် လက်ဆောင်တစ်ခုအဖြစ် ကျောက်စိမ်းအဆောင်ကို ကိုယ်တိုင်သွားယူရန် သူကအန္တရာယ်တောထဲသို့ စွန့်စားဝင်ရောက်ခဲ့လိမ့်မည် မဟုတ်ပေ။
ယွင်ထင်က ပြောလိုက်၏။
“အစ်မက... လေ့လာသင်ယူရတာကို အမြဲတမ်းသဘောကျတယ်လေ... အဲ့ဒီကျောက်စိမ်းအဆောင်က တဗူးဂမ္ဘီရကျင့်စဥ်တစ်ခုနဲ့ ဆက်စပ်နေတယ်လို့ကျုပ်ကြားဖူးတယ်... အဲ့ဒါကြောင့် ကျုပ်ကအစ်မအတွက် အဲ့ဒါကိုအရယူပေးချင်တာ”
“အဲ့ဒါက ဆက်စပ်မှုရှိရုံပါပဲ... နင်က အဲ့ဒီကျောက်စိမ်းအဆောင်ကိုရလာခဲ့မယ်ဆိုရင်တောင်... နင်က တဗူးဂမ္ဘီရကျင့်စဥ်ကို ရချင်မှရနိုင်မှာ အဲ့ဒီကျောက်စိမ်းအဆောင်က စွန့်စားဖို့အတွက်တကယ်ပဲမထိုက်တန်ပါဘူး”
အမျိုးသမီးက ယွင်ထင်ကိုကြည့်ပြီး ညင်သာစွာပြောလိုက်၏။
“ကျောက်စိမ်းအဆောင်တစ်ခုကိုမပြောနဲ့ တကယ့်အစစ်အမှန် တဗူးဂမ္ဘီရကျင့်စဥ်တစ်ခုဆိုရင်တောင်မှ နင်နဲ့ယှဥ်ရင် အဲ့ဒါက အပုံတစ်ထောင်ပုံတစ်ပုံတောင်မထိုက်တန်ဘူး”
“အစ်မ...”
ယွင်ထင်၏ မျက်လုံးများက မျက်ရည်ဝဲလာပြီး ညင်သာစွာအော်ခေါ်လိုက်၏။
“နင်ဒီအရွယ်ထိရောက်တာတောင် ငိုနေတုန်းပဲလား”
အမျိုးသမီးက ပြုံးလိုက်လေသည်။
“ဘယ်သူက ငိုနေလို့လဲ”
ယွင်ထင်၏ မျက်နှာက နီမြန်းသွားပြီး သူ၏ အင်္ကျီလက်စကိုမြှောက်ကာ သူ၏ မျက်နှာကို ပွတ်သပ်လိုက်၏။
သူက ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။
“အစ်မ... ကျုပ်ကိုပြန်မခေါ်ခဲ့ဘူးဆိုရင်တောင် အဲ့ဒီလူက ကျုပ်ကို ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်ဘူး”
သူသည် ဆူဇီမိုအကြောင်းတွေးမိချိန်မှာ ပို၍ပင် မချင့်မရဲခံစားလာရ၏။
“အဲ့ဒီလူက နင့်ကိုငါပေးထားတဲ့... ရေခဲဝိညာဥ်ငွေချပ်ဝတ်ကိုတောင် ဖျက်ဆီးနိုင်တာ... သူ့မှာတခြားဝှက်ဖဲတွေရှိမရှိ နင်ဘယ်လိုသိမလဲ”
အမျိုးသမီးက ပြန်လှန်မေးလိုက်၏။
“သေချာပေါက်မရှိတော့ဘူး”
ယွင်ထင်က လွှတ်ခနဲပြောဆိုလိုက်၏။
သို့သော်လည်း သူ၏ လေသံက အလျင်အမြန်တိုးညင်းသွားလေသည်။
“အဲ့ဒီလူက... အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ပဲကို... သူက အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်သုံးခုနဲ့ စွမ်းအားကြီးမားတဲ့ လျှို့ဝှက်အတတ်တစ်ခုကို ဆက်တိုက်ထုတ်ဖော်ပြီးမှတော့ သူ့ရဲ့လမ်းဆုံးကိုရောက်နေပြီပေါ့... သူ့မှာ တခြားဘာဝှက်ဖဲမှရှိမှာမဟုတ်တော့ဘူး”
“ဟမ့်...”
အမျိုးသမီးက မျက်မှောင်အနည်းငယ် ကြုတ်ပြီးမေးလိုက်လေသည်။
“နင်က... လူတစ်ယောက်တည်းကို ရှုံးနိမ့်ခဲ့ရတာလို့ ပြောချင်တာလား.. အဲ့ဒီလူက မဟူရာအင်မော်တယ်တစ်ယောက်လား”