← Chapters

ဝိညာဉ်မီးအိမ်

Vol. 134 Ch. 2010

ဝိညာဉ်မီးအိမ်

Vol. 134 Ch. 2010

“ဟီးဟီး”

အနက်ရောင်ဝတ်အဘိုးအို၏ ရယ်သံက နောက်တစ်ဖန် ထွက်ပေါ်လာ၏။

“ရုန်းကန်မနေနဲ့တော့.. ငါ မတိုက်ခိုက်ဘူးဆိုရင်တောင် မင်းသေရတော့မှာ”

“ငါ့ရဲ့ တစ္ဆေမျက်နှာနဲ့ ထိခတ်ပြီးရင် ဧကရာဇ်ဂူသင်္ချိုင်းရဲ့ ကျိန်စာစွမ်းအားက မင်းရဲ့ ကိုယ်တွင်းအင်္ဂါနဲ့ အရိုးတွေထဲထိ စိမ့်ဝင်သွားပြီ.. မင်းက သေလူတစ်ယောက်ဖြစ်နေပြီ… ဟီးဟီးဟီးဟီး”

ဆူဇီမိုသည် လှောင်အိမ်ထဲက ငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီကို အနက်ရောင်ဝတ်အဘိုးအို နားလည်သဘောပေါက်သွားသောအခါ သူက ဆက်လက်၍ စိုးရိမ်ပူပန်မနေတော့ဘဲ ဆူဇီမို​ နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာ၏။ သူသည် ယစ်မူးနေသော အမူအရာနှင့်အတူ ဤလတ်ဆတ်သော ဝိညာဉ်အနံ့ကိုပင် ရှူရှိုက်လိုက်၏။

ဆူဇီမိုသည် သူ၏ လျှာကို ညင်သာစွာ ကိုက်ပြီး နိုးထနေစေဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။

ပုံမှန်အခြေအနေမှာဆိုလျှင် သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက နိမ့်ကျလွန်းပြီး ကျိန်စာစွမ်းအားက သူတို့၏ ခန္ဓာကိုယ်များအထဲထိ စိမ့်ဝင်လာလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်ပင်လျှင် အဲဒါကို ဖယ်ရှား၍ အသက်ရှင်နိုင်ဖို့အတွက် အခွင့်အရေး ရှိနေခဲ့၏။

ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာက သူ၏ အသားထဲအထိ စိမ့်ဝင်လာသည်နှင့် သူက အန္တရာယ်ရှိလာပေလိမ့်မည်။

ယခုတော့ အဲဒါက သူ၏ ကိုယ်တွင်းအင်္ဂါနှင့် အရိုးများထဲအထိ စိမ့်ဝင်နေခဲ့ပြီဖြစ်၏။

သို့သော်လည်း အနက်ရောင်ဝတ်အဘိုးအို ပြောသည်မှာ တစ်ဝက်သာ မှန်လေသည်။

ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာစွမ်းအားက ဆူဇီမို၏ အသားများထဲထိ တကယ်စိမ့်ဝင်လာခဲ့ပြီး သူ၏ ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများကိုပင် စွန်းထင်းသွားခဲ့ပြီဖြစ်သော်လည်း အဲဒါသည် စွမ်းအားတချို့ဖြင့် ပိတ်ဆို့ခံထားရသည့်အလား ဆက်လက်၍ တိုးမဝင်နိုင်တော့ပေ။

ဆူဇီမိုက အလျှော့မပေးပေ။ အံကို တင်းတင်းကြိတ်ပြီး သူက ရှေ့သို့ ဆက်ပြေးနေ၏။

သို့သော်လည်း အနက်ရောင်ဝတ်အဘိုးအိုက စိတ်မရှည်နိုင်ဖြစ်လာခဲ့၏။

“ဟမ်.. မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ရတာပေါ့”

အနက်ရောင်ဝတ်အဘိုးအိုက လှောင်ရယ်လိုက်ပြီး သူ၏ အနက်ရောင် ဝတ်ရုံက ယိမ်းနွဲ့သွား၏။ ရာနှင့်ချီသော တစ္ဆေမျက်နှာများက ကွာကျလာပြီး ဆူဇီမိုထံသို့ ပျံသန်းကာ သူ့ကို ချက်ချင်းပင် ဆွဲယူနှစ်မြုပ်လိုက်၏။

တစ္ဆေမျက်နှာများက သူတို့၏ ပါးစပ်များကို ဖွင့်ဟပြီး ထက်ရှသော သွားများကို ထုတ်ဖော်ကာ ဆူဇီမိုကို ကိုက်ခဲလိုက်၏။

တစ်ကြိမ်ကိုက်ခဲတိုင်း အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်က အရောင်မှေးမှိန်သွား၏။

အနက်ရောင်ဝတ်အဘိုးအို တိုက်ခိုက်လာသည်ကို စောင့်ဆိုင်းလာစရာပင် မလိုဘဲ ထိုဆာလောင်တစ္ဆေမျက်နှာများက ဆူဇီမိုကို ရှင်းလင်းစွာ ဝါးမျိုနိုင်တော့မည်ဖြစ်၏။

ထိုစဉ်မှာပင် ဆူဇီမိုက တစ်စုံတစ်ရာကို တွေးမိသွားကာ ရင်တစ်ချက်ထိတ်သွား၏။

သူသည် သို​လှောင်အိတ်ထဲကနေ ကျောက်စိမ်းအဆောင်ကို ထုတ်ယူပြီး အဲဒါကို လက်ဖဝါးထဲမှာ ကိုင်ဆွဲလိုက်၏။

ကျောက်စိမ်းအဆောင်ကနေ ထွက်ပေါ်လာသော အရောင်အဝါက သူ့ကို လွှမ်းခြုံသွားလေသည်။

“အ.. အား.. အား…”

အစက ဆူဇီမိုကို ကိုက်ခဲနေသော တစ္ဆေမျက်နှာများသည် သိပ်သည်းပြင်းထန်စွာ နာကျင်သွားသည့်အလား သူတို့၏ ကိုက်ခဲမှုများကို လွှတ်ချလိုက်၏။ သူတို့သည် စူးစူးဝါးဝါး အော်ဟစ်၍ နောက်သို့ လှည့်ထွက်ပြေးသွားလေသည်။

တစ်ခဏချင်းမှာပင် တစ္ဆေမျက်နှာများက ကျောက်စိမ်းရောင် အလင်းရောင်ဖြင့် လွတ်ရာသို့ ပြေးထွက်သွား၏။

တစ္ဆေမျက်နှာများကနေ အစိမ်းရောင် မီးခိုးများက အူထွက်နေပြီး သူတို့၏ အော်ရာများက သိသိသာသာ အားပျော့သွားလေသည်။

ဆူဇီမိုသည် ရှားရှားပါးပါး အသက်ရှူခွင့်ရသွားပြီး အနက်ရောင်ဝတ်အဘိုးအိုကို မျက်လုံးပြူး၍ မော့ကြည့်လိုက်၏။

အနက်ရောင်ဝတ်အဘိုးအို၏ အမူအရာက သုန်မှုန်နေလေသည်။

ကျောက်စိမ်းအဆောင်ကနေ ဖြာထွက်နေသော အလင်းရောင်ကို တွေ့မြင်သောအခါ သူက စိုးရိမ်ပူပန်နေသည်မှာ သိသာ၏။ သို့သော်လည်း သူက ရပ်တန့်လိုက်ခြင်း မရှိဘဲ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အဲဒီ ပစ္စည်းက ငါ့ကို တားနိုင်မယ်လို့ မင်းထင်လို့လား”

အနက်ရောင်ဝတ်အဘိုးအိုက ဆက်လက်၍ ချဉ်းကပ်လာပြီး ကျောက်စိမ်းအဆောင်ကနေ ဖြာထွက်နေသည့် အလင်းရောင် အစပ်သို့ ရောက်ရှိလာ၏။ သူက ခဏမျှ ရပ်တန့်ပြီးနောက် အထဲသို့ လျှောက်လှမ်းဝင်လိုက်၏။

ရှဲ… ရှဲ…

ကျောက်စိမ်းအဆောင်၏ အလင်းက အနက်ရောင်ဝတ်အဘိုးအိုကို လွှမ်းခြုံသွားပြီး ထူးဆန်း​သော အသံတချို့ ထွက်ပေါ်လာ၏။ သို့သော်လည်း အဲဒါက သူ၏ အခြေခံအုတ်မြစ်ကို မထိခိုက်စေသည်မှာ သိသာနေ၏။

သူတို့နှစ်ယောက်က နီးကပ်လာနေစဉ် ဆူဇီမိုသည် သူ၏ လက်ကို ရုတ်တရက် မြှောက်ပြီး သူ့လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို အနက်ရောင်ဝတ်အဘိုးအို ရှိရာသို့ ပစ်ထုတ်လိုက်၏။

“ဟမ်”

အနက်ရောင်ဝတ်အဘိုးအိုက သူ၏ တောင်ဝှေးကို ဆန့်ထုတ်ပြီး ကျောက်စိမ်းအဆောင်ကို မြေပြင်ပေါ်သို့ ညင်သာစွာ ခပ်ထုတ်လိုက်၏။

သူက ရပ်တန့်ခြင်း မရှိဘဲ အနက်ရောင်ဝတ်အဘိုးအိုထံသို့ ဆက်လက်လျှောက်လှမ်းလာပြီး နီးကပ်သည်ထက် နီးကပ်လာခဲ့၏။

ထိတ်ထိတ်ပျာပျာဖြစ်သွားပုံဖြင့် ဆူဇီမိုက သူ၏ သိုလှောင်အိတ်ထဲကနေ ဓမ္မရတနာများကို အပုံလိုက် ဆွဲထုတ်ပြီး သူတို့ကို အနက်ရောင်ဝတ်အဘိုးအို ရှိရာသို့ ပစ်ထုတ်လိုက်၏။

အနက်ရောင်ဝတ်အဘိုးအိုမှာ သရော်တော်တော် အမူအရာတစ်ခု ရှိနေပြီး သူ၏ တောင်ဝှေးကို သာမန်ကာလျှံကာ​ ဝှေ့ယမ်းကာ ဓမ္မရတနာများကို တစ်ခုပြီးတစ်ခု ခါထုတ်လိုက်၏။

ထိုဓမ္မရတနာများကြားမှာ ဆူဇီမို၏ လက်ဖြင့် ထိလို့ မရသော အရာတစ်ခု ရှိနေသည်ကို သူက သတိမထားမိပေ။ ဆူဇီမိုက အဲဒါကို သူ၏ ဝတ်ရုံစဖြင့် ရစ်ပတ်ပြီး အခြားသော ဓမ္မရတနာများစွာနှင့်အတူ ပစ်ထုတ်ခဲ့၏။

အဲဒါသည် သာမန်ကာလျှံကာ ပုံစံရှိသော မှေးမှိန်နေသည့် ကြေးမီးအိမ်တစ်လုံးဖြစ်သည်။

အနက်ရောင်ဝတ်အဘိုးအိုက သူ၏ တောင်ဝှေးကို သာမန်ကာလျှံကာ ဝှေ့ယမ်းပြီး ကြေးမီးအိမ်ကို ခပ်ထုတ်လိုက်၏။ သို့သော်လည်း သူက ရုတ်တရက် ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။

သူ၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြူးကျယ်သွားပြီး သူ၏ ခန္ဓာကိုယ်က ပို၍ ပြင်းထန်စွာဖြင့် အထိန်းအကွပ်မဲ့စွာ တုန်ယင်လာ၏။

“အဲ.. အဲဒီမီးအိမ်က.. မင်း… မင်းလက်ထဲကို ဘယ်လိုရောက်နေတာလဲ”

အနက်ရောင်ဝတ်အဘိုးအို၏ အသံက တုန်ယင်နေ၏။

သူသည် သူ့လက်ထဲရှိ တောင်ဝှေးကို ရူးသွပ်စွာ ဝှေ့ယမ်းနေ၏။ သူက ကြေးမီးအိမ်ကို ခါထုတ်ပစ်လိုခြင်း ဖြစ်ပုံရ၏။

သို့သော်လည်း ကြေးမီးအိမ်က တောင်ဝှေးမှာ ကပ်ငြိနေပုံရပြီး အဲဒါကို ခါထုတ်၍ မရနိုင်ဖြစ်နေ၏။

စောစောက ဆူဇီမို တွေးမိသောအရာမှာ ကျောက်စိမ်းအဆောင် မဟုတ်ဘဲ ဤကြေးမီးအိမ် ဖြစ်လေသည်။

ယခင်က သူသည် ကြေးမီးအိမ်ကို ထိရုံမျှနှင့် သူ၏ အမြုတေစိတ်ဝိညာဉ်က စုပ်ယူခံရလုနီးပါး ဖြစ်ခဲ့၏။

ရှေးဟောင်းဗုဒ္ဓများ ပေါ်ထွက်လာပြီး ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ရွတ်ဆိုခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သူသည် ကြေးမီးအိမ်ဖြင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရပေလိမ့်မည်။

ကြေးမီးအိမ်၏ အောက်ဘက်မှာ ဝိညာဉ်ဟူသောစာလုံး ရှိနေ၏။ ထို့ကြောင့် အဲဒါသည် ဝိညာဉ်များနှင့် ပတ်သက်သော တစ်စုံတစ်ရာဖြစ်လိမ့်မည်ဟု ဆူဇီမိုက ခန့်မှန်းမိခဲ့၏။

ကြေးမီးအိမ်နှင့် ပတ်သက်၍ ထူးဆန်းနေသည့်အရာမှာ ထိုမျှသာ မကပေ။

အဲဒါသည် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှိနေခဲ့သော်လည်း အဲဒါက ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာဖြင့် လုံးဝ စွန်းထင်းခြင်း မခံရပေ။ တကယ်ဆို ငရဲဖိနှိမ်မီးဖိုကပင်လျှင် အဲဒါကို မဝါးမျိုနိုင်ခဲ့ပေ။

ယခုဆို ကြေးမီးအိမ်က တကယ်ပင် တစ်မူထူးခြားသည့် တစ်စုံတစ်ရာကို ပြုလုပ်လာခဲ့၏။

“အား..”

ရုတ်တရက် အနက်ရောင်ဝတ်အဘိုးအိုက စူးစူးဝါးဝါး ​အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သည့် အလင်းရောင်တစ်ခု ပေါ်ထွက်လာ၏။ သူက သူ၏ ဘယ်ဘက်လက်ကို မြှောက်ပြီး သူ၏ ညာဘက်လက်ကို ပြတ်သားစွာဖြင့် ခုတ်ပိုင်းချလိုက်၏။

သူ၏ ညာဘက်လက်နှင့် တောင်ဝှေးက တစ်ချိန်တည်းမှာပင် အောက်သို့ ပြုတ်ကျသွား၏။

အနက်ရောင်ဝတ်အဘိုးအိုက သူ၏ လက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားသော်လည်း အနည်းဆုံးတော့ သူသည် ကြေးမီးအိမ်၏ ခြိမ်းခြောက်မှုကနေ လွတ်မြောက်လာခဲ့ပြီဖြစ်၏။

ဆူဇီမိုသည် အခြေအနေကို တစ်ချိန်လုံး အာရုံစိုက်ကြည့်နေခဲ့ပြီး အဲဒါကို တွေ့မြင်သောအခါ တုန်လှုပ်သွားရ၏။

အနက်ရောင်ဝတ်အဘိုးအိုက လွတ်မြောက်သွားမည်ဆိုလျှင် သေရမည့်သူက သူဖြစ်ရပေလိမ့်မည်။

ထိုအခိုက်အတန့်မှာ သူ့အနေဖြင့် ကြေးမီးအိမ်ကို သွားရောက်ကောက်ယူဖို့က နောက်ကျလွန်းသွားလေပြီ။

ရုတ်တရက်ဆိုသလို…

ဆူဇီမိုသည် ထူးခြားမှု တစ်စုံတစ်ရာကို သတိထားမိသွားပြီး သူ၏ မျက်လုံးက တဖျပ်ဖျပ်လက်သွား၏။

ကြေးမီးအိမ်၏ အောက်ခြေမှာ ခပ်​ဖျော့ဖျော့ အရောင်အဝါတစ်ခု ရှိနေ၏။

မသိလိုက် မသိဘာသာနှင့်ပင် ခပ်ပါးပါး ဆီအလွှာတစ်လွှာက မီးအိမ်ထဲမှာ စုဆောင်းလာခဲ့၏။

ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ခု ဖျတ်ခနဲ ဝင်ရောက်လာ၏။

တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူက သူ၏ အလွန်တရာ အားနည်းနေသော အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ ချည့်နဲ့နေသော စိတ်ဝိညာဉ်အသိစိတ် မီးတောက်တစ်ခုကို ထုတ်လွှတ်လိုက်၏။

အဲဒါသည် မီးတောက်ဆိုတာထက် မီးပွားတစ်ခုဟုသာ ဆိုရမည်ဖြစ်၏။

သို့သော်လည်း ထိုမီးပွားက မီးအိမ်ပေါ်သို့ ဆင်းသက်သွားသောအခါ အပြောင်းအလဲတစ်ရပ်ကို ပေါ်ထွက်လာစေ၏။

ဝှစ်…

သေးငယ်သော မီးတောက်တစ်ခုက မီးအိမ်ပေါ်မှာ ထွန်းညှိလာပြီး ရွှေရောင်အလင်းက​ အနက်ရောင်ဝတ်အဘိုးအိုကို လွှမ်းခြုံသွား၏။

“အား…”

အနက်ရောင်ဝတ်အဘိုးအိုက မလွတ်မြောက်နိုင်ခင်မှာပင် သူသည် ဤကဲ့သို့ ထင်မှတ်မထားသော ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့လိုက်ရပြီး သူက စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။ သူ၏ မျက်လုံးထဲရှိ အကြောက်တရားက ၎င်း၏ အကန့်အသတ်အထိ ရောက်ရှိလာပြီး သူက ထပ်တလဲလဲ စူးစူးဝါးဝါး အော်ဟစ်နေ၏။

“ဝိညာဉ်မီးအိမ်.. မင်းက ဝိညာဉ်မီးအိမ်ကို တကယ်ပဲ ထွန်းညှိလိုက်တာပဲ.. အား…”

ကြေးမီးအိမ်ပေါ်ရှိ ရွှေရောင်မီးတောက်က အနက်ရောင်ဝတ်အဘိုးအိုကို တိုက်ရိုက်လောင်ကျွမ်းနေခြင်း မဟုတ်ပေ။

သို့သော်လည်း မီးတောက်၏ ဘေးပတ်လည်မှ ရွှေရောင်အလင်းက အနက်ရောင်ဝတ်အဘိုးအိုပေါ်သို့ ဆင်းသက်သွားသောအခါ ရွှေရောင်မီးတောက်များသည် သူ၏ တစ်ကိုယ်လုံး နဖူးကနေ ခြေဖျားအထိ အတွင်းအပြင် လောင်ကျွမ်းစေပြီး မငြိမ်းသေနိုင်တော့ပေ။

တစ်ခဏချင်းမှာပင် ရွှေရောင်မီးတောက်များက အနက်ရောင်ဝတ်အဘိုးအိုကို လုံးဝ ဝါးမျိုလိုက်၏။

အနက်ရောင်ဝတ်အဘိုးအို၏ စူးစူးဝါးဝါး အော်သံက အလျင်အမြန် ဆုတ်ယုတ်လာခဲ့၏။

အသက်ရှူချိန် အနည်းငယ်မှာပင် အနက်ရောင်ဝတ်အဘိုးအိုသည် လုံးဝကို ပျောက်ကွယ်သွားခဲ့ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ရွှေရောင်မီးတောက်များဖြင့် ဖျက်ဆီးခြင်းခံလိုက်ရ၏။

ဆူဇီမိုသည် အရာရာတိုင်းကို ငေးငိုင်စွာဖြင့် ကြည့်နေ၏။

စောစောက သူသည် ရုတ်တရက် ပေါ်ထွက်လာသော ဉာဏ်ကွန့်မြူးမှုတစ်ခုကြောင့်သာ စိတ်ဝိညာဉ်အသိစိတ်မီးတောက်ကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်၏။ အဲဒါက ဤမျှအထိ ကြောက်စရာကောင်းသော မြင်ကွင်းကို ပေါ်ထွက်လာစေသည်ဆိုတော့….။

“အဲဒါက ဝိညာဉ်မီးအိမ်တဲ့လား”

ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

“တကယ့်ကို အထင်ကြီးစရာပဲ… အဲဒီမီးအိမ်ရဲ့ လွှမ်းခြုံမှုအောက်မှာ ဝိညာဉ်တွေက လုံးဝကို ကူရာကယ်ရာမဲ့နေတာပဲ”

ထိုစွမ်းအားသည် ဝိညာဉ်မီးအိမ်၏ မီးတောက်ကနေ လာခြင်း မဟုတ်ပေ။

စွမ်းအားကြီးမားသော တစ္ဆေအင်မော်တယ် အနက်ရောင်ဝတ်အဘိုးအိုသည် မီးတောက်ကနေ ထုတ်လွှတ်လိုက်သော အလင်းရောင်ဖြင့်ပင် လောင်ကျွမ်းပြာကျသွားသည်ဆိုလျှင် ၎င်း၏ အစစ်အမှန်မီးတောက်က ဘယ်​လောက်တောင် စွမ်းအားကြီးမားနေလိုက်မလဲ။

All Chapters