← Chapters

အခန်း (၃၂၁)

Vol. 22 Ch. 321

အခန်း (၃၂၁)

Vol. 22 Ch. 321

စာရေးဟန်၏ မျက်လုံးအကြည့်များသည် ခဏအကြာတွင် ပြောင်းလဲသွားခဲ့သည်။

သူသည် ကျီယွမ်ဘက်ကနေ ရပ်တည်ပေးနေသည့် သူ့လုပ်ရပ်ကို နောက်ဆုံးတွင် စွန့်လွှတ်လိုက်သည်။

ပါရမီနှင့် ပတ်သက်လျှင် ဤကောင်လေး၏ အဂ္ဂိရတ်ပညာရပ်ဆိုင်ရာ အလားအလာသည် ကျီယွမ်ထက် အများကြီး ပိုမြင့်မားသည်။

အင်အားနှင့် ပတ်သက်လျှင်လည်း ဤကောင်လေးကို သတ္တမအဆင့် အဂ္ဂိရတ်သခင်က ထောက်ပံ့ထားသောကြောင့် ကျီမိသားစုက ဒုက္ခပေးရန် ကြိုးစားလျှင်ပင် ချိန်ဆရလိမ့်မည် ဖြစ်၏။

ကျီယွင်ကို နှစ်သိမ့်ရန် ဤကောင်လေးကို ရန်စလိုက်လျှင် သူ့အတွက် အလွန်ကြီးမားသော ပြဿနာများ ဖြစ်လာပေလိမ့်မည် မဟုတ်ပါလား။

စာရေးဟန်၏ လုပ်ဆောင်ချက်များကို မြင်လျှင် ကျီယွင်သည် ကျန်းချန်ကို ကြိမ်းမောင်းလိုက်သည်။

"ကောင်လေး.. မင်းက ငါတို့ ကျီမိသားစုရဲ့လူကို သတ်ရဲတယ်..ငါတို့ ကျီမိသားစုက မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး.. ငါတို့ မင်းရဲ့အသက်ကို လာယူမှာ စောင့်နေပါ"

ကျီယွင်က ကျန်းချန်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် စိတ်ပျက်လက်ပျက် အမူအရာဖြင့် ကျီလျန့်၏ သက်မဲ့ ခန္ဓာကိုယ်ကို ပွေ့ချီကာ ဆေးခန်းမကနေ အလျင်အမြန် ထွက်ခွာသွားခဲ့၏။

ကျန်းချန်က ကျီယွင်ကို မဟန့်တားဘဲ လျစ်လျူရှုထားလိုက်၏။

သူက ဘောပင်ကို ကောက်ယူလိုက်ပြီး သူ့အချက်အလက်များကို အလျင်အမြန် ဖြည့်စွက်လိုက်ကာ မရေမတွက်နိုင်သော အံ့အားသင့်သည့် အကြည့်များ အောက်မှာပင် ချာခနဲ လှည့်ထွက်လာခဲ့သည်။

ဆေးခန်းမမှ ထွက်ခွာပြီးနောက်တွင် ကျန်းချန်နှင့် ချိုးလော်လန်တို့သည် ချင်းဟဲ ဆေးကုသရေးဌာနသို့ ထွက်ခွာလာခဲ့ကြသည်။

ကျန်းချန်သည် သုံးရက်အကြာတွင် ကျင်းပမည့် အဂ္ဂိရတ်ပြိုင်ပွဲ စတင်မည့် အချိန်ကို စောင့်ဆိုင်းရင်း ချင်းဟဲ ဆေးကုသရေးဌာနတွင် နေထိုင်ရန် စီစဥ်ထားခဲ့၏။

သို့သော် သူတို့လူစု ချင်းဟဲ ဆေးကုသရေးဌာနကို ပြန်လာသောအခါတွင် တံခါးဝ၌ စောင့်ကြိုနေသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

"မိန်းကလေးချိုး.. ကျီလျန့်က မင်းကို ဒုက္ခပေးဖို့ ချင်းဟဲ ဆေးကုသရေးဌာနကို လာတယ်လို့ ငါ ကြားတယ်.. မင်း အဆင်ရောပြေရဲ့လား"

ချိုးလော်လန်ကို မေးခွန်းထုတ်လိုက်သော လူငယ်သည် အသက် နှစ်ဆယ်ခန့် ရှိသော လူငယ်တစ်ယောက် ဖြစ်သည်။

လူငယ်က ကိုယ်ခံပညာ သင်ကြားရန် အရိုးအဆစ် ကောင်းမွန်ပြီး အလွန်တရာ ချောမောသည်။

သို့သော်လည်း သူ၏ ချောမောသော မျက်နှာသည် ဖျားနာသော အသွင်အပြင်ကို ထုတ်ဖော် ပြသနေခဲ့၏။

"ဒင်.. သင်က နိုးထခြင်းမရှိသေးတဲ့ သန္ဓေ မူလသိုင်းခန္ဓာကိုယ်ကို ရှာဖွေတွေ့ရှိပြီး အဆတစ်ရာ နားလည်မှုကို စတင်လိုက်ပါပြီ"

"ဒင်.. သင်က သန္ဓေ မူလသိုင်းခန္ဓာကိုယ်ကို နိုးထစေမဲ့ နည်းလမ်းကို အောင်မြင်စွာ နားလည်သွားပါပြီ"

ကျန်းချန်က လူငယ်ကို ကြည့်နေသော အချိန်မှာပင် စိတ်ထဲ၌ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။

ကျန်းချန်က စိတ်ထဲကနေ ရုတ်တရက် သန္ဓေမူလသိုင်းခန္ဓာနှင့် ပတ်သက်သည့် အချက်အလက်များကို လက်ခံရရှိလိုက်သောအခါ အလွန်ပင် အံ့အားသင့်သွားခဲ့၏။

သူ့ရှေ့မှကောင်လေးသည် အထူးခန္ဓာကိုယ် ပိုင်ရှင် ဖြစ်နေလိမ့်မည်ဟု သူမည်သည့်အခါမျှ တွေးမထားခဲ့ပေ။

ထိုကောင်လေးသည် ဒဏ္ဍာရီလာ အထူးခန္ဓာကိုယ် ဖြစ်သည့် သန္ဓေမူလသိုင်းခန္ဓာကို ပိုင်ဆိုင်ထားခဲ့၏။

သန္ဓေမူလသိုင်းခန္ဓာ။

ဤသည်မှာ မုန်ချင်းရွှယ်၏ ထိုက်ယင် အထူးခန္ဓာကိုယ်နှင့် ဆင်တူသော အထူးခန္ဓာကိုယ် အမျိုးအစား ဖြစ်သည်။

သန္ဓေမူလသိုင်းခန္ဓာသည် ထိုက်ယင် ခန္ဓာကိုယ်ကဲ့သို့ အသက်အန္တရာယ် မရှိသော်လည်း အထူးခန္ဓာကိုယ်ကို မနိုးထစေနိုင်သ၍ ကာယကံရှင်သည် လုံးဝ ကျင့်ကြံ၍ မရသော အမှိုက်သာ ဖြစ်နေလိမ့်မည်။

အကယ်၍သာ သန္ဓေမူလသိုင်းခန္ဓာကို နိုးထစေနိုင်ခဲ့လျှင် ခန္ဓာကိုယ်ထဲရှိ စစ်မှန်သော အဆီအနှစ်ကို တိုက်ရိုက် စုစည်းနိုင်ပြီး တစ်ကြိမ်တည်းနှင့် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်မည် ဖြစ်၏။

"စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးကျီ.. ကျွန်မ အဆင်ပြေပါတယ်"

ချိုးလော်လန်က ယဥ်ကျေးစွာ ပြန်ဖြေလိုက်သည်။

ထို့နောက်တွင် သူမသည် လူငယ်ကို စိုက်ကြည့်၍ မေးခွန်းထုတ်လိုက်၏။

"သခင်လေးကျီ.. လွန်ခဲ့တဲ့သုံးလက ရှင် ကျွန်မဆရာကို လာရှာပြီးကတည်းက ချင်းဟဲ ဆေးကုသရေးဌာနကနေ ဆရာထွက်သွားခဲ့တာ အခုထိ ပြန်မလာသေးဘူး.. ကျွန်မဆရာ ဘယ်မှာရှိနေလဲ ဆိုတာ ရှင်သိလား"

"ဒီအချိန်ရောက်မှတော့ မဖုံးကွယ်တော့ပါဘူး.. ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုကို ဖြေရှင်းဖို့အတွက် ဆရာကူက အရမ်းအန္တရာယ်များတဲ့ နေရာကို ထွက်သွားခဲ့တာပါ"

လူငယ်က ခါးသီးစွာ ပြုံးလိုက်သည်။

"ဝမ်းနည်းပါတယ် မိန်းကလေးချိုး.. ဒီအခြေအနေတွေ ဖြစ်လာရတာ ငါ့ကြောင့်ပါ"

"မိန်းကလေးချိုး.. သူက ဘယ်သူလဲ"

နှစ်ဦးသား၏ စကားဝိုင်းကို ကြားလျှင် ကျန်းချန်၏ မျက်လုံးများတွင် ထူးဆန်းသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။

လူငယ်ပြောသော ပြဿနာသည် သူ ပိုင်ဆိုင်ထားသော သန္ဓေမူလသိုင်းခန္ဓာကြောင့် ဖြစ်သည်မှာ ထင်ရှား၏။

ကူချင်းဟဲ၏ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် စွမ်းရည်သည် ဤကောင်လေး၏ သန္ဓေမူလသိုင်းခန္ဓာကို နိုးထစေရန် လုံလောက်မှု မရှိပါသလော။

ချိုးလော်လန်က ကျန်းချန်ကို မိတ်ဆက်ပေးလိုက်သည်။

"သူ့နာမည်က ကျီကျင်း.. သူ့အဖေက ကျီမိသားစုရဲ့ လက်ရှိ ခေါင်းဆောင် ကျီထျန်းရှောင်ပဲ"

ထိုစကားကိုကြားလျှင် ကျန်းချန်သည် သူ့မျက်နှာချင်းဆိုင်မှ လူငယ်ကို အံ့အားသင့်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

သန္ဓေမူလသိုင်းခန္ဓာကို မနိုးထနိုင်သော ဤလူငယ်သည် ကျီမိသားစု၏ သခင်လေး ဖြစ်နေမည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။

အခန်း(၃၂၁) ပြီး၏

All Chapters