← Chapters

အခန်း (၃၂၂)

Vol. 22 Ch. 322

အခန်း (၃၂၂)

Vol. 22 Ch. 322

"မင်း.. မင်းက ကျီမိသားစုရဲ့ သခင်လေးလား.. ဒါ.. ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

ချိုးလော်လန်၏ မိတ်ဆက်ပေးမှုကို နားထောင်ပြီးနောက်တွင် ယန်ချင်းရွှယ်၏ အိုမင်းသော မျက်လုံးများတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ထင်ဟပ်လာ၏။

ယန်ချင်းရွှယ်လို ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်သည် ကျီကျင်း၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို မြင်နိုင်ရန်မှာ မခက်ခဲပေ။

စစ်မှန်သော နဂါးနိုင်ငံ၏ ရှေးဟောင်းမိသားစု သုံးခုထဲမှ တစ်ခုဖြစ်သည့် ကျီမိသားစု၏ သခင်လေးသည် မည်သည့် ကျင့်ကြံမှုမှ မရှိသော သာမန်လူတစ်ယောက် ဖြစ်နေခဲ့သည်။

ဤသည်မှာ အလွန် အဓိပ္ပာယ်မဲ့လွန်းသည် မဟုတ်ပါလား။

"ဟားဟား... ဒီနှစ်ယောက်ကို ကြည့်ရတာ ဇူလုံမြို့က မဟုတ်သလိုပဲ"

"ကျွန်တော်က ကျီမိသားစုရဲ့ အမှိုက်သခင်လေး တစ်ယောက်ပါ.. ဇူလုံမြို့မှာတော့ ကျွန်တော့်အကြောင်း မသိတဲ့သူ မရှိပါဘူး"

ကျီကျင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

သူက ကျန်းချန်တို့ နှစ်ယောက်ကို ကြည့်လိုက်သည်။

"ဒီက နှစ်ယောက်က ဘယ်သူတွေလဲဆိုတာ သိပါရစေ"

ချိုးလော်လန်က မိတ်ဆက်ပေးလိုက်သည်။

"သူတို့က ငါ့ဆရာရဲ့ မိတ်ဆွေတွေပါ.. ဒီတစ်ကြိမ် ဇူလုံမြို့ကို ရောက်လာတာက အဂ္ဂိရတ်ပြိုင်ပွဲမှာ ပါဝင်ဖို့ အတွက်ပဲ"

"ချင်းဟဲ ဆေးကုသရေးဌာနမှာ ဆရာယန်တို့ နှစ်ယောက် ရှိနေလို့သာ ငါ့အတွက် အတော်လေး စိတ်သက်သာရာ ရသွားတယ်"

"ငါကိစ္စတစ်ခုရှိလို့ သွားလိုက်ဦးမယ်.. မင်းတို့ကို အနှောင့်အယှက် မပေးတော့ဘူး"

ကျီကျင်းက ခေါင်းညိတ်ပြီး လှည့်ထွက်သွားခဲ့သည်။

"ခဏလေးနေပါဦး"

ကျန်းချန်က ကျီကျင်းကို တားမြစ်လိုက်သည်။

ကျီကျင်းက ​ခြေလှမ်းကို ရပ်တန့်လိုက်သည်။

သူက ခေါင်းလှည့်ကာ အံ့အားသင့်သော အကြည့်ဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။

"ဒီက ညီနောင်မှာ ဘာကိစ္စများ ရှိသေးလို့လဲ"

ကျန်းချန်က ပေါ့ပါးစွာ ပြောဆိုလိုက်သည်။

"မင်းရဲ့ ပြဿနာကို ငါ ဖြေရှင်းနိုင်ပါတယ်"

"မင်း.. မင်း ဘာပြောလိုက်တာလဲ"

ကျီကျင်းက မယုံကြည်နိုင်သော အမူအရာဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။

သူက သူ့၏ အကြားအာရုံ ချို့ယွင်းမှု ရှိနေသလားဟုပင် သံသယဝင်နေခဲသည်။

သူ၏ သန္ဓေမူလသိုင်းခန္ဓာသည် နှစ်ထောင်ပေါင်းများစွာက ထင်ရှားခဲ့သော ဒဏ္ဍာရီလာ အထူးခန္ဓာကိုယ် ဖြစ်သည်။

ဤအထူးခန္ဓာကိုယ်ကို နိုးထစေသည့် နည်းလမ်းသည် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် ဆေးနန်းတော်သခင်ဖြစ်သည့် သတ္တမအဆင့် အဂ္ဂိရတ်သခင် ဖျင်ရီရှန်းပင် မကူညီနိုင်ခဲ့ပေ။

သူက ရှေးဟောင်းစာအုပ် တစ်အုပ်တွင် အထူးခန္ဓာကိုယ် ဖြေရှင်းနည်းနှင့် ပတ်သက်၍ ရှာတွေ့ခဲ့ပြီး နောက်ဆုံးမျှော်လင့်ချက်အဖြစ် သဘောပိုက်ကာ ကူချင်းဟဲကို အကူအညီတောင်းခဲ့ခြင်းပင်။

ထိုစာအုပ်ထဲမှ ဖြေရှင်းနည်းက တကယ်လဟုတ်မဟုတ် သူလည်း အတိအကျ မသိပေ။

သို့သော် သူ့ရှေ့မှ အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ်အရွယ် ကောင်လေးသည် သူ၏ ပြဿနာကို ဖြေရှင်းနိုင်သည်ဟု သူ့ကို ပြောနေခဲ့သည်။

ဤသည်မှာ အလွန်တရာ လေလုံးထွားခြင်းပင် မဟုတ်ပါလား။

"သန္ဓေ မူလသိုင်းခန္ဓာက ရှေးခေတ်မှာ ထင်ရှားခဲ့တဲ့ ဒဏ္ဍာရီလာ သိုင်းခန္ဓာပဲ.. ဒီခန္ဓာကိုယ်ကို နိုးထအောင် မလုပ်နိုင်သ၍ သာမန်လူတစ်ယောက်လိုပဲ တစ်သက်လုံး နေသွားရလိမ့်မယ်"

"ဒါပေမဲ့ သန္ဓေ မူလသိုင်းခန္ဓာကို နိုးထစေနိုင်ခဲ့ရင်တော့ တစ်ကြိမ်တည်းနဲ့ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အ​ဆင့်ကို ထိုးဖောက်ပြီး ပါရမီကလည်း ကောင်းကင်ကိုတောင် ဆန့်ကျင့်တဲ့အထိ တိုးတက်သွားလိမ့်မယ်"

ကျန်းချန်က သန္ဓေမူလသိုင်းခန္ဓာနှင့် ပတ်သက်၍ ရှင်းလင်း ပြောဆိုလိုက်သည်။

"ငါပြောတာ မှန်ရဲ့လား"

ကျန်းချန်၏ စကားများကို ကြားလျှင် ကျီကျင်း၏ မျက်လုံးများတွင် အံ့သြထိတ်လန့်မှုများက ဖုံးဖိမရစွာ ဖြစ်ပေါ်လာ၏။

သူ့ရှေ့မှလူသည် တစ်ချက်ကြည့်ရုံဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ဤမျှအထိ နားလည်ထားမည်ဟု မထင်ထားခဲ့ပေ။

ဤစစ်မှန်သော နဂါးနိုင်ငံတွင် သတ္တမအဆင့် အဂ္ဂိရတ်သခင် ဖျင်ရီရှန်းက လွဲလျှင် ဤကောင်လေးသည် သူ၏ သန္ဓေ မူလသိုင်းခန္ဓာကို တစ်ချက်ကြည့်သည်နှင့် မြင်နိုင်သည့် ပထမဆုံးလူ ဖြစ်သည်။

ကျီကျင်းက အသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်သည်။

သူက ကျန်းချန်ကို လေးနက်စွာ စိုက်ကြည့်လိုက်၏။

"မင်းက ငါ့ရဲ့ သန္ဓေ မူလသိုင်းခန္ဓာကို တကယ်ပဲ နိုးကြားစေနိုင်မှာလား"

သူက ကျီမိသားစု၏ သခင်လေးတစ်ယောက် ဖြစ်သော်လည်း သာမန်လူ တစ်ယောက်ကဲ့သို့ နေထိုင်ခဲ့ရပြီး ကျီမိသားစုတွင် လုံးဝ မျက်ကွယ်ပြုခံခဲ့ရသည်။

ကျီကျင်းသည် ထိုအခြေအနေကို လုံးဝ မလိုလားခဲ့ပေ။

ဤနှစ်များတစ်လျောက်လုံးတွင် သူသည် သန္ဓေမူလသိုင်းခန္ဓာကို နိုးကြားစေနိုင်မည့် နည်းလမ်းကို ရှာရန် လက်မလျှော့ခဲ့ချေ။

လွန်ခဲ့သော သုံးလက ကျီကျင်းသည် ရှေးဟောင်းစာအုပ်ထဲမှ သူ့ရောဂါနှင့် ဆက်စပ်နေသော ကုသနည်းကို ရှာတွေ့ခဲ့၏။

ထို့နောက်တွင် ကျီကျင်းသည် ချင်းဟဲ ဆေးကုသရေးဌာနကို လာပြီး ကူချင်းဟဲကို လာတွေ့ခဲ့သည်။

မထင်မှတ်ဘဲ ကူ​ချင်းဟဲသည် ဆေးကုသရေးဌာနမှ ထွက်သွားပြီး​နောက် သုံးလကြာသည်အထိ သတင်းမရရှိသေးပေ။

ထို့ကြောင့် ကျီကျင်းက အနည်းငယ် စိတ်ပျက်အားလျော့လာခဲ့၏။

ယခုတော့ ကျန်းချန်သည် သန္ဓေ မူလသိုင်းခန္ဓာ ပြဿနာကို ဖြေရှင်းနိုင်သည်ဟု သူ့ကို ရုတ်တရက် ပြောဆိုခဲ့သည်။

ဤအချိန်တွင် ကျီကျင်းသည် အိပ်မက်တစ်ခုကဲ့သို့ပင် ခံစားနေရ၏။

"မင်းရဲ့ သန္ဓေ မူလသိုင်းခန္ဓာကို နိုးထစေဖို့ ငါ မင်းကို ကူညီပေးနိုင်တယ်...ဒါပေမဲ့ နိုးထပြီးရင်တော့ မင်းရဲ့ သွေးအဆီအနှစ် တစ်စက်ကို ငါလိုချင်တယ်"

ကျန်းချန်က လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်ပြီး ဝင့်ကြွားစွာ ပြောဆိုလိုက်သည်။

"ငါက သွေးအဆီအနှစ် တစ်စက်ထဲနဲ့ သန္ဓေ မူလသိုင်းခန္ဓာကို နိုးထနိုင်မှာလား"

အခန်း(၃၂၂) ပြီး၏

All Chapters