← Chapters

အခန်း (၃၂၄)

Vol. 22 Ch. 324

အခန်း (၃၂၄)

Vol. 22 Ch. 324

"အကြီးအကဲ ထျန်းလွေ့.. ကျီလျန့်ကို ညီနောင် ကျန်းချန်က သတ်တယ်လို့ ပြောလိုက်တာလား...ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

"ညီနောင် ကျန်းချန်တို့က ဒီနေ့မှ ဇူလုံမြို့ကို ရောက်လာတာပါ.. ကြားထဲမှာ နားလည်မှု လွဲနေတာများ ရှိနေမလား"

ကျီကျင်းက အံ့အားသင့်သွားပြီး လေထဲမှ ကျီထျန်းလွေ့ကို အလျင်အမြန် ပြောလိုက်သည်။

"ကျီကျင်း.. ဒီကိစ္စက မင်းနဲ့ မသက်ဆိုင်ဘူး.. ငါ့ကိစ္စကို ဝင်မရှုပ်နဲ့"

"မင်းက ခေါင်းဆောင်ရဲ့ တစ်ဦးတည်းသောသား ဖြစ်နေတာကြောင့် ငါမင်းကို မျက်နှာသာပေးနေတာ.. အရက်ကောင်းကို မော့သောက်ပြီး အစားကောင်းကိုပဲ စားနေစမ်းပါ"

"ငါ့ကိစ္စကို ဝင်ပါရင် ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့"

ကျီထျန်လွေ့က အေးစက်စွာ မာန်မဲလိုက်သည်။

ထို့နောက် သူက ကျန်းချန်ကို ပြတ်သားစွာ စိုက်ကြည့်လိုက်သည်။

"ကောင်လေး.. ငါ မင်းကို မေးခွန်းမေးနေတာ မင်းမကြားဘူးလား"

"ကျီယွင်က ကျီလျန့်ရဲ့ အလောင်းကို ကျီအိမ်တော်ဆီ ပြန်သယ်သွားကတည်းက မင်းကို အကုန် ပြောပြပြီးလောက်ပြီလို့ ငါ ထင်တယ်"

"မင်း သိပြီးသားဆိုရင် ဘာလို့ ဒီလို အရေးမပါတဲ့ မေးခွန်းမျိုး လာမေးနေရတာလဲ"

ကျန်းချန်က မောက်မာစွာ ပြောလိုက်သည်။

"ငါက ကျီလျန်ကို အခွင့်အရေး ပေးခဲ့တယ်.. ဒါပေမဲ့ သူက သေချင်နေမှတော့ ငါလည်း ဘာမှမတတ်နိုင်ဘူး"

"ဒီကောင်လေးက ကျီမိသားစုက ကျီလျန့်ကို တကယ်ပဲ သတ်ခဲ့တယ်လား"

ကျန်းချန်က ကိုယ်တိုင် ဝန်ခံနေသည်ကို မြင်လျှင် ပတ်ဝန်းကျင်မှ လူများသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

စစ်မှန်သော နဂါးနိုင်ငံ၏ ရှေးဟောင်းမိသားစု သုံးခုထဲမှ တစ်ခုအနေဖြင့် ကျီမိသားစု၏ အင်အားသည် အတော်လေး အားကောင်းသည်ဟု ပြောနိုင်ပြီး စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူ သုံးယောက်ပင် ရှိသည်။

ထို့အပြင် ကျီမိသားစုတွင် သိုင်းသခင်နယ်ပယ်၏ အင်အားကို တုံ့ပြန်နိုင်သည့် နည်းလမ်းများ ရှိသည်ဟုပင် ကောလာဟလများ ထွက်နေခဲ့သည်။

ဤကဲ့သို့ အားကောင်းသောကြောင့် စစ်မှန်သော နဂါးနိုင်ငံ၏ တော်ဝင်မိသားစုပင် ကျီမိသားစုကို အလေးထား၍ ဆက်ဆံရ၏။

"ဒီကောင်လေးက ဇူလုံမြို့မှာတောင် ကျီလျန့်ကို ပေါ်ပေါ်ထင်ထင် သတ်ရဲတယ်ဟ"

"ဒီကောင်လေး... သေရတော့မယ်ဆိုတာကို မသိသေးဘူးနဲ့တူတယ်"

"ကောင်းတယ်.. သိပ်ကောင်းတယ်"

"ကောင်လေး...မင်းက ငါ့မြေး ကျီလျန့်ကို သတ်ခဲ့တယ်.. ဒီနေ့ အဲဒီအတွက် မင်းကို ပြန်ပေးဆပ်စေမယ်"

ကျီထျန်းလွေ့က ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထိုခဏတွင် စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူ၏ အားကောင်းသော အရှိန်အဝါသည် အချင်းဝက် မီတာရာနှင့်ချီ ရှိသည့် ကောင်းကင်တစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားခဲ့၏။

ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် ပတ်ဝန်းကျင်မှ ကိုယ်ခံပညာရှင် အတော်များများ၏ မျက်နှာများသည် တိုက်ရိုက်ပင် ဖျော့တော့သွားခဲ့သည်။

"အကြီးအကဲ ထျန်းလွေ့.. မင်းက ကျန်းချန်၏ ဆံချည်တစ်မျှင်ကို ထိချင်ရင် ငါ သဘောတူမတူ အရင်မေးရမယ်"

ယန်ချင်းရွှယ်က အေးစက်စက် ရေရွတ်လိုက်ပြီး ကျန်းချန်ရှေ့တွင် တိုက်ရိုက် ပိတ်ရပ်လိုက်သည်။

"ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်"

ကျီထျန်းလွေ့က ကျန်းချန်ရှေ့တွင် ရပ်နေသော ယန်ချင်းရွှယ်ကို ကြည့်ပြီး မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။

"ဟမ့်.. ကျန်းချန်က ငါ့မြေးကို သတ်ခဲ့တယ်.. ဒီနေ့ သူ့ကို ငါ သတ်ရမှဖြစ်မယ်.. မင်း ငါ့ရှေ့ကနေ ဖယ်စမ်း"

ထိုခဏတွင် ကျီထျန်းလွေ့၏ အိုမင်းသော မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။

"မင်းက ဒီကောင်လေးကို ဆက်ပြီး ကာကွယ်နေမယ်ဆိုရင် ငါ မင်းကိုပါ သတ်ပစ်ရလိမ့်မယ်"

ယန်ချင်းရွှယ်က ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ဖြစ်သော်လည်း ကျီထျန်းလွေ့ကို ကြောက်ရွံ့အောင် လုပ်နိုင်သည့် အရည်အချင်း မရှိပေ။

သာမန်ရက်များတွင် ကျီထျန်းလွေ့သည် ယန်ချင်းရွှယ်ကို မျက်နှာသာပေးရန် စဉ်းစားနိုင်သေးသည်။

သို့သော် ယခုအခါတွင် ဤဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်သည် သူ၏ မြေးကို သတ်သည့် လူသတ်သမားကို ကာကွယ်လိုနေသောကြောင့် သူက မည်ကဲ့သို့ ယဉ်ကျေးနိုင်ပါမည်နည်း။

ကျီထျန်းလွေ့၏ စကားကိုကြားလျှင် ယန်ချင်းရွှယ်၏ အမူအရာက အေးစက်သွားသည်။

သူက ထပ်မံ ပြောဆိုတော့မည့် အချိန်မှာပင် ကျန်းချန်၏ အသံက သူ့နောက်ကနေ ထွက်ပေါ်လာ၏။

"အစ်ကိုယန်.. ဖယ်ပေးပါ.. ဒီကိစ္စကို ကျွန်တော် ကိုယ်တိုင်ပဲ ရှင်းလိုက်ပါ့မယ်

ယန်ချင်းရွှယ်က အနည်းငယ် အံ့အားသင့်သွားသည်။

သူသည် ခေါင်းကို လှည့်ကာ အံ့အားသင့်သော အမူအရာဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။

"ညီလေး ကျန်းချန်..."

"အစ်ကိုယန်... အကို ကျွန်တော့် အကျင့်ကို မသိတာလား"

"ကျွန်တော် ကျီလျန့်ကို သတ်ရဲတယ် ဆိုကတည်းက ကျီမိသားစုကို ဂရုစိုက်စရာ မလိုလို့ပဲ"

ကျန်းချန်က ယုံကြည်မှုရှိစွာ ပြုံးလိုက်ပြီး လေထဲမှ ကျီထျန်းလွေ့ကို မော့ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ မောက်မာသော အသံသည် ပဲ့တင်ထပ်သွားခဲ့သည်။

"အကြီးအကဲ.. မင်းက မင်းရဲ့မြေး ကျီလျန့်အတွက် လက်စားချေချင်တာလား.. ဒါဆိုလည်း လုပ်လိုက်ပါ"

"ဒါပေမဲ့.. ဒီနေ့ ငါ ဒီမှာ နေရာမရွှေ့ဘဲ ရပ်နေရင်တောင် မင်း ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး"

အခန်း(၃၂၄) ပြီး၏

All Chapters