အခန်း (၃၃၄)
Vol. 23 Ch. 334
"ဒါ.. ဒါက စိတ်ဝိညာဥ် ဆေးမီးဖိုပဲ"
"မမျှော်လင့်ဘဲ ကျီယွင်မှာ ဒီလိုမျိုး မှော်ရတနာ တစ်ခု ရှိနေတယ်လား"
"ကျီယွင်က ဒီစိတ်ဝိညာဥ် ဆေးမီးဖိုနဲ့ ဟွေယွမ်ထျန်း ဆေးလုံးကို သန့်စင်မယ်ဆိုရင် အခြေခံအားဖြင့် ဘာပြဿနာမှ မရှိနိုင်ဘူး"
ကျီယွင် ရုတ်တရက် ထုတ်ယူလိုက်သော ဆေးမီးဖိုကို မြင်လျှင် အဂ္ဂိရတ်သခင် အတော်များများထံမှ တအံတသြ ရေရွတ်သံများ ထွက်ပေါ်လာခဲ့၏။
အဂ္ဂိရတ် သခင်တစ်ယောက်အတွက် ဆေးမီးဖိုသည် သံသယဖြစ်ဖွယ်ရာ မရှိ အရေးကြီးသော တည်ရှိမှုတစ်ခု ဖြစ်သည်။
ကောင်းမွန်သော အဂ္ဂိရတ်မီးဖိုတစ်ခုသည် ဆေးလုံး၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်ရုံတင်မကဘဲ အဂ္ဂိရတ် အောင်မြင်မှုနှုန်းကိုပါ တိုးမြှင့်ပေးနိုင်၏။
အဂ္ဂိရတ်လောကတွင်လည်း ဆေးမီးဖိုကို ကွဲပြားခြားနားသော အဆင့်များဖြင့် ခွဲခြားထားသည်။
အသုံးအများဆုံးမှာ သာမန် ဆေးမီးဖိုများသာ ဖြစ်၏။
ဆိုရလျှင် အဂ္ဂိရတ်သခင် အများစု အသုံးပြုသော ဆေးမီးဖိုသည် သာမန် ဆေးမီးဖို အဆင့်၌သာ ရှိပေသည်။
သာမန် ဆေးမီးဖို၏ အထက်တွင်မူ အလွန် ရှားပါးသော စိတ်ဝိညာဥ် ဆေးမီးဖို ရှိ၏။
စိတ်ဝိညာဥ် ဆေးမီးဖိုသည် မရေမတွက်နိုင်သော အဂ္ဂိရတ်သခင်များ၏ အိပ်မက်ထဲမှ ရတနာတစ်ပါး ဆိုလည်းမမှားပေ။
ဆေးလုံးချင်း တူညီလျှင်ပင် စိတ်ဝိညာဥ် ဆေးမီးဖိုကို သန့်စင်ရာတွင် အသုံးပြုပါက ဆေးလုံး၏ အရည်အသွေးနှင့် အဂ္ဂိရတ် အောင်မြင်မှုနှုန်း နှစ်ခုစလုံးကို ၃၀%ထိ တိုက်ရိုက် တိုးမြှင့်ပေးနိုင်သည်။
သို့သော် စိတ်ဝိညာဥ် ဆေးမီးဖိုသည် အလွန် ရှားပါး၏။
ယန်ချင်းရွှယ်ကဲ့သို့ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်မှာပင် စိတ်ဝိညာဥ် ဆေးမီးဖို တစ်ခုသာ ရှိသည်။
"ကျန်းချန်.. မင်း မထင်ထားဘူး မဟုတ်လား"
"ဒီစိတ်ဝိညာဥ် ဆေးမီးဖိုနဲ့ဆိုရင် ငါက ဟွေယွမ်ထျန် ဆေးလုံးကို တစ်ကြိမ်တည်းနဲ့ သန့်စင်နိုင်မယ်လို့ ယုံကြည်မှု ရှိတယ်"
"မင်းကတော့ ဟွန်ယွမ် ရွှေဆေးလုံးကို သန့်စင်မှာဆိုတော့ အောင်မြင်မှု ရာခိုင်နှုန်း ဘယ်လောက်ရှိနေမလဲ ငါ မသိဘူး"
ကျီယွင်က စိတ်ဝိညာဥ် ဆေးမီးဖိုကို ထုတ်ယူလိုက်ပြီးနောက်တွင် ကျန်းချန်ကို ကျေနပ်စွာ ပြုံး၍ ကြည့်လိုက်သည်။
"မင်းက စိတ်ဝိညာဥ် ဆေးမီးဖိုကို ထုတ်ယူနိုင်တာနဲ့ပဲ ငါ့ကို ခြောက်လှန့်နိုင်မယ်လို့ ထင်နေတာလား"
"ကျီယွင်.. ငါနဲ့ မင်းရဲ့ ကြားက ကွာဟချက်ကို ဆေးမီးဖိုတစ်ခုနဲ့ ဖြည့်ဆည်းလို့ မရဘူး "
"မင်းက ဟွေယွမ်ထျန် ဆေးလုံးကို သန့်စင်နိုင်ရင်တောင် ငါ့ကို ရှုံးနိမ့်နေမှာပဲ"
ကျန်းချန်သည် ကျီယွင် ထုတ်ယူထားသော စိတ်ဝိညာဥ် ဆေးမီးဖိုကို ကြည့်လိုက်၏။
သူ၏ အမူအရာက ပေါ့ပါးပြီး တည်ငြိမ်မှု ရှိနေဆဲပင်။
"ဟမ့်.. မင်းက ဟွန်ယွမ် ရွှေဆေးလုံးကို ဘယ်လို သန့်စင်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
"ဒီအဂ္ဂိရတ်ပြိုင်ပွဲရဲ့ ပထမနေရာက ငါ့အတွက်ပဲ.. ဘယ်သူ့ကိုမှ ငါ့ဆီကနေ လုယူခွင့်ပေးမှာ မဟုတ်ဘူး"
ကျီယွင်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်များ လင်းလက်သွား၏။
ချက်ချင်းပင် သူသည် ဆေးလုံးကို စတင် သန့်စင်လိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူက ကျီယွင်နှင့် အဓိပ္ပာယ်မရှိသော စကားများ ဆက်ပြောရန် စိတ်မဝင်စားဘဲ ဆေးသန့်စင်ရန် တိုက်ရိုက် စတင်လိုက်သည်။
ဆေးဝါး၏ အဆင့်နှင့် ပတ်သက်ပြီး ပြောရလျှင် ကျန်းချန် သန့်စင်နေသော ဟွန်ယွမ် ရွှေဆေးလုံးသည် ဟွေယွမ်ထျန်ဆေးလုံးထက် အဆင့် ပိုမြင့်မားသည်။
အောင်မြင်နှုန်းနှင့် ပတ်သက်လျှင်ပင် အဆတစ်ရာ စနစ်ကြောင့် သူ၏ အောင်မြင်မှုနှုန်းသည် အဆတစ်ရာခန့် ရှိ၏။
ကျီယွင်က စိတ်စွမ်းအင် ဆေးမီးဖိုကို ထုတ်သုံးခဲ့လျှင်ပင် သူက ကျီယွမ်ကို အမှိုက်အဖြစ် ကြေမွအောင် ပြုလုပ်နိုင်ဆဲပင်။
အဂ္ဂိရတ်ကို စတင်ပြုလုပ်လိုက်သည်နှင့် စနစ်၏ အဆ၁၀၀ အောင်မြင်မှုနှုန်းက အလိုအလျောက် အသက်ဝင်လာသည်။
ကျန်းချန်သည် ရေစီးကြောင်းကဲ့သို့ ချောမွေ့စွာဖြင့် ဟွန်ယွမ် ရွှေဆေးလုံးကို သန့်စင်နေခဲ့၏။
အဆတစ်ရာ စနစ်ရှိသော်လည်း သူက အလျင်စလို ဖြစ်မနေခဲ့ပေ။
အကြောင်းရင်းမှာ သူ့သန့်စင်မည့် ဆေးလုံးသည် ပဉ္စမအဆင့် အဆင့်မြင့် ဆေးလုံး ဖြစ်နေသောကြောင့်ပင်။
ကျန်းချန်သည် ဆေးဖက်ဝင် ပစ္စည်း အားလုံးကို တစ်ကြိမ်တည်းနှင့် သန့်စင်ရန် မလုပ်တော့ချေ။
ဆေးဖက်ဝင် ပစ္စည်းများကို ဆေးမီးဖိုထဲသို့ ဖြည်းဖြည်းချင်းသာ ထည့်ပြီး တစ်ဆင့်ချင်း သန့်စင်လိုက်သည်။
အချိန်က အနည်းငယ် ကုန်ဆုံးသွားသည်။
တိတိကျကျဆိုရလျှင် နာရီဝက်ခန့် ကုန်ဆုံးသွား၏။
ဟွန်ယွမ် ရွှေဆေးလုံး၏ ပစ္စည်းများသည် သန့်စင်ရန် ခက်ခဲသောကြောင့် ကျန်းချန်သည် နာရီဝက်အတွင်း ဆေးဖက်ဝင် ပစ္စည်းများကို ပြီးမြောက်အောင် မသန့်စင်နိုင်ခဲ့ပေ။
ထိုသို့ အချိန်အတော်ကြာ ယူရသော်လည်း ကျန်းချန်သည် လုပ်ငန်းစဉ် တစ်ခုလုံးတွင် အလွန်ပင် သက်သောင့်သက်သာ ရှိနေပုံရ၏။
သူက ဆေးဖက်ဝင် ပစ္စည်းများကို မီးဖိုထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်ပြီးနောက်တွင် ဆက်လက် စောင့်ဆိုင်းနေခဲ့သည်။
ရုတ်တရက် ပျင်းရိစွာ စောင့်ဆိုင်းနေသော ကျန်းချန်သည် အနည်းငယ် ဗိုက်ဆာလာခဲ့၏။
သူက သိုလှောင် လက်စွပ်ထဲမှ အသား အစိတ်အပိုင်း တစ်ခုကို ရိုးရိုးရှင်းရှင်းပင် ထုတ်ယူ၍ ဆေးမီးဖို၏ ဘေးတွင် တိုက်ရိုက် ကင်လိုက်သည်။
လူတိုင်းသည် ထိုမြင်ကွင်းကို မြင်လျှင် လုံးဝ မှင်တက်နေကြသည်။
"မွန်းစတား... ဒီကလေးက တကယ်ကို မွန်းစတားတစ်ကောင်ပဲ"
အခန်း(၃၃၄) ပြီး၏