← Chapters

အခန်း (၃၃၇)

Vol. 23 Ch. 337

အခန်း (၃၃၇)

Vol. 23 Ch. 337

သူ၏ ပတ်ဝန်းကျင်မှ အထင်သေးသော အကြည့်များနှင့် ဖျင်ရီရှန်း၏ ဒေါသကို ခံစားလိုက်ရသောအခါတွင် ကျီယွင်သည် သွေးသုံးလီတာခန့် အန်ထွက်တော့မလို ခံစားလိုက်ရသည်။

ဤအချိန်တွင် သူသည် ကျန်းချန်ကို ဓားဖြင့် ပြေးထိုးချင်ခဲ့၏။

ကျန်းချန်က သူ၏ ခြိမ်းခြောက်မှုများကို လျစ်လျူရှုရုံသာမက ဤကိစ္စကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလိမ့်မည်ဟု မည်သည့်အခါမှ မထင်ထားခဲ့ပေ။

"ခွေးကောင်.. ငါ့ကို ဒီလို လုပ်ရဲတယ်လား.. မင်းငါ့ကို ကျိန်းသေ ပြန်ပေးဆပ်စေရမယ်"

ကျီယွင်၏ မျက်နှာသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။

သူက စိတ်ထဲကနေ ရေရွတ်လိုက်၏။

ဤကောင်လေးသည် ပထမနေရာ ရယူမည့် သူ၏ အစီအစဉ်ကို ဖျက်ဆီးရုံသာမက လူအများရှေ့တွင် သူ့ကို အရှက်ရစေခဲ့သည်။

တစ်နေ့နေ့တွင် သူသည် ဤကောင်လေးကို ဆယ်ဆ သို့မဟုတ် အဆတစ်ရာခန့် ပြန်လည်ပေးဆပ်ရပေမည်။

ကျန်းချန်သည် ကျီယွင်၏ လှည့်ကွက်များကို ပေါ့ပေါ့ပါးပါး ဖော်ထုတ်ပြီး ကျီယွင်ကို လျစ်လျူရှုလိုက်သည်။

သူက သူ၏ ရှေ့မှ ဆေးမီးဖိုကို တိုက်ရိုက် အာရုံစိုက်လိုက်သည်။

နောက်ဆုံးလက်ကျန် ဆေးဖက်ဝင် ပစ္စည်းကို သန့်စင်ပြီးနောက်တွင် ကျန်းချန်သည် ဆေးလုံးကို သိပ်သည်းရန် စတင်လိုက်သည်။

အလွန် မြန်ဆန်စွာပင် သင်းပျံ့သောမွေးရနံ့သည် ရင်ပြင်အနှံ့ကို ပြည့်နှက်သွားခဲ့၏။

ကျန်းချန်က ရွှေရောင် တောက်ပနေသော ဆေးလုံးတစ်လုံးကို မီးဖိုထဲမှနေ တိုက်ရိုက် ထုတ်ယူလိုက်သည်ကို အားလုံးက တွေ့လိုက်ရသည်။

ကျန်းချန်၏ လက်ထဲမှ ဟွန်ယွမ်ရွှေဆေးလုံးကို ကြည့်ပြီး ၎င်း၏ ပတ်ဝန်းကျင်မှ လူအတော်များများသည် အိပ်မက်တစ်ခုလို ခံစားလိုက်ရသည်။

ပဉ္စမအဆင့်၊ အဆင့်မြင့် ဆေးလုံးဖြစ်သည့် ဟွန်ယွမ် ရွှေဆေးလုံးကို ကျန်းချန်သည် အမှန်တကယ်ပင် ပေါ့ပေါ့ပါးပါး ပြုလုပ်ပြခဲ့သည်။

ကျန်းချန်၏ အဂ္ဂိရတ် လုပ်ငန်းစဥ် အဆုံးသတ်ပြီး အနည်းငယ်အကြာတွင် ဤအဆင့် ပြိုင်ပွဲ၏ သတ်မှတ်အချိန်သည် အဆုံးသတ်သွား၏။

ဖျင်ရီရှန်းက ဆေးလုံးကို စစ်ဆေးပြီး ပြိုင်ပွဲဝင်ကို ၎င်းတို့ သန့်စင်ထားသော ဆေးလုံး အရည်အသွေးအတိုင်း အဆင့် သတ်မှတ်ပေးခဲ့သည်။

သို့သော် ဖျင်ရီရှန်း၏ စစ်ဆေးမှု မရှိလျှင်ပင် လူတိုင်းသည် ကျန်းချန်က ဤတစ်ကြိမ် အဂ္ဂိရတ်ပြိုင်ပွဲတွင် နံပါတ်တစ် ဖြစ်သည်ကို ကောင်းစွာ သိရှိကြသည်။

ဤအဂ္ဂိရတ်ပြိုင်ပွဲတွင် ကျန်းချန်၏ လုပ်ဆောင်မှုကို အံ့မခန်းဟုပင် ဖော်ပြနိုင်၏။

ဝင်ခွင့် စစ်ဆေးရာတွင် ကျန်းချန်သည် အသက် ၁၆နှစ် ပဉ္စမအဆင့် စီနီယာ အဂ္ဂိရတ်သခင် နှင့် ဒဏ္ဍာရီလာ ကြယ်ကိုးပွင့် ပါရမီတို့ဖြင့် ပရိသတ်ကို တုန်လှုပ်စေခဲ့သည်။

ပထမအဆင့် ပြိုင်ပွဲတွင် ကျန်းချန်သည် မယုံနိုင်လောက်သော ဆေးသန့်စင် နည်းလမ်းများနှင့် မူလဝိညာဥ် ဆေးလုံးကို သန့်စင်ကာ ဆေးနန်းတော်၏ စံချိန်မှတ်တမ်းကို လုံးဝ ချိုးဖျက်ခဲ့သည်။

ဤအဆင့် ပြိုင်ပွဲတွင်မူ ကျန်းချန်သည် အသားကင်ရင်း ပဉ္စမအဆင့်၊ အဆင့်မြင့် ဆေးလုံးကိုပင် ပြုလုပ်ပြခဲ့၏။

ဤသို့သော စွမ်းရည်သည် ကျီယွင်ကို တစ်ချက်တည်းဖြင့် အမှိုက်အဖြစ် ပြောင်းလဲစေရန် လုံလောက်ပေသည်။

၎င်းအနေဖြင့် ကျန်းချန်ကို ခြိမ်းခြောက်ရန် အရည်အချင်းပင် မရှိတော့ပေ။

ဖျင်ရီရှန်းသည် ဆေးလုံးကို အမြန် စစ်ဆေးလိုက်သည်။

ဆယ်မိနစ် အကြာတွင် ပြိုင်ပွဲဝင်များ သန့်စင်ထားသော ဆေးလုံး အားလုံးကို ဖျင်ရီရှန်းက စစ်ဆေးပြီးခဲ့သည်။

ရလဒ်က သဘာဝကျကျ အံ့အားသင့်စရာ မရှိပေ။

ကျန်းချန်သည် ပဉ္စမအဆင့်၊ အဆင့်မြင့် ဆေးလုံးဖြစ်သည့် ဟွန်ယွမ် ရွှေဆေးလုံးကို သန့်စင်နိုင်၍ ဤအဂ္ဂိရတ်ပြိုင်ပွဲတွင် ပထမနေရာကို အောင်မြင်စွာ ရရှိသွားခဲ့သည်။

"ဒီကောင်က တကယ်ကို နတ်ဆိုးဆန်လွန်းတာပဲ"

"ဟုတ်ပါ့ကွာ.. ကျန်းချန်က အဂ္ဂိရတ်ပြိုင်ပွဲမှာ ပထမနေရာကို လွယ်လွယ်ကူကူ ရယူလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားမှာ သေချာတယ်"

"ကောင်းကင်ရဲ့ အပြင်ဘက်မှာ ကောင်းကင် ရှိတယ် ဆိုတဲ့စကားအတိုင်းပဲ...ငါ အရင်ကဆို ကျီယွင်ကို အရမ်းထူးချွန်တဲ့ အဂ္ဂိရတ် ပါရမီရှင်လို့ ထင်ခဲ့တယ်.. ဒါပေမဲ့ ဒီနေ့မှပဲ ကျီယွင်က ကောင်းကင်အောက်က ဖားတစ်ကောင်သာသာ ဖြစ်တာကို ငါ သိလိုက်ရတယ်"

ဖျင်ရီရှန်းက ကျန်းချန်ကို အဂ္ဂိရတ်ပြိုင်ပွဲတွင် ပထမနေရာကို ရရှိသည်ဟု ကြေညာပြီးနောက် လူတိုင်းသည် တအံတသြ ရေရွတ်လိုက်ကြသည်။

ကျန်းချန်၏ အဂ္ဂိရတ် ပါရမီသည် တကယ်ကို အံ့သြစရာကောင်း၏။

အသက်၁၆နှစ်မှာပင် သူသည် ပဉ္စမအဆင့် စီနီယာ အဂ္ဂိရတ်သခင် ဖြစ်လာပြီး ဒဏ္ဍာရီလာ ကြယ်ကိုးပွင့် ပါရမီကိုလည်း ပိုင်ဆိုင်ထားသည်။

"ဘာအမှားအယွင်းမှ မရှိခဲ့ရင် ကျန်းချန်ရဲ့ အနာဂတ် အောင်မြင်မှုတွေက လက်ရှိ ဆေးနန်းတော် သခင်ရဲ့ အဆင့်အောက်မှာ သေချာပေါက် ရှိမနေဘူးလို့ ငါယုံကြည်တယ်"

ဤအချိန်တွင် သူတို့သည် ပြိုင်ဘက်ကင်း အဂ္ဂိရတ်သခင်တစ်ယောက် မွေးဖွားလာသည်ကို မြင်တွေ့ခဲ့ရသည့် အလား စိတ်လှုပ်ရှားနေခဲ့၏။

အခန်း(၃၃၇) ပြီး၏

All Chapters