← Chapters

အခန်း (၃၃၈)

Vol. 23 Ch. 338

အခန်း (၃၃၈)

Vol. 23 Ch. 338

အဂ္ဂိရတ် ပြိုင်ပွဲက ပြီးဆုံးသွားလေပြီ။

ဖျင်ရီရှန်းသည် အဂ္ဂိရတ် ပြိုင်ပွဲဝင်များထံ ဆုများကို ချီးမြှင့်လိုက်သည်။

ပထမနေရာကို ရရှိသော ကျန်းချန်သည် ယန်ချင်းရွှယ်အတွက် ကတိကြမ္မာ နှလုံးသားသစ်သီး သုံးလုံးကို ရရှိရုံသာမက အလယ်အလတ်အဆင့် မှော်စွမ်းအင် ကျောက်တုံး တစ်သိန်းကိုပါ ဆုအဖြစ် လက်ခံရရှိခဲ့သည်။

အလယ်အလတ်အဆင့် မှော်စွမ်းအင် ကျောက်တုံး တစ်သိန်းသည် အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး ဆယ်သန်းနှင့် ညီမျှ၍ အတော်လေး များပြားသော ပမာဏတစ်ခု ဖြစ်သည်။

"ကောင်လေး.. ဆေးနန်းတော်မှာ နေထိုင်ဖို့ စိတ်ဝင်စားလား"

"ဒီအဘိုးကြီးသည် အရမ်း အသက်ကြီးနေပြီ.. ဆေးနန်းတော်ရဲ့ ကိစ္စတွေကို သိပ်ပြီး အားမစိုက်နိုင်တော့ဘူး"

"မင်းသာ နေထိုင်ဖို့ ဆန္ဒရှိရင် ဒီအဘိုးကြီးက မင်းကို ဆေးနန်းတော် အရှင်သခင် ရာထူးကို ပေးအပ်ဖို့ ဆန္ဒရှိတယ်"

အဂ္ဂိရတ် ပြိုင်ပွဲအတွက် ဆုများကို ပေးအပ်ပြီးနောက်တွင် ဖျင်ရီရှန်းသည် ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။

ဖျင်ရီရှန်း၏ စကားက ရင်ပြင်တစ်ခုလုံးကို ဆူညံသွားစေခဲ့၏။

အဂ္ဂိရတ် ပြိုင်ပွဲမှ ကျန်းချန်၏ စွမ်းဆောင်ရည်ကို ဖျင်ရီရှန်းက သေချာပေါက် တန်ဖိုးထားလိမ့်မည်ဟု သူတို့က သိထားသည်။

သို့သော်လည်း ဖျင်ရီရှန်းက ကျန်းချန်ကို ဤမျှ တန်ဖိုးထားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။

ဖျင်ရီရှန်းက ကျန်းချန်ကို ဆေးနန်းတော်အရှင်သခင် ရာထူးပေးအပ်ရန်ပင် စီစဉ်နေခဲ့သည် မဟုတ်ပါလား။

ဆေးနန်းတော်သည် စစ်မှန်သော နဂါးနိုင်ငံမှ အဂ္ဂိရတ်သခင်များနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုသာ ဖြစ်သော်လည်း အလွန်ပင် အင်အား ကြီးမားသည်။

စစ်မှန်သော နဂါးနိုင်ငံတော်၏ တော်ဝင် မိသားစုနှင့် ရှေးဟောင်းမိသားစု သုံးခုပင် ဆေးနန်းတော်ကို မည်သို့မျှ မထီမဲ့မြင် မပြုရဲချေ။

ဆိုရလျှင် စစ်မှန်သော နဂါးနိုင်ငံတွင် ဆေးနန်းတော် အရှင်သခင် ရာထူးသည် ရှေးဟောင်းမိသားစု သုံးစု၏ မိသားစုခေါင်းဆောင် ရာထူးနဲ့ လုံးဝ အတူတူပင် ဖြစ်သည်။

ကျန်းချန်သာ ဆေးနန်းတော် အရှင်သခင် ဖြစ်လာလျှင် ယင်းက တကယ်ပဲ ကောင်းကင်ကို တက်လှမ်းနိုင်ခဲ့သည်ဟု ဆိုရပေမည်။

ဖျင်ရီရှန်း၏ စကားများကို ကြားလျှင် ကျီယွင်၏ အမူအရာသည် ချက်ချင်းပင် ထိုင်းမှိုင်းသွားခဲ့သည်။

ယင်းက ဆေးနန်းတော် အရှင်သခင် ရာထူးအတွက် ကျီယွင်၏ ကြိုးပမ်းအားထုတ်မှုများ အဆုံးသတ်သွားပြီဟု ဆိုနိုင်၏။

ဆေးနန်းတော် အရှင်သခင် ဖြစ်ရန် ရည်မှန်းထားသည့် သူ၏ မျှော်လင့်ချက်ကို ကျန်းချန်က ဖျက်ဆီးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"ခွေးမသား.. ဆေးနန်းတော် အရှင်သခင်ရာထူးကို လုယူရဲတယ်... မင်းကို ငါ ဘယ်တော့မှ အလွှတ်မပေးဘူး"

ကျီယွင်က စိတ်ထဲကနေ ဆဲဆိုကြိမ်းဝါးလိုက်သည်။

ကျန်းချန်ကို ကြည့်နေသည့် သူ၏ အကြည့်တွင် အလွန်အမင်း မကျေနပ်သော အမူအရာများ ပေါ်လွင်နေခဲ့၏။

"အကြီးအကဲဖျင်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ဒီဂျူနီယာက စစ်မှန်သော နဂါးနိုင်ငံမှာ အခြေချဖို့ မရည်ရွယ်ထားဘူး.. အကြီးအကဲဖျင်ကို စိတ်ပျက်စေမှာ စိုးရွံ့မိပါတယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးပြီး ဖျင်ရီရှန်း၏ ကမ်းလှမ်းမှုကို တိုက်ရိုက် ငြင်းပယ်လိုက်သည်။

"ဒီကောင်လေးက ငြင်းပယ်လိုက်တယ်လား"

ကျန်းချန်က ဖျင်ရီရှန်း၏ တောင်းဆိုမှုကို မဆိုင်းမတွပင် ငြင်းဆန်လိုက်သည်ကို မြင်လျှင် လူတိုင်းသည် အံ့အားသင့်သွားကြ၏။

ဤရာထူးသည် ဆေးနန်းတော် အရှင်သခင် ရာထူး ဖြစ်သည်။

စစ်မှန်သော နဂါးနိုင်ငံ၏ အဂ္ဂိရတ်သခင် အားလုံးနီးပါးကို အမိန့်ပေးနိုင်သော ရာထူး ဆိုလည်းမမှားပေ။

ရှေးဟောင်းမိသားစု သုံးစုမှ ကျီယွမ်ပင် သေမတတ်ရယူချင်နေသောရာထူး ဖြစ်သော်လည်း ထိုကောင်လေးသည် ခပ်လွယ်လွယ်ပင် တိုက်ရိုက် ငြင်းပယ်လိုက်သည်။

"ဒါဆိုလည်း ငါ အတင်းအကျပ် မတိုက်တွန်းတော့ပါဘူး"

ဖျင်ရီရှန်းက ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

"ဒါပေမဲ့ စစ်မှန်သော နဂါးနိုင်ငံရဲ့ ဆေးခန်းမတိုင်းမှာ အကူအညီရယူနိုင်တဲ့ ဒီဂုဏ်ထူးဆောင် အကြီးအကဲ တံဆိပ်ပြားကိုတော့ မင်းလက်ခံနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"

သူ့အမြင်တွင် ဤကောင်လေးသည် ကောင်းကင်ထိ ပျံသန်းမည့် နဂါးတစ်ကောင်ဖြစ်သည်။

စစ်မှန်သော နဂါးနိုင်ငံရှိ သူ၏ ဆေးနန်းတော်သည် ဤကောင်လေး အတွက် ဘာမှမဟုတ်ပေ။

ထို့ကြောင့် ဖျင်ရီရှန်းသည် ကျန်းချန်နှင့် ဆက်ဆံရေးကောင်းတစ်ရပ်ကို တည်ဆောက်ချင်ခဲ့သည်။

ဤကောင်လေး၏ အဂ္ဂိရတ်ပါရမီဖြင့်ဆိုလျှင် အနာဂတ်တွင် မြောက်ပိုင်းတောရိုင်းဒေသ၌ နာမည်ကျော်ကြားသော ထိပ်တန်း အဂ္ဂိရတ်သခင် ဖြစ်လာရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။

ကျန်းချန်သာ သူတို့ ဆေးနန်းတော်၏ အကြီးအကဲ ဖြစ်လာခဲ့လျှင် ဆေးနန်းတော်အတွက်လည်း လုံးဝ အကျိုးရှိလာနိုင်၏။

ဂုဏ်ထူးဆောင် အကြီးအကဲ၏ အထောက်အထားနှင့်ပတ်သက်ပြီး ကျန်းချန်သည် ဤတစ်ကြိမ်တွင် မငြင်းပယ်တော့ဘဲ တံဆိပ်ပြားကို တိုက်ရိုက် လက်ခံလိုက်သည်။

ကျန်းချန်၏ လက်ထဲမှ တံဆိပ်ပြားကို ကြည့်ပြီး သူ၏ ပတ်ဝန်းကျင်မှ အဂ္ဂိရတ်သခင် အတော်များများသည် မနာလိုပင် ဖြစ်နေခဲ့ကြ၏။

ဆေးနန်းတော်၏ ဂုဏ်ထူးဆောင် အကြီးအကဲရာထူးသည် ဆေးနန်းတော်၏ အရှင်သခင် ရာထူးလောက် မကောင်းမွန်သော်လည်း ထိုအဆင့်အတန်းသည် အလွန်တရာ မြင့်မြတ်နေဆဲပင်။

ဤအထောက်အထားဖြင့်ဆိုလျှင် ကျန်းချန်သည် ယခုအချိန်မှစ၍ စစ်မှန်သော နဂါးနိုင်ငံတွင် လုံးဝ ရင်ကော့၍ ရပ်တည်နိုင်ပြီ ဖြစ်သည်။

အခန်း(၃၃၈) ပြီး၏

All Chapters