← Chapters

အခန်း (၃၄၁)

Vol. 23 Ch. 341

အခန်း (၃၄၁)

Vol. 23 Ch. 341

မိနစ် အနည်းငယ် ကြာပြီးနောက်တွင် ယွဲ့ယန်ချန်၏ ဦးဆောင်မှုဖြင့် ကျန်းချန်သည် စစ်မှန်သော နဂါးနိုင်ငံတွင်ရှိသော လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ဌာနခွဲသို့ ရောက်ရှိလာသည်။

သူတို့လူစု လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ တံခါးဝသို့ ရောက်လာသောအခါတွင် ဤနေရာတွင် လူအများအပြား စုပြုံနေသည်ကို တွေ့ရှိခဲ့သည်။

ပတ်ဝန်းကျင်မှ စိတ်ဝင်တစား စောင့်ကြည့်နေသော ပရိသတ်တချို့ကို ဖယ်လိုက်လျှင် အဖွဲ့ နှစ်ဖွဲ့သည် မျက်နှာချင်းဆိုင် ရင်ဆိုင်နေကြပြီး လေထုက အထူး တင်းမာနေခဲ့သည်။

ထိုနှစ်ဖွဲ့ထဲမှ တစ်ဖွဲ့သည် သဘာဝကျစွာပင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှ လူများ ဖြစ်သည်။

၎င်းတို့၏ ဆန့်ကျင်ဘက်တွင်မူ တူညီသော ဝတ်စုံများ ဝတ်ဆင်ထားသည့် လူ၁၂ယောက်က မတ်တတ်ရပ်နေခဲ့၏။

၎င်းတို့ တစ်ယောက်ချင်းစီသည် အလွန် ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

"သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်ပါလား"

ဤ၁၂ ယောက်မှ တစ်ယောက်ချင်းစီသည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏

"စစ်မှန်သော နဂါးနိုင်ငံက ကျင့်ကြံသူတွေ ဖြစ်ဖို့ ထိုက်တန်ပါပေတယ်.. ဒီက ကိုယ်ခံပညာ အဆင့်က မဟာရှားနိုင်ငံထက် အများကြီး မြင့်မားတယ်"

သူ၏ ရှေ့မှ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့် ကျင့်ကြံသူ ၁၂ယောက်ကို ကြည့်ပြီး ကျန်းချန် အံ့အားသင့်သွားသည်။

မဟာရှားနိုင်ငံတွင် တော်ဝင်မိသားစုနှင့် မုန့်မိသားစုသာ ဤကဲ့သို့ အားကောင်းသော သူများကို စေလွှတ်နိုင်မည်ဟု သူထင်သည်။

သူက သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ် အဆင့် ကျင့်ကြံသူများကို အကဲခတ်ကြည့်လိုက်သည်။

ကျန်းချန်၏ အကြည့်သည် လူအုပ်၏ အရှေ့တွင်ရှိသော အနက်ရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။

အနက်ရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရုတ်တရက် ကြည့်လျှင် သာမန်လောက်သာ ထင်ရသော်လည်း

ကျန်းချန်သည် ၎င်း၏ ခန္ဓာကိုယ်ကနေ အန္တရာယ် အငွေ့အသက်ကို ခပ်ဖျော့ဖျော့ ခံစားခဲ့ရသည်။

"သူတို့က ယွီမိသားစုရဲ့ အနက်ရောင် ဝတ်စုံဝတ် ကိုယ်ရံတော်တွေပဲ.. သူတို့ကို ဦးဆောင်လာတဲ့ အနက်ရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ယွီမိသားစုရဲ့ အနက်ရောင် ဝတ်စုံဝတ် ကိုယ်ရံတော်အဖွဲ့ ခေါင်းဆောင် ယွီထိုက်ပဲ.. သူက သဘာဝစွမ်းအားဖွင့်ခြင်း အဆင့်၉ ခွန်အားကို ပိုင်ဆိုင်ထားတယ်"

လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ တံခါးဝမှ အခြေအနေကိုကြည့်ရင်း ယွဲ့ယန်ချန်က ရှင်းပြလိုက်၏။

------------

"သတ်မှတ်ထားတဲ့ အချိန်ကန့်သတ်ချက်က သုံးရက်ပဲ ကျန်တော့တယ်.. ဒီသုံးရက်အတွင်း ဆေးဝါးတွေ မပို့နိုင်ရင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို ပိတ်သိမ်းရမယ်"

"ယွီထိုက်.. ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက မင်းတို့ ယွီမိသားစုနဲ့ သဘောတူထားတဲ့ အချိန်ကန့်သတ်ချက်ကို ရောက်ဖို့ သုံးရက် ကျန်ပါသေးတယ်.. မင်းက လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမရဲ့ တံခါးဝဆီ မင်းလူတွေကို ခေါ်လာတာက ဘာသဘောလဲ"

လခြမ်းတံဆိ ပ်ကုန်သွယ်ရေးခန်းမ ဘက်မှ ဆံဖြူ အဘိုးအိုက ယွီထိုက်နှင့် တခြားသူများကို ကြည့်ကာ ပြောလိုက်သည်။

သူ၏ မျက်နှာတွင် ယွီထိုက်တို့ လူစုကို မနှစ်မြို့သည့်အရိပ်အယောင်များ ထင်ဟပ်နေ၏။

"ဟားဟား.. ငါတို့ ယွီမိသားစုက မင်းတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို အချိန် သုံးရက် ပေးရင်ရော မင်းတို့ ဘာလုပ်နိုင်မှာမို့လဲ"

"မင်းတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ လက်ရှိ အခြေအနေကို ကြည့်ရင် ငါတို့ လိုအပ်တဲ့ ဆေးဝါးတွေကို အချိန်မီ ပေးပို့နိုင်မှာ မဟုတ်လောက်ဘူး"

ယွီထိုက်က မထီမဲ့မြင်ပြုကာ ရယ်မောလိုက်သည်။

"အဘိုးကြီး.. မင်းကို ငါ အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောချင်ဘူး.. ယွဲ့ယန်ချန်ကို ချက်ချင်း ငါ့ဆီ လာတွေ့ခိုင်းပါ.. မဟုတ်ရင် ငါ့ကို ယဥ်ကျေးမှုမရှိဘူး ဆိုပြီး အပြစ်မတင်နဲ့"

"ငါတို့ ဥက္ကဋ္ဌက လက်ရှိ ဒီမှာရှိမနေပါဘူး.. မင်းအနေနဲ့ သုံးရက်ကြာမှာ ငါတို့ဆီ လာသင့်တယ်"

ဆံဖြူ အဘိုးအိုက အေးစက်စွာ ပြောလိုက်သည်။

"အခုကနေစပြီး သုံးရက်အကြာမှာ ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက ယွီမိသားစုကို ရှင်းပြချက် ပေးမယ်.. မင်းအနေနဲ့ အခု ပြန်လို့ရပြီ"

ယွီထိုက်က မဲ့ပြုံးပြုံး၍ မောက်မာစွာ ပြောလိုက်သည်။

"ငါ မသွားတော့ရော မင်းတို့ ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"

"ယွီထိုက်.. မင်းသိပ်မလွန်လာနဲ့"

"မင်းတို့ ယွီမိသားစုက ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို ပူးပေါင်းကြံစည်ဖို့ သူတော်စင်နဂါး ကုန်သွယ်ရေးခန်းမနဲ့ ပူးပေါင်းတာကို ငါတို့ မသိဘူးလို့ မင်းထင်နေလား"

"မင်းတို့ ယွီမိသားစုက ဇူလုံမြို့မှာ နာမည်ကြီးတဲ့ ကိုယ်ခံပညာမိသားစု ဖြစ်ပေမဲ့ အခုတော့ မင်းတို့က သူတော်စင်နဂါး ကုန်သွယ်ရေးခန်းမရဲ့ ခွေးတစ်ကောင် ဖြစ်လာခဲ့ပြီ.. ဒါက ရှက်စရာကောင်းတယ်လို့ မထင်ဘူးလား"

မောက်မာသော ယွီထိုက်ကို ကြည့်ပြီး ယွဲ့ယန်ချန်သည် ရှေ့တက်ကာ ဒေါသတကြီး အော်ငေါက်လိုက်သည်။

"ယွဲ့ယန်ချန်.. မင်း နောက်ဆုံးတော့ ပေါ်လာပြီပေါ့.. ငါက မင်းကို လိပ်တစ်ကောင်လို ပုန်းနေမယ်လို့ ထင်ထားခဲ့တာ.."

ယွီထိုက်က ယွဲ့ယန်ချန်ကို မထီမဲ့မြင် ကြည့်ကာ ရယ်မောလိုက်သည်။

ထိုခဏတွင် သူ၏ မောက်မာသော အသံသည် လူတိုင်း၏ နားထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွား၏။

"ငါက အခု မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်.. သဘောတူထားတဲ့အတိုင်း ကုန်ပစ္စည်းကို ပို့ဆောင်မှာလား.. ဒါမှမဟုတ် အကြွေးကို ပြန်ဆပ်ဖို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ တစ်ခုလုံးကို အသုံးပြုမှာလား.. မင်းကိုယ်တိုင် ကြိုက်တဲ့တစ်ခုကို ရွေးချယ်နိုင်တယ်"

အခန်း(၃၄၁) ပြီး၏

All Chapters