← Chapters

အခန်း (၃၄၂)

Vol. 23 Ch. 342

အခန်း (၃၄၂)

Vol. 23 Ch. 342

"ဒီတစ်ခေါက်တော့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ ပြီးဆုံးသွားပြီ ထင်တယ်"

"ဟုတ်တယ်.. ယွီမိသားစုက ဒီတစ်ခေါက် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို ပစ်မှတ်ထားတာလို့ ပြောကြတယ်.. ဒါပေမဲ့ တကယ်တမ်းမှာ သူတော်စင် နဂါးကုန်သွယ်ရေး ခန်းမက နောက်ကွယ်ကနေ ကြိုးကိုင်နေတာပဲ"

"လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက သူတော်စင်နဂါးကုန်သွယ်ရေးခန်းမရဲ့ လုပ်ကွက်ထဲကို ဝင်လာမှတော့ သူတော်စင်နဂါး ကုန်သွယ်ရေးခန်းမက ဘယ်လိုလုပ်ပြီး ခွင့်ပြုနိုင်မှာလဲ.. လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမအနေနဲ့ သူတော်စင်နဂါး ကုန်သွယ်ရေးခန်းမရဲ့ မျက်စိအောက်မှာ ကြီးပွားချင်တာကတော့ အိပ်မက်ပဲမက်နေတာနဲ့ အတူတူပဲ"

ယွီထိုက်၏ အလွန်မောက်မာသော အသံကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေသူ အားလုံးသည် ခေါင်းတစ်ခါခါဖြင့် သက်ပြင်းချလိုက်ကြသည်။

အမြဲတမ်းလိုလိုပင် သူတော်စင် နဂါးကုန်သွယ်ရေး ခန်းမသည် စစ်မှန်သော နဂါးနိုင်ငံကို လွှမ်းမိုးထားပြီး စစ်မှန်သော နဂါးနိုင်ငံ၏ စီးပွားရေးကို လုံးဝ လက်ဝါးကြီး အုပ်ထားသည်။

ထို့ကြောင့် သူတော်စင် နဂါး ကုန်သွယ်ရေးခန်းမရှိ ပစ္စည်းများ၏ ဈေးနှုန်းများသည် ရယ်စရာကောင်းလောက်အောင်ပင် မြင့်မားနေသည်။

ကျင့်ကြံသူများသည် သူတော်စင် နဂါးကုန်သွယ်ရေး ခန်းမ၏ လက်ဝါးကြီးအုပ် အမြတ်ထုတ်မှုကြောင့် မကျေနပ်မှုများ ပြည့်နှက်နေခဲ့ကြသည်။

ထို့ကြောင့် ဤအခြေအနေကို ဖျက်ဆီးနိုင်မည့် လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမ ဝင်ရောက်လာသောအခါ သူတို့ ဝမ်းမြောက်နေကြ၏။

သို့သော်လည်း သူတော်စင် နဂါးကုန်သွယ်ရေး ခန်းမသည် ဤအခြေအနေကို မြင်လိုခြင်း မရှိသည်မှာ ထင်ရှားသည်။

ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူတို့သည် ယွီမိသားစုကို အသုံးချ၍ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို ဖယ်ရှားရန်ကြံစည်ခဲ့ခြင်းပင်။

လက်ရှိအခြေအနေပရ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမအနေဖြင့် ဇူလုံမြို့တွင် ရှင်သန်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။

"ယွီထိုက်.. ငါတို့တွေ တစ်ယောက်နဲ့ တစ်ယောက် သဘောတူထားတဲ့ အချိန် မရောက်သေးဘူးလို့ ငါထင်တယ်"

ယွဲ့ယန်ချန်က နှာခေါင်းရှုံကာ အေးစက်စွာ ပြောလိုက်သည်။

"ငါတို့ သဘောတူထားတာ သုံးရက်တောင် ကျန်သေးတယ်"

"မင်းတို့ယွီမိသားစုက ဒီလောက်လေးတောင် စိတ်မရှည်ကြတော့ဘူးလား"

"ဒါပေမဲ့ မင်းတို့ကို အချိန် သုံးရက်ပေးလည်း ရလဒ်က ထူးခြားသွားမယ်လို့ မင်းထင်နေလား"

ယွီထိုက်က အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။

"မင်းတို့ လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမက သုံးရက်အတွင်း စတုတ္ထအဆင့် ဆေးလုံး ဒါဇင်ပေါင်း များစွာကို သန့်စင်နိုင်မယ်လို့ ငါ မယုံကြည်ဘူး"

"လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမ အနေနဲ့ သုံးရက်အတွင်း ဆေးလုံးကို ပေးပို့နိုင်မလား ဆိုတာက ငါတို့ရဲ့ ကိုယ်ပိုင်ကိစ္စပါ"

ယွဲ့ယန်ချန်၏ ဒေါသတကြီး ပြောလိုက်သည်။

"အခုချိန်မှာတော့ မင်းရဲ့ လူတွေကို ခေါ်ပြီး ပြန်သွားပေးပါ"

"မင်းက ငါ့ကို သွားခိုင်းတိုင်း ငါက သွားရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ"

ယွီထိုက်က မထီမဲ့မြင် ပြုံးလိုက်ပြီး မောက်မာစွာ ပြောလိုက်သည်။

"ဒီနေ့ ငါက အကြီးအကဲရဲ့ အမိန့်နဲ့ ပစ္စည်းလာယူတာပဲ.. မင်းတို့ မပေးနိုင်ရင် မင်းတို့ရဲ့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို ငါ ဖျက်ဆီးပစ်မယ်"

သဘောမတူလျှင် တစ်ခုခုလုပ်မည့်ဟန် စိုင်းပြင်းနေသော ယွီထိုက်၏ အမူအရာကို မြင်လိုက်ရလျှင် ယွဲ့ယန်ချန်သည် ကျဥ်းထဲကျပ်ထဲ ရောက်ရှိသွားခဲ့သည်။

"ဟားဟား.. ယွီမိသားစုက ဘာမို့လို့လဲ"

"လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက မင်းတို့တွေ ဖျက်ဆီးချင်တိုင်း ဖျက်ဆီးလို့ရတဲ့အရာ မဟုတ်ဘူး.. ဒီနေ့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို ဘယ်သူအကဲစမ်းချင်လဲ ငါကြည့်ချင်တယ်"

ယွီထိုက်၏ စကားသံ မဆုံးမီ လေထဲတွင် ခနဲ့တဲ့တဲ့ အသံတစ်သံက တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့အားသင့်သွားကြ၏။

ယွီထိုက်၏ အမူအရာက ချက်ချင်းပင် မှောင်မိုက်သွားခဲ့သည်။

သူက အသံလာရာဆီသို့ လှည့်ကြည့်လိုက်ရာ ယွဲ့ယန်ချန်၏ နောက်ကနေ ဖြည်းဖြည်းချင်း ရှေ့တက်လာသော ကျန်းချန်ကို တွေ့လိုက်ရသည်။

"ဘယ်က ကလေကဝက ငါတို့ ယွီမိသားစုရဲ့ ကိစ္စကို ဝင်ရောက်စွက်ဖက်ရဲတာလဲ.. အသက်ရှင်နေရတာ စိတ်မပါတော့ဘူး ထင်တယ်"

ယွီထိုက်၏ အမူအရာက အေးစက်သွား၏။

သူက ကျန်းချန်ကို ပြင်းထန်စွာ အော်ငေါက်လိုက်သည်။

"နောက်သုံးရက်ကြာရင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက သဘောတူထားတဲ့အတိုင်း မင်းတို့ ယွီအိမ်ကို ဆေးဝါးတွေ ပို့ပေးမယ်"

ကျန်းချန်က ယွီထိုက်၏ ပြင်းထန်သော အော်ငေါက်သံကို လျစ်လျူရှုလိုက်သည်။

သူက ယွီထိုက်ကို ပေါ့ပါးစွာ ကြည့်၍ ပြောလိုက်သည်။

"အခုတော့ မင်းလူတွေကို ခေါ်ပြီး ပြန်သွားလို့ရပြီ"

"ကောင်လေး.. မင်းက ဘာကောင်မို့ ငါ့ရှေ့မှာ မောက်မာရဲတာလဲ"

ယွီထိုက်က ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ချက်ချင်းပင် လူသတ်လိုစိတ်များ ဖြစ်လာခဲ့၏။

"ဒီနေ့ ငါက လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမကို ဖျက်ဆီးမယ် ဆိုရင်ရော မင်းဘာတတ်နိုင်လဲ "

"မင်း စမ်းကြည့်လို့ရတယ်"

ကျန်းချန်က ယွီထိုက်ကို မဲ့ပြုံးပြုံး၍ ကြည့်လိုက်သည်။

ထိုခဏတွင် သူ၏ မောက်မာသော စကားသံသည် လေထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားသည်။

"ဒါပေမဲ့ မင်းရဲ့အဆင့်က လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှာ ရိုင်းစိုင်းဖို့ အရည်အချင်း မရှိဘူး"

အခန်း(၃၄၂) ပြီး၏

All Chapters