← Chapters

အသေ ရိုက်သတ်ခြင်း

Vol. 3 Ch. 29

အသေ ရိုက်သတ်ခြင်း

Vol. 3 Ch. 29

" နတ်ဆိုးဘုရင်ကြီးကို ကြိုဆိုပါတယ် "

ဟူသော စကားကြောင့် လောမိသားစု စိတ်ဓာတ်ကျသွားကြသည်။

" ဒီကောင်က ရှန်းဝူနန်းတော်ကဆိုတာ သေချာသလောက်နီးပါး ဖြစ်သွားပြီ "

လောဖုန်း၏မျက်နှာ ဖြူဖျော့သွားသည်။

" ဘုရင်ရှန်းဝူ က အမှန်တကယ်ကို အစွမ်းထက်တာပဲ ။လောမိသားစုအတွက် မျှော်လင့်ချက် ရှိပါဦးမလား "

တတိယ အကြီးကဲမှာလည်း ထိတ်လန့်တုန်လှုပ်နေ၏ ။

ပထမအကြီးအကဲက လက်သီးဆုပ်ကာ ပြောလိုက်သည်။

" စိတ်မပူပါနဲ့ ... လောထျန်းရဲ့ အရည်အချင်းနဲ့ဆိုရင် နောက်အနှစ် နှစ်ဆယ် ၊ သုံးဆယ်အတွင်းမှာ လောမိသားစုက ပြန်ပြီး တောက်ပလာပါလိမ့်မယ်။ ကျုပ်တို့တွေရဲ့ စတေးမှုက အချည်းနှီးဖြစ်မှာ မဟုတ်ပါဘူး "

" ဒါ အမှန်ပဲ ။ ကျုပ်တို့ရဲ့ သေဆုံးမှုက လောထျန်းအတွက် အားဆေး ဖြစ်နိုင်မှာပါ ။ လောရုံ .. မင်း ထွက်မသွားလိုက်နိုင်တာတော့ စိတ်မကောင်းပါဘူးကွာ "

ဒုတိယအကြီးကဲက လောရုံအား လှည့်ကြည့်လိုက်သည်။

လောရုံသည် ဆဋ္ဌမ အကြီးကဲနှင့်အတူ ထွက်သွား၍ရသော်လည်း မသွားဘဲ အကြီးကဲများနှင့် အတူတူ ပြဿနာကို ရင်ဆိုင်ရန် တမင်နေခဲ့ခြင်းဖြစ်သည်။

" သခင်ကြီး နဲ့ အကြီးအကဲတို့ စိတ်မကောင်း မဖြစ်ကြပါနဲ့ဗျာ ။ ဒါ ကျုပ်ကိုယ်တိုင် ရွေးချယ်ခဲ့တာပါ ။ သခင်လေးက ကျုပ်ရဲ့ အကိုကြီးတစ်ယောက်လိုပါပဲ ။ သခင်လေးရဲ့အဖေက ကျုပ်တို့အတွက် အသက်ကိုစတေးနေတာကို ကျုပ် ဘာမှမလုပ်ဘဲ ကြည့်မနေနိုင်ဘူးဗျ ။ ပြီးတော့ ကျုပ်ကလဲ လောမိသားစုဝင်တစ်ယောက်ပဲလေ ။ သေရမှာ မကြောက်ပါဘူး "

လောရုံက ဂုဏ်ယူစွာ ပြောလိုက်သည်။

" လောရုံ မင်းက လူတော်လေးပဲ "

အကြီးအကဲများ ခေါင်းညိတ်ကာ ချီးမွှမ်းလိုက်ကြသည်။

ထိုစဥ် လေထဲတွင်ပင် ရှိနေသေးသည့် နျိုဝူဖုန်း၏အကြည့်က အဘိုးအိုထံသို့ ရောက်သွား၏။

အဘိုးအိုက သူ့အား ဝမ်းသာအားရ ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။

" မင်းက ငါ့ကို သိလို့လား "

နျိုဝူဖုန်းက မေးလိုက်သည်။

" သိပါတယ် ။ ကျုပ်က ရှန်းဝူနန်းတော်က အရာရှိတစ်ယောက်ပါ ။ နတ်ဆိုးဘုရင်ဆိုတဲ့နာမည်ကို ကျုပ်ကြားဖူးနေတာ ကြာပြီ။ ခုမှပဲ လူကိုယ်တိုင် တွေ့ခွင့်ရတော့တယ်ဗျာ ။ နတ်ဆိုးဘုရင်က အများပြောကြသလို တကယ်အစွမ်းထက်တဲ့ သူပါပဲ "

အဘိုးအိုက မြှောက်ပင့်၍ ချီးကျူးစကား ဆိုလိုက်သည်။

သို့သော် သူ နျိုဝူဖုန်းက အေးစက်စက်သာ ပြန်ပြော၏ ။

" ရှန်းဝူ နန်းတော် ဟုတ်လား .. ငါလဲ ကြားဖူးတယ် ။ တစ်ခု မေးပါဦးမယ် .. ဒါ ပျောင်ပိုင်မြို့လား "

အဘိုးအိုက ဦးညွှတ်၍

" ဟုတ်ပါတယ် ၊ ဒါ ပျောင်ပိုင်မြို့ပါ "

ဟု ပြန်ဖြေလိုက်သည်။

နျိုဝူဖုန်းက ဆက်၍

" ဒါဆို ဒီမြို့မြောက်ပိုင်းမှာ လောမိသားစုဆိုတာ ရှိမှာပေါ့ ။ မင်း သူတို့ကို သိလား "

ဟု မေးလိုက်သည်။

အဘိုးအို အလွန်ဝမ်းသာ သွား၏။

နတ်ဆိုးဘုရင်က လောမိသားစုအကြောင်းကို မေးလိုက်သည်လား .. ။ သူသည် လောမိသားစုကို ဖျက်ဆီးရန်အတွက် လာခဲ့ခြင်းသာ ဖြစ်ရပေသည်။

" နတ်ဆိုးဘုရင်ကို သတင်းပို့ပါတယ် ။ ဒီနေရာက လောမိသားစုအိမ်တော်ပါ ။အောက်မှာ ရှိနေကြတဲ့ လူတွေအားလုံးက လောမိသားစုဝင်တွေပဲ "

အဘိုးအိုက ပြောလိုက်သည်။

" ဟင် "

နျိုဝူဖုန်း ၏ မျက်လုံးများ အရောင်လက်သွားကာ မြေပေါ်သို့ ချက်ချင်း ဆင်းသက်လိုက်သည်။

ကျင့်ကြံသူ သုံးဦးကလဲ သူနှင့် မရှေးမနှောင်းပင် ဆင်းသက်လိုက်ကြသည်။

နတ်ဆိုးဘုရင် ဆင်းလာသည်ကို မြင်သောအခါ လောမိသားစုဝင်များ ကြောက်လန့်တကြား လက်သီးဆုပ်လိုက်ကြသည်။ သို့သော် သူ့တို့၏ မျက်နှာများကမူ ဟန်မပျက်ဘဲ တည်ငြိမ်စွာ ရှိနေကြ၏ ။

သေရမည်ဆိုလျှင်ပင် ဂုဏ်သိက္ခာဖြင့် သေရခြင်းက ပိုကာင်းသည် မဟုတ်ပါလား ။

နျိုဝူဖုန်းက အားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ဦးညွှတ်၍ ပြောလိုက်သည်။

" လောမိသားစုရဲ့ ခေါင်းဆောင်က ဘယ်သူလဲဆိုတာ ​ကျုပ် သိခွင့်ရှိမလားခင်ဗျာ "

ဟင် ...

ထိုလူက မည်သည့်အတွက်ကြောင့် ဤမျှ ယဥ်ကျေးနေရပါသနည်း ။

အားလုံး အံ့သြမှင်သက်သွားကြသည်။

" ကျုပ်က လောမိသားစုရဲ့ခေါင်းဆောင် ၊ လောဖုန်းပါ "

လောဖုန်းက ခေါင်းမော့ကာ ဖြေလိုက်သည်။

သူ့ရင်ထဲတွင် ကြောက်စိတ်များ ကြီးစိုးနေသည့်တိုင် မျက်နှာပေါ်သို့ ထုတ်ပြ၍ မဖြစ်ပါချေ။

" ဒါဆို လောထျန်းက သခင်ကြီးနဲ့ ဘယ်လိုများ ပတ်သက်လဲဗျာ "

နျိုဝူဖုန်းက သူ့ကိုကြည့်ကာ ဂရုတစိုက် ထပ်မေးလိုက်သည်။

" လောထျန်းက ကျုပ်ရဲ့ သားပဲ "

လောဖုန်းက ဂုဏ်ယူစွာ ပြော၏ ။

သူ့သားအကြောင်း ပြောနေရလျှင် သူ အမြဲတမ်း ဂုဏ်ယူနေမည်ဖြစ်သည်။

" ဟား ဟား .. ဒီအရူးက အခုထိတောင် မာန်မလျှော့သေးဘူး ။ သူက လောထျန်းရဲ့ အဖေမှန်းသာ နတ်ဆိုးဘုရင်ကြီး သိသွားရင် သူ့ကို ချက်ချင်းရိုက်သတ်ပစ်မှာ မကြောက်ဘူးနဲ့တူတယ် "

အဘိုးအိုက စိတ်ထဲမှ ကြိတ်ကာ လှောင်ရယ်လိုက်သည်။

သို့သော် ထိုအချိန်တွင် နျိုဝူဖုန်းက လောဖုန်းရှေ့၌ ဒူးထောက်ချကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။

" အဘိုး .. ကျုပ်က အဘိုးရဲ့ မြေး ၊ နျိုဝူဖုန်းပါ ။ ကျုပ် ဂါရဝပြုပါတယ် "

နှိုဝူဖုန်းက အရိုအသေပြုလျက် ပြောလိုက်သည်။

သူ ဒူးထောက်လိုက်သည်နှင့် လောမိသားစု အိမ်တော်တစ်ခုလုံးပင် တုန်ခါသွား၏ ။

အဖိုး ...

မြေး ...

နတ်ဆိုးဘုရင်က လောဖုန်း၏ မြေးတဲ့လား ..

သို့သော် ထိုလူမှာ နတ်နွားတစ်ကောင်ဖြစ်ပြီး လောဖုန်းက လူသားတစ်ယောက်ပင် .. ။

" သခင်ကြီး .. ဒါ ဘယ်တုန်းက ဖြစ်သွားခဲ့တာလဲ "

ပထမအကြီးအကဲက လောဖုန်းအား ဘေးသို့ဆွဲခေါ်ကာ မေးလိုက်သည်။

" ဗျာ .. ဘယ်ဟာက ဘယ်အချိန် ဖြစ်ရမှာလဲဗျ "

လောဖုန်း အလွန်စိတ်ရှုပ်သွားသည်။

" မိသားစုခေါင်းဆောင်က  တကယ်အစွမ်းထက်တာပဲ ၊ ကျုပ် လေးစားပါတယ်ဗျာ "

ဒုတိယအကြီးကဲက နျိုဝူဖုန်းကိုကြည့်ကာ လောဖုန်းအား လက်မထောင်ပြလိုက်သည်။ သို့သော် သူ့မျက်နှာထက်မှ အပြုံးကမူ အနည်းငယ် ထူးဆန်းနေ၏ ။

" ဒုတိအကြီးကဲ .. ဘာကို ဆိုလိုတာလဲဗျ "

လောဖုန်းက ဒုတိယအကြီးကဲကို ကြည့်လိုက်သည်။

" သခင်ကြီး .. လူတစ်ယောက်ကို အပေါ်ယံရုပ်ရည်ပဲကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးလေ ။ ကျုပ်တို့က သခင်ကြီးကို .. ဟို .. အစားအသောက်နဲ့ ပတ်သက်ပြီး အရမ်းချေးများမယ်လို့လဲ မမျှော်လင့်ထားပါဘူး "

တတိယအကြီးကဲကလည်း အံ့အားသင့်နေရာမှ ကမန်းကတန်း ဝင်ရှင်းလိုက်သည်။

ထိုအချိန်မှသာ သူတို့ ဆိုလိုသည့်အဓိပ္ပါယ်ကို လောဖုန်း သဘောပေါက်သွား၏။

" အကြီးကဲတို့ .. အထင်လွဲနေပါပြီဗျာ ။ မင်းက ဘယ်သူလဲ ။ ဘာဖြစ်လို့ ကျုပ်ကို အဖိုးလို့ ခေါ်နေတာလဲ "

လောဖုန်းမှာ နျိုဝူဖုန်းအား မည်သို့ ခေါ်ရမည်ကိုပင် မသိတော့ချေ။

နျိုဝူဖုန်း ခေါင်းမော့လာကာ မေးသည်။

" လောထျန်းက အဖိုးရဲ့ သားမဟုတ်လား "

လောဖုန်း ခေါင်းညိတ်လိုက်၏ ။

" ဟုတ်တယ်လေ "

နျိုဝူဖုန်း စကားဆက်လိုက်သည်။

" လောထျန်းက ကျုပ်အမေရဲ့ အကိုကြီး ၊ ကျုပ် ဦးလေးပဲဗျ ။ ဆိုတော့ သခင်ကြီးက ကျုပ်အဖိုးပေါ့ဗျာ "

" ဘာတွေဖြစ်နေလဲဆိုတာ ကျုပ် .. သေချာနားမလည်သေးဘူး ။ အရင်ဆုံး ထပြီး ဖြည်းဖြည်းချင်း ပြောပါ "

လောဖုန်းမှာ အလွန်စိတ်ရှုပ်နေသည်။

နျိုဝူဖုန်းက ဖြည်းဖြည်းချင်း ထရပ်ကာ သူနှင့် လောထျန်းတို့အကြောင်း အားလုံးကို ပြောပြလိုက်သည်။

ထို့နောက်မှသာ အဖြစ်ပျက် အလုံးစုံကို လောမိသားစုဝင်များ ဇာတ်ရည်လည်သွားကြ၏ ။

တစ်ချိန်တည်းမှာပင် သူတို့ ပို၍လည်း အံ့သြတုန်လှုပ်သွားကြရသည်။

လောထျန်းက ထုံရွှယ်အဆင့်ရှိ နတ်သားရဲတစ်ကောင်ကိုပင် ဖိနှိပ်နိုင်နေသည်လား ။

ထိုမျှမက နှစ်ပေါင်းငါးရာကျော် အသက်ရှင်နေခဲ့သည့် နတ်သားရဲတစ်ကောင်ကပင် သူ့အား အကိုကြီးအဖြစ် သတ်မှတ်လာအောင် လုပ်နိုင်ခဲ့၏ ။

လောထျန်းက သူတို့ထင်ထားသည်ထက် များစွာပိုအစွမ်းထက်နေဟန်ပင် ။

" အဖိုး .. ဒါနဲ့ .. ဒီလူတွေကရော လောမိသားစုကပဲလား ။ ဒိလူတွေက ရန်လိုနေတယ်လို့ ကျုပ် ဘာလို့ ခံစားနေရတာလဲ မသိဘူး "

နျိုဝူဖုန်းက ကောင်းကင်ထိန်းချုပ်အဆင့်မှ ကျင့်ကြံသူသုံးယောက်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

လောဖုန်းက မြန်မြန်ပြန်ဖြေ၏။

" မဟုတ်ဘူးကွ ၊ သူတို့က လောမိသားစုကို ဖျက်ဆီးဖို့ ရောက်နေကြတာ "

" ဘာ .. "

ထိုစကားကို ကြားသည်နှင့် နျိုဝူဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့တစ်ကိုယ်လုံး စွမ်းအင်များဖြင့် ပြည့်လာသည်။

" ငါ့အဖိုးရဲ့ မိသားစုကို ဖျက်ဆီးချင်တယ်ပေါ့လေ ။ မင်းတို့ သုံးယောက်က တော်တော်အတင့်ရဲနေတာပဲ "

နျိုဝူဖုန်းက ထိုသုံးယောက်ရှေ့တွင် မတ်တပ်ရပ်ကာ သူတို့ကို ငုံ့ကြည့်လိုက်သည်။

ထိုအချိန်တွင် သူတို့သုံးယောက်မှာ အံ့သြမှင်သက်နေကြ၏ ။

ထျန်းတန့်တောင်မှ နတ်ဆိုးဘုရင်က လောမိသားစုသို့လာကာ ကာကွယ်ပေးလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ပါချေ။

ပို၍ ဒေါသထွက်စရာ ကောင်းသည်မှာ နတ်ဆိုးဘုရင်က လောဖုန်းအား အဖိုးဟု ခေါ်နေခြင်းဖြစ်သည် ။

ထိုနတ်ဆိုးဘုရင်မှာ လောဖုန်းထက်ပင် အသက်ပိုကြီးမည့်ပုံပင်။

" သွားကြစို့ "

သူတို့သုံးယောက်ထဲမှ အကြီးဆုံး အဘိုးကြီးက အရင်ဆုံး လှုပ်ရှားသွားကာ နောက်လှည့်၍ ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် ..

ဝုန်း ...

နျိုဝူဖုန်းက လက်ကိုဆန့်ထုတ်ကာ အဘိုးကြီးအား ချက်ချင်း ဖမ်းဆုပ်လိုက်သည်။

" သခင်ကြီး နတ်ဆိုးဘုရင် ၊ ကျေးဇူးပြုပြီး သနားညှာတာပေးပါနော် ။ကျုပ်က ရှန်းဝူနန်းတော်က ခိုင်းလို့သာ လုပ်ရတာပါ "

အဘိုးအိုက သနားငဲ့ညှာရန် တောင်းပန်လိုက်သည်။

" ရှန်းဝူနန်းတော် ဟုတ်လား  ။ မင်းက ကျုပ်အဖိုးကို လာပြီး ရှုပ်ရဲနေသေးတယ်။ ဘုရင်ရှန်းဝူ ကိုယ်တိုင် လာမယ်ဆိုရင်တောင် ကျုပ်က သူ့ကို အသေသတ်ပစ်ရမှာပဲ "

နျိုဝူဖုန်းက ပြောပြောဆိုဆိုပင် လက်ကို အားထည့်၍ ညှစ်လိုက်သည်။

ဝုန်း ..

အဘိုးအို၏ ခန္ဓာကိုယ်က ချက်ချင်းပင် သွေးမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး နေရာတွင်ပင် သေဆုံးသွားတော့သည်။

" ဟင် .. "

ထိုအခြင်းအရာကို မြင်လိုက်ရသည့် ကျန်နှစ်ယောက်မှာ အလွန်ကြောက်ရွံ့ တုန်လှုပ်သွားကြသည်။

ကောင်းကင်ထိန်းချုပ်အဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က ဤမျှ အလွယ်တကူ အသတ်ခံလိုက်ရသည်လား .. ။

" ယား  .. "

ထိုစဥ် တစ်ဖက်တွင် ရှိနေသည့် ဆံနီဝိဥာဥ်မှာ ရှောင်တိမ်း၍ မရတော့သည်ကို သိသွားကာ နျိုဝူဖုန်းထံသို့ ဓားတစ်လက်ဖြင့် တိုးဝင်သွားသည်။

" သတိထား "

လောဖုန်းနှင့် အခြားသူများ သံပြိုင်အော်ကာ သတိပေးလိုက်ကြ၏။

သို့သော် ...

ဆံနီဝိဥာဥ်၏ ဓားက နျိုဝူဖုန်း၏ ခေါင်းကို ရိုက်မိသွားသော်လည်း ၎င်းက သူ့အကာအကွယ် အလင်းတန်းကိုပင် မချိုးဖျက်လိုက်နိုင်ပါချေ။

ထိုအစား ဆံနီဝိဥာဥ်၏ လက်ကောက်ဝတ်သာ ကျိုးကြေသွားပြီး သွေးများ စီးကျလာ၏။

" ဟင် ... မင်း .. "

သူက နျိုဝူဖုန်းအား ထိတ်လန့်တကြား ကြည့်လိုက်သည်။

" မင်းက ငါ့ကို ဓားနဲ့ ထိုးခဲ့တာဆိုတော့ အခု ငါ့အလှည့်ပေါ့ကွာ "

နျိုဝူဖုန်းက သူ့အား အေးစက်စက်ကြည့်ကာ လက်ထဲမှ တင်းပုတ်ကို မြှာက်လိုက်သည်။

ဘုန်း ..

တစ်ချက်တည်းဖြင့်ပင် ဆံနီဝိဥာဥ် အရိုးနှင့် အသားများ ညက်ညက်ကြေသွားတော့သည်။

All Chapters