← Chapters

နတ်ဆိုးဘိုးဘေးဘုရားကျောင်း

Vol. 53 Ch. 735

နတ်ဆိုးဘိုးဘေးဘုရားကျောင်း

Vol. 53 Ch. 735

Translator - Hsue Htet

“စစ်မှန်သောပြည့်ရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်!”

ဝမ်ဖုန်း၏မျက်လုံးအစုံ၌ အေးစက်သည့် အလင်းတစ်စ ဖြတ်ပြေးသွားခဲ့ပြီး ခပ်ဖျော့ဖျော့ ရေရွတ်လိုက်သည်။

ဝမ်ဖုန်း၏ကျင့်ကြံဆင့်မှာ ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်သာ ဖြစ်သော်ငြား စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့် ကျင့်ကြံသူအား မကြောက်ရွံ့ပါချေ။ သို့သော် နတ်ဆိုးဘိုးဘေးဘုရားကျောင်း၏ အကြီးအကဲ၅‌ဦး ပူးပေါင်းတိုက်ခိုက်လျှင်မူ ဝမ်ဖုန်းသည်လည်း လျစ်လျူမရှုနိုင်ပါတော့ချေ။

“အရင်သွားကြည့်ကြတာပေါ့”

ဝမ်ဖုန်း လက်ဝှေ့ယမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

ဘိုးဘေးငှားရမ်းခြင်း လုပ်ဆောင်ချက်ကို အသုံးပြုခြင်းငှာ ကိစ္စကြီးဖြစ်၏။ နတ်ဆိုးဘိုးဘေးရတနာဟူသော အရာကို ရရှိနိုင်ရန်အတွက် ဝမ်ဖုန်းမှာ ‌သွေးပျစ်ခဲနတ်သစ်သီးကဲ့သို့သော နတ်ပစ္စည်းကို ထုတ်ပေးထားခဲ့ပြီးဖြစ်သည်။ သို့တိုင် နတ်ဆိုးဘိုးဘေးရတနာကို မရယူနိုင်ခဲ့လျှင် ဤသည်မှာ ဆုံးရှုံးမှုကြီး မဟုတ်ပါလော။

ဝမ်ဖုန်း၏စကားအဆုံး၌ ယွဲ့ယင်း ခေါင်းညိတ်သည်။ သူမ၏ခန္ဓာကိုယ်သည် အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး နတ်ဆိုးဘိုးဘေးဘုရားကျောင်းသို့ ဦးတည်သွား၏။ ဝမ်ဖုန်းတို့သည်လည်း ယွဲ့ယင်းနောက်မှ လိုက်သွားခဲ့သည်။

သွေးမျှော်စင်ဒုတိယထပ်၏ အတွင်းပိုင်း၌ တိမ်စိုင်သို့တိုင် ထိစပ်နေသည့် ရှေးဟောင်းတေင်တန်းကြီး ရှိသည်။ ထက်ရှသောဓားသွားများ ကောင်းကင်သို့ ဦးတည်နေသည့်အလား ခမ်းနားထည်ဝါသည်။ သန်မာသော သစ်ပင်အိုကြီးများလည်း ပေါက်ရောက်နေရာ တောင်တန်းတစ်ခုလုံးအား တောရိုင်းကြီးတစ်ခုကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်နေစေသည်။

တောင်တန်းအတွင်းပိုင်းထဲ၌ ရှေးဟောင်းဘုရားကျောင်းကြီးတစ်ခု ရှိသည်။ ဘုရားကျောင်းကြီးကို မည်းနက်သောကျောက်တုံးကြီးများဖြင့် ဆောက်လုပ်ထား၏။ ကျောက်တုံးများထက်တွင် မျဉ်းကြောင်းများ ထွင်းထုထားပြီး အလင်းဖျော့ဖျော့စီးဆင်းနေကာ အသက်ဝင်ပေသည်။ ၎င်းအခြင်းအရာများသည် ဘုရားကျောင်းကို အလွန်တရာ လျှို့ဝှက်ဆန်းကြယ်၍ ပဟေဠိဆန်စေ၏။

ဘုရားကျောင်းတစ်ဝိုက်တွင် သစ္စာရှိအစောင့်အရှောက်များအလား ခိုင်မာစွာရပ်တည်နေသည့် သစ်ပင်အိုကြီးများ ရှိသည်။ ဘုရားကျောင်းကြီးထံမှ ရှင်းပြ၍မရနိုင်သော လေးမြတ်ကြည်ညိုဖွယ် အငွေ့အသက်များ စိမ့်ထွက်နေလျက် စိတ်လေးလံမှုကို ခံစားရစေသည်။ ဤနေရာသို့ သာမန်လူများ ဝင်ရောက်ခဲ့လျှင် ဤအငွေ့အသက်ကြောင့် ပြင်းစွာထိတ်လန့်သွားလောက်ပေသည်။

ပို၍အံ့ဩထိတ်လန့်ဖွယ်ကောင်းသည့် အချက်မှာ ဘုရားကျောင်းပတ်လည်တွင် တည်ရှိနေသည့် တိုင်ကြီး၅တိုင်ဖြစ်သည်။ တိုင်လုံးထက်တွင် တစ်မူထူးခြားသည့်သဏ္ဍာန်များကို ထွင်းထုထားပြီး ထိုသဏ္ဍာန်များအတွင်း၌ ပဟေဠိဆန်သော အမှန်တရားအချို့ ပါဝင်နေသည်။ တိုင်ထိပ်တွင် ရုပ်တုတစ်ခု ထိုင်နေ၏။ ၎င်းရုပ်တုသည် အိပ်ပျော်နေသည့်အလား မျက်လုံးများဖိတ်မှိတ်ထားသည်။ သို့သော်ငြား ၎င်းထံမှ ဝိဉာဉ်ကိုတုန်လှုပ်စေနိုင်သည့် စွမ်းအင်များ ဖြာထွက်နေခဲ့သည်။

သေချာဂရုတစိုက် လေ့လာအကဲခတ်ကြည့်ပါက ကမ္ဘာလောကကြီးပင်လျှင် ၎င်းရုပ်တုများထံမှ ထွက်ပေါ်နေသည့် စွမ်းအင်ကို ကြောက်ရွံ့နေသည့်အလား ထိုရုပ်တုတစ်ဝိုက်ရှိ လေဟာပြင်မှာ တွန့်လိမ်ပုံပျက်နေသည်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။

“ရှပ်!”

ထိုအခိုက်အတန့်၌ တိုင်ကြီး၅တိုင်ထိပ်တွင် ထိုင်နေသည့် ရုပ်တုကြီး၅ခုသည် တစ်စုံတစ်ခုကို သတိထားမိလိုက်သည့်အလား တစ်ပြိုင်နက်တည်း မျက်လုံးပွင့်လာကြသည်။ ပွင့်ဟလာသည့် မျက်လုံးအစုံတို့မှာ အလင်းတောက်ပနေကြပြီး သူတို့၏ရှေ့ရှိ လေဟာပြင်ကို ပုံဖော်ပြနေသည်။ မည်းနက်သောတွင်းပေါက်ကြီးများကဲ့သို့သော ၎င်းထက်ရှသည့် မျက်လုံးများသည် လူသူအပေါင်းကို တုန်လှုပ်စေနိုင်ပေသည်။။

သူတို့သည် ‌အထက်ကောင်းကင်သို့ ရုတ်ချည်း မော့ကြည့်လိုက်ကြသည်။ အရှိန်အဝါများ ဖြာထွက်ကြ၍ အနီးဝန်းကျင်ရှိ လေဟာပြင်မှာလည်း ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ရုပ်တုများ ထိုင်နေသည့် တိုင်ကြီး၅လုံးသည် အသက်ဝင်လာသည်ကဲ့သို့ ၎င်းတို့အပေါ်ရှိ မျဉ်းကြောင်းများမှာ နတ်အလင်းဖြင့် စီး‌ဆင်းနေသည်။  သို့ဖြင့် စိတ်လေးလံဖွယ် အငွေ့အသက်သည်လည်း ပို၍သိပ်သည်းပြင်းထန်လာခဲ့သည်။

“ဘယ်သူလဲ နတ်ဆိုးဘိုးဘေးဘုရားကျောင်းကို ကျူးကျော်ရဲတာ”

ဩဇာကြီးမားသော အသံတစ်ခုသည် လောကတစ်ခွင် မြည်ဟီးသွား၏။ အသံလှိုင်းများ၌ အင်အားကြီးမားသော စွမ်းအင်လှိုင်းများ ပါဝင်လေရာ အရပ်လေးမျက်နှာသို့ ရိုက်ခတ်ပျံ့နှံ့သွားသည်။ လေဟာပြင်သည် သာမန်မျက်လုံးဖြင့် မြင်တွေ့နိုင်သည်အထိ တွန့်လိမ်ပုံပျက်သွားခဲ့ပြီး ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများလည်း ဖြစ်တည်လာသည်။ ပို၍ပျံ့နှံ့လာသည်နှင့်အမျှ ကောင်းကင်ကြီး ပြိုကျတော့မည့်အလား ထင်မှတ်ရပေသည်။ အသံတစ်ခုတည်းသည်ပင် ဤမျှကြောက်မက်ဖွယ်သောအင်အားရှိလေရာ စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့် ကျင့်ကြံသူဟူသည် အမှန်တကယ်ပင် ကြောက်ခမန်းလိလိသော တည်ရှိမှုကြီး ဖြစ်တော့သည်။

အသံသည် မည်သည့်အရပ်မျှ ထွက်ပေါ်လာခဲ့သည် မသိရပေ။ ရုပ်တုကြီး၅ခုလုံးမှာ ဘာမျှမပြောခဲ့သည့်အတိုင်းပင်။ သူတို့၏မျက်လုံးများသာလျှင် ကောင်းကင်သို့ ကြည့်နေကြခြင်းဖြစ်သည်။

“ဆင့်ခေါ်!”

၎င်းအင်အားကြီးမားလှစွာသော အသံလှိုင်းကြီး ပျံ့နှံ့ရိုက်ခတ်သွားပြီးနောက် လေထုအား ဖြိုခွင်းသည့်အသံများ ရုတ်ချည်းထွက်ပေါ်လာပြန်သည်။ ထို့နောက် ကောင်းကင်ထက်တွင် ဝမ်ဖုန်းဦးဆောင်သည့် လူလေးယောက် ထွက်ပေါ်လာသည်။ ယွဲ့ယင်း၊ ကွေ့ဝူနှင့် ရွှမ်းယွမ်တို့သည် ဝမ်ဖုန်း၏ဘေးတွင် ရပ်နေကြသည်။

“သခင် အဲဒါက နတ်ဆိုးဘိုးဘေးဘုရားကျောင်းကို စောင့်ကြပ်နေတဲ့ အကြီးအကဲ၅ဦးပါ”

“အကြီးအကဲ သုန်းဖန်းရွှမ်းမု၊ အကြီးအကဲ ရှီးကန်းကျင့်၊ အကြီးအကဲ ပေမင်ဝူ၊ အကြီးအကဲ နန်ယောင်ဟော်နဲ့ အကြီးအကဲ ကျုံးမင်”

ဝမ်ဖုန်းတို့ ရောက်လာခဲ့ပြီးနောက် တိုင်ကြီး၅တိုင်ထက်ရှိ ရုပ်တု၅ခုကို မြင်တွေ့လိုက်ရသည်။ ထိုအခါ ယွဲ့ယင်းမှ အလျင်အမြန် ရှင်းပြလာခြင်းဖြစ်သည်။

ဝမ်ဖုန်း အသာခေါင်းညိတ်ပြလိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လျက် အကြီးအကဲ၅ဦးကို ကြည့်နေခဲ့သည်။ ဝမ်ဖုန်း အနည်းငယ် တုန်လှုပ်သွားခဲ့၏။ အကြီးအကဲ၅ဦးထံမှ အားကောင်းသည့် ခြိမ်းခြောက်မှုအငွေ့အသက်ကို ဝမ်ဖုန်း ခံစားမိသည်။ ဝမ်ဖုန်း၏ လက်ရှိကျင့်ကြံမှုအရ သာမန် စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့် ကျင့်ကြံသူပင်လျှင် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေပြီဖြစ်သည်။ မပြင်းထန်ရုံသာ ရှိ၏။ သို့သော် ဤအကြီးအကဲ၅ဦး၏ ကျင့်ကြံမှုအခြေခံမှာ သေချာပေါက် သာလွန်ထူးကဲပေသည်။

ဝမ်ဖုန်း၏နောက်တွင် ရပ်နေသည့် ရွှမ်းယွမ်နှင့် ကွေ့ဝူတို့သည်လည်း စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်၏ အင်အားကြီးမားသော အရှိန်အဝါကို ခံစားမိသောကြောင့် မထိန်းချုပ်နိုင်စွာဖြင့် ဝိဉာဉ်များတုန်ယင်လာကြသည်။ မျက်နှာအမူအရာတို့မှာ ထိတ်လန့်ကြောက်ရွံ့မှုများ ထင်ဟပ်သွားရကာ အကြီးအကဲ၅ဦးရုပ်တုများကို မကြည့်ဝံ့ကြပေ။

သူတို့၏အထုံပါရမီသည် ထိပ်တန်းအဆင့်ဖြစ်သော်ငြား ကျင့်ကြံဆင့်သည် သွေးနီရောင်ဧကရာဇ်အဆင့်မျှသာ ဖြစ်၏။ ရွှမ်းယွမ်သည် ကောင်းကင်ဘုံဧကရုဇ်အဆင့်သာ ဖြစ်သည်။ သို့ဖြစ်ရာ စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်၏ အရှိန်အဝါကို ခံနိုင်ရည် မရှိကြပေ။

အခြေခံဧကရာဇ်အဆင့်နှင့် ပျက်သုဉ်းခြင်းဧကရာဇ်၏ ကွာခြားမှုသည် အလွန်တရာ ကြီးမား၏။ လှုပ်ရှားချက်တစ်ခုစီတိုင်း၌ အင်အားကြီးမားသော အရှိန်အဝါများ ပါဝင်နေပြီး အခြေခံဧကရာဇ်အဆင့်အတွင်းရှိ ကျင့်ကြံသူများကို ကြောက်ရွံ့တုန်လှုပ်စေနိုင်သည်။

“နတ်ဆိုးမျိုးနွယ်စုဝင်တစ်ယောက်ဖြစ်ပြီးတော့  အပြင်လူတွေကို နတ်ဆိုးဘိုးဘေးဘုရားကျောင်းဆီ ခေါ်လာရဲတယ်ပေါ့လေ။ သေသင့်တဲ့လူပဲ!”

ရုပ်တု၏အသံ တစ်ဖန် ပဲ့တင်ထပ်လာပြန်သည်။ စကားလုံးများတွင် မီးတေင်ပေါက်ကွဲသည့်အလား ‌အမျက်ဒေါသများ ပါဝင်နေခဲ့ရာ ယခင်ကပင် တုန်ယင်နေခဲ့ပြီဖြစ်သော ရွှမ်းယွမ်တို့နှစ်ဦးအား ပို၍တုန်လှုပ်သွားစေခဲ့သည်။

နတ်ဆိုးဘိုးဘေးဘုရားကျောင်းကို စောင့်ကြပ်ရသည့် အကြီးအကဲများအနေဖြင့် ယွဲ့ယင်း၏ခန္ဓာကိုယ်မှ နတ်ဆိုးမျိုးနွယ်အငွေ့အသက်ကို အဘယ်သို့များ အာရုံမခံနိုင်ဘဲ ရှိပါအံ့နည်း။ ယွဲ့ယင်း၏ကျင့်ကြံဆင့်သည် လောင်ထျန်းဧကရာဇ်အဆင့်သို့ တက်လှမ်းခဲ့ပြီး စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်နှင့် ယှဉ်ပြိုင်ရန်လည်း လုံ‌လောက်ပါသည်။ သို့သော် ထိုအကြီးအကဲများ၏ ရှေ့မှောက်၌မူ ဘာမျှ အဓိပ္ပာယ်မရှိပါတော့ချေ။

အကြီးအကဲ၅ဦးရုပ်တုများသည် ယွဲ့ယင်းအား တစ်ပြိုင်နက် ကြည့်လာကြသည်။ ထက်ရှသည့်အကြည့်များကြောင့် ယွဲ့ယင်း ဖိအားခံစားလိုက်ရသည်။ သူမ၏ ဖြူနုသော နဖူးပြင်ထက်တွင် ချွေးစေးများ စီးကျလာခဲ့ပြီး လှပတင့်တယ်သော ခန္ဓာကိုယ်လေးမှာလည်း အနည်းငယ် တုန်ယင်လာခဲ့သည်။

ဘုန်း!

ယွဲ့ယင်း မျက်နှာအမူအရာကင်းမဲ့‌သော ဝမ်ဖုန်းကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးအစုံ၌ ဆုံးဖြတ်ချက်ခိုင်ကြည်မှုဖြင့် တောက်ပသွား၏။ ယွဲ့ယင်းသည် တုန်လှုပ်နေသည့် စိတ်နှလုံးကို တွန်းလှန်ထိန်းချုပ်၍ သူမ၏သွေးမျိုးဆက်ကို အပြည့်အဝ အသက်သွင်းလိုက်သည်။ သူမထံမှ အင်အားကြီးမားလှစွာသော စွမ်းအင်များ ဖြာထွက်လာခဲ့သည်။

“ဂျစ်!”

၎င်းအရှိန်အဝါများအောက်၌ ကမ္ဘာလောကတစ်ခုလုံး ရုတ်ချည်းတုန်ခါလာသည်။ ယွဲ့ယင်း၏ လှပတင့်တယ်သော ခန္ဓာကိုယ်လေးသည် အဆုံးမဲ့တောက်ပလာခဲ့၍ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်အမျှင်တန်းများလည်း သူမ၏နောက်ဘက်တွင် ထွက်ပေါ်လာသည်။ ထို့နောက် ‌ဖြေးညင်းစွာဖြင့် လဝန်းယုန်ပုံရိပ်‌ေယာင်အဖြစ် ဖွဲ့စည်းဖြစ်တည်သွား၏။ အလွန်တရာ ဩဇာကြီးမားလှစွာသော အရှိန်အဝါသည် လောကတစ်ခွင်သို့ ပျံ့နှံ့သွားခဲ့ကာ လူအပေါင်းကို ကိုးကွယ်လေးမြတ်လိုသည့်ဆန္ဒ ဖြစ်ပေါ်စေသည်။

လဝန်းယုန်ပုံရိပ် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးမှ လဝန်းယုန်၏ ထွက်ပေါ်လာမှုကို အောင်ပွဲခံနေသည့်အလား အလင်းတန်းများ လှည့်ပတ်စီးဆင်းလာခဲ့သည်။

“ဘိုးဘေးအဆင့်သွေးမျိုးဆက်လား”

ယွဲ့ယင်းမှ သူမ၏သွေးမျိုးဆက်ကို ထုတ်ဖော်ပြသလိုက်သောအခါ တိုင်ကြီး၅တိုင်ထက်တွင် ထိုင်‌ေနသည့် အကြီးအကဲ၅ဦးသည် ရုတ်ချည်း ထရပ်လိုက်ကြ၏။ သူတို့၏မျက်လုံးအိမ်တို့မှာ တုန်လှုပ်နေကြကာ လောကတစ်ခွင်၌ တုန်ရီနေသောအသံဖြင့် စကားလုံးများ ‌ဖုံးလွှမ်းမြည်ဟီးသွားခဲ့သည်။

တုနှိုင်းမဲ့ဂိုဏ်းတော်ကြီး

All Chapters