← Chapters

ဓါးတစ်ချက် လူအိုကြီးငါးယောက် ကြောင်အပြန်။

Vol. 53 Ch. 741

ဓါးတစ်ချက် လူအိုကြီးငါးယောက် ကြောင်အပြန်။

Vol. 53 Ch. 741

" ဘုန်း!"

အကြီးအကဲ ဝူဖန်းတို့တစ်တွေ၏ ပြင်းထန်သော အရှိန်အဟုန်သည် ယွဲ့ယင်း၊ ရွှမ်းယွမ်နှင့် ကွေ့ဝူတို့၏ စိတ်ဝိညာဉ် တစ်ခုလုံးကို အဆက်မပြတ် ယိမ်းခါသွားစေခဲ့သည်။ ၎င်းခမ်းနားသော အရှိန်အဝါကြီးသည် သူတို့၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် ထွင်းဖောက်ခဲ့ကာ ကွဲကြေလုမတတ် ခေါင်းကိုက် နာကျင်စေခဲ့သည်။

ရွှမ်းယွမ် နတ်ဘုရားမျိုးနွယ်စု၏ သခင်ငယ်လေး ဖြစ်သော ရွှမ်းယွမ်သည် သန်မာသော ပုဂ္ဂိုလ် အများကို တွေ့မြင်ဖူးခဲ့သည်။ ရွှမ်းယွမ် နတ်ဘုရားမျိုးနွယ်စုထဲတွင်လည်း မရေမတွက်နိုင်သော အစစ်အမှန် ဧကရာဇ် စွမ်းအားရှင်များ ရှိကြပါသည်။

သို့သော်လည်း ဤတစ်ကြိမ်၌ သူသည် တကယ့်တကယ် အစစ်အမှန် ဧကရာဇ် အထွဋ်အထိပ် စွမ်းအားရှင်ကို ရင်ဆိုင်ဖူးခြင်း ဖြစ်နိုင်သည်။ သူ၏ နှလုံးသားက ခါရမ်းနေခဲ့သည်။ ယခင် တွေ့မြင်ဖူးသော စွမ်းအားရှင်များသည် ဤစွမ်းအားရှင်နှင့် လားလားမျှ မသက်ဆိုင်ပါ။

သူဟာ မိမိကိုယ်ကို မေးမြန်းခဲ့မိသည်။ သူသာ ရွှမ်းယွမ် နတ်ဘုရားမျိုးနွယ်စုမှ ထွက်ခွာခဲ့လျှင် သာမန်ပါရမီရှင် တစ်ယောက်ကိုတောင် ရင်ဆိုင်နိုင်ပါဦးမည်လော?။

သူ၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု ရှိနေခဲ့ကာ သန်မာသော စိတ်ဆန္ဒသည် ပေါက်ဖွားလာခဲ့သည်။ ဤကျင့်ကြံရေး လောကကြီးအတွင်း၌ မည်သည့် နောက်ခံအင်အားစုက မဆို ပုံရိပ်ယောင်များသာ ဖြစ်သည်။ ကိုယ်ပိုင်ခွန်အားကသာ အမြစ်တွယ် ရပ်တည်နိုင်သည်။

နောက်ခံအင်အားများ.. ဟုတ်ပါပေသည်။ နောက်ခံအင်အားတို့သည် တစ်ဦးတစ်ယောက်ကို ပို၍ မြင့်မြတ် ခမ်းနားလာစေခဲ့သော်လည်း လူတစ်ဦးက အစစ်အမှန် သန်မာမှသာလျှင် လူအများက ရင်ထဲ အသည်းထဲမှ လေးစားကြမည် ဖြစ်သည်။

ယခုကဲ့သို့ လျှို့ဝှက်နယ်မြေထဲတွင် ရှိနေသည့်အခိုက်တွင် ဘယ်သူကများ နောက်ခံ အဆင့်အတန်းကို ဂရုစိုက်ပါမည်နည်း။ အခြားသူများက သူ သန်မာသလား အားနည်းသလား ဆိုတာကိုသာ ကြည့်ရှုမှာဖြစ်ပြီး သူ၏ နောက်ခံအင်အားကို လုံးဝ ဂရုစိုက်တော့မှာ မဟုတ်ပါ။

အပျော်အပါးလိုက်စားသော ရွှမ်းယွမ်သည် အကြီးအကဲ ငါးဦး၏ လွှမ်းမိုးမှုအောက်တွင် ကံကြမ္မာကို ထုဆစ်လိုသော စိတ်ထားများ တဖွားဖွား ပေါက်ဖွားလာခဲ့သည်။

ရွှမ်းယွမ်၏ ပါရမီမှာ တကယ်ကို ထိတ်လန့်စရာ ကောင်းကာ ပျက်သုဥ်းခြင်း ဧကရာဇ် ဘုံလောကကြီး၌ ထိပ်တန်းချိတ်သည်။ သူသာ စွဲမြဲစွာ ကျင့်ကြံ အားထုတ်မည်ဆိုလျှင် ကမ္ဘာလောကကို အံ့သြတုန်လှုပ်စေနိုင် ပါလိမ့်မည်။

" ဘုန်း!"

တစ်ချိန်တည်းမှာပဲ ရွှမ်းယွမ်တို့အုပ်စု၏ အရှေ့တွင် မတ်တပ်ရပ်နေသော ဝမ်ဖုန်း၏ မျက်ဝန်းများသည် အနည်းငယ် မှေးကျဥ်းသွားခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် အကြောက်တရား ဟူ၍ ရှိမနေခဲ့ပါ။ ပြင်းထန်သော စွမ်းအင်အဟုန်သည် သူ၏ ပတ်လည်၌ မွေးဖွားလာခဲ့သည်။

ပင်လယ်ပြင်တမျှ နက်ရှိုင်းသော စွမ်းအင်တို့သည် သူ၏ ကိုယ်ထည်ကို ဗဟိုပြု၍ ပျံ့လွှင့် ထွက်ပေါ်လာပြီးလျှင် ကမ္ဘာမြေပြင်နှင့် ကောင်းကင်ယံကို ခါရမ်းတုန်လှုပ် စေခဲ့သည်။ ဝမ်ဖုန်းကို ဗဟိုပြု၍ အာကာပြင်သည် အက်ကွဲသွားခဲ့ရသည်။

" ချွင်"

ကျယ်လောင်၍ ကြည်လင်ပြတ်သားသော ဓားဟိန်းသံသည် ဝမ်ဖုန်းလက်ထဲရှိ ဟွမ်ကွမ်းဖေးရှန်းဓားမှ ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်း၏ ပြင်းထန်သော တိုက်ခိုက်လိုသည့် စိတ်ဆန္ဒကို အာရုံရခဲ့သည့်အလား ဓား၏ ကိုယ်ထည်တစ်ခုလုံးသည် တသိမ့်သိမ့် တုန်ယင်ပြီးလျှင် ဓားထိပ်ဖျားမှ ပြင်းထန်သော အရှိန်အဝါတစ်ခု ပေါက်ဖွားလာခဲ့၏။

" ဘုန်း!"

ရှည်သွယ်မြင့်မားသော ဝမ်ဖုန်း၏ ခန္ဓာကိုယ်ထံမှ ပြိုင်ဘက်ကင်းသော ဓားပညာ အရှိန်အဝါများသည် ဝဲလွှင့် ထွက်ပေါ်လာခဲ့ကာ အေးစက်၍ ထက်မြသော ဓားဆန္ဒ အရိပ်အယောင်သည် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်း၏ နောက်ကျောဘက်တွင် ကြီးမာသော ပုံရိပ်ယောင် ဓားကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ သိပ်သည်း၍ အေးစက်သော ဓားအရှိန်အဝါများသည် ပတ်ပတ်လည်ကို ဓားလောက နယ်မြေတစ်ခုအဖြစ် အသွင်ပြောင်းလဲ လိုက်ချေသည်။

ဤအခိုက်အတန့်တွင် ဝမ်ဖုန်းသည် ကောင်းကင်ကိုးဘုံး၏ ဓားနတ်ဘုရား တစ်ပါးအလား ဖြစ်နေခဲ့ကာ ဓားပညာတို့သည် ပြိုင်ဘက်ကင်းနေခဲ့သည်။ မယှဥ်သာအောင် မြင့်မားသော ပြင်းထန်သည့် အရှိန်အဟုန်တို့သည် လူအများကို တခိုက်ခိုက် တုန်ယင်စေခဲ့၏။

ဝမ်ဖုန်းက မျက်မှောင် ဖွဖွကျုံ့လိုက်ပြီး သူ့ကိုယ်တွင်းရှိ စွမ်းအင်များသည် အဆက်မပြတ် ရွေ့လျားစီးဆင်း လာခဲ့သည်။ မှော်ဝင်အရိုး၊ ကံတရားဝိညာဉ်၊ တစ်ဖက်လောက ရုပ်ခန္ဓာနှင့် လျို့ယင်းနှလုံးသားတည်း ဟူသော ဆန်းကြယ်မှုကြီး လေးခု၏ စွမ်းအင်များသည် သူ့ကြောင့် အဆုံးစွန်ထိတိုင် လည်ပတ်ခံ ခဲ့ရသည်။ မျက်ဝန်းဖြင့် တွေ့မြင်နိုင်သော ကြီးကျယ်ခမ်းနားသည့် စွမ်းအင်တို့သည် ဝမ်ဖုန်းခန္ဓာကိုယ်၏ အစိတ်အပိုင်းများထံမှ စုရုံးသွားခဲ့သည်။ သူ၏ လက်မောင်းတစ်လျှောက် စွမ်းအင်တို့သည် စီးဆင်းကာ ဟွမ်ကွမ်းဖေးရှန်းဓားဆီ စုရုံးသွားခဲ့ချေသည်။

" ဘုန်း!"

ခမ်းနားသော စွမ်းအင်လှိုင်းတို့သည် ဟွမ်ကွမ်းဖေးရှန်းဓားကို အပြင်းအထန် ခါရမ်းစေခဲ့ကာ ပြင်းပြသော ဓားအရှိန်အဟုန်သည် လောကကို ထွင်းဖောက်ခဲ့သည်။

" ပျံသန်းနေသော အမတအရှင် "

ဝမ်ဖုန်းသည် ကောင်းကင်ကိုးဘုံကို မော်ကြည့်လျက်၊ အကြီးအကဲ ငါးဦးကို ငုံ့မိုးကြည့်ရှုလျက် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ချေသည်။ သူ၏ လက်ထဲတွင် ဟွမ်ကွမ်းဖေးရှန်းဓားကို မြင့်မြင့်မြှောက်ကိုင် ထားခဲ့သည်။ မိုးချိန်းသံတစ်မျှ ကျယ်လောင်သော အသံကြီးသည် ကမ္ဘာလောကကို တုန်ယင် ခြောက်ခြားစေခဲ့သည်။

များမကြာမီတွင် သူ့ကိုယ်တွင်းမှ စွမ်းအင်အားလုံးတို့သည် ဟွမ်ကွမ်းဖေးရှန်းဓားဆီ အရူးအမူး စုရုံးသွားခဲ့သည်။ ဓား၏ ထိပ်ဖျားတွင် တောက်ပသော အလင်းစက်လုံးလေးတစ်ခု ထွက်ပေါ်လာခဲ့ကာ လောကကြီးတစ်ခုလုံး မှောင်ရိပ်သန်း သွားခဲ့သည်။

အကြီးအကဲ ငါးဦး၏ အရပ်ငါးမျက်နှာမှ စုပေါင်းတိုက်ခိုက်သော အစွမ်းထက်သည့် တိုက်ကွက်နှင့် ရင်ဆိုင်နေရသည့်အခါ ဝမ်ဖုန်းက လွှမ်းမိုးချယ်လှယ်နိုင်သည့် ပျံသန်းနေသော အမတအရှင် ဓားကွက်ကို ချက်ချင်း အသုံးပြုခဲ့သည်။၎င်းဓားကွက်၏ ပြင်းပြသော အရှိန်အဟုန်၊ ထက်မြသော ဖိအားတို့ကို သုံးစွဲလျက် အကြီးအကဲ ငါးဦး၏ ပူးပေါင်းတိုက်ကွက်ကို ဖြိုခွင်းရန် ကြံရွယ်ထားခဲ့သည်။

" ဘုန်း! "

ဝမ်ဖုန်းလက်ထဲရှိ ဓားသွား ကျဆင်းလာသည့်အခါ အလွန်အမင်းတောက်ပသော အလင်းတန်းကြီးသည် ကောင်းကင်းမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် မိုးကြိုးကြီး ကျဆင်းသကဲ့သို့ တရွေ့ရွေ့ နှိမ့်ဆင်းလာခဲ့ကာ အရပ်ငါးမျက်နှာ၌ ရှိနေသော အကြီးအကဲငါးဦးထံ တရစပ် ခုန်ဆင်းသွားခဲ့သည်။ ဓားအလင်းတန်း သက်ဆင်းလာခြင်းနှင့်အတူ အဆုံးအဆမဲ့သော ဓားမုန်တိုင်းကြီး တစ်ခုကလည်း တွဲလျက် ပါလာခဲ့ကာ လေထုကို အပိုင်းပိုင်းအစစ ပြတ်တောက်စေခဲ့၏။

" သတ်! "

ဤအင်မတန် ခြယ်လှယ်နိုင်စွမ်းရှိသော ဓားစွမ်းအင်နှင့် ရင်ဆိုင်ခဲ့ရသည့်အခါ အကြီးအကဲ ဝူဖန်းတို့သည် တွန့်ဆုတ်သွားခဲ့ခြင်း မရှိခဲ့ပါ။ သူတို့၏ မျက်ဝန်းများသည် စူးရှ မှေးကျုံ့သွားခဲ့သည်။ ယင်းနောက် ခပ်ဖွဖွ အော်ဟစ်လျက် လက်များကို ရေပြင်ညီအတိုင်း တွန်းကန်ခဲ့ကြသည်။ သူတို့၏ အရှေ့၌ နတ်သားရဲငါးကောင်၏ ပုံရိပ်ယောင်များသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ချေသည်။

ပြင်းထန်သော တိုက်ကွက်ကြီး ငါးခုသည် ဝမ်ဖုန်း ဖြတ်တောက်လိုက်သော ဓားအလင်းတန်းထံ ပြေးဝင်သွားခဲ့သည်။ ထိတ်လန့်စရာကောင်းသော စွမ်းအင်သည် ကောင်းကင်ကို ခါရမ်းစေခဲ့၏။

ဝမ်ဖုန်း၏ အနောက်တွင် ရှိနေသော ရွှမ်းယွမ်တို့အုပ်စုသည် အသက်ရှု အောင့်လျက် လေဟာပြင်၌ ထိတွေ့တော့မည့် တိုက်ကွက်ကြီးများကို စောင့်ကြည့်နေခဲ့ကြသည်။ သူတို့က တစ်စုံတစ်ရာ လွဲချော်သွားမှာကို စိုးရိမ်တာကြောင့် မျက်ဝန်းတောင် ပိတ်ရဲခြင်း မရှိပါချေ။

ဤအခိုက်အတန့်တွင် ရွှမ်းယွမ်တို့သုံးဦးသည် ဝမ်ဖုန်းကို ကြည်ညိုလေးစား လာမိခဲ့သည်။

ဆင့်ကဲပြောင်းလဲခြင်း ဧကရာဇ် အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် ဝမ်ဖုန်းသည် ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားခဲ့သည်။ ဒါက ပျက်သုဥ်းခြင်း ဧကရာဇ် ဘုံလောကကြီး၌ ရှိသော ထိပ်တန်းပါရမီရှင်များထက်တောင် ပို၍ ထိတ်လန့်ဖွယ် ကောင်းနေခဲ့သည်။ ရွှမ်းယွမ်ကတောင် ဝမ်ဖုန်းကို ဦးညွှတ်ဂါဝရပြုချင် နေခဲ့သည်။ အရေးကြီးဆုံးအရာမှာ ဝမ်ဖုန်း၏ သတ္တိရှိသော စိတ်ဝိညာဉ်ပင် ဖြစ်၏။

(ယခင်အပိုင်းမှာ ဆရာမက ဧကရာဇ်ဘိုးဘေးလို့ ယူခဲ့မိတယ်ထင်တယ်။ ဆင့်ကဲပြောင်းလဲခြင်းပါဗျ။ MTLကပြန်ရတာမလို့ အမှားအယွင်း အထောက်အဆရှိနိုင်ပါတယ်)

သာမန်လူတစ်ယောက်ဆိုပါက လောင်ထျန်းဧကရာဇ် အထွတ်အထိပ်တွင် ရှိနေသော အစစ်အမှန် ဧကရာဇ်ငါးပါးကို အဘယ်မှာလျှင် ယှဥ်ပြိုင် တိုက်ခိုက်နိုင်ပါမည်နည်း။ ဒါက သေခြင်းကို စိန်ခေါ်နေခြင်းနှင့် မကွာခြားပေ။

" ဘုန်း! "

ရွှမ်းယွမ်နှင့် အခြားသူများ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် အလွန်အမင်းတောက်ပသော ဓားအလင်းတန်းသည် ပုံရိပ်ယောင်ကြီး ငါးခုနှင့် ပွတ်တိုက်မိခဲ့ကာ နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံများကို ဖြစ်ပေါ်စေခဲ့သည်။ ဝမ်ဖုန်း၏ အကာအကွယ်ဖြင့်တောင် ရွှမ်းယွမ်တို့အားလုံး၏ နားစည်များသည် ကွဲကြေလုမတတ် နာကျင်သွားခဲ့ကာ ယာယီခတ္တမျှ ဘာသံကိုမှ မကြားရတော့ပါ။

စွမ်းအင်တို့သည် မုန်တိုင်းအသွင် ပြောင်းလဲသွားခဲ့ကာ အရပ်လေးမျက်နှာသို့ ပျံ့လွှင့်စေလျက် ဖြတ်သန်းရာ လမ်းတစ်လျှောက်ရှိ အရာဝတ္တုမှန်သမျှကို တိုက်စားသွားခဲ့သည်။

မတူညီသော စွမ်းအင်တို့မှ ရောနှောဖြစ်တည်လာခဲ့သော ဓားစွမ်းအင် မုန်တိုင်းကြီးသည် ဤလောကတွင် တိုက်ခတ်လျက် ရှိသည်။ လောကကြီးတစ်ခုလုံးသည် အပျက်အစီးအဖြစ် ပြောင်းလဲသွားခဲ့ကာ လေဟာပြင်၌ တစ်ခုပြီးတစ်ခုသော အက်ကွဲရာကြီးများ ထွက်ပေါ်လာခဲ့သည်။ ဤမြင်ကွင်းကပင် အသက်ရှု ရပ်တန့်လောက်အောင် ကြောက်လန့်ဖွယ် ရှိနေခဲ့သည်။

လေဟာပြင်၏ အထက်တွင် ကြီးမားသော ပုံရိပ်ယောင်ကြီးငါးခုသည် အလွန်အမင်းတောက်ပသော အလင်းတန်းနှင့် ပွတ်တိုက်ထိတွေ့လျက် ရှိသည်။ ၎င်းတို့ အချင်းချင်း ထိတွေ့ခဲ့သည့် တစ်ခဏအတိုင်းတွင် ပြင်းထန်သော စွမ်းအင်တို့သည် ဝေ့ဝဲ ဖြစ်တည်လျက် ရှိနေခဲ့သည်။

ဤမြင်ကွင်းကြောင့် ဝူဖုန်းတို့ အကြီးအကဲ ငါးယောက်တို့၏ မျက်ဝန်းထဲတွင် ထိတ်လန့်နေသော အကြည့်များ ပေါက်ဖွားလာခဲ့သည်။ သူတို့ငါးဦး ခွန်အားစုပေါင်းခဲ့လျှင်တောင်မှ ဝမ်ဖုန်းကို မသတ်ဖြတ်နိုင် ဖြစ်နေလိမ့်ဦးမည်ဟု သူတို့ ထင်မထားခဲ့ပါ။

သူက ငါတို့ရဲ့ တိုက်ကွက်တွေကို ခုခံနိုင်ခဲ့တာလား?။

ဒါက တစ်ခဏဆိုလျှင်တောင်မှ ဝမ်ဖုန်း၏ ကြောက်လန့်စရာ ကောင်းပုံကို သက်သေပြရန် လုံလောက်နေခဲ့သည်။

နောက်ဆုံးမှာတော့ ဝမ်ဖုန်း၏ ကျင့်ကြံမှုသည် ဆင့်ကဲပြောင်းလဲခြင်း ဧကရာဇ် အထွတ်အထိပ်၌သာ ရှိသေးသည်။ ထိုမျှ အဆင့်ရှိသော လူများဟာ သာမန်အားဖြင့် သူတို့လက်များဖြင့် လိုသလို သတ်ဖြတ်နိုင်သည်။ ဤအချိန်မှာတော့ သူတို့ငါးယောက်သည် ပုရွက်ဆိတ်လေးတစ်ကောင်ကိုအတူတကွ ပူးပေါင်းတိုက်ခိုက် နေသော်လည်း မသတ်နိုင် ဖြစ်နေရသည်။..

All Chapters