ထူးဆန်းသော ပြောင်းလဲမှု။
Vol. 53 Ch. 745
" ဘိုးဘေးအဆင့် သွေးမျိုးဆက်ရဲ့ စွမ်းအား၊ အဲ့ဒါက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဆိုရင်တောင် ထူးချွန်ထက်မြတ်တဲ့ စွမ်းအင်တွေနဲ့ နတ်ဆိုးနိယာမရဲ့ ရှုပ်ထွေးတဲ့ စည်းမျဉ်းတွေကို ပိုင်ဆိုင်ထား တုန်းပါပဲ။ "
" သာမန်လူတွေအတွက်တော့ နတ်ဆိုးဘိုးဘေးရဲ့သွေးမျိုးစက်က ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားခဲ့ပြီဆိုရင် နက်ရှိုင်းတဲ့ နတ်ဆိုးနိယာမ နည်းလမ်းတွေက သူတို့ရဲ့ ကိုယ်ပိုင်သွေးတွေကို ပြောင်းလဲသွားစေဖို့ လုံလောက်ပါတယ်။ သူတို့က နတ်ဆိုးမျိုးနွယ်ရဲ့ သွေးမျိုးဆက်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ "
" ဒါပေမယ့်လည်း ပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဆန်းကြယ်မှုကြီး လေးခုနှင့် နက်ရှိုင်းတဲ့ နိယာမတွေ ပါဝင်နေတယ်။ ဒါကြောင့်မလို့ နတ်ဆိုးဘိုးဘေးရဲ့ သွေးမျိုးဆက်က ပိုင်ရှင်ရဲ့ သွေးမျိုးဆက်ကို ပြောင်းလဲပေးနိုင်စွမ်း မရှိပါဘူး။ "
စနစ်၏ အေးစက်သော အသံသည် ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း ထွက်ပေါ်လာခဲ့သည်။ သူက မျက်ဝန်းများကို မှေးကျဥ်းလိုက်လျက် နှလုံးသားက တုန်ယင်သွားခဲ့သည်။ ဘိုးဘေးအဆင့် နတ်ဆိုးသွေးမျိုးဆက်၏ သက်ရောက်မှုအောက်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား တိုးတက်လာသည်ကို ရှင်းလင်းစွာ ခံစားခဲ့ရသည်။ ၎င်းက တဖြည်းဖြည်းချင်း သန်မာလာခဲ့၏။
ဤကဲ့သို့ ပြောင်းလဲမှုသည် ကြီးမားခြင်း မရှိသော်လည်း သေးငယ်ခြင်းလည်း မရှိလှပါ။ သူ့ကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အဆင့်မျိုးကို ရောက်ရှိလျှင် ရုပ်ခွန်အား တိုးတက်ဖို့ဆိုပါက အဆင့်ကြီးကြီးမားမား ချိုးဖျက်မှု ရှိရမည်။ သို့တည်းမဟုတ် ကြီးမားသော အခွင့်အလမ်းကို ရရှိရမည်။ အခုတော့ နတ်ဆိုးဘိုးဘေး၏ သွေးမျိုးဆက်ကြောင့် သူ၏ ကိုယ်ပိုင်ခွန်အားသည် တိုးမြင့်လာခဲ့သည်။ နတ်ဆိုးဘိုးဘေးများ၏ သွေးမျိုးဆက်သည် အဘယ်မျှလောက် သန်မာအားကောင်းကြောင်း တွေးဆကြည့်နိုင်သည်။
နတ်ဆိုးဘိုးဘေး၏ သွေးက သူ့ကို မနာကျင်စေဘူးဆိုတာကို အတည်ပြုပြီးနောက် ဝမ်ဖုန်းက စိတ်သက်သာရာ ရသွားခဲ့သည်။ သူက အသိစိတ်ကို စိတ်အာရုံအတွင်း ပို့သွင်းလိုက်ကာ ဇာမဏီငှက်ဥလေး၏ ပြောင်းလဲမှုများကို အာရုံခံခဲ့သည်။
သူ ဇာမဏီငှက်ဥလေးကို ရရှိပြီးနောက် ငှက်ဥကလေးသည် အကြိမ်တစ်ချို့မှ လွဲ၍ စွမ်းအင် နည်းနည်းကလေးကိုသာ ဖော်ပြခဲ့သည်။ ဤ နတ်ဆိုးဘိုးဘေး၏ သွေးမျိုးဆက်သည် ဇာမဏီငှက်ဥလေးကို အကောင်ပေါက်စေမလားဆိုတာ သူ သိချင်မိသေးသည်။
ဤဇာမဏီငှက်ဥလေး အတွင်း၌ ပုန်းကွယ်နေသော တည်ရှိမှုကြီးသည် သာမန်ဇာမဏီငှက် မဟုတ်ပါ။ ဟုန်မာန်နတ်ဘုရား အထွတ်အထိပ်ကို ရောက်ရှိပြီးသော ဇာမဏီစစ်နတ်ဘုရား ဖြစ်သည်။ ဤငှက်ဥကလေး အကောင်ပေါက်သွားပါက အဘယ်သို့သော ဆန်းကြယ်မှုများ ပြုလုပ်နိုင်သလဲ ဆိုတာကို ဝမ်ဖုန်းကတောင် မခန့်မှန်းနိုင်ချေ။
သူနှင့် ဇာမဏီငှက်ဥလေးကြားတွင် ရှင်းပြ၍မရသော ရင်းနှီးမှု ရှိနေသည်ကို ထည့်မပြောရင်တောင် ဤငှက်ဥကလေးသည် သူ၏ စိတ်အာရုံအတွင်း၌ ကြာမြင့်စွာ နေထိုင်ခဲ့သည်။ ငှက်ဥကလေးအတွင်းမှ ဇာမဏီစစ်နတ်ဘုရား ထွက်ပေါ်လာရင် သူ့ကို ကျေးဇူး ပြန်ဆပ်သင့်တယ် မဟုတ်ပါလော။
လိုအပ်ချက်တွေက မများပါဘူး။ သူနဲ့ ရှန်ရှန်ကျုံ့ဂိုဏ်းကို နှစ်အနည်းငယ်လောက် ကာကွယ်ပေးဖို့ပါပဲ။
၎င်းအတွေးနှင်အတူ ဝမ်ဖုန်းက လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်များကို စုပ်ယူပြီးနောက် ဇာမဏီငှက်ဥလေး အကောင်ပေါက်လာမှာကို စောင့်မျှော်နေမိသည်။
" ဘုန်း!"
ဝမ်ဖုန်း၏ အကြည့်အောက်တွင် နတ်ဆိုးဘိုးဘေး၏ သွေးမျိုးဆက် စွမ်းအင်ကို ကြီးကြီးမားမား စုပ်ယူပြီးခဲ့သော ဇာမဏီငှက်ဥလေးသည် သိသာထင်ရှားသော ပြောင်းလဲမှုများကို ဖော်ပြလာခဲ့သည်။
ငှက်ဥကလေးပေါ်တွင် တောက်ပသော အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာခဲ့ကာ စွေးစွေးနီနေသော မီးတောက်များကလည်း ပျံ့လွှင့် ထွက်ပေါ်လာခဲ့သည်။
ငှက်ဥကလေးပေါ်၌ ရှိနေသော သကေႅတများသည် အဆက်မပြတ် ရွေ့လျားနေခဲ့ကာ ပူပြင်းတောက်လောင်သော အရှိန်အဝါတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။ သို့ပေသိ ၎င်းအရှိန်အဝါက ဝမ်ဖုန်း၏ စိတ်ဝိညာဉ်ကို အနည်းငယ် တောင် ထိခိုက်စေခဲ့ပါ။
" ကျွိ! "
ဝမ်ဖုန်းသည် ဇာမဏီငှက်၏ အော်မြည်သံကို ရှင်းလင်းစွာ ကြားခဲ့ရသည်။ ၎င်းသည် ငှက်ဥကလေးထံမှ ပျံ့လွှင့်ထွက်လာခဲ့ကာ စိတ်အာရုံတစ်ခွင် သောသောညံ သွားခဲ့သည်။ ၎င်းဇာမဏီငှက်၏ အော်မြည်သံသည် ကျယ်လောင်၍ ပြတ်သားသည်။
ဝမ်ဖုန်းကို ဗဟိုပြု၍ ပြင်းထန်သော ဆွဲငင်အားသည် အရပ်လေးမျက်နှာသို့ ပျံ့လွှင့်သွားခဲ့သည်။ ၎င်းပြင်းထန်သော ဆွဲငင်အားကြောင့် နတ်ကွန်းပေါ်၌ ရှိနေသော နတ်ဆိုးဘိုးဘေး သွေးမျိုးဆက်၏ စွမ်းအားများသည် လေပြည်လေဝေ့တစ်ခုကဲ့သို့ ဝမ်ဖုန်း၏ကိုယ်တွင်းသို့ အဆက်မပြတ် စိမ့်ဝင်သွားခဲ့သည်။
ဝမ်ဖုန်း၏ ဦးခေါင်းအထက်တွင် ကြီးမားသော လေဆင်နှာမောင်းကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့ကာ အဆုံးအဆမဲ့သော နတ်ဆိုးဘိုးဘေး၏ စွမ်းအင်တို့သည် လေဆင်နှာမောင်းကြီးအတွင်း အဆက်မပြတ် စီးဝင်လျက် ရှိ၍ ဝမ်ဖုန်း၏ ကိုယ်အတွင်းသို့ မြစ်တစ်စင်းအလား စီးဆင်းသွားခဲ့သည်။ ၎င်းစွမ်းအင်အားလုံးကို ဇာမဏီငှက်ဥကလေးက စုပ်ယူခဲ့သည်။
" ဘုန်း! "
အင်မတန် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကြီးတစ်ခု ပေါက်ဖွားလာခဲ့ကာ ဇာမဏီငှက်ဥထံမှ ပျံ့လွှင့်ထွက်ပေါ်လျက် ရှိသည်။ ဝမ်ဖုန်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ထိန်းကွပ်မရ တုန်ယင်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ဆန်းကြယ်မှုကြီး လေးခုသည် ဤအရှိန်အဝါကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကာ တုန်ခါသွားခဲ့၏။
ဝမ်ဖုန်း၏ ကျောရိုးအနောက်တွင်ရှိနေသော နဂါးအရိုးသည် အနက်ရောင် အလင်းတန်းများကို ဖြာဆင်း ထုတ်လွှတ်လျက် ရှိသည်။ နဂါးအရိုးထံမှ ထူးဆန်းသော သကေႅတများလည်း ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်း၌ ဝမ်ဖုန်း၏ လျို့ယင်းနှလုံးသားသည် တောက်ပသော အရောင်အသွေးတို့ကို ဖော်ထုတ်လိုက်ချေသည်။ ၎င်းသည် လှပ၍ အရောင်စုံ ဖြစ်နေခဲ့ကာ ဝမ်ဖုန်း၏ နှလုံးသားသည် ဝင်းလက်တောက်ပလျက် ရှိသည်။
ကံတရားဝိညာဉ်နှင့် တစ်ဖက်လောက လျို့ယင်းရုပ်ခန္ဓာတို့ကလည်း ထူးဆန်းသော အပြောင်းအလဲများကို ထုတ်ဖော်ခဲ့သည်။ အထူးသဖြင့် ဇာမဏီငှက်ဥလေးကို ကိုင်ဆောင်ထားသည့် ကံတရားဝိညာဉ် ဖြစ်သည်။
ဝမ်ဟန်၏ စိတ်အာရုံအတွင်း ရပ်တန့်နေသော ကံတရားဝိညာဉ်သည် ဤအခိုက်အတန့်တွင် တသိမ့်သိမ့် တုန်ခါသွားခဲ့ကာ ကံတရား၏ ဆန်းကြယ်သော စွမ်းအင်များသည် ပျံလွှင့် ထွက်ပေါ်လျက်ရှိသည်။ ၎င်းရှေးဆန်ပြီး ကျယ်ပြောနက်ရှိုင်းသော အရှိန်အဝါတို့သည် ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း၌ ပြည့်နှက်သွားခဲ့သည်။
ဇာမဏီငှက်ဥလေးထံမှ ထွက်ပေါ်လာခဲ့သော မီးတောက်နီရောင် သကေႅတများကလည်း ဝမ်ဖုန်း ကံတရားဝိဉာဥ်၏ လက်ခုပ်အတွင်းမှ လက်မောင်းတစ်လျှောက် တွယ်တက်သွားခဲ့ကာ ကံတရားဝိညာဉ်၏ လက်မောင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ဤအချိန်တွင် ကံတရားဝိညာဉ်ထံမှ ဖော်ထုတ်နေသော သကေႅတစွမ်းအင်များသည် မီးတောက်နီသကေႅများနှင့် သဟဇာတ သင့်လျက် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားခဲ့သည်။
ဝမ်ဖုန်း၏ မျက်နှာဟာ အံ့သြ တုန်လှုပ်သွားခဲ့သည်။ ငှက်ဥကလေးက ဘာတွေပြုလုပ်နေခဲ့သလဲ ဆိုတာ သူလည်း မသိခဲ့ပါ။ ၎င်းအပြောင်းအလဲများသည် သူ့ကို မထိခိုက်စေခဲ့ကြောင်းကိုတော့ ခံစားရသည်။ သူဟာ ကြီးမားသော အကျိုးအမြတ်ကို ရရှိခဲ့သည့် ခံစားချက်ကိုလည်း ရေးရေးမျှ ရရှိခဲ့သည်။
သို့သော်လည်း သူ ရရှိခဲ့သည့် အခွင့်ထူးကြီးမှာ အဘယ်အရာဖြစ်ကြောင်းကိုတော့ လက်ရှိမှာ အဖြေ မထုတ်နိုင်ခဲ့သေးပါ။
" ဘုန်း! "
ကံတရား၏ သကေႅတများနှင့် မီးတောက်နီရောင် သကေႅတများသည် တစ်ခုနှင်တစ်ခု ရောထွေးဆက်ယှက်သွားခဲ့ကာ ကံတရားဝိညာဉ်၏ ညာဘက်လက်မောင်းသည် တောက်ပသော မီးနီရောင် အလင်းတန်းကြီးကို ပေါက်ကွဲ ထုတ်ဖော်ခဲ့သည်။ လက်မောင်းပြင် တစ်ခုလုံးသည် မီးလျှံတို့ဖြင့် ဖုံးကွယ်ထားခဲ့ကာ အံ့ချီးမနန်း ဖြစ်နေခဲ့သည်။
လက်မောင်းတစ်လျှောက် သွေးနီရောင် အလင်းတန်း တောက်ပလာခြင်းနှင့်အတူ ဇာမဏီငှက်ဥကလေးသည် သက်သောင့်သက်သာ ဖြစ်မှုကို ခံစားခဲ့ရသည်။ ဇာမဏီငှက်ဥလေးက ကံတရားဝိညာဉ်၏ ညာလက်မောင်းကို မီးနီရောင် သကေႅတတို့ဖြင့် ဖုံးလွှမ်းစေခဲ့ခြင်းမှာ ပိုမို သက်သောင့်သက်သာ ရှိစေရန် ဖြစ်သည်။
ဤခံစားချက်မှာ ထူးဆန်းလှသည်။ ၎င်းအတွေးကို တွေးမိလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ဖုန်းက အနည်းငယ် ကြောင်အသွားခဲ့သည်။
အချို့သော အကြောင်းအရင်းများကြောင့် ဇာမဏီငှက်ဥကလေးက ထိုသို့ ပြုလုပ်နေကြောင်း သူ ခံစားနေရသည်။
" ဘုန်း! "
ဝမ်ဖုန်းတစ်ယောက် တွေးခေါ်နေစဥ်တွင် ဇာမဏီငှက်ဥလေးသည် နတ်ဆိုးဘိုးဘေး၏ သွေးမျိုးဆက် စွမ်းအင်များကို လုံလောက်အောင် စုပ်ယူပြီးခဲ့ပုံ ပေါ်သည်။ ဥခွံပေါ်ရှိ သကေႅတများက ဆက်လက်၍ တောက်ပ မနေခဲ့တော့ပါ။ ဇာမဏီငှက်ဥလေးသည် ပြန်၍ တည်ငြိမ်သွားခဲ့ကာ အကောင်ပေါက်ရန် အရိပ်အယောင် အနည်းငယ်တောင် မကျန်ရှိတော့ချေ။ ဝမ်ဖုန်း ကံတရားဝိညာဉ်၏ ညာလက်မောင်းအတွင်း၌ သက်သောင့်သက်သာ လဲလျောင်းတည်ရှိလျက် ရှိသည်။
ဤအခိုက်အတန့်တွင် ဇာမဏီငှက်ဥလေးက စွမ်းအင်စုပ်ယူခြင်းကို ရပ်တန့်လိုက်သည့်အခါ ဝမ်ဖုန်းခန္ဓာကိုယ် ပတ်လည်ရှိ ထူးဆန်းမှု အပြောင်းအလဲများမှာလည်း ရပ်တန့်သွားခဲ့သည်။ မူလက ဝမ်ဖုန်းထံသို့ အဆက်မပြတ် ရွေ့လျားစီးဝင်နေခဲ့သော နတ်ဆိုးဘိုးဘေး၏ သွေးမျိုးဆက် စွမ်းအင်များသည် နတ်ကွန်းအတွင်း၌ ပြန်၍ ပြန့်ကျဲသွားခဲ့သည်။
ဇာမဏီငှက်ဥလေး၏ စဥ်ဆက်မပြတ် စွမ်းအင် စုပ်ယူမှုကြောင့် နတ်ကွန်းပေါ်တွင် နတ်ဆိုးဘိုးဘေး၏ သွေးမျိုးဆက် စွမ်းအင်များ ရှိနေသေးသော်လည်း သူ စတင်ရောက်ရှိခါစကထက် ပိုမို အားနည်းသွားကြောင်းကို ခံစားလိုက်ရသည်။...