အရှက်ကြီးသည့် ဥာဏ်ကြီးရှင် မိန်းကလေး
Vol. 3 Ch. 37
" ဟုတ်ကဲ့ "
နျိုဝူဖုန်း ခေါင်းငုံ့ကာ ပြန်ပြောလိုက်သည်။
လောထျန်းဆီမှ အကြည့် လွှဲလိုက်သည်နှင့် သူ့တစ်ကိုယ်လုံး ပြိုလဲကျသွားတော့မည်ကဲ့သို့ နျိုဝူဖုန်း ခံစားလိုက်ရသည်။
တိုတဒင်္ဂတွင် တုန်လှုပ်ဖွယ် အအေးဓာတ်တစ်ခုကို သူ့ရင်ထဲမှပင် ခံစားနေရ၏ ။
လောထျန်းအား ကြည့်လိုက်ရုံဖြင့်ပင် ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုကို သူ ခံစားခဲ့ရ ပေသည်။
လောထျန်းသည် အလွန်အစွမ်းထက်သူတစ်ယောက် ဆိုသည်ကို သူ ယခင်ကတည်းက သိထားပြီးဖြစ်သော်လည်း ယခုမှသာ မည်မျှအစွမ်းထက်ကြောင်း သတိထားမိလိုက်ခြင်းဖြစ်သည်။
လက်ဝါး တစ်ချက်တည်းဖြင့် သူ့အရိုးများကို ချိုးခဲ့စဥ်က လောထျန်းသည် မပြောပလောက်သော အစွမ်းပမာဏကိုသာ သုံးခဲ့သည့်ဟန်ပင် ။
အကယ်၍ လောထျန်းသာ ဆန္ဒရှိပါက သူ့အား သေချာပေါက် သတ်ပစ်နိုင်ပေသည်။
" ဘုရင် ကျင်းဖန် ကျုပ်နဲ့လိုက်ခဲ့ "
လောထျန်း ပြောလိုက်သည်။
ဘုရင်ကျင်းဖန်မှာလည်း လောထျန်းကို ယခုပုံစံဖြင့် ပထမဆုံး မြင်လိုက်ရသည့်အတွက် အံ့အားသင့်နေ၏။
" ဟုတ်ကဲ့ "
သူက စကားများများ မပြောဝံ့ဘဲ ချက်ချင်း သူ့အသွင်ကို ငှက်ကြီးအဖြစ်သို့ ပြန်ပြောင်းလိုက်သည်။
ဝှစ် ..
လောထျန်းက ငှက်ကြီးပေါ်သို့ လွှားခနဲ ခုန်တက်ကာ ချက်ချင်း ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။
" အဘိုး .. ဦးလေးက ဘယ်သွားပြီး ဘာလုပ်မလို့လဲဟင် "
လောထျန်း ထွက်ခွာသွားပြီးမှသာ နျိုဝူဖူန်းက ကြောက်စိတ်မပြယ်သေးသည့် မျက်နှာဖြင့် မေးလိုက်သည်။
" သူ .. ပြဿနာသွားရှာတော့မယ်ထင်ပါတယ် "
လောဖုန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
.....
ယွင်ရွှေမြို့ လန်မိသားစု အိမ်တော်၌ ...
" ဖေဖေ .. ဘာသတင်း ကြားသေးလဲဟင် "
လန်ရှို့သည် အိပ်ရာမှ မထနိုင်ဘဲ လှဲနေရသည့်တိုင် သူမ မျက်လုံးများက စူးရှနေ၏ ။
လန်မုန့်က သူ့သမီးကို ကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။
" စိတ်မပူနဲ့ သမီးလေး ၊ ကောင်းကင်ထိန်းချုပ်အဆင့် ကျင့်ကြံသူသုံးယောက်သာ တစ်ပြိုင်တည်း တိုက်ခိုက်ရင် လောမိသားစု မခံနိုင်ပါဘူး ။ သူတို့ တစ်မိသားစုလုံး အမြစ်ပြတ်သွားမှာ သေချာတယ် "
လန်ရှို့ ဘာမှ ထပ်မပြောဘဲ ခေါင်းညိတ်လိုက်သည်။
ထိုစဥ် တစ်ဖက်မှ ယွင်ရွှေမြို့စားကြီး၏ အိမ်တော်၌ ....
" သခင်ကြီးလုံ .. ခုလို အကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ။ ခင်ဗျားက ကျုပ်တို့ ယွင်ရွှေမြို့ရဲ့ အကာအကွယ် အစီအမံကို ပိုပြီးအားကောင်းကောင် လုပ်ပေးလိုက်တာပဲ "
ယွင်ရွှေမြို့စားကြီး ဝူဝမ်ထျန်းက အပြုံးဖြင့် ဆိုသည်။
သူ့ရှေ့မှသူသည် ထုံရွှယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော ကျို့ယွဲ့ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ၊လုံယင့်ချုံ ဖြစ်နေသည့်အတွက် မြို့စားဝူ အလွန် ပျော်ရွှင်ဝမ်းမြောက်နေ၏ ။
ထိုမျှ အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ကို သူ ယခုမှသာ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခြင်းဖြစ်သည်။
" မြို့စားကြီးဝူ .. ကျုပ်အပေါ်ကို အရမ်းကြီး ယဥ်ကျေးလွန်းနေပါပြီ။ ကျုပ် အခုလို ကူညီပေးရတဲ့ အကြောင်းရင်းကလဲ ဒီက မိန်းကလေး ဝူယွီရို့ကြောင့်ပါ "
လုံယင့်ချုံက ထိုသို့ပြောကာ သူ့နံဘေးမှ မိန်းမပျိုလေးအား အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။
" မြို့စားကြီးဝူ .. ခင်ဗျားလို စိတ်စွမ်းအင် အသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုထူးချွန်တဲ့ သမီးမျိုး မွေးထားနိုင်တာလဲဗျာ ။ မိန်းကလေးက အသက် ဆယ့်ခုနစ်နှစ်ပဲ ရှိသေးပေမယ့် စိတ်စွမ်းအင် အသွင်ပြောင်းအဆင့်ကိုတောင် ရောက်နေပြီ။ ကျုပ် သိရသလောက်ဆို ဘုရင်ရှန်းဝူရဲ့ သားတောင် ဒီအဆင့်ကို မရောက်သေးဘူးဗျ "
" ဒီမိန်းကလေးက ယဲ့ဖုန်းနိုင်ငံရဲ့ နောက်မျိုးဆက် လူငယ်တွေကြားမှာ အကောင်းဆုံးကျင့်ကြံသူဖြစ်လာမယ်ဆိုတာ သေချာတယ်။ အချိန်တစ်ခု ကြာတာနဲ့ သူက ထုံရွှယ်အဆင့်ကို ရောက်သွားမှာပဲ။ ကွေ့ရှအဆင့်ကို ရောက်သွားရင်တောင် ကျုပ် အံ့သြမိမှာ မဟုတ်ဘူးဗျာ ။ အဲ့ကျရင် မိန်းကလေးက တကယ်ကို ယဲ့ဖုန်းနိုင်ငံရဲ့ အကောင်းဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မယ် "
ဝူဝမ်ထျန်းကလည်း သူ့သမီးကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။
သို့သော် သူက ပလွှားဝင့်ဝါနေခြင်းမျိုး မရှိဘဲ တည်ငြိမ်စွာ ပြန်ပြော၏။
" သခင်ကြီးက အရမ်းမြှောက်လွန်းနေပါပြီ။ ကျုပ် သမီးလေးရဲ့ အောင်မြင်မှုတွေအားလုံးက သခင်ကြီးရဲ့ သင်ကြားပြသမှုတွေကြောင့်ပါ။ တကယ်လို့ သခင်ကြီးသာ ချွင်းချက်ထားပြီး သူ့ကို နောက်ဆုံးတပည့်အဖြစ် လက်မခံခဲ့ဘူးဆိုရင် သူ ခုလို အာင်မြင်မှုမျိုးတွေ ရလာမှာမဟုတ်ဘူးဗျ "
ဝူဝမ်ထျန်း၏ ချီးကျူးစကားကို ကြားသောအခါ လုံယင့်ချုံ ပျော်သွားပြီး ဝမ်းသာအားရ ရယ်လိုက်သည်။
သို့သော် ထိုအချိန်တွင် ....
ဝှီ ...
ယွင်ရွှေမြို့၏ အကာအကွယ်အစီအမံက အားလုံးရှေ့တွင် တလက်လက်တောက်သွား၏။
" ဟင် .. ဒီအလင်းတန်းက .. ထုံရွှယ်အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် လာနေပြီ "
လုံယင့်ချုံက အရောင်လက်နေသည့် သိုင်းကွက်ကို ကြည့်ကာ ရေရွတ်လိုက်သည်။
" ဘယ်လို .. ထုံရွှယ်အဆင့်က .. "
ဝူဝမ်ထျန်း မျက်နှာအနည်းငယ် ပျက်သွားသည်။
လုံယင့်ချုံက သူ့ကို ကြည့်ကာ ချက်ချင်း အပြုံးဖြင့် နှစ်သိမ့်လိုက်သည်။
" မြို့စားကြီး ဝူ ၊ စိတ်မပူပါနဲ့ဗျာ ။ ကျုပ်စီမံထားတဲ့ အစီအရင်က ထုံရွှယ်အဆင့် ကျင့်ကြံသူတောင် ဖျက်ဆီးဖို့ မလွယ်ဘူး ။ ပြီးတော့ ကျုပ်ကိုယ်တိုင်လဲ ဒီမှာ ရှိနေတာပဲလေ "
ဝူဝမ်ထျန်းမှာ ထိုစကားကြောင့် ချက်ချင်း စိတ်သက်သာရာ ရသွားဟန်ဖြင့်
" ဒါဆို သခင်ကြီးလုံ ကိုပဲ အားကိုးပါရစေဗျာ "
ဟု ပြောလိုက်သည်။
လုံယင့်ချုံ ခေါင်းညိတ်လိုက်သည်။
" အားလုံး .. ကျုပ်နဲ့ အတူ မြို့တော်ထိပ်ကို လိုက်ခဲ့ကြပါ ။ ဘယ်သူ လာနေတာလဲဆိုတာ ကြည့်ရမယ် ။ ယွီရုံလဲ ဆရာနဲ့ လိုက်ခဲ့ပါ ။ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်နဲ့ တွေ့တာက မင်းအတွက် အကူအညီဖြစ်လိမ့်မယ် "
" ဟုတ်ကဲ့ "
ယွီရုံက မျက်လုံးထဲမှ ကြောက်စိတ်ကို မဖုံးနိုင်ဘဲ တိုးတိုး ပြောလိုက်သည်။
ထိုအခြင်းရာကို မြင်သောအခါ လုံယင့်ချုံ ခေါင်းအသာယမ်းလိုက်သည်။
သူ့တပည့်သည် ကျန်နေရာများတွင် အပြစ်ဆိုစရာ မရှိသော်လည်း ပင်ကိုယ်စရိုက်က အရှက်အကြောက်ကြီးကာ အနည်းငယ် ပျော့ညံ့ပြီး ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း မရှိလှချေ။
၎င်းက သူမ၏ အကြီးမားဆုံး အားနည်းချက်တစ်ခုလည်းဖြစ်ရာ သေချာစွာ လေ့ကျင့်ရန် လိုအပ်ပေသည်။
မကြာမီပင် သူတို့လူစုသည် ယွင်ရွှေမြို့ ရိုးပေါ်သို့ ရောက်သွားကြသည်။
သူတို့ရောက်ပြီး ခဏအကြာမှာပင် ကောင်းကင်ယံ၌ ကြီးမားသော အရိပ်ကြီးတစ်ခု ပျံသန်းလာသည်ကို တွေ့လိုက်ရ၏ ။
၎င်းကို မြင်သောအခါ လုံယင့်ချုံ ချက်ချင်း မျက်မှောင်ကြုံ့သွားသည်။
" ဘုရင်ကျင်းဖန် ပါလား .. သူက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ .. "
သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
" သခင်ကြီးလုံ .. အဲ့ဒါ ဘယ်သူလဲဗျ "
ဝူဝမ်ထျန်းက ဘုရင်ကျင်းဖန်အား မသိသဖြင့် မေးလိုက်သည်။
လုံယင့်ချုံက သူ့ကို လှည့်ကြည့်ကာ ပြန်ဖြေ၏ ။
" ဘုရင်ကျင်းဖန် ဆိုတာ ထုံရွှယ်အဆင့်က နတ်သားရဲတစ်ကောင်ပဲ ။ဒါပေမယ့် သူက ပုံမှန်ဆိုရင် တောထဲမှာပဲ သီးသန့်နေတဲ့သူပါ ။ အခု ဘယ်လိုဖြစ်ပြီး လူသားတွေနေတဲ့မြို့ကို လာခဲ့တာလဲ မသိဘူး "
" နတ်သားရဲတစ်ကောင် ... "
ထိုစကားကြောင့် ဝူဝမ်ထျန်း သက်ပြင်းရှည်ကြီး ချလိုက်သည်။
ထိုအချိန်တွင် ဘုရင်ကျင်းဖန်က ယွင်ရွှေမြို့ရိုးအနီးသို့ ရောက်လာ၏ ။
" ဘုရင်ကျင်းဖန် .. မတွေ့တာတောင် တော်တော်ကြာသွားပြီဗျာ ။ ကျုပ်က ကျိုးယွဲ့ဂိုဏ်းက ဂိုဏ်းခေါင်းဆောင် လုံယင့်ချုံ ပါ ။ ကျုပ် ခင်ဗျားကို လာနှုတ်ဆက်တာပါ "
လုံယင့်ချုံက မြို့ရိုးပေါ်မှ အော်လိုက်သည်။
ဘုရင်ကျင်းဖန်မှာလည်ူ လုံယင့်ချုံကို သတိထားမိသွားကာ မြို့၏ အကာအကွယ်အစီအမံကို တစ်ချက် ထပ်ကြည့်လိုက်သည်။ ထို့နောက် သူက အသံကျယ်ဖြင့်
" သခင်ကြီး လုံ .. ဒီအကာအကွယ်က ခင်ဗျားလုပ်ထားတာလား ။ ကျေးဇူးပြုပြီးတော့ အကာကွယ်ကို ဖယ်ပြီး ကျုပ်ကို မြို့ထဲ ဝင်ခွင့်ပေးပါ "
ဟု ပြောလိုက်သည်။
လုံယင့်ချုံက သူ့ကို စိုက်ကြည့်ကာ အပြုံးဖြင့် ပြန်ပြော၏။
" တကယ်လို့ ဘုရင်ကျင်းဖန်က မြို့ထဲကို ဝင်ချင်တယ်ဆိုရင် ကျုပ် မတားပါဘူး ။ ဒါပေမယ့် ခင်ဗျားဆီက လူသတ်အရိပ်အငွေ့က ပြင်းထန်လွန်းနေတော့ ကျုပ်တို့ချင်း အဝေးကြီးဖြစ်နေတာတောင် ကျုပ်မျက်နှာကို လာထိနေတယ်။ ဆိုတော့ ကျုပ်က ဘယ်လိုလုပ်ပြီး ဝင်ခွင့်ပေးဝံ့မှာလဲဗျာ ။ ခင်ဗျားသာ မြို့ထဲ ဝင်လာရင် တစ်မြို့လုံးကလူတွေ ဒုက္ခရောက်မသွားနိုင်ဘူးလားဗျ "
ထိုစကားကို ကြားသောအခါ ဘုရင်ကျင်းဖန်က အေးစက်စက် ပြန်ပြော၏ ။
" သခင်ကြီးလုံ .. ခင်ဗျား မှားနေပြီ ။ ဒီလူသတ်အရိပ်ငွေ့က ကျုပ်ဆီက လာတာမဟုတ်ဘူး။ ကျုပ်ရဲ့ သခင်ဆီကပဲ "
" သခင် .. "
ထိုစကားကို ကြားပြီးမှသာ ဘုရင်ကျင်းဖန်၏ ကျောပေါ်တွင် ထိုင်နေသည့် လောထျန်းအား လုံယင့်ချုံ သတိထားမိသွားသည်။
ထိုအချိန်တွင် လောထျန်းက အစွမ်းကို စုစည်းနေဟန်ဖြင့် မျက်လုံးမှိတ်လျက် ရှိနေသည်။
သို့သော် လူသတ်အရိပ်အငွေ့က သူ့ထံမှ ထွက်လာနေသည်မှာ ထင်ရှားပေသည်။
ထိုမြင်ကွင်းကြောင့် လုံယင့်ချုံ အနည်းငယ် တုန်လှုပ်သွားသည်။
" ဘုရင်ကျင်းဖန်မှာ သခင် ရှိနေတာလား .. ။ သူ့လိုလူမျိုးက တခြားသူတစ်ယောက်ရဲ့ စီးတော်ယာဥ်အဖြစ် လိုလိုလားလား လုပ်နေတာ မယုံနိုင်စရာပဲ ။ သူ့သခင်က .. ကွေ့ရှအဆင့်ကများ ဖြစ်နေမလား .. "
ဖြစ်နိုင်ချေကို တွေးလိုက်ရုံဖြင့်ပင် လုံယင့်ချုံ၏ နဖူးမှ ချွေးများ စီးကျလာသည်။
သူ၏ အကာအကွယ် အစီအမံဖြင့် ထုံရွှယ်အဆင့်မှ ကျင့်ကြံသူ အများစုကို တားနိုင်သည်ဟု သူ ယုံကြည်ချက် အပြည့်ရှိ၏ ။
နတ်သားရဲဖြစ်သည့် ဘုရင်ကျင်းဖန်ကို တိုက်ခိုက်ရန်ပင် သူ ယုံကြည်ချက် ရှိသော်လည်း ...
ကွေ့ရှအဆင့်မှ ကျင့်ကြံသူ တစ်ယောက်ကိုမူ ...
" ဘုရင် ကျင်းဖန် ၊ ခင်ဗျားရဲ့ သခင်က ဒီမြို့ကို ဘာရည်ရွယ်ချက်နဲ့ လာခဲ့တာလဲဆိုတာ မေးလို့ရမလားခင်ဗျာ "
လုံယင့်ချုံ မေးလိုက်သည်။
ထိုစဥ် လောထျန်းက ဘုရင်းကျင်းဖန်၏ အဖြေကို မစောင့်ဘဲ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
သူ့မျက်လုံးများ ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အေးစက်သော အလင်းတန်းနှစ်ခု မြို့ရိုးပေါ်သို့ ကျလာပြီး အမှတ်အသားကြီးနှစ်ခု ဖြစ်သွား၏ ။
" အ ... "
ဝူယွီရုံ သည် လောထျန်းနှင့် စက္ကန့်ပိုင်းမျှသာ အကြည့်ဆုံလိုက်သော်လည်း ချက်ချင်းပင် သူမ၏ ခြေထောက်များ ပျော့ခွေသွားပြီး ကြမ်းပေါ်သို့ လဲကျသွားသည်။
အကာအကွယ်ကို ဖယ်လိုက်ပါ ။ ကျုပ်က ဒီကို လန်မိသားစုအတွက်ပဲ လာခဲ့တာ ။ တခြား ဘယ်သူ့ကိုမှ ထပ်မသတ်ချင်ဘူး။ ဒါပေမယ့် လန်မိသားရှေ့က ကာကွယ်ပေးရင်တော့ အဲ့ဒီလူကိုပါ သတ်ရလိမ့်မယ် "
လောထျန်းက အေးစက်စက် ပြောလိုက်သည်။
ဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်သည့် လုံယင့်ချုံမှာ တုံးအသူတစ်ယောက် မဟုတ်ပေ။
ထို့အပြင် လန်မိသားစုက မည်သူဆိုသည်ကိုပင် သူ မသိရာ သူတို့အတွက် ကာကွယ်ပေးနေစရာလဲ အကြောင်းမရှိချေ။
" ကျေးဇူးပြုပြီး ခနစောင့်ပေးပါဗျာ ။ ကျုပ် အကာအကွယ်ကို အခုပဲ ဖယ်လိုက်ပါမယ် "
လုံယင့်ချုံက ချက်ချင်းပင် လက်ဟန်တစ်ခု လုပ်လိုက်ရာ အကာအကွယ်အစီအမံ၏ တစ်စိတ်တစ်ပိုင်း ပွင့်သွားသည်။
" ကျေးဇူးတင်ပါတယ် "
ဘုရင် ကျင်းဖန်က ပြောပြီးသည်နှင့် မြို့ထဲသို့ ဆက်ပျံသွားလိုက်သည်။
ဘုရင်ကျင်းဖန် ပျံသွားသည့် လမ်းကြောင်းကို ကြည့်ကာ ဝူဝမ်ထျန်း၏ နဖူးကြောများ ထောင်သွားသည်။
" လန် မိသားစုက လူတွေက ရူးနေတာများလား ။ ဒီလိုလူမျိုးကိုမှ သွားပြီး ရန်စရတယ်လို့ "