← Chapters

ကျန်းရွှယ်ဂိုဏ်း၏ ပျက်စီးခြင်း

Vol. 3 Ch. 41

ကျန်းရွှယ်ဂိုဏ်း၏ ပျက်စီးခြင်း

Vol. 3 Ch. 41

" ဘယ်လို "

ဟွေ့နန် ထိတ်လန့်တုန်လှုပ်သွားသည်။

ကောထုံ ပြောပြခဲ့သည့် ဖြစ်နိုင်ချေ နှစ်ခုလုံးမှာယုံနိုင်စရာပင် မရှိချေ။

ကြေးနီပြားက အဆင့်ခြောက် မှော်လက်နက်တစ်ခု မဟုတ်ပါလား .. ။

၎င်း၏ အစွမ်းက ကွေ့ရှအဆင့် နီးပါးပင် ရှိ၏ ။

ထိုသို့သော လက်နက်မျိုးက လက်တစ်ချက် တောက်လိုက်ရုံဖြင့် အာရုံခံ၍ပင် မရတော့သည့် အကွာအဝေးသို့ လွင့်စင်ထွက်သွားနိုင်သည်လား .. ။

သို့မဟုတ် လုံးဝ ဖျက်ဆီးခံလိုက်ရပြီလား .. ။

ထိုအဖြစ်ဆိုးကြီးသာ အမှန်ဆိုပါက လောထျန်း၏ အစွမ်းသည်  ....

ဟွေ့နန်မှာ အခြေအနေကို ရိပ်မိသွားကာ လောထျန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

လောထျန်းက မင်ရှင်း နှင့် တင်းချန်ကို ဘုရင်ကျင်းဖန်၏ အကူအညီမပါဘဲ တစ်ယောက်တည်းအစွမ်းဖြင့် သတ်ဖြတ်ခဲ့ခြင်းလား .. ။

သို့သော် ၎င်းက ဖြစ်နိုင်ပါမည်လား ...

ထိုသို့ တွေးမိလိုက်သည်နှင့် ဟွေ့နန် ရင်ထဲ လေးလံသွားသည်။

သူ အတွက်မှားသွားခဲ့လေပြီ ။

ကျန်းရွှယ်ဂိုဏ်း၏ နှစ်ပေါင်းရာနှင့်ချီ တည်တံ့လာသော အောင်မြင်ကျော်ကြားမှုများ အဆုံးသတ်ရတော့မည်လား .. ။

ထိုအချိန်မှာပင် လောထျန်းက သူ၏ ရွှေရောင်လက်ကြီးကို ပြန်သိမ်းကာ ကျန်းရွှယ်ဂိုဏ်းမှ လူများအား ငုံ့ကြည့်လိုက်သည်။

" သုံးဆယ် ပြည့်သွားပေမယ့် တစ်ယောက်မှ မထွက်ဘူးနော်။ ကောင်းပြီလေ ။ ခင်ဗျားတို့အားလုံးက ကျန်းရွှယ်ဂိုဏ်းမှာပဲ မြေမြှပ်ခံချင်ကြတာဆိုတော့လဲ ကျုပ်က အားလုံးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့  "

လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် သူ့ဟင်းလင်းပြင်လက်စွပ်ထဲတွင် သိမ်းထားသည့် သွေးနီကင်းမြီးကောက်၏ ဓားကို ထုတ်လိုက်သည်။

" ကောင်းကင်ဘုံ ဓားသိုင်း .. ဓားကွက်လေးသွယ် "

ထို့နောက် သူက အရပ်လေးမျက်နှာဘက်သို့ ဓားဖြင့် လေးချက်ခုတ်လိုက်သည်။

ကြောက်မက်ဖွယ် ဓားစွမ်းအင်တစ်ခုက ကျန်းရွှယ်ဂိုဏ်းတစ်ခုလုံးပေါ်သို့ အုပ်မိုးသွားပြီး လေးဘက်လေးတန် စည်းတားထားသကဲ့သို့ ဖြစ်သွား၏ ။

" ဟင် .. သူ ဘာလုပ်လိုက်တာလဲ "

" လွဲသွားတာများလား "

" မဟုတ်ဘူးကွ ၊ ဒီလူက ဘိုးဘေးရဲ့ မှော်လက်နက်ကိုတောင် လက်တစ်ချောင်းတည်းနဲ့ အပျောက်ဖျောက်နိုင်ခဲ့တာ .. ဒါ လွဲသွားတာ လုံးဝ မဖြစ်နိုင်ဘူး "

ကျန်းရွှယ်ဂိုဏ်းမှ အကြီးအကဲများ မယုံနိုင်စွာ ကြည့်နေကြသည်။

ထိုစဥ် လောထျန်းက ဘုရင်ကျင်းဖန်အား

" သွားကြစို့ "

ဟု ပြောလိုက်သည်။

" ဟင် .. "

လောထျန်းက မည်သည့်အတွက်ကြောင့် ထွက်သွားရန် ပြောနေသည်ကို ဘုရင်ကျင်းဖန် နားမလည်နိုင်ဘဲ ဖြစ်သွား၏။

ထိုဓားချက် လေးချက်က မည်သည့်အရာကိုမှ ထိမသွားခဲ့ပေ။

သို့သော် ဘုရင်ကျင်းဖန်မှာ လောထျန်း၏ အမိန့်ကို နာခံရုံသာ တတ်နိုင်ပေသည်။

ထို့နောက် ဘုရင်ကျင်းဖန်က တောင်ပံတစ်ချက်ခတ်ကာ အဝေးသို့ ပျံသွားလိုက်သည်။

" ဟင် .. ဒီလူက ဘာလို့ ထွက်သွားတာလဲ "

" မသိဘူးကွ .. ဘာဖြစ်လို့များပါလိမ့် "

" ဒီကောင်က တကယ်မလုပ်နိုင်ဘဲ ဟန်ဆောင်နေတာနဲ့ တူပါတယ်ကွာ ။ ဒါမှမဟုတ် သူ့အစွမ်းက အကန့်အသတ်ရှိနေလို့ တစ်ကြိမ်ပဲ သုံးလို့ ရတာလားမသိဘူး ။ အခုက သူ့အစွမ်းကို သုံးပြီးသွားပြီဆိုတော့ သူဘာမှ မလုပ်နိုင်မှန်း လူတွေ သိမှာစိုးလို့ ထွက်ပြေးသွားတာထင်တယ် "

" ဒါ အဓိပ္ပါယ်ရှိတယ် "

ကျန်းရွှယ်ဂိုဏ်းမှ လူများ တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

ကောထုံသည်ပင် နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေ၏ ။

လောထျန်းက မည်သည့်အတွက်ကြောင့် ထိုသို့ လုပ်သွားရသည်ကို နားမလည်သည့်တိုင် လောထျန်း ထွက်သွားသည်ကို မြင်လိုက်ရသည့်အတွက် သူ သက်ပြင်းချလိုက်သည်။

ထိုလူငယ်၏ အစွမ်းက ထူးဆန်းလွန်းလှပေသည်။

" သခင်လေး .. သူတို့ကို မသတ်တော့ဘူးလား "

ဘုရင်ကျင်းဖန်က ကျောပေါ်မှ လောထျန်းအား မေးလိုက်သည်။

ယခုထိတိုင် လောထျန်းဆီမှ ထွက်လာသည့် လူသတ်အရိပ်အငွေ့က ကြောက်မက်ဖွယ် ကောင်းလွန်းနေရာ ထိုသို့ ထွက်လာခြင်းက အဓိပ္ပါယ်မရှိလှပါချေ။

သို့သော် ထိုစဥ် လောထျန်းက အေးစက်စက် ပြန်ပြော၏ ။

" သူတို့ အသတ်ခံလိုက်ရပြီလေ "

" ဟင် .. "

ဘုရင်ကျင်းဖန် အံ့အားသင့်သွားကာ နောက်သို့ လှည့်ကြည့်လိုက်သည်။

ဝီ ...

သူ့အနောက်ဘက်တွင် ကျန်နေခဲ့သော လောထျန်း၏ ဓားစွမ်းအင်က မြေပေါ်သို့ ဆင်းသက်သွားပြီး မြေပြင်မှ ဓားအလင်းတန်းတစ်ခု ရုတ်တရက် တိုးထွက်လာသည်။

ထို့နောက် ချက်ချင်းပင် အခြား သုံးနေရာမှလည်း ဓားအလင်းတန်းကြီးများ ထွက်လာ၏ ။ ၎င်းဓားအလင်းတန်းများက ကောင်းကင်ယံသို့ ထိုးတက်သွားကာ ကျန်းရွှယ်ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံထားလိုက်သည်။

" ဒါ .. "

ဘုရင်ကျင်းဖန်၏ မျက်လုံးများ အလွန်ပြူးကျယ်သွား၏ ။

သူသည် ထိုနေရာမှ အဝေးသို့ ရောက်နေသည့်တိုင် ဓားအလင်းတန်းများဆီမှ ထွက်နေသော ကြောက်မက်ဖွယ် စွမ်းအင်ကို ခံစားလိုက်ရသည်။

သူသာ ထိုဓားအလင်းတန်းနှင့် ထိမိသွားပါက ချက်ချင်း သေဆုံးသွားရမည်ကိုလည်း သိလိုက်၏ ။

" ဘာတွေ ဖြစ်နေတာလဲ .. ဒါ ဘာတွေလဲ "

" ဒီကောင်က ငါတို့ကို ဒီနေရာမှာပဲ ပိတ်လှောင်ထားဖို့ ကြိုးစားနေတာလား "

" ဟိုကို ကြည့်လိုက်ဦး ။ ဓားအလင်းတန်းတွေ ကျိုးပျက်သွားပြီနဲ့တူတယ် "

ကျန်းရွှယ်ဂိုဏ်းသားများ၏ အော်သံများ ဆူညံစွာ ထွက်လာသည်။ ထိုအချိန်တွင် ကျန်းရွှယ်ဂိုဏ်းကို လေးဘက်လေးတန် ပိတ်ဆို့ထားသည့် ဓားအလင်းတန်းကြီး လေးခုက ရုတ်တရက် မရေမတွက်နိုင်သော ဓားအလင်းတန်းငယ်လေးများ အဖြစ်သို့ ပေါက်ကွဲထွက်သွားကာ ကျန်းရွှယ်ဂိုဏ်းမှ လူများဆီသို့ တိုးဝင်သွားကြသည်။

" ဟာ .. ငါ့ကို ကာပေးစမ်း "

ကျန်းရွှယ်ဂိုဏ်း ၏ အကြီးကဲတစ်ဦးက သူ့ဓားကိုထုတ်ကာ ဝင်လာသည့် ဓားအလင်းတန်းအား လှမ်းခုတ်လိုက်သည်။

သို့သော် သူ့လက်ထဲမှ ဓားက ချက်ချင်း အစိတ်စိတ်အမွှာမွှာ ကွဲသွားပြီး ဓားအလင်းတန်းက သူ့ကိုယ်ထဲသို့ ဖောက်ဝင်သွားကာ ထိုလူ နေရာမှာပင် သေဆုံးသွားတော့သည်။

" အခြေနေ မဟန်ဘူး .. အားလုံး ပြေးကြဟေ့ "

ထိုအချိန်တခဏအတွင်း ကျန်းရွှယ်ဂိုဏ်းတစ်ခုလုံး နာကျင်စွာ အော်ဟစ်သံများ ၊ ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားသံများဖြင့် ပြည့်နှက်သွား၏ ။

သို့သော် မရေမတွက်နိုင်သော ဓားအလင်းတန်းများ၏ တိုက်ခိုက်မှုအောက်တွင် လွတ်လမ်း ရှိမနေပေ ။

" ပြီးသွားပြီကွာ ..အခုတော့ အားလုံး ပြီးသွားပြီ ။ ဒါတွေအားလုံးက ငါ့အမှားကြောင့်ပဲ ။ ငါ လူကဲခတ်ညံ့လို့ ဖြစ်ရတာ "

ဟွေ့နန်မှာ ဓားအလင်းတန်းကို မြင်လိုက်သည်နှင့် သူရော ကျန်းရွှယ်ဂိုဏ်းပါ အဆုံးသတ်ရတော့မည်ကို သိလိုက်၏ ။

သူ နောင်တလည်း အလွန်ရနေမိသည်။ မည်သည့်အတွက်ကြောင့် လောထျန်းကို ရန်စမိခဲ့ပါသနည်း ..။

သူ တင်းချန်အား လောမိသားစုဆီသို့ မလွတ်ခင် လောထျန်း၏ အစွမ်း မည်မျှရှိသည်ကို ဦးစွာ စုံစမ်းလေ့လာခဲ့သင့်ပေသည်။

သို့သော် ယခုတွင်မူ အားလုံး နောက်ကျသွားခဲ့လေပြီ ။

" သခင်ကြီး အရှုံးမပေးပါနဲ့ ။ သခင်ကြီးတတ်နိုင်သလောက် ပြန်ခုခံပါ "

ထိုစဥ် အကြီးကဲတစ်ယောက်က အော်လိုက်သည်။

" အရှုံးမပေးလို့လဲ ဘာမှ လုပ်မရတော့ဘူး။ ဒီ ဓားစွမ်းအင်က ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ မင်း မမြင်ဘူးလား "

ဟွေ့နန်က အောင့်သက်သက်ပြုံး၍ ခုခံမနေတော့ဘဲ ဓားအလင်းတန်းအား သူ့ကိုယ်ထဲသို့ ဖောက်ထွက်သွားစေလိုက်သည်။

" ချီးပဲကွာ  .. ငါ ဒီမှာတော့ မသေနိုင်ဘူး "

ကောထုံက ဒေါသတကြီး အော်ကာ လေထဲသို့ ပျံတက်လိုက်သည်။

" ဘိုးဘေး ... သူက ထွက်ပြေးဖို့ လုပ်နေတာလား "

" ဘိုးဘေး .. ကျုပ်ကိုလဲ ခေါ်သွားပါဗျာ "

ကျန်းရွှယ်ဂိုဏ်း၏ တပည့်တချို့ အော်ပြောလိုက်ကြသည်။

သို့သော် သူတို့စကား မဆုံးခင်မှာပင် လောထဲမှ ကောထုံအား ထောင်နှင့်ချီသော ဓားအလင်းတန်းများ ဝန်းရံထားသည်ကို မြင်လိုက်ကြရသည်။

" ကျိုးပျက်စေ "

ကောထုံက အော်ကာ သူ့ဓားကို ဆွဲထုတ်၍ ခုတ်လိုက်သည်။ အစွမ်းထက်သော ဓားစွမ်းအင်တစ်ခု ရုတ်ချည်း ထွက်လာ၏ ။

သို့သော် ၎င်းက ချက်ချင်းပင် ဓားအလင်းတန်း၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။

ထို့နောက် ထောင်နှင့်ချီသော ဓားအလင်းတန်းများက ကောထုံဆီသို့ တိုးဝင်သွားကာ သူ့ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်သွားကြသည်။ ကောင်းကင်တစ်ခုလုံး သွေးချင်းချင်းနီသွားပြီး လောထုံ လေထဲမှ ကျလာ၏ ။

ကောထုံ တိုက်ပွဲတွင် သေသွားခဲ့ရလေပြီ .. ။

ဤသို့ဖြင့် စက္ကန့်ပိုင်းအတွင်းမှာပင် ကျန်းရွှယ်ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရတော့သည်။

" ကြောက်စရာ ကောင်းလိုက်တဲ့ အစွမ်းပဲ "

ထိုမြင်ကွင်းကို ကြည့်ကာ ဘုရင်ကျင်းဖန် ရေရွတ်လိုက်သည်။

ကျန်းရွှယ်ဂိုဏ်းသည် ယဲ့ဖုန်းနိုင်ငံတွင် ဒုတိယတန်းစား ဂိုဏ်းတစ်ခုဖြစ်ပြီး အတော်အသင့် ကြောက်စရာကောင်းသည့် အဖွဲ့တစ်ခုဖြစ်သည်။

သို့သော် ထိုသို့သော အစွမ်းကပင် လောထျန်းရှေ့ ရောက်သွားပါက ကျိုးကြေလွယ်သည့် အရုပ်လေးတစ်ခုလို ဖြစ်သွားခဲ့ရ၏ ။

သို့သော် ယခုလို အခြေနေမျိုး ဖြစ်လာအောင်လည်း ကျန်းရွှယ်ဂိုဏ်းက ပြုလုပ်ခဲ့သည်ဖြစ်ရာ သူ ဘာမှ မတတ်နိုင်ပါချေ။

အကယ်၍ သူတို့ဂိုဏ်းသာ လောမိသားစုအား နှစ်ကြိမ်တိတိ အမြစ်ပြတ်သုတ်သင်ရန် မကြိုးစားခဲ့ပါက လောထျန်းသည် ယခုကဲ့သို့ ရက်စက်မည်မဟုတ်သည်ကို သူ သိပေသည်။

" သခင်လေး .. ကျုပ်တို့ အခု ဘယ်ဆက်သွားကြမလဲ "

ဘုရင်ကျင်းဖန်က လောထျန်းအား မေးလိုက်သည်။

" နတ်ဆိုးဝိဥာဥ်နန်းတော် ဘယ်မှာရှိတယ်ဆိုတာ ခင်ဗျားသိလား "

လောထျန်း ပြန်မေးလာ၏ ။

" နတ်ဆိုးဝိဥာဥ်နန်းတော်လား .. "

ဘုရင်ကျင်းဖန် မျက်လုံးပြူးသွားရပြန်သည်။

" သခင်လေး ၊ နတ်ဆိုးဝိဥာဥ်နန်းတော်က လူသတ်သမားတွေ စုထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ သူတို့က တစ်ကမ္ဘာလုံးအနှံ့မှာ ရှိတယ်။ သူတို့ရဲ့ ဌာနချုပ်က ဘယ်မှာလဲဆိုတာတော့ ဘယ်သူမှ မသိကြဘူး။ ယဲ့ဖုန်းနိုင်ငံထဲမှာ ရှိတဲ့ဟာက နတ်ဆိုးဝိဥာဥ်နန်းတော်ရဲ့ ရုံးခွဲတစ်ခုပဲ "

ဘုရင်ကျင်းဖန် ရှင်းပြလိုက်သည်။

လောထျန်း ခေါင်းညိတ်လိုက်၏ ။

" အဲ့လိုလား .. ။ ဒါဆို ယဲ့ဖုန်းနိုင်ငံထံက ရုံးခွဲက ဘယ်မှာရှိတယ်ဆိုတာ ခင်ဗျား သိမှာပေါ့ "

ဘုရင်ကျင်းဖန် ခေါငညိတ်ကာ ပြန်ဖြေသည်။

" ဟုတ်ကဲ့ သိပါတယ် "

" ကျုပ်ကို အဲ့ကို ခေါ်သွားပါ "

လောထျန်း ပြောလိုက်သည်။

ဘုရင်ကျင်းဖန်က မည်သို့မှ ထပ်မပြောဘဲ အရှိန်ကို မြှင့်လိုက်သည်။

........

ဝေးလံခေါင်သီသော တောင်ပေါ်မှ ရွာလေးတစ်ရွာတွင် ဟောင်းနွမ်းပျက်စီးနေသည့် ကုန်စုံဆိုင်လေး တစ်ဆိုင်ရှိ၏ ။

ဆိုင်ထဲ၌ ပါးစပ်တွင် ဆေးတံခဲထားသည့် အဘိုးအိုတစ်ဦးက လက်ထဲမှ စာရင်းစာရွက်တစ်ခုကို ကြည့်လျက် ထိုင်နေသည်။

" ဒီလထဲမှာ ငါတို့ သတ်ဖြတ်ရေးအလုပ် ၃၆၀ ရခဲ့ပြီးတော့ အဲ့ထဲက ၉ ခုက မအောင်မြင်ခဲ့ဘူး "

အဘိုးအိုက မအောင်မြင်ခဲ့သည့် စာရင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

" ခြောက်ခုက ဘုရင်ရှန်းဝူကို သတ်ဖို့ မအောင်မြင်ခဲ့တာ ၊တစ်ခုက သခင်ကြီး ထျန်းကို မသတ်နိုင်ခဲ့တာ ၊ နောက်တစ်ခုက ဂိုဏ်းခေါင်းဆောင် ရှန်းယွဲ့ကို မသတ်နိုင်ခဲ့တာ ..။ ပြီးခဲ့တဲ့ နှစ်တွေထဲမှာ ဒီလူတွေကို သတ်ဖို့ ငါတို့ နတ်ဆိုးဝိဥာဥ်နန်းတော်က လူတော်တော်များများ အသက်ဆုံးခဲ့ကြရတယ်မဟုတ်လား ။ ဒီလူတွေက တော်တော်သတ်ဖို့ ခက်တာပဲ ... "

သူ ထိုသို့ ပြောနေရင်း နောက်ဆုံးတစ်ခုဆီသို့ အကြည့်ရောက်သွားသည်။

" ဟင် .. ပျောင်ပိုင်မြို့က လောမိသားစုနဲ့ သူတို့ရဲ့ သခင်လေး လောထျန်းကို သတ်ဖို့ပါ ကျရှုံးခဲ့တာပဲ ။ ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "

အဘိုးအို အံ့အားသင့်သွားသည်။

All Chapters