← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

နတ်ဆိုးငါးပါး ကောင်းကင် ဝါးမျိုခြင်း အစီအရင်ဆိုသည်မှာ ဤလောကတွင် ကြီးမားသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သည့် အရာ ဖြစ်၏။ လုံလောက်သည့် အားအင်အဆင့်သာ မရှိပါက အစီအရင်ကျွမ်းကျင်သူများ ဝိုင်းဝန်းတိုက်ခိုက်မည် ဆိုလျှင်တောင် အချိန်အနည်းငယ်တော့ ယူရမှာဖြစ်၏။ ဤကဲ့သို့ ရိုးရိုးရှင်းရှင်း ဝင်ရောက်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ချေ။

ထို့အတူ လုချမ်းရွှယ်ဆိုသည်မှာ မည်သူဖြစ်သနည်း။ သူမသည် တော်ဝင်ဓားဂိုဏ်း၏ တတိယမြောက် တပည့်ဖြစ်ပြီး တစ်လျှောက်လုံး ဓားကိုသာ ကျင့်ကြံလာသူ ဖြစ်၏။ ဓားလေ့ကျင့်သူများသည် ဓားမှလွဲ၍ အစီအရင် နှင့် အခြားသောအရာများကို နားလည်ကြသူများ မဟုတ်ကြချေ။ လက်ရှိအချိန်မှာတော့ သူမသည် နတ်ဆိုးငါးပါး ကောင်းကင်ဝါးမျိုခြင်း အစီအရင်၏ သေမင်းဂိတ်ဝ မှ ဝင်ရောက်လာသည်။ သူမသည် အမှန်ပင် အစီအရင်အား ဖျက်ဆီးခဲ့တော့၏။ ဖျက်ဆီခြင်းဆိုသည်မှာ အားဖြင့်ဖျက်ဆီးခြင်း မဟုတ်ပဲ။ အစီအရင်၏ သဘောကို နက်နက်နဲနဲ နားလည်ပြီး ဖျက်ဆီးခြင်းဟု ဆိုရပေမည်။

"စီနီယာပြောတာ အမှန်ပဲကိုး။ ရှင့်ရဲ့ အစီအရင်မှာ ပြစ်ချက်တွေ ရှိနေတာပဲ" လုချမ်းရွှယ်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။ အစီအရင်တိုင်းတွင် ပျော့ကွက်များ တည်ရှိနေ၏။ သို့ပေမဲ့ ထိုကဲ့သို့သော ပျော့ကွက်များကို အချိန်တိုအတွင်း သိနိုင်ရန်မှာ လွယ်ကူလှသည် မဟုတ်ချေ။

လီယွင်၏ လမ်းညွှန်မှုကို ရရှိထားသည့် လုချမ်းရွှယ်သည် အစီအရင်တစ်ခုလုံးကို တည်တည်ငြိမ်ငြိမ်နှင့် ချိုးဖျက်ခဲ့လေ၏။

"စီနီယာ ဟုတ်လား"

တုချန်ရှန်းသည် အရိုးထဲအထိ အေးစိမ့်သွားသည်။ "လာပြန်ပြီ"

အစောတုန်းက သူသည် ဂရုမစိုက်ခဲ့ချေ။ မခု သေသေချာချာ စဉ်းစားပြီးနောက် နားလည်သွားခဲ့၏။ လုချမ်းရွှယ်၏ နောက်တွင် အစီအရင်နှင့် ပတ်သက်၍ ကျွမ်းကျင်သူတစ်ယောက် ရှိနေမှာ သေချာ၏။ အစီအရင်ကို အဝေးမှ လှမ်းကြည့်လိုက်သည်နှင့် အစီအရင်၏ ပြစ်ချက်ကို ရှာဖွေနိုင်သူပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ထိုသူ၏ အသိပညာသည် ကျွမ်းကျင်လွန်းသည့် အဆင့်သို့ ရောက်ရှိနေမှာ သေချာ၏။

"လုချမ်းရွှယ်ရဲ့ နောက်ကွယ်က စီနီယာဆိုတာ ဘယ်သူလဲ ။ ဘာ့ကြောင့် ဒီလိုလုပ်ရတာလဲ"

တုချန်ရှန်း၏ နဖူးများတွင် ချွေးစေးများ ပြန်လာခဲ့၏။ သူ၏ အကြီးမားဆုံးသော ဝှက်ဖဲကြီး ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် ကြောက်ရွံ့မှုများသည် နှလုံးသားထဲသို့ အရှိန်အဟုန် ပြင်းပြင်းနှင့် ဝင်ရောက်လာခဲ့သည်။

"ဒီလောက ကနေ ထွက်ခွာသွားဖို့ အချိန်ရောက်ပြီ"

သူမသည် မေးခွန်းကို မဖြေဘဲနှင့် ဓားရှည်ကိုသာ ဝေ့ယမ်းလိုက်၏။ ဓားအလင်းတန်းများသည် သက်တန့်ရောင်စဉ် ကဲ့သို့ ကျဆင်းသွား၏။

လောကကြီး တစ်ခုလုံးသည် အရောင်အဆင်း ကင်းမဲ့သွားသည့် ပုံစံမျိုးပင်။ ဤဓားအလင်းတန်းများ သည် တော်ဝင်လမ်း၏ အရှိန်အဝါများ ပါဝင်နေသလိုပင်။ အရှိန်အဟုန် ပြင်းထန်ပြီး အားကောင်း လွန်းလှသည်။

"မင်း လုပ်ရဲတယ် ဟုတ်လား"

တုချန်ရှန်းသည် လျင်လျင်မြန်မြန်ပင် နောက်သို့ ဆုတ်လိုက်၏။ သူ၏ လေသံနှင့်အတူ မျက်နှာသွင်ပြင် တစ်ခုလုံးသည် သည် တင်းမာ ခက်ထန်သွား၏။ သူသည် ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။ "ငါ့ဆရာ လမ်းမှာ ရောက်နေပြီ ။ သူရောက်လာရင် မင်းသေလိမ့်မယ်။ အခု ထွက်သွားရင် အချိန်မီသေးတယ်နော်"

"ရှင့်ဆရာ ဟုတ်လား"

လုချမ်းရွှယ်သည် တွန့်ဆုတ်မသွားသလို၊ ဒေါသထွက်သွာ ပုံလည်းမပေါ်ချေ။ ထိုအစား အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ကျွန်မဆီမှာ အချိန်နှစ်နာရီ ရှိတယ်လို့ စီနီယာပြောခဲ့တာက ရှင့်ဆရာ လာနေလို့ကိုး။ အစကတော့ ဇဝေဇဝါ ဖြစ်မိနေသေးတယ်။ အခုတော့ အံ့အားသင့်စရာ မဟုတ်တော့ပါဘူး"

"ဘာ" တုချန်ရှန်းသည် အံ့အားသင့်သွားမိ၏။

ဤဆရာသည် မည်ကဲ့သို့သော လူဖြစ်သနည်း။ အရာအားလုံး သိမြင်နေသော လူတစ်ယောက်ပေလား။

ရွှီး

နောက်ထပ် ဓားတိုက်ချက် တစ်ခု ထွက်ပေါ်လာပြီးသည့်နောက် တုချန်ရှန်း၏ ခန္ဓာကိုယ်သည် အနောက်သို့ လွင့်စင်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ်အနှံ့တွင် ဓားရာများသည် ဖြစ်တည်လာခဲ့၏။

သူသည် အစောကြီးကတည်းက လျှိုချမ်းရွှယ်၏ ပြိုင်ဖက်မဟုတ်ပေ။ မဟုတ်ပါက မိုင်ရှစ်ထောင်အထိ ထွက်ပြေးနေလိမ့်မည် မဟုတ်ချေ။ အစောကြီးတည်းက ရင်ဆိုင် တိုက်ခိုက်မှာဖြစ်၏။ ယခု အကြီးမားဆုံး သော ဝှက်ဖဲသည်လည်း ပျောက်ဆုံးသွားခဲ့၏။ အဆုံးသတ်သည် ပိုမိုကာ သေချာသွားပေသည်။

"လနှစ်စင်း လေခွင်း"

လျှိုချမ်းရွှယ်သည် လေထဲတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ သူမ၏ လက်ထဲတွင် ရှိနေသော ဓားရောင်စဉ်များသည် ပိုမိုကာ လင်းလက်လာခဲ့ပြီး ဆန်းကြယ်လှသော ဓားတိုက်ကွက်များသည် အရှိန်အဟုန် ပြင်းပြင်းနှင့် စည်းချက် ကျနစွာ ထွက်ပေါ်လာခဲ့၏။

ဒွီ

ခြစ်ခြစ်တောက် ပူလောင်လှသော နေနှစ်စင်းသည် ရုတ်တတရက် ထွက်ပေါ်လာခဲ့ပြီး ဓားအလင်းတန်းများအား ပိုမို အားကောင်းအောင် ထောက်ပံ့ပေးထားသည်။

"သေစမ်း"

လျှိုချမ်းရွှယ်သည် နေနှစ်စင်းကို ဖန်တီးကာဖြင့် တိုက်ခိုက်ခဲ့၏။ သူမသည် တစ်လောကလုံးသို့ လှည့်လည် သွားလာနေသည့် စစ်နတ်ဘုရားမ တစ်ပါးကဲ့သို့ပင်။ သူမ၏ နောက်တွင်တော့ နေနှစ်စင်း၏ အလင်းရောင်သည် စူးရှစွာ ထွက်ပေါ်လျက် ရှိနေ၏။

"မဟုတ်ဘူး"

တုချန်ရှန်းသည် ကြောက်လန့်စွာဖြင့် အော်ဟစ်လိုက်၏။ သူသည် ဤတိုက်ကွက်နှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်၏။ ယခု သူသည် အလုံးစုံ အားနည်းနေသည့် အခြေအနေသို့ ရောက်ရှိခဲ့၏။ ဤကဲ့သို့သော အခြေအနေတွင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည့် ဤဓားတိုက်ကွက်ကို မည်ကဲ့သို့ ခုခံရမည်နည်း။

သူသည် ဤအတိုင်း ဆက်ကာ ကြည့်နေ၍မဖြစ်တော့ချေ။ ထို့ကြောင့် အမဲရောင် အလံတစ်ခုကို ထုတ်ယူပြီး လျှိုချမ်းရွှယ်၏ တိုက်ခိုက်ချက်ကို တားဆီးလိုက်၏။

သို့ပေမဲ့ ပြင်းထန်လွန်းသော တိုက်ခိုက်မှု၏ အဟုန်အောက်မှာပဲ အမဲရောင်အလံသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့သည်။

ဘုန်း ……။

ကြောက်မက်ဖွယ်ရာကောင်းသည် အသံကြီးသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ တုချန်းရှန်း၏ အော်ဟစ်သံကြီးသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွား တော့၏။

ဟူး ……….။

လျှိုချမ်းရွှယ်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ သူမ၏ မျက်နှာတစ်ခုလုံးသည် စက္ကူဖြူကဲ့သို့ ဖြူလျော်လျက် ရှိနေ၏။ တိုက်ခိုက်ချက်များ အားလုံးသည် သူမ၏ စွမ်းအင်များ အားလုံးကို ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သောကြောင်း ရှိရှိသမျှ စွမ်းအင်များ ကုန်ခမ်းသွားသည်။

သို့ပေမဲ့ ပြောနေစရာ မလိုချေ။ သုမ၏ မျက်လုံးတွင်တော့ အသက်ဓာတ်များနှင့် ပြည့်နှက်နေ၏။ အရာအားလုံးသည် စီနီယာ ပြောခဲ့သည့်အတိုင်း ဖြစ်လို့နေခဲ့၏။ သူမသည် ခေါင်းကိုမော့ကာ ကောင်းကင်ဆီ လှမ်းကြည့်လိုက်၏။

ထိုအချိန်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အာရုံတစ်ခုသည် သူမ၏ နှလုံးသားထဲသို့ တိုးဝင်လာခဲ့၏။ ကျင့်ကြံသူများ၏ အလိုလိုသိစိတ်အရဆိုလျှင် သူမအတွက် ကြောက်မက်ကောင်းသည့် အရာတစ်ခု ဖြစ်လာတော့မည့် အရိပ်သင်္ကတမျိုးပင်။

"မြန်လိုက်တာ"

သူမ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားခဲ့၏။ ဂျူနီယာတစ်ယောက်အနေဖြင့် အကြီးအကဲတစ်ယောက် ကို မည်ကဲ့သို့ တိုက်ခိုက်ရမည်နည်း။ လက်ရှိအခြေအနေတွင် ရွေးစရာ ရှိသည်မှာ တော်ဝင်သဲကန္တာရ မြို့ဆီသို့ လှည့်ပြန်ခြင်းပင်။

ဆန်းကြယ်လွန်းလှသော စီနီယာလီယွင်အကြောင်း တွေးမိပြီးနောက် လျှိုချမ်းရွှယ်သည် ယုံကြည်မှုများ ဖြစ်တည်လာခဲ့၏။ ကောင်းကင်လျို့ဝှက်နန်းဆောင်သခင် သည် တုချန်ရှန်း၏ ဆရာကို အနိုင်ယူနိုင်သည့် စွမ်းရည်မျိုး ပိုင်ဆိုင်ပေလိမ့်မည်။ သို့ပေမဲ့ ထိုစီနီယာသည် သူမကို ကာကွယ်ပေးမည်လားတော့ မသေချာလှချေ။ ဘာပဲဖြစ်ဖြစ် သူမသည် မြို့ဆီသို့ အမြန်ပြန်ရန်သာ စဉ်းစားလိုက်၏။

လုရှန်းရွှယ်၏ အတွေးထဲတွင် သူမအား ကာကွယ်မပေးဘူးဆိုလျှင်တောင်မှ မြို့ထဲတွင် စီနီယာရှိနေသောကြောင့် တုချန်ရှန်း၏ ဆရာသည် တော်ဝင်သဲကန္တာရမြို့၌ ပြဿနာရှာရဲလိမ့်မည် မဟုတ်ချေ။

ဆုံးဖြတ်ချက်ချပြီးသည့်နောက် လျှိုချမ်းရွှယ်သည် တော်ဝင်သဲကန္တာရ မြို့ဆီသို့ တည့်တည့်ပင် ပျံသန်းသွားလိုက်၏။

ဆယ့်ငါးမိနစ် ကြာပြီးသည့်နောက် တောင်ကြား၏ အထက်လေဟာနယ်သည် တွန့်လိမ်သွားခဲ့၏။ ကြောက်မက်ဖွယ် ကောင်းလွန်းလှသော သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ထိုလေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့ပြီး အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဖြူရောင် ဆံပင်များနှင့် အဘိုးအိုတစ်ယောက်သည် လျှောက်ထွက်လာခဲ့၏။ ထိုသူသည် ခြေတစ်လှမ်းသာ လှမ်းရသေးသည် တောင်ကြားအဝင်ဝမှ အလယ်တည့်တည့်ဆီသို့ ​ရှောက်ရှိနေပြီ ဖြစ်သည်။

အဘိုးအို၏ မျက်နှာတစ်ခုလုံးသည် တည်ငြိမ်လျက် ရှိနေ၏။ သူသည် တောင်ကြားတစ်ခုလုံးကို လှည့်ပတ်ကာ ကြည့်ရှုလိုက်သည်။ တောင်ကြားတည်နေရာထဲတွင် ရှိနေသော သားရဲများသည် အသက်ပင် မရှုရဲလောက်အောင် ဖြစ်လို့နေ၏။

ဘုန်း ဘုန်း ဘုန်း

အဘိုးအိုသည် ခံစားချက်ကင်းမဲ့စွာဖြင့် မတ်မတ်ရပ်လို့နေ၏။ သူပေါ်ပေါက်လာပြီးနောက် ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ဖိအားဒဏ်ကို မခံစားနိုင်သလို ဖြစ်နေပြီး သစ်ပင်များသည် တဟူးဟူး နှင့် လှုပ်ခါလျက် ရှိနေသည်။

"ဘယ်သူလဲ"

သစ်ပင်နှစ်ခု ပွတ်တိုက်လိုက်သလို ခြောက်ခြားဖွယ်ရာ အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံသည် ကြားရသူများကို ကြက်သီးမွေးညှင်းများပင် ထသွားစေ၏။

All Chapters