လီယွင်သည် ကျင့်ကြံခြင်းလောကဆီသို့ ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီးနောက် ကောင်းကင်လျှို့ဝှက်နန်းဆောင် ကို ရရှိခဲ့သည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် အတိတ်၊ အနာဂတ်တို့ကို တွက်ချက်နိုင်ပြီး တစ်ဉီးတစ်ယောက်ချင်းစီတိုင်း၏ ကံကြမ္မာကိုလည်း ကြည့်ရှုနိုင်သည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ တွက်ချက်မှုအောက်မှ လွတ်မြောက်သူဟူ၍ လောကတွင်မရှိချေ။ ပထမနတ်အရှင် "ငါ့နယ်မြေမှာ အင်ပါရီယာလက်နက် နှစ်ခု ဖွက်ထားတဲ့အကြောင်း ကောင်းကင်လျှို့ဝှက်နန်းဆောင်က ဘယ်လိုလုပ်သိရတာလဲ" အလင်းနတ်အရှင် "ငါ နှစ်ပေါင်းသုံးထောင်လောက် လမ်းမှန်ကျင့်ကြံသူအဖြစ် ဟန်ဆောင်နေခဲ့တာ ဘယ်လိုလုပ် ကောင်းကင်လျှို့ဝှက်နန်းဆောင်က နတ်ဆိုးကျင့်ကြံသူမှန်း သိရတာလဲ" ကန့်သတ်နယ်မြေသခင် "နှစ်ပေါင်း သုံးသန်းလောက် အသက်ရှင်လာပြီးနောက်မှာ ငါ့ကိုငါ ပြိုင်ဘက်ကင်းလို့ ထင်ထားတာ ဆယ့်ခုနှစ်ယောက်မြောက်ဖြစ်နေတာပဲ။ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင် က ကြောက်စရာကောင်းတဲ့လူပဲ။ " ကောင်းကင်လျှို့ဝှက်နန်းဆောင်ဖွင့်လှစ်ပြီးနောက်မှာတော့ ကျင့်ကြံခြင်းလောက၏ ထိပ်တန်းစွမ်းအားမြင့်သူများသည် အခွင့်အရေး ရယူလိုခြင်းအလို့ငှာ နန်းဆောင်၏ အပြင်ဘက်၌ စီတန်းလျက်ရှိလေသည်။ အားလုံးသောသူတို့၏ နှလုံးသားထဲ၌ ချစ်ကြောက်ရိုသေမှု၊ ချီးကျူး ကိုးကွယ်လိုမှုများနှင့် ပြည့်နှက်နေလေ၏။

