← Chapters

အခန်း (၂၉၁)

Vol. 20 Ch. 291

အခန်း (၂၉၁)

Vol. 20 Ch. 291

"စီနီယာ… မြေအင်မော်တယ်လောကမှာ အစစ်အမှန် အင်မော်တယ်တွေ ရှိနေသေးတယ်ဆိုတာကို မသိဘူးနဲ့ တူတယ်" ဖန်းချင်းလန်သည် တီးတိုးပြောဆိုလိုက်၏။

"အစစ်အမှန် အင်မော်တယ်တွေ ဟုတ်လား" မုန့်ရှင်းကျီ၏ နှလုံးသား တစ်ခုလုံးသည် တုန်ယင်သွားသည်။

ဤလောကကြီးနှင့် ပတ်သက်၍ ကောင်းကင်မူလလောကကြီး၌ ကောလဟလ အကြောင်းများရှိ၏။ သို့ပေမဲ့ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက်မှာတော့ အစစ်အမှန် အင်မော်တယ်များ၏ တည်ရှိမှုသည် မရှိသလောက်နီးပါးပင်။ အမြင့်ဆုံးအနေဖြင့် တည်ရှိသည့် ကျင့်ကြံသူသည် တော်ဝင်အင်ပါယာသာလျှင် ဖြစ်၏။

အတိတ် သမိုင်းကြောင်းတုန်းက ကောင်းကင်မူလလောကကြီးမှ ထွက်ခွာသွားခဲ့သည့် အစစ်အမှန် အင်မော်တယ် တစ်ယောက်ရှိခဲ့၏။ အင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့ပြီးသည့်နောက် ထွက်ခွာဖို့ ဆိုသည်မှာ လွယ်ကူလှ၏။ သို့ပေမဲ့ ပြန်လာဖို့ဆိုသည်မှာလည်း ခက်ခဲလွန်းလှသည်။

အဘယ်ကြောင့် ဆိုသော် ကောင်းကင်မူလလောကကြီးသည် အင်ပါယာ၏ အထက်အဆင့်တွင် ရှိနေသော လူများ နေထိုင်ရန် သင့်တော်သည့် တည်နေရာမျိုး မဟုတ်သောကြောင့်ပင်။ ပြန်လာသည်ဆိုသည်နှင့် တပြိုင်နက် တချို့သော ဖိအားဒဏ်များကို ခံစားရပေလိမ့်မည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် တည်ရှိမှုများသည် ၎င်းတို့၏ အော်ရာ၊ အသိအမြင်နှင့်ပင် ကောင်းကင်မူလလောကကြီး တစ်ခုလုံးကို ပျက်စီးအောင် ပြုလုပ်နိုင်စွမ်း ရှိပေလိမ့်မည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ကောင်းကင်မူလလောကကြီးတွင် အစစ်အမှန် အင်မော်တယ် များကို မတွေ့မြင်ရခြင်းပင် ဖြစ်၏။

"မြေအင်မော်တယ်လောကကြီးက တစ်ခုခု ထူးခြားတာများ ရှိနေတာလား"

မုန့်ရှင်းကျီသည် ဖန်းဟန်နှင့် ဖန်းချင်းလန်တို့ကို လှမ်းကြည့်လိုက်၏။ သူ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက် ရှိနေလေ၏။ ဤအရာသည် အစစ်အမှန် သတင်းကောင်းပင် ဖြစ်သည်။

အင်ပါယာတစ်ယောက် ဖြစ်လာခဲ့ပြီးသည့်နောက် တခြားသော လောက၏ ‌လမ်းကြောင်းတစ်ခုနှင့် ချိတ်ဆက်သွားခဲ့ပြီဖြစ်၏။ အကယ်၍ သူသည်သာ အနာဂတ်၌ တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိမည်ဆိုလျှင် မြေအင်မော်တယ် လောကထဲသို့ ဝင်ရောက်ပြီး သူ၏ ကံတရားကို စမ်းသပ်ကောင်း စမ်းသပ်နိုင်၏။ ရှုပ်ထွေးလှသည့် တည်နေရာကြီးထဲတွင် တည်နေရာလမ်းကြောင်းတစ်ခုကို ရည်ရွယ်ချက်မဲ့ ဖွင့်လှစ်ရခြင်းထက် တိကျသည့် လောကတစ်ခုဆီ ရောက်ရှိခြင်းသည် ကောင်းမွန်သည့် အရာပင်။

ကြည့်ရတာ တခြားအခွင့်အရေး ရှိနေတဲ့ပုံပဲ။

မုန့်ရှင်းကျီက တွေးတောလိုက်၏။ ပြီးသည့်နောက် သူသည် ဖန်းဟန်နှင့် ဖန်းချင်းလန်တို့ကို လှမ်းကြည့်လိုက်၏။

၎င်းတို့ နှစ်ယောက်သည် အနောက်မှလိုက်ကာ အမဲလိုက် သတ်ဖြတ်ခြင်း ခံနေရသည်ဟု ပြောဆိုခဲ့၏။ ၎င်းတို့၏ ရန်သူများသည်သာ လောကကို ဖြတ်သန်းရောက်ရှိလာသည်ဆိုပါက ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးသည် အန္တရာယ် ကျရောက်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် ကောင်းကင်မူလလောကကြီးနှင့် မြေအင်မော်တယ်လောကကြီးနှစ်ခုတို့ကို ရင်ဆိုင် တိုက်ခိုက်ရခြင်းကြောင့် ခရမ်းရောင်နက်နဲ လောကကြီးသည် မည်ကဲ့သို့ အသက်ရှင်အောင် ကြိုးစားရမည်နည်း။

ခရမ်းရောင်နက်နဲလောကကြီး ဖျက်ဆီးခံလိုက်ရသည် ဆိုသည်နှင့် ဤတည်နေရာလမ်းကြောင်းသည် သူ၏ လက်ထဲသို့ အလိုလို ကျဆင်းလာပေလိမ့်မည်။

ဖန်းဟန်နှင့် ဖန်းချင်းလန်တို့ အတွက်ကိုတော့ သူသည် လုံးဝ ဂရုမစိုက်လှချေ။ ဤနှစ်ယောက်သည် မြေအင်မော်တယ်လောကဆီမှ ဖြစ်သည်ဆိုလျှင်တောင်မှ ၎င်းတို့ နှစ်ယောက်၏ အားအင်အဆင့်သည် နိမ့်ကျလွန်းလှ၏။ မြေအင်မော်တယ်လောကကြီးတွင် အစစ်အမှန် အင်မော်တယ်များ တည်ရှိသည် ဆိုလျှင်တောင်မှ ဤနှစ်ယောက်နှင့် ပတ်သက်ဆက်နွယ်မှု မရှိကြောင်း ရှင်းလင်းလှ၏။ ပတ်သက်လျှင် ယခုကဲ့သို့ ထွက်ပြေးရလာလိမ့်မည် မဟုတ်ချေ။

ထိုအကြောင်းအရာကို တွေးကြည့်ပြီးသည့်နောက် သူသည် ခန္ဓာကိုယ်ကို အသာလှည့်ကာဖြင့် ကောင်းကင် မူလလောကကြီးဆီသို့ ဦးတည်လိုက်၏။ ဤကဲ့သို့ အရေးအကြောင်း အခြေအနေမျိုးတွင် မြေအင်မော်တယ်လောကကြီး အကြောင်းနှင့်ပတ်သက်သော အခြေအနေကို သိရှိသူသည် စီနီယာနန်းဆောင်သခင်သာ ရှိပေလိမ်မည်။ ထို့ကြောင့် သူ မေးမြန်းရန် လိုအပ်နေ၏။

ပိုမို၍ အရေးကြီးသည်မှာ ဤနှစ်ယောက်၏ နောက်မှ လိုက်ပါလာခဲ့သည့် အင်အားစုများ၏ အားအင်အဆင့် ကို သိရှိရန် လိုအပ်နေ၏။ ခရမ်းရောင်နက်နဲလောကကြီး ဖျက်ဆီးခံလိုက်ရပြီဆိုလျှင် ၎င်းတို့အနေနှင့် ကောင်းကင်မူလလောကကြီးကို ဤအတိုင်း ဆက်ပြီး ထားမည်လား၊ မထားမည်လား ဆိုသည်က မသေချာ လှပေ။ ဤအရာသည် ပြဿနာကြီး တစ်ခုလည်း ဖြစ်လာနိုင်သည်။

"စီနီယာ" မုန့်ရှင်းကျီ တစ်ယောက် ထွက်ခွာတော့မည်ကို မြင်ရသည့် အချိန်မှာတော့ ဖန်းဟန်သည် အလောတကြီးဖြင့် လှမ်းကာ အော်ဟစ်လိုက်၏။ ဤအင်ပါယာသည် သူတို့ဘိုးဘေး ချန်ထားခဲ့သည့် အမွေအနှစ်များကို ယူဆောင်သွားခဲ့၏။ ဘာပဲဖြစ်ဖြစ် ၎င်းတို့၏ ကြားထဲတွင် ဆက်နွယ်မှုတစ်ခုက တည်ရှိနေ၏။ ဤအင်ပါယာကို ကူညီပေးရန် တောင်းဆိုမည်ဆိုခြင်းမှာ လွယ်ကူမည်ဟု သူက ထင်မှတ်ခဲ့၏။

ဘာမှ မသက်ဆိုင်သည့် အင်ပါယာတစ်ယောက်ဖြစ်သည်ဆိုပါက အကူအညီတောင်းခံရန် ခက်ခဲလှသည်သာ မဟုတ်၊ ပြောပြောပြီးချင်း တိုက်ခိုက်ခြင်းကိုပင် ခံရလောက်၏။ တစ်စုံတစ်ယောက် အနေနှင့် ၎င်းတို့၏ အခွင့်အရေးကို လက်ခံရယူပြီးပြီ ဖြစ်သောကြောင့် ကူညီသင့်ပေသည်။

“ဘာကိစ္စလဲ” မုန့်ရှင်းကျီသည် ထူးမခြားနားသလို တုံ့ပြန်လိုက်၏။

“အချက်အလက်အားဖြင့် စီနီယာ သတိမထားမိတာက”

ဖန်းဟန်သည် နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်၏။ “ဂျူနီယာက တော်ဝင်အင်ပါယာရွှမ်မိုရဲ့ မျိုးဆက်ပါပဲ”

“ဪ”

မုန့်ရှင်းကျီသည် အနည်းငယ် အံ့အားသင့်သွား၏။ မြေအင်မော်တယ်လောကကြီး အကြောင်းကို သူမသိချေ။ သို့ပေမဲ့ တော်ဝင်အင်ပါယာရွှမ်မို အကြောင်းကိုတော့ သိ၏။ ထို့အပြင် တော်ဝင်အင်ပါယာရွှမ်မို ချန်ခဲ့သည့် အခွင့်အရေးကို သူက ရယူခဲ့သည်။

အင်ပါယာတစ်ယောက် ဖြစ်လာခြင်းဆိုသည်မှာ တော်ဝင်အင်ပါယာရွှမ်မို၏ ကျေးဇူးဖြစ်သည်ဟု ပြောဆို၍ ရ၏။ သူ၏ အထင်အရဆိုလျှင် ဤလူငယ်သည် ထိုအရာကို သတိပြုမိကောင်း ပြုမိနိုင်၏။ ထို့ကြောင့်ပင်လျှင် မည်သူဖြစ်ကြောင်းကို တိတိကျကျ ထုတ်ဖော် ပြောဆိုခြင်းသာလျှင်ဖြစ်၏။

“ဒီအင်ပါယာကို အကူအညီပေးဖို့ ပြောနေတာလား”

မုန့်ရှင်းကျီသည် ထူးမခြားနားသလို ပြောလိုက်၏။ တခြားသော တစ်စုံတစ်ယောက်သာ ဆိုပါက သူ့အနေနှင့် ကူညီရန် စိတ်ရှိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဖန်းဟန်အတွက်တော့ မသေချာလှချေ။

လက်ရှိအချိန်မှာတော့ ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးတို့သည် တစောင်းစေး နှင့်မျက်ချေးကဲ့သို့ပင် တိုက်ခိုက်နေ၏။ တော်ဝင်အင်ပါယာရွှမ်မိုသာ အသက်ရှင်လျက် ရှိနေသေးသည်ဆိုပါက ၎င်းတို့သည် ရန်သူဖြစ်မှာ သေချာ၏။ ရန်သူကို လက်လွှတ်ပေးထားခြင်း ဆိုသည်ကပင်လျှင် မျက်နှာသာပေးခြင်း ဖြစ်နေလေ၏။

ထို့အပြင် သူသည် နန်းဆောင်သခင်ဆီမှ သတင်းအချက်အလက်များကို ရရှိရန် ငွေကြေးပေါင်းများစွာကို ထုတ်ဖော်အသုံးပြုခဲ့ရ၏။ ပြီးနောက် သူ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် ဤအခွင့်အရေးကို ရရှိခဲ့ခြင်းဖြစ်သည်။ ကောင်းကင်ဘုံကပ်ဘေးကြားထဲတွင် မတ်မတ်ရပ်တည်နိုင်အောင် ကြိုးစားခဲ့ရသေးသည်။

အင်ပါယာရွှမ်မို၏ မျိုးဆက်သစ်များသည် ထိုကဲ့သို့သော သူရုန်းကန်နေရသည့် အခြေအနေမျိုးတွင် ဘာများ ကူညီခဲ့သနည်း။

“ကျုပ်... ကျုပ် မတောင်းဆိုရဲပါဘူး”

ဖန်းဟန်သည် လျင်လျင်မြန်မြန်ဖြင့် လက်ကိုယမ်းခါကာ ပြောလိုက်သည်။ “ဘိုးဘေးချန်ခဲ့တာက အမွေအနှစ် တစ်ခုတည်း မဟုတ်ပါဘူး။ တခြား အစစ်အမှန် အင်မော်တယ် အမွေအနှစ်တွေ တည်ရှိနေပါသေးတယ်။ ဒါက တိုက်ရိုက် သွေးမျိုးဆက်တွေသာ ဖွင့်လို့ရတဲ့ အရာမျိုးပါ။ အဲဒီ အခွင့်အရေး တည်နေရာတွေက အရမ်းကို အန္တရာယ်များတယ်လေ။ ဒီတော့ တစ်ယောက်တည်း သွားဖို့ဆိုတာ ဂျူနီယာအတွက် စိုးရိမ်စရာ ဖြစ်လာပြီပဲ။ ဒီတော့ ဂျူနီယာက စီနီယာကို ဖိတ်ခေါ်ပြီးတော့ အတူတူသွားဖို့ ပြောချင်တာပါ”

ဤအခြေအနေသည် တကယ်ပင် တိတိကျကျ ပြောဆိုခဲ့ခြင်းသာလျှင် ဖြစ်၏။ မုန့်ရှင်းကျီ သူ့ကို ကာကွယ်ပေးရန် တောင်းဆိုခဲ့ခြင်း မဟုတ်ပေ။ တစ်ဖက်လူ အနေဖြင့် အစစ်အမှန် အင်မော်တယ် တစ်ယောက်၏ အမွေအနှစ်များကို စိတ်ဝင်စားမှုရှိသည် ဆိုပါက ကျိန်းသေပေါက် ထိုင်နေလိမ့်မည် မဟုတ်ချေ။ ဘာပဲဖြစ်ဖြစ် သူ့ကို ကူညီရပေလိမ့်မည်။

ထို့အပြင် တိုက်ရိုက်သွေးမျိုးဆက်သာလျှင် ထိုအရာကို ဖွင့်နိုင်လိမ့်မည်ဟု သူက တိတိကျကျ ပြောဆိုခဲ့၏။ ထို့ကြောင့် သူ့ကို ကန်ထုတ်ကာဖြင့် အခွင့်အရေးများကို ရယူသွားနိုင်ရန် အခွင့်အရေး မရှိကြောင်း ပြောဆိုခဲ့ခြင်းပင်။ သူသေဆုံးသွားမည်ဆိုလျှင် ဤအခွင့်အရေးကို ကျိန်းသေပေါက် ရရှိလိမ့်မည် မဟုတ်ချေ။

“အစစ်အမှန် အင်မော်တယ် အမွေအနှစ် ဟုတ်လား”

မုန့်ရှင်းကျီသည် ခန္ဓာကိုယ်ကို အသာလှည့်ကာဖြင့် အဓိပ္ပာယ်ပါသည့် အပြုံးတစ်ခုကို ပြုံးကာ ဖန်းဟန်ကို ကြည့်ရှုလိုက်၏။

မပြောဘူးဆိုလျှင် ဤအင်ပါယာကို ဖုံးကွယ်ထားနိုင်မည်ဟု ထင်နေလေသည်လား။ သူ၏ အနောက်တွင် စီနီယာနန်းဆောင်သခင်ရှိ၏။ စီနီယာနန်းဆောင်သခင်ကို မေးမြန်းလိုက်မည်ဆိုလျှင် အသင်္ချေ များပြားသော လောကများ၏ လျှို့ဝှက်ချက်များသည် ကျိန်းသေပေါက် ထွက်ပေါ်လာမှာဖြစ်၏။ မည်သည့် အရာမှသည် စီနီယာနန်းဆောင်သခင်၏ မျက်စိအောက်ကနေ မလွတ်မြောက်နိုင်ချေ။ ထို့အပြင် တော်ဝင်အင်ပါယာ ဖြစ်လာမည့် အမွေအနှစ်ကိုပင် ဝယ်ယူနိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။

All Chapters