← Chapters

အခန်း (၂၄၅)

Vol. 17 Ch. 245

အခန်း (၂၄၅)

Vol. 17 Ch. 245

ရှုပ်ထွေးကြယ်ပင်လယ်အတွင်း အင်မော်တယ် တိုက်ပွဲ တည်နေရာ၏ အနီးအနား

ဘုန်း

ရေတွက်လို့မရအောင် များပြားလှသည့် နတ်ဘုရားဆန္ဒများသည် တည်နေရာတစ်ခုလုံးတွင် ဖြစ်တည် လာခဲ့ပြီး စကြဝဠာ တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့၏။ ကျယ်ပြောလှသည့် စကြဝဠာ တည်နေရာကြီးထဲတွင် ရေတွက်လို့ မရအောင် များပြားလှသည့် ကြယ်စင်စုများတို့သည် အမှုန်အဖြစ်သို့ ပြောင်းလဲ သွားကြသည်။

လက်ရှိအခြေအနေမှာတော့ အလုံးစုံသော ဖျက်ဆီးခြင်း စွမ်းအားများသည် လောကကြီးတွင် ဖြစ်တည် လာခဲ့၏။ ရှုပ်ထွေးကြယ်ပင်လယ် အတွင်းတွင် ရေတွက်လို့မရအောင် များပြားလှသည့် နတ်ဘုရား၏ နိယာမများ ဖြစ်တည်လာခဲ့ကြပြီး အရာအားလုံးကို စတင်ကာ ဖိနှိပ်လေ၏။ ဤစွမ်းအင်များ၏ ပိုင်ရှင်သည် အားလုံး၏ အထက်တွင် မတ်မတ်ရပ်ကာဖြင့် တည်ရှိနေ၏။

"ဘာတွေဖြစ်နေတာလဲ"

အင်ပါယာအဆင့် သတ်ဖြတ်ခြင်း အစီအရင်ထဲတွင် ရှိနေသည့် လုချန်းဂီသည် အပြင်ဘက်တွင် ရှိနေသည့် မြင်ကွင်းကို လှမ်းကြည့်ပြီးသည့်နောက် အကူအညီမဲ့သလို ခံစားလိုက်မိသည်။

မူလအားဖြင့် သူသည် ကျိုးပြတ်လျက် ရှိနေသည့် အင်ပါရီယာ လက်နက်ကို အသာဖမ်းဆုပ်၍ ထွက်ပြေးရန် ပြင်လိုက်၏။ လက်ရှိအချိန်မှာတော့ မျှော်လင့်ချက် ကင်းမဲ့သွားပုံပေါ်သည်။ အပြင်ကို ထွက်သည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားဒဏ်သည် သူ့ကို တစ်ခါတည်း ချိုးဖြတ်သွားမှာ သေချာ၏။

သူ၏ ကျင့်ကြံခြင်းအဆင့်သည် စဦး သူတော်စင်အဆင့်သာလျှင်ရှိ၏။ ထို့ကြောင့် ဤဖိအားဒဏ်ကို မားမားမတ်မတ် မခုခံနိုင်ချေ။ အင်ပါရီယာလက်နက် အပျက်အစီးကို ရရှိတော့မည်ဟု စောဏတုန်းက ဖြစ်တည်ခဲ့သည့် ပျော်ရွှင်မှုသည် ချက်ချင်းပဲ မှေးမှိန်ပျောက်ကွယ်သွားခဲ့လေသည်။

ဘုန်း

တော်ဝင်အင်ပါယာ ကပ်ဘေးကြီးသည် ကြမ်းတမ်းစွာဖြင့် ကျဆင်းလာခဲ့၏။ ထိုအရာသည် ရှုပ်ထွေးကြယ် ပင်လယ် တစ်ခုလုံးဆီသို့ ပျံ့နှံ့ကာဖြင့် တည်နေရာအနှံ့သို့ ကျဆင်းလာခဲ့၏။ ရေတွက်လို့ မရအောင် များပြား လှသည့် ကြယ်အစုအဝေးများ အားလုံးသည် ပျောက်ကွယ်ကုန်၏။

အင်ပါယာအဆင့် ကပ်ဘေးကြီး - တော်ဝင်အင်ပါယာအဆင့်သို့ ရောက်ရှိတော့မည့် စိတ်ဆန္ဒ တစ်ခုသည် ဖြည်းညှင်းစွာဖြင့် အသက်ဝင်လာခဲ့သည်။

"တစ်စုံတစ်ယောက်က အင်ပါယာ ဖြစ်လာတော့မှာပဲ"

လုချန်းဂီ၏ နှလုံးသား တစ်ခုလုံးသည် တုန်ယင်သွား ခဲ့တော့၏။ သူ့အနေနှင့် အင်ပါယာအဆင့်ကို ဘယ်တော့မှ တက်လှမ်းနိုင်မည် မဟုတ်သည် ဆိုသော်လည်း အင်ပါယာနှင့် ပတ်သက်သော အချက်အလက်၊ မှတ်တမ်းများကိုတော့ ကောင်းကောင်းနားလည်၏။

နိဗ္ဗာနဖြစ်စဉ်ကို ချိုးဖြတ်ခြင်းဆိုသည်မှာ ပြန်လည်မွေးဖွားခြင်းကို ဆိုလို၏။ ထိုကဲ့သို့သော အရာမျိုးသည် ကပ်ဘေးကျော်ဖြတ်စရာ မလိုဘဲ အင်ပါယာတစ်ယောက် ဖြစ်လာနိုင်သည့် အရာပင် ဖြစ်လေ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ပြန်လည်မွေးဖွားခြင်း သို့မဟုတ် ဝိညာဉ်ကူးပြောင်းခြင်း မဟုတ်ဘဲ ကပ်ဘေးကြီးကို ရဲရဲရင့်ရင့် ရင်ဆိုင်နေခြင်းဖြစ်သည်။

"ဘယ်သူက အင်ပါယာအဆင့်ကို ကျော်ဖြတ်ဖို့ ကြိုးစားနေတာလဲ"

လုချန်းဂီ၏ နှလုံးသားထဲသို့ များပြားလှသော အတွေးများ ဝင်ရောက်လာ၏။ သူ၏ ဦးနှောက်ထဲတွင် များပြား လှသည့် ပုံရိပ်များသည် တစ်ခုပြီးတစ်ခု ထင်ပေါ်လာခဲ့၏။

"အင်ပါရီယာ ရီကလန်ရဲ့ ကွာစီအင်ပါယာ၊ ရွှေကျီးကန်းကလန်ရဲ့ ကွာစီအင်ပါယာ ဒါမှမဟုတ် မုန့်ရှင်းကျီ လား၊ ဒါမှမဟုတ် လင်းရှောင်လား"

ထိုလေးယောက်ထဲတွင် အားလုံးသောသူတို့သည် အင်ပါယာတစ်ယောက် ဖြစ်လာနိုင်သည့် လူများသာဖြစ်၏။ သို့ပေမဲ့ သူသည် မုန့်ရှင်းကျီကို အင်ပါယာ မဖြစ်စေချင်ပေ။ မုန့်ရှင်းကျီသာ အင်ပါယာဖြစ်သွားမည် ဆိုပါက သူတို့ တော်ဝင်ဓားဂိုဏ်း တစ်ခုလုံးသည် အလုံးစုံ ပြီးဆုံးသွားပေမည်။

"အင်း… အခြားတစ်ယောက်ဖြစ်ပါလိမ့်မယ်။ ပြီးတော့ လက်ရှိခေတ်ကြီးထဲမှာ ကွာစီအင်ပါယာ လေးယောက် ရှိတယ် ဆိုပေမဲ့ ပုန်းကွယ်နေတဲ့ တခြားသော ကွာစီအင်ပါယာတွေ မရှိဘူးလို့ မပြောနိုင်ဘူး" လုချန်းဂီ သည် တီးတိုးရေရွတ်လိုက်မိ၏။

ဘုန်း

ကောင်ကင်ဘုံကပ်ဘေးကြီးသည် လောကကြီး တစ်ခုလုံးကို တုန်ခါစေခဲ့၏။ အရာအားလုံးကို ဖိနှိပ်လျက် ရှိနေပြီး အင်ပါယာအဆင့် သတ်ဖြတ်ခြင်း ကပ်ဘေးသည် တဝှီးဝှီးဖြင့် အသံများပင် မြည်လာခဲ့၏။ အရာအားလုံးသည် ပျက်သုန်းခြင်းအဖြစ်သို့‌ ရောက်ရှိတော့မည့် လက္ခဏာကဲ့သို့ပင်။

မိုးခြိမ်းသံများသည် ကျယ်လောင်စွာ ဖြစ်တည်လာခဲ့ပြီး ရှုပ်ထွေးလှသည့် စွမ်းအင်လှိုင်းများသည် တည်နေရာထဲတွင် စုဝေးကာ ပေါ်ပေါက်လာ၏။ အရာအားလုံးတို့၏ စိတ်ဆန္ဒအမျှင်များသည် ကြမ်းတမ်းစွာ သတ်ဖြတ်လိုခြင်းအဖြစ် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံနေလေ၏။

"ဒါ အင်ပါယာအဆင့် ကပ်ဘေးကြီးလား"

လုချန်းဂီသည် သူ၏ဘေးတွင် ရှိနေသည့် အစီအရင်ကို စစ်ဆေးပြီး သည့်နောက် ချက်ချင်းပြိုလဲသွားမည့် အရာမျိုး မဟုတ်ကြောင်း အတည်ပြုပြီး စိတ်သက်သာရာရသလို ခံစားလိုက်မိ၏။ မကြာခင်ပဲ သူ၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာခဲ့သည်။

အင်ပါယာတစ်ယောက် ဖြစ်လာမည့် ကပ်ဘေးကြီးသည် ခေတ်အဆက်ဆက်တွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့်အရာအဖြစ် လူသိများ ထင်ရှားလွန်းလှ၏။ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည် ဆိုခြင်းကို အင်ပါယာများ ပြောစကားဖြင့်သာ ကြားရ၏။ မည်သူမှသည် အနီးကပ် တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ထိုကဲ့သို့သော အရာမျိုးကို မြင်ရရန်ဆိုသည်မှာလည်း အလွန်ပင် ခက်ခဲလွန်းလှ၏။

ထို့အပြင် အင်ပါယာတစ်ယောက် ဆိုသည်မှာ နှစ်သန်းပေါင်းများစွာကြာမှ တစ်ယောက် လောက်သာ ပေါ်လာတတ်သည် မဟုတ်ပါလား။ ဤ ကပ်ဘေးကြီး၏ ဆန်းကြယ်လှသည့် နိယာမများကို သူသာ နားလည်နိုင်မည်ဆိုပါက အင်ပါယာတစ်ယောက် ဖြစ်လာဖို့ မမျှော်လင့်ရဲသည် ဆိုလျှင်တောင်မှ တော်ဝင်သူတော်စင် အဆင့်သို့ အဆင့်ကြီးတစ်ဆင့် လှမ်းတက်ရန်မှာ မခက်ခဲနိုင်တော့ချေ။

ဘုန်း ဘုန်း ဘုန်း

အကန့်အသတ်မဲ့ မိုးကြိုးပင်လယ်ကြီးသည် လောကကြီး တစ်ခုလုံးကို ဖုံးလွှမ်းလျက် ရှိနေပြီး တဝုန်းဝုန်းနှင့် ကျဆင်းနေ၏။ တည်နေရာတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သတ်ဖြတ်ခြင်း စွမ်းအင်များနှင့် ပြည့်နှက်နေလေ၏။

မိုးကြိုးလှိုင်းများကြားတွင် သင့်တင့်သော ခန္ဓာကိုယ်နှင့် လူတစ်ယောက်သည် ဆံပင်များ ပွစာကျဲကာဖြင့် မတ်မတ်ရပ်လျက် ရှိနေ၏။ သူ၏ နတ်ဘုရားလက်သီးများသည် လေဟာနယ်ကို ထိုးခွင်းလျက် ရှိနေပြီး ကောင်းကင်ဘုံကပ်ဘေး၏ မိုးကြိုးလှိုင်းများကို ထိုးနှက်ကာ ခုခံလျက် ရှိနေလေ၏။ အနီရောင် သွေးများ ကျဆင်းလျက် ရှိနေပြီး ထိုသွေးများ ကြားထဲတွင် အင်ပါယာတစ်ယောက်၏ စိတ်ဆန္ဒများ ပါဝင်လျက် ရှိနေသည်။

ဝုန်း

အေးစက်သည့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး စကြဝဠာ တစ်ခုလုံးကို တုန်ခါစေခဲ့၏။ ထိုသူသည် စစ်နတ်ဘုရား တစ်ပါးကဲ့သို့ပင် ကောင်းကင်ယံပေါ် ခုန်တက်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် မိုးကြိုးလှိုင်းများ အားလုံးကို ဖျက်ဆီးလျက် ရှိနေ၏။ မိုးကြိုးတိမ်များ အတွင်းသို့ ဝင်ရောက်ပြီးသည့်နောက် ၎င်းသည် ရှုပ်ထွေးကြယ်ပင်လယ်၏ တစ်ဝက်လောက်ရှိနေသည့် မိုးကြိုးလှိုင်းများအားလုံးကို ဖျက်ဆီးပစ် လေ၏။

"လင်း… လင်းရှောင် ပါလား"

လုချန်းဂီ သည် ကြောင်အသွားခဲ့၏။ သူမြင်နေသည့် မြင်ကွင်းသည် ခပ်ဝေးဝေး ဖြစ်တည်နေသည် ဆိုလျှင်တောင်မှ သူသည် ထိုအရာကိုတော့ ကောင်းကောင်းမြင်နိုင်၏။ ကပ်ဘေးကို ကျော်ဖြတ်နေသူသည် လင်းရှောင် ဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။

ဘယ်လိုဖြစ်ပြီး လင်းရှောင် ဖြစ်နေရသနည်း။

လင်းရှောင်သည် အင်ပါယာ ဖြစ်မလာသင့်သောသူ မဟုတ်ချေ။ သူ ဆိုလိုချင်သည်မှာ အဘယ့်ကြောင့် ရှုပ်ထွေးကြယ်ပင်လယ်ထဲသို့ ရောက်ရှိလာရသနည်း။

ထို့အပြင် ဤလူသည် သံမဏိဖြင့် ပြုလုပ်ထား လေသည်လား။ မိုင်သိန်းနှင့်ချီသည့် အကွာအဝေးကို ရှေ့သွားလိုက်၊ နောက်သွားလိုက်နှင့် ပြုလုပ်လျက် ရှိနေပြီး များပြားလှသည့် ဂိုဏ်းများနှင့်လည်း တိုက်ခိုက်ခဲ့သေး၏။

တိုက်ပွဲအားလုံးပြီးသည့်နောက် ရှုပ်ထွေးကြယ်ပင်လယ်ထဲသို့ ရောက်ရှိလာပြီး အင်ပါယာ တစ်ယောက်ဖြစ်အောင် ကြိုးစားလျက် ရှိနေလေ၏။ ခန့်မှန်း၍ မရနိုင်အောင် အားကောင်းပုံလည်း ပေါ်သည်။

သုံးရက်ကြာပြီးသည့် နောက်မှာတော့ မိုးကြိုးကပ်ဘေးကြီး တစ်ခုလုံးသည် ကျဆင်းလျက် ရှိနေသေး၏။ များပြားလှသည့် အလင်းတန်းများသည် နတ်ဘုရားအလင်းတန်းများ ကဲ့သို့ပင် ကခုန်လျက်ရှိ၏။ ထိုအထဲတွင် လူတစ်ယောက်၏ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ပုံပန်းသွင်ပြင် ပေါ်ပေါက်လာခဲ့၏။

ခန္ဓာကိုယ် တစ်ခုလုံးသည် နတ်ဘုရားရွှေနှင့် သွန်းလုပ်ထားသကဲ့သို့ပင် တောက်ပလျက် ရှိနေပြီး စကြဝဠာ တစ်ခုလုံးကို လွှမ်းမိုးတော့မည့် အရှိန်အဝါများ ထုတ်ဖော်လျက် ရှိနေ၏။ အင်ပါယာ တစ်ယောက်ချင်းစီတိုင်းသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များဖြစ်၏။ လက်ရှိ အခြေအနေမှာတော့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါး ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

"လင်းရှောင်က နောက်ဆုံးတော့ အင်ပါယာ ဖြစ်လာပြီပဲ"

လုချန်းဂီက တီးတိုးရေရွတ်လိုက်၏။ ဤအရာသည် ကံကောင်းခြင်းတရားဟု သုံးသပ်၍ ရ၏။ လင်းရှောင်နှင့် တော်ဝင်ဓားဂိုဏ်းတို့သည် မည်သည့် ရန်ငြိုးရန်စမှ မရှိခဲ့ချေ။ ထို့အပြင် လူသားမျိုးနွယ် အင်ပါယာ တစ်ယောက်လည်း ဖြစ်လို့နေ၏။ ထို့ကြောင့် ဤကဲ့သို့သော အရာမျိုးကို မျက်မြင်တွေ့ခဲ့ရခြင်းသည် သူ့အတွက် ကံကောင်းခြင်းဟု ပြောဆို၍ရသည်။ လူသားမျိုးနွယ် ခေတ်တစ်ခေတ် ထွန်းတောက်တော့မည့် အခြေအနေမျိုးပင်။

ဒင်….

မိုးကြိုးကပ်ဘေးကြီးများ ကြားတွင်တော့ လင်းရှောင်သည် လက်ဖျောက်တစ်ချက် တီးလိုက်၏။ ကျယ်လောင် လှသော အသံကြီး ထွက်ပေါ်လာခဲ့ပြီး ကြယ်ကောင်းကင်ယံ တစ်ခုလုံး လှုပ်ခါသွားခဲ့၏။ ကပ်ဘေးကြီးသည် အလုံးစုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး တိမ်များသည် လေနှင့်အတူ လွင့်ပါသွားခဲ့၏။

လင်းရှောင်သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး သူ၏ သွေးစွမ်းအင်များသည် အရှိန် တငြီးငြီးနှင့် ထွန်းတောက်လာ၏။ သူ၏ မျက်လုံးများသည် လျှပ်စီးကဲ့သို့ပင် တောက်ပနေခဲ့ပြီး အင်ပါယာ တစ်ယောက်၏ စိတ်ဆန္ဒများသည် ရှုပ်ထွေးကြယ်ပင်လယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

"တော်ဝင်အင်ပါယာ" နန်းတော်တစ်ခုအတွင်းမှာတော့ တုန်လှုပ်ဖွယ်ရာ အသံတစ်ခုက ထွက်ပေါ်လာခဲ့ လေ၏။

All Chapters