← Chapters

အပိုင်း (၄၇၈)

Vol. 32 Ch. 478

အပိုင်း (၄၇၈)

Vol. 32 Ch. 478

"တစ်စုံတစ်ယောက်က ရူးသွားပြီလား ဒီအချိန်ကြီးမှာ လွင့်မျောတိမ်တောင်ကို တိုက်ခိုက်ရဲတယ်ပေါ့။ သူတို့ ကလဲ့စားချေခံရမှာ မကြောက်ဘူးလား။" မြေအင်မော်တယ် လောကထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါ အားလုံးတို့သည် ထိုအကြောင်းအရာကို တွေးပြီး တုန်လှုပ်နေမိကြ၏။ အလင်းတန်းများသည် မျက်စိနှင့် မြင်သာအောင် စူးရှလျက် ရှိနေပြီး မြေအင်မော်တယ် လောကကြီးတစ်ခုလုံးကိုပင် လွှမ်းမိုးလုမတတ်ပင်။

ထွက်ပေါ်နေသော တိုက်ခိုက်ခြင်းဆန္ဒများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ လွင့်မျောတိမ်တောင်နှင့် ရင်းနီးသည့် ဆက်ဆံရေးကို ပိုင်ဆိုင်သည့် အင်အားစုများပင်လျှင် အနီးသို့မလာရဲကြချေ။ အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့သော အခြေအနေမျိုးကို ခုခံရန်အတွက် ၎င်းတို့သည် ရူးကြောင်ကြောင် စိတ်နှလုံးသားများကို ပိုင်ဆိုင်သည့်လူများ မဟုတ်ကြသောကြောင့်ပင်။

တစ်ဖက်လူများသည် အင်မော်တယ်လက်နက်များကို ကိုင်ဆောင်ကာ တိုက်ခိုက်လျက် ရှိနေ၏။ အားလုံးတို့၏ မျက်လုံးထဲတွင် လွင့်မျောတိမ်တောင်ကို တိုက်ခိုက်နေသည့် လူသည် ကျိန်းသေပေါက် ဂိုဏ်းတစ်ခုလုံးကို သုတ်သင်ရှင်းလင်းလိုသည့် ရည်ရွယ်ချက်နှင့် ဖြစ်လို့နေခဲ့၏။ ဤတစ်ကြိမ်တွင် ကူညီသည့် မည်သူမဆိုသည် တစ်ခါတည်း ရောထွေးကာ သတ်ဖြတ်ခံရမှာ သေချာ၏။ ထို့ပြင် လွင့်မျောတိမ်တောင်သည် မည်ကဲ့သို့သော အင်အားစုကို သွားရောက်ပြဿနာရှာထားမှန်း မည်သူမှ မသိရှိချေ။

"လက်ရှိ မြေအင်မော်တယ်လောကကြီးထဲမှာ အင်အားစုတစ်ချို့ကသာလျှင် အင်မော်တယ်လက်နက်ကို ထုတ်ဖော်နိုင်တယ်။ ဘယ်လိုအင်အားစုမျိုးက လွင့်မျောတိမ်တောင်ကို တိုက်ခိုက်နေမှန်း ဘယ်သူမှမသိဘူး" ဂိုဏ်းချုပ်တစ်ယောက်သည် လေးနက်တည်ကြည်စွာ ပြောဆိုလိုက်၏။

မြေအင်မော်တယ် လောကဆိုသည်မှာ ငြိမ်းချမ်းနေသည့် နေရာမျိုး မဟုတ်ချေ။ တခြားသော လောကများနှင့်လည်း စစ်မက်ဖြစ်ပွားလျက်ရှိနေပြီး အတွင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကလည်း တည်ရှိနေသေးသည်။

အားလုံးတို့၏ မျက်လုံးထဲတွင် လွင့်မျောတိမ်တောင်ကို တိုက်ခိုက်နေသည့် လူသည် မြေအင်မော်တယ်လောက မှသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြ၏။ သို့ပေမဲ့ မည်သူဖြစ်သည်ကိုတော့ သိရှိရန် ခက်ခဲလို့နေ၏။

"လွင့်မျောတိမ်တောင်က ကြံ့ကြံ့ခံ မနေနိုင်ဘူးဆိုရင် ကျုပ်တို့ မြေအင်မော်တယ် လောကကြီးက နောက်ထပ် ပထမတန်းစား ဂိုဏ်းတစ်ခုကို ဆုံးရှုံးလိမ့်မယ်။" တစ်စုံတစ်ယောက်သည် ပေါ့ပေါ့ပါးပါး ဝင်ရောက်ကာ ပြောဆိုလိုက်၏။ သူသည် သက်ပြင်းလည်းချလိုက်မိ၏။

အင်မော်တယ် လက်နက်တစ်ခုနှင့် အင်မော်တယ် အစီအရင်တစ်ခုသည် တူညီသည့် အဆင့်တွင် တည်ရှိနေ၏။ အဆုံးသတ်အထိ မည်သူက ကြံ့ကြံ့ခံ ရပ်တည်နိုင်မည်က မသေချာချေ။ လွင့်မျောတိမ်တောင်သည်သာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ပါက အရာအားလုံး အဆင်ပြေနိုင်၏။ မဟုတ်ပါက ၎င်းတို့နှစ်ပေါင်းများစွာ စုဆောင်းထားသမျှသည် ချက်ချင်းပဲ ပျောက်ကွယ်သွားပေလိမ့်မည်။

လက်ရှိအချိန်မှာတော့ လွင့်မျောတိမ်တောင်၏ အတွင်းဖက် လေထုတစ်ခုလုံးသည် တကယ်ပင် တင်းမာလျက် ရှိနေ၏။ ရန်သူများ၏ အားအင်အဆင့်သည် ၎င်းတို့ထင်မှတ်ထားသည်ထက် ပိုမိုကာ သာလွန်လျက် ရှိနေ၏။ အပြင်ဖက်တွင် တိုက်ခိုက်နေသည် ဆိုလျှင်တောင်မှ တောင်၏ အကာအကွယ်အစီအရင်သည် ကြာကြာခုခံနိုင်မည် မဟုတ်ကြောင်း သူတို့က သိရှိထားကြ၏။ အခြေအနေတစ်ခုလုံးသည် ပိုမိုကာ ရှင်းလင်းလာခဲ့လေ၏။

လက်ရှိတွင် အစီအရင်ကြီးတစ်ခုလုံး ဖျက်ဆီးမခံရသော်လည်း ဖြစ်ပေါ်လာသည့် လှိုင်းအဟုန်များသည် သူတို့အပေါ်သို့ ကျဆင်းလာခဲ့၏။ လွင့်မျောတိမ်တောင်၏ များပြားလှသည့် တပည့်များသည် မြေပေါ်တွင် လဲလျောင်းနေ၏။ တစ်ချို့သည် သွေးများပင်အန်နေကြသည်။

အစီအရင်သည် တစ်ဖက်၏ အားအင်ကို တားဆီးထားသော်လည်း ဖြစ်တည်လာသည့် စိတ်ဆန္ဒသည် ထိုအရာကို ထွင်းဖောက်ကာဖြင့် အောက်တွင်ရှိနေသည့် အရာအားလုံးကို သုတ်သင်လျက် ရှိနေ၏။ အားနည်းသည့် သူများသည် ခုခံရန် အခွင့်အရေး လုံးဝမရှိခဲ့ကြချေ။ တော်ဝင်အင်ပါယာအဆင့်အောက်တွင် ရှိနေသည့် ကျင့်ကြံသူများ အားလုံးတို့သည် ဒဏ်ရာရရှိခဲ့ကြ၏။ သူတော်စင်အဆင့်အောက်တွင် ရှိနေသည့် တပည့်များသည် ထပင်မထနိုင်ကြချေ။

"မုန့်ရှင်းကျီ ရူးသွားပြီလား"

လွင့်မျောတိမ်တောင်၏ စီနီယာအကြီးအကဲတစ်ယောက်သည် ထကာအော်ဟစ်လိုက်၏။ "သူက အင်မော်တယ်လက်နက်တစ်ခုကိုတောင် ထုတ်ပြီးတော့ လွင့်မျောတိမ်တောင်ကို တိုက်ခိုက်ရဲတယ်။ ဒီကပ်ဘေး ကနေ ကျုပ်တို့ခုခံနိုင်ခဲ့ရင် သူတို့ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကို ချမ်းသာမပေးမှာ မကြောက်ဘူးလား။"

"ဒီတိုက်ပွဲပြီးသွားရင် ဘာပဲဖြစ်ဖြစ် သူတို့ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းက လုံးဝမရှိတော့ဘူး။ ကျိန်းသေပေါက် သုတ်သင်ခံရမယ်" နောက်ထပ်အကြီးအကဲတစ်ယောက်သည် ထကာအော်ဟစ်လိုက်၏။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် မြေအင်မော်တယ် လောကထဲသို့ ရောက်ရှိလာပါက ပထမတန်းစားဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်၍ရလိမ့်မည် မဟုတ်ချေ။ သူတို့အနေဖြင့် လေးလေးနက်နက် သဘောထားလိမ့်မည်လည်း မဟုတ်ချေ။ သို့ပေမဲ့ မည်သူက ထင်မှတ်မည်နည်း။ မုန့်ရှင်းကျီကဲ့သို့သော တစ်စုံတစ်ယောက်သည် လက်ရှိအချိန်မှာ သူတို့ကို လာရောက်ကာ တိုက်ခိုက်လျက် ရှိနေသည်။

"လောကကြီးရဲ့ တည်နေရာတစ်ခုလုံး စည်းခတ်ခြင်းကို ခံထားရတယ်။ ဒါကြောင့် ကျုပ်တို့က အစီအရင်ကို ကျော်ဖြတ်ပြီး သတင်းပို့လို့မရဘူး။ အင်ပါယာရန်မိုကို ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကို သုတ်သင်ပစ်ဖို့ ဘယ်လိုမှ သတင်းပို့လို့မရဘူး ဖြစ်နေတယ် " တစ်စုံတစ်ယောက်သည် ဝင်ကာပြောဆိုလိုက်၏။

မူလအားဖြင့် လွင့်မျောတိမ်တောင်၏ အင်အားစုများသည် ကောင်းကင်မူလလောကကြီးထဲသို့ ရောက်ရှိပြီးသား ဖြစ်၏။ သူတို့၏ နောက်ထပ် ပစ်မှတ် မည်သူဖြစ်မည်ကို မဆုံးဖြတ်ရသေးချေ။ လက်ရှိ မုန့်ရှင်းကျီ၏ အပြုအမူသည် မည်သူ့ကို ပစ်မှတ်ထားရမည်ဖြစ်ကြောင်း သိသာလာစေသည်။

လေဟာနယ် တစ်ခုလုံးသည် တုန်ယင်လာခဲ့၏။ ကြီးမားလှသည့် ဖိအားဒဏ်သည် ရေတွက်၍မရအောင် များပြားလှသော အစီအရင်များကို ပျောက်ကွယ်သွာစေခဲ့၏။ လွင့်မျောတိမ်တောင်အတွင်းသို့ ထိုအရာသည် ဝင်ရောက်လာခဲ့၏။ များပြားလှသည့် တောင်များသည် စက္ကူပိုင်းအစကဲ့သို့ပင် ပျက်စီးကုန်၏။ ရှေးမီးအိမ်ကြီး သည် မည်သည့်အရာနှင့် ပြုလုပ်ထားမှန်းမသိချေ။ ထိုအရာ၏ တိုက်ခိုက်ချက်သည် ကြောက်ခမန်းလိလိပင်။

"အင်မော်တယ် လက်နက်ရဲ့ စွမ်းအင်တွေက ကုန်ဆုံးတော့မှာ" လွင့်မျောတိမ်တောင်၏ သခင်သည် ပြောလိုက်၏။ သူ၏ မျက်လုံးများထဲ၌ လျှပ်စီးများပင် လင်းလက်လာခဲ့၏။ အင်မော်တယ်လက်နက်သည် အင်မော်တယ် တစ်ယောက် ပင်လျှင် အဆင်အခြင်မဲ့ အသက်သွင်း၍ရနိုင်သည့် အရာမျိုးမဟုတ်ချေ။ အသုံးပြုပြီးနောက် ကုန်ဆုံးသွားသည့် စွမ်းအင်အဆီအနှစ်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

မုန့်ရှင်းကျီကဲ့သို့ အခုမှ အင်ပါယာဖြစ်လာသောသူသည် ထိုအရာကို မည်မျှအထိ ကိုင်ဆောင်နိုင်မည်နည်း။ ရလာဒ်ကို ကြည့်ရှုရမည်ဆိုလျှင် မုန့်ရှင်းကျီအနေဖြင့် ထိုအရာကို ဆက်တိုက် ဆွဲကိုင် တိုက်ခိုက်ခြင်းအားဖြင့် အသက်ကိုပင် ကုန်ဆုံးသွားရနိုင်သည်။

"မုန့်ရှင်းကျီရဲ့ လှည့်ကွက်တွေ ကုန်သွားပြီလား။ ကျုပ်တို့ အလှည့်ပဲ။ လွင့်မျောတိမ်တောင် ပြန်ပြီး တိုက်ခိုက်ကြမယ်။ သာမန် မုန့်ရှင်းကျီဆိုတဲ့ လူတစ်ယောက်က တိုက်ခိုက်ချက် တစ်ခုတည်းကို ပြုလုပ်နိုင်တယ်။ သူ့ကို ဖမ်းဆီးပြီးရင် ကျုပ်ကိုယ်တိုင် သူရဲ့ အရိုးတွေ အကြောတွေကို ဆွဲစုတ်ပစ်မယ်။ ငရဲဆိုတဲ့ နာမည်က ငရဲပြည်ကိုပဲ သွားဖို့ ထိုက်တန်တယ်လေ။ "

လွင့်မျောတိမ်တောင်၏ လူပေါင်းများစွာတို့သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်ကြ၏။ ရန်သူ၏ အင်မော်တယ် လက်နက်စွမ်းအင်များသည် ကုန်ခမ်းသွားခဲ့ပြီ ဖြစ်၏။ သူတို့သည် ဤကပ်ဘေးကြီးကို ကျော်လွန်သွားနိုင်ပြီ ဖြစ်ကြ၏။ များပြားလှသည့် အကြီးအကဲများသည် တောင်၏ဂိတ်တံခါးအနီးတွင် ပျက်စီးလျက် ရှိနေသည့် အရာများကို မြင်ရပြီးနောက် ဒေါသတရားများ ပြည့်နှက်လာခဲ့ကြ၏။ တိုက်ပွဲတွင် ဆုံးရှုံးမှုသည် ကြီးမားလွန်းလှ၏။ များပြားလှသည့် လက်ရွေးစင်တပည့်များသည် သေဆုံးသွားခဲ့ကြ၏။ စွမ်းအားမြင့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်သည့် အဖွဲ့သားပေါင်းများစွာတို့သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိကုန်ကြ၏။

တစ်ချို့သော စီနီယာ ကျင့်ကြံသူများသည် တည်ရှိနေသည် ဆိုလျှင်တောင်မှ ကြီးကြီးမားမား ပေးဆပ်လိုက်ကြပြီ ဖြစ်၏။ ပြန်လည်ကောင်းမွန်ရန် အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းရပေတော့မည်။

"အားလုံး စိတ်ကိုငြိမ်ငြိမ်ထား မုန့်ရှင်းကျီက အင်မော်တယ်လက်နက်ကို မသိမ်းသေးဘူး။ ကြိတ်ပြီး တစ်ခုခုလုပ်ဖို့ စီစဉ်နေတာ ဖြစ်နိုင်တယ်။" လွင့်မျောတိမ်တောင်၏ အကြီးအကဲသည် တည်ငြိမ်အေးစက်သည့် အသံဖြင့် ပြောဆိုလိုက်၏။

သူသည် လူပေါင်းများစွာတို့၏ ခံစားချက်ကို သိရှိနားလည်၏။ သူ၏ အမြင်အရဆိုလျှင် မုန့်ရှင်းကျီ၏ လက်ထဲတွင် ရှိနေသော အင်မော်တယ် လက်နက်သည် အစောကြီးကတည်းက သူတို့အပိုင် ဖြစ်၏။ သူတို့သည်သာ အင်မော်တယ်လက်နက်ကို သိမ်းယူနိုင်ရင် လွင့်မျောတိမ်တောင်ရဲ့ ဆုံးရှုံးမှုကို ကာမိရုံသာမက အကျိုးအမြတ်ပင် ရရှိမှာ သေချာသည်။

ယခု အခြေအနေတစ်ခုလုံးသည် ရုတ်တရက် ငြိမ်သက်သွားခဲ့၏။ ထိုအရာသည် ပုံမှန်မဟုတ်လှချေ။ ထို့ကြောင့် သူကအလျင်မလိုချေ။ ဂိုဏ်းထဲသို့ ဝင်နိုင်ရန် မုန့်ရှင်းကျီဘာလုပ်မည်ကို ကြည့်ရှုရပေလိမ့်မည်။ အင်မော်တယ် လက်နက်သည် သူတို့ကိုထိခိုက်အောင် မပြုလုပ်နိုင်သောကြောင့် တစ်ဖက်လူသည် အစီအရင်ကို ချိုးဖျက်ကာ ဝင်လာမည်လား။

"မုန့်ရှင်းကျီက ဒီလောက်အကြာကြီးတိုက်ခိုက်နေခဲ့တာ စိတ်မရှည်တော့ဘူးနဲ့တူတယ်။ "

အကြီးအကဲတစ်ယောက်က ပြောဆိုလိုက်၏။ သူသည် ခနလောက် ရပ်တန့်ပြီးသည့်နောက် တွေးတွေးဆဆဖြင့် မထူးခြားသလို ပြောလိုက်သည်။ "ဟုတ်တယ် ။သူက ငါးဖမ်းပြီးတဲ့နောက်မှာ ပိုက်ကွန်ကို စပြီး ဖျက်ဆီးဖို့ ကြိုးစားနေပြီပဲ။ ပြီးတော့ သူ့အနေနဲ့ လွင့်မျောတိမ်တောင်ကို ရန်စခဲ့ပြီးပြီ ဆိုမှတော့ လောကရဲ့အဆုံးကို ထွက်ပြေးရင်တောင်မှ မလွတ်မြောက်နိုင်ဘူး။"

ဤစကားစုထွက်ပေါ်လာခြင်းမှာပဲ ….

ကျယ်လောင်လှသော အသံကြီးသည် ထွက်ပေါ်လာခဲ့၏။ ရှေးမီးအိမ်ကြီးသည် ကောင်းကင်ယံဆီသို့ ရောက်ရှိသွားပြီး ရောင်စဉ်အလင်းတန်းများ ထွန်းတောက်လာခဲ့ပြန်၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်လှိုင်းများသည် တည်နေရာတစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့ပြီး လွင့်မျောတိမ်တောင် တစ်ခုလုံးက လှုပ်ခါသွား၏။

အခြေအနေတစ်ခုလုံး ပြောင်းပြန်လှန်သွားသောကြောင့် ပျော်ရွှင်လုမတတ် ဖြစ်နေကြသော လွင့်မျောတိမ်တောင်၏ အကြီးအကဲများသည် မြေပေါ်သို့ လဲကျကုန်ကြ၏။ ဤကဲ့သို့သော လှိုင်းအဟုန်များ ကြားထဲတွင် ဒုက္ခခံရင်းမှ သဘောတွေ့သလိုလည်း ဖြစ်သွားကြသည်။ မုန့်ရှင်းကျီသည် သူတို့၏ အကြီးအကဲ ပြောသလိုပင် ငါးဖမ်းပြီးနောက် ပိုက်ကွန်ကို ချိုးဖျက်ကာ ဝင်လာလေပြီ။

လွင့်မျောတိမ်တောင်၏ တောင်ကာကွယ်ခြင်း အစီအရင်သည် အစစ်အမှန် အင်မော်တယ်အဆင့်တွင် တည်ရှိ၏။ ထို့ကြောင့် ယခင်က တိုက်ခိုက်ချက်များကို ခုခံပြီးသောကြောင့် မုန့်ရှင်းကျီ၏ နောက်ဆုံးတိုက်ခိုက်ချက်ကို လွယ်လွယ်ကူကူနှင့် ခုခံနိုင်မှာ သေချာ၏။ မုန့်ရှင်းကျီသည်သာ နေုက်ဆုံးတိုက်ခိုက်ချက် ကျဆုံးသွားသည် ဆိုပါက ကျိန်းသေပေါက် သေဘေးသင့်ပေလိမ့်မည်။

All Chapters