← Chapters

အခန်း (၂၄၉)

Vol. 17 Ch. 249

အခန်း (၂၄၉)

Vol. 17 Ch. 249

"ရှုပ်ထွေးကြယ်ပင်လယ် ဟုတ်လား" ရှဲ့ခွန်း၏ အမူအရာသည် တုန်ယင်သွားခဲ့၏။ သူ၏ နှလုံးသားထဲတွင် အဆင်မပြေမှုများ ဖြစ်တည်လာခဲ့၏။ ဤတည်နေရာကြီးသည် ကွာစီအင်ပါယာနှင့် တော်ဝင်အင်ပါယာများ ဝင်ရောက်သည့် လျှို့ဝှက်တည်နေရာကြီးဖြစ်ပြီး အထဲတွင် အင်ပါယာတစ်ယောက် ဖြစ်လာနိုင်စွမ်းရှိသည့် ရေတွက်လို့ မရနိုင်အောင် များပြားသော အခွင့်အရေးများ ပေါကြွယ်လှသည့် တည်နေရာလည်း ဖြစ်၏။

ဤကဲ့သို့သော အခြေအနေမျိုးတွင် အဘယ်ကြောင့် လင်းရှောင်သည် ရှုပ်ထွေးကြယ်ပင်လယ်ဆီသို့ သွားရောက်ရသနည်း။

ခဏလောက် စဉ်းစားပြီးသည့်နောက် ကောင်းမွန်သည့်အရာတစ်ခု မဟုတ်သည်ကို တွေးတောနေမိတော့၏။ ထို့အတူ လင်းရှောင်သည် ယခင်က ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာရောက်ခဲ့သည်။ ယခု ရှုပ်ထွေးကြယ်ပင်လယ်ဆီသို့ ရောက်ရှိနေသည့် အကြောင်းရင်းကို စဉ်းစားပြီးသည့်နောက် ရှဲ့ခွန်း၏ နှလုံးသားများသည် ပိုမိုကာ အေးစက်လာခဲ့၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် မကြာခင် ပြိုလဲတော့မည့် အရိပ်သင်္ကေတမျိုး ဖြစ်တည်လာသည်။

"စီနီယာ"

ခဏလောက် စဉ်းစားပြီးနောက် ရှဲ့ခွန်းသည် ဖြည်းညှင်းစွာ ပြောလိုက်၏။ "လင်းရှောင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို ရောက်ရှိလာတဲ့အချိန်မှာ အင်ပါယာတစ်ယောက် ဖြစ်လာမယ့် အခွင့်အရေး ကို ဝယ်ယူခဲ့သေးတာလား"

ဤစကားစုကို မေးပြီးပြီးချင်းမှာပဲ သူသည် အချိန်ကိုက် လီယွင်၏ အရှေ့ဆီသို့ သူတော်စင်အဆင့် ဆေးပင် လေးခုကို ထားပေးလိုက်၏။ သူသည် အနည်းငယ်လည်း စိုးရိမ်ပူပန်လျက် ရှိနေ၏။ ဤတန်ဖိုးကြီးလှသည့် သတင်းအချက်အလက်သည် သူတော်စင် ဆေးပင်လေးခုနှင့် ဝယ်ယူ၍ ရမလားဆိုသည်ကို သူ သေသေချာချာ မသိချေ။

ရင်းနှီးနေသည့်ဖြစ်စဉ်ကို မြင်ရသည့်အချိန်မှာတော့ လီယွင်သည် ဆေးပင်ကို လက်ခံရယူပြီးသည့်နောက် နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ ခေါင်းညိတ်ကာ ပြောဆိုလိုက်၏။ "ဝယ်ခဲ့တယ်"

"ဟမ်"

ရှဲ့ခွန်းသည် မိုးကြိုးပစ်လိုက်သလိုပင် တည်နေရာတွင် တောင့်တောင့်ကြီး ဖြစ်လို့နေခဲ့၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး၌ စိတ်ပျက်သည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့တော့၏။ လင်းရှောင်၏ ပါရမီသည် သာမန်ထက် ထူးချွန်သော လူတစ်ယောက်ဖြစ်၏။ ကွာစီအင်ပါယာတစ်ယောက် အဆင့်တွင်တောင်မှ တော်ဝင်အင်ပါယာ တစ်ယောက်၏ တိုက်ခိုက်ချက်ကို ခုခံနိုင်ခဲ့သည့် လူတစ်ယောက်ဖြစ်သည်။

ဒဏ်ရာ ရရှိနေရင်းနှင့်ပင် သူတို့၏ ဘိုးဘေး မုန့်ရှင်းကျီနှင့်ပင် တိုက်ခိုက်နိုင်ခဲ့သေး၏။ ထို့အပြင် ဘိုးဘေး မုန့်ရှင်းကျီကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သေး၏။ ဤကဲ့သို့ ထူးချွန်လှသည့် ပါရမီရှင်ကို ပိုင်ဆိုင်သည့် လူသည် နန်းဆောင်သခင်၏ ကူညီဖေးမမှုကို လက်ခံရရှိပြီးသည့်နောက် အင်ပါယာတစ်ယောက် ဖြစ်လာဖို့ အလွန်ပင် လွယ်ကူပေလိမ့်မည်။

"ဒါ… ဒါဆိုရင် စီနီယာ… လင်းရှောင်က ဘယ်အချိန်မှာ အင်ပါယာ ဖြစ်လာမှာလဲ"

ရှဲ့ခွန်းသည် အရှုံးမပေး သေးချေ။ နောက်ထပ် သူတော်စင်အဆင့် ဆေးပင်လေးခုကို ထုတ်ယူကာဖြင့် လီယွင်၏ အရှေ့သို့ ချပေးလိုက်၏။

“ခင်ဗျား တကယ်သိချင်တာလား” လီယွင်သည် ရှဲ့ခွန်းကို ကြည့်ရှုလိုက်သည်။

“ဟုတ်ပါတယ်”

ရှဲ့ခွန်းသည် အလျင်အမြန်ဖြင့် ခေါင်းကိုညိတ်ကာဖြင့် ပြောဆိုလိုက်၏။ “ဟုတ်ပါတယ်။ ကျုပ် သိချင်ပါတယ်။ ကျေးဇူးပြုပြီး ပြောပါအုံး စီနီယာ”

လင်းရှောင်တစ်ယောက် အင်ပါယာဖြစ်လာခြင်းအား တားဆီးရန် ဆိုသည်မှာ သူဆုံးဖြတ်နိုင်သည့်အရာ မဟုတ်ချေ။ ထိုအရာကို အိမ်မက်ပင် မမက်ရဲချေ။ သို့ပေမဲ့ ရှုပ်ထွေးကြယ်ပင်လယ်ထဲသို့ ဝင်ရောက်သည့် လူများအားလုံးတို့သည် ကောင်းမွန်လှသည့် အရာများကို ရရှိကြသည် မဟုတ်ချေ။ ထို့ကြောင့် လင်းရှောင်တစ်ယောက် အင်ပါယာအဖြစ် ဘယ်အချိန်ဖြစ်မလဲ ဆိုသည်ကို သိရှိခြင်းသည် သူတို့အတွက် တစ်ပန်းသာသည့် သတင်းအချက်အလက်ပင် ဖြစ်လေသည်။

“လင်းရှောင်က အင်ပါယာ ဖြစ်သွားပြီ” လီယွင်သည် ယုံကြည်ချက်ရှိရှိဖြင့် ပြောဆိုလိုက်၏။

“ဘာ”

ဤတစ်ကြိမ်မှာတော့ ရှဲ့ခွန်းသည် အလုံးစုံ ဆွံ့အနေခဲ့သည်။ “အင်ပါယာ ဖြစ်သွားပြီလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လင်းရှောင်သည် ရှုပ်ထွေးကြယ်ပင်လယ်ထဲသို့ ဝင်ရောက်သွားသည်မှာ မကြာသေးချေ။ အင်ပါယာ တစ်ယောက် ဖြစ်လာပြီဆိုပါက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအနေနှင့် ကျိန်းသေပေါက် ကပ်ဆိုးဆိုက် ပေလိမ့်မည်။ လင်းရှောင် ပြန်လာပြီ ဆိုသည်နှင့် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် တည်ရှိစရာ အကြောင်း မရှိချေ။

“မစိုးရိမ်နဲ့”

လီယွင်သည် လက်ကို ယမ်းခါကာ ပြောလိုက်၏။ “ခင်ဗျားဆီမှာ အချိန်ရှိပါသေးတယ်။ လင်းရှောင် က အချိန်အတိုင်းအတာတိုအတွင်း ပြန်လာနိုင်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း အနေနဲ့ မျှော်လင့်ချက် သေးသေးလေးတော့ ရှိနေသေးတယ်။ အင်း... မုန့်ရှင်းကျီ အင်ပါယာတစ်ယောက် ဖြစ်လာရင်ပေါ့ ....”

“ဒါက” ရှဲ့ခွန်း၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ သို့ပေမဲ့ ချက်ချင်းပဲ ပြန်လည်မှေးမှိန်သွားခဲ့သည်။

အင်ပါယာတစ်ယောက် ဖြစ်လာနိုင်သည်ဆိုသည့် အခွင့်အလမ်းသည် သံသယရှိစရာ မလိုအောင် ဈေးကြီးလွန်းလှ၏။ လင်းရှောင်အနေနှင့် ကောင်းကင်နတ်ဆိုးနန်းတော် တစ်ခုလုံး၏ အမွေအနှစ်များကို လဲလှယ်ကာဖြင့် ထိုသတင်းအချက်အလက်ကို ဝယ်ယူသွားခြင်း ဖြစ်ပေလိမ့်မည်။ သူတို့ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် လက်ရှိအချိန်တွင် ချမ်းသာ ကြွယ်ဝလှသည်ဆိုသော်လည်း အရာအားလုံးကို စားပွဲပေါ် တင်ကာ ပေးနိုင်သည့် အခြေအနေမျိုး မဟုတ်ချေ။

သူတို့သည် ယခင်တုန်းက တော်တော်များများ စုမိဆောင်းမိ ရှိနေသည် ဆိုလျှင်တောင်မှ အင်ပါယာတစ်ယောက် ဖြစ်လာနိုင်သည့် အခွင့်အရေးကို ဝယ်ယူရန်အတွက် လုံလောက်သည့် ပမာဏတော့ မရှိသေးချေ။ သူတို့အနေနှင့် ကောင်းကင်နတ်ဆိုးနန်းတော်ထက် မည်သို့မှ အားမနည်းလှသော အင်အားစု တစ်ခုကို သွားရောက်ကာ သိမ်းပိုက်မှ ဖြစ်ပေလိမ့်မည်။

“လမ်းညွှန်ပြသမှုအတွက် ကျေးဇူးပါပဲ စီနီယာ။ ကျုပ် သွားပါအုံးမယ်” ရှဲ့ခွန်းသည် သက်ပြင်းချလိုက်မိ၏။ သူ မည်ကဲ့သို့ တွက်ချက်မှုမျိုးကို ပြုလုပ်သည်မဆို လင်းရှောင် တစ်ယောက် အင်ပါယာ ဖြစ်သွားခဲ့ပြီဆိုသည့် အကြောင်းအရာကို ပယ်ဖျက်၍ မရနိုင်ခဲ့ချေ။ သူတို့၏ ခေါင်းထက်တွင် ကြီးမားလှသည့် တောင်ကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ရှိသမျှလူများ အားလုံးကို နင်းချေပစ်ရန် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့သည် ဆိုခြင်းမှာ သံသယရှိစရာပင် မလိုချေ။ အားလုံးသောသူတို့သည် အသက်ရှင်ရန် ခက်ခဲနေလေ၏။

“အင်း”

လီယွင်သည် အမှတ်တမဲ့ဖြင့် ခေါင်းညိတ်လိုက်၏။ ရှဲ့ခွန်း ထွက်ခွာသွားသည်ကို ကြည့်ရှုပြီး သည့်နောက် သူသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို စာနာသနားသလိုပင် ဖြစ်မိနေ၏။ လင်းရှောင် အင်ပါယာတစ်ယောက် ဖြစ်သွားပြီဆိုသော သတင်းသည် အားလုံးသောသူများကို တုန်လှုပ်စေပေလိမ့်မည်။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအတွက်ကတော့ ကြီးမားလှသည့် ဘေးအန္တရာယ်ကြီးပင်။

“စနစ်... အနာဂတ်မှာ အင်ပါယာတစ်ယောက် ဖြစ်လာနိုင်မယ့် ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူ ဆယ်ယောက်ကို စစ်ဆေးပေး” လီယွင်သည် စိတ်ထဲမှ ပြောလိုက်၏။

အင်ပါယာ ဖြစ်လာရန် ပါရမီကို ပိုင်ဆိုင်သည့်လူသည် လူပေါင်းများစွာ ရှိလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ထိပ်ဆုံးဆယ်ယောက်စာရင်းသာလျှင် ဖြစ်နိုင်၏။ အင်ပါယာတစ်ယောက် ဖြစ်လာရန်ဆိုသည်မှာ ပါရမီနှင့် လုံလောက်သည့်အရာမျိုး မဟုတ်ချေ။ သာမန်ထက်ပိုကာ ထူးခြားလွန်းလှသည့် အခွင့်အရေး၊ ကံတရား၊ နားလည်မှု စသည့်အရာများ လိုအပ်နေသေး၏။ ထိုအရာများ မရှိဘဲနှင့် အင်ပါယာ ဖြစ်လာဖို့ဆိုသည်မှာ မလွယ်ကူလှချေ။

ထိုစာရင်းတွင် လူဆယ်ယောက် ရှိသည်ဆိုလျှင်တောင်မှ ဆယ်ယောက်လုံး အင်ပါယာ ဖြစ်လာမည်ဟု လီယွင်က မယုံကြည်ချေ။ ဖြစ်နိုင်ဖွယ်ရာဆိုသည့် အရာသာလျှင်ရှိ၏။ ဖြစ်နိုင်ဖွယ်ရာနှင့် ဖြစ်လာခြင်း ဆိုသည်မှာ ကွာခြားချက် တည်ရှိနေသည်။

[ဒင်.. အနာဂတ်တွင် အင်ပါယာ ဖြစ်လာနိုင်သည့် စွမ်းအားမြင့် ကျင့်ကြံသူ ဆယ်ယောက်၏ စာရင်းကို အောင်မြင်စွာ ဖော်ပြခဲ့၏]

[နံပါတ်တစ် - ယုရှင်းချန်

မျိုးနွယ် - လူသား

ကျင့်ကြံခြင်း - ကောင်းကင်သဘာဝ ပြောင်းလဲခြင်း စဦး]

[နံပါတ်နှစ် - ယဲ့ကုန်

မျိုးနွယ် - လူသား

ကျင့်ကြံခြင်း - ကွာစီအင်ပါယာ ထိပ်ဆုံးအဆင့်]

[နံပါတ်သုံး - ရှန်းယွမ်

လူမျိုး - ရှုပ်ထွေးလူဝုကလန်

ကျင့်ကြံခြင်းအဆင့် - သူတော်စင်နောက်ဆုံးအဆင့်]

[နံပါတ်လေး - အောင်းရွမ်

လူမျိုး - အစစ်အမှန် နဂါးကလန်

ကျင့်ကြံခြင်းအဆင့် - ကွာစီအင်ပါယာ ထိပ်ဆုံးအဆင့်]

.......

[နံပါတ်ကိုး - ချင်းဟုန်

မျိုးနွယ် - ဝိညာဉ်မျိုးနွယ်ကလန်

ကျင့်ကြံခြင်းအဆင့် - ကွာစီအင်ပါယာထိပ်ဆုံး

လောက - ဝိညာဉ်လောက]

[နံပါတ်တစ်ဆယ် - ရွှေကျီးကန်းကလန်၏ ဘိုးဘေး

မျိုးနွယ် - ရွှေကျီးကန်းကလန်

ကျင့်ကြံခြင်းအဆင့် - ကွာစီအင်ပါယာထိပ်ဆုံး]

.........

“ကွာစီအင်ပါယာ ထိပ်ဆုံးအဆင့် ရှစ်ယောက်နဲ့ အပြင်လူ နှစ်ယောက်ပဲ။ ရှန်းယွမ်ကတော့ ပြောစရာ မလိုဘူး။ သူ့ဆီမှာ သာမန်ထက်ပိုပြီး အားကောင်းတဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်တယ်။ ယုရှင်းချန်ကတော့ စိတ်ဝင်စားဖို့ ကောင်းတာပဲ” လီယွင်က တီးတိုးရေရွတ်လိုက်၏။

နတ်အရှင်အဆင့် စာရင်းမှလွဲ၍ ထုတ်ဖော်ခဲ့သည့် စာရင်းတိုင်းတွင် သူမသည် အမြဲတမ်း ပါဝင်ခဲ့သည့် လူတစ်ယောက် ဖြစ်လို့နေခဲ့၏။ ယခု တော်ဝင်အင်ပါယာ ဖြစ်လာနိုင်သည့် စာရင်းတွင်လည်း ပါဝင်လျက် ရှိနေပြန်သည်။

ဤမိန်းကလေးသည် သာမန်ထက်ပိုကာ ထူးခြားလှသည့် အခွင့်အရေးကို လိုအပ်သည့်ပုံ မပေါ်ချေ။ တစ်လှမ်းချင်း လှမ်းလျှောက်ပြီးသည့်နောက် အင်ပါယာတစ်ယောက်ဖြစ်လာရန်အတွက် အာမခံချက်ကို ပိုင်ဆိုင်သည့် လူတစ်ယောက် ဖြစ်ပေလိမ့်မည်။

ယုရှင်းချန်မှလွဲ၍ တခြားသော သူများ၏ အနာဂတ်လမ်းစဉ်သည် အလွန် ရှည်ကြာလွန်းလှ၏။ လှမ်းလျှောက်နေရင်း အလယ်လောက်တွင် ပြုတ်ကျသွားသည့် အခြေအနေမျိုးလည်း ဖြစ်နိုင်လောက်၏။ တခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် ယုရှင်းချန်နှင့် ရှုပ်ထွေးလူဝုကလန်ခေါင်းဆောင်တို့သည် ကျိန်းသေပေါက် အင်ပါယာဖြစ်လာမည့် လူများပင် ဖြစ်လေ၏။ သူတို့၏ လှုပ်ရှားပြုမူပုံနှင့် ကျင့်ကြံခြင်း အဆင့်သည် တည်ငြိမ်လျက် ရှိနေလေ၏။

All Chapters