← Chapters

အခန်း (၅၀၅)

Vol. 34 Ch. 505

အခန်း (၅၀၅)

Vol. 34 Ch. 505

“ထာဝရမြို့ရဲ့ ကိစ္စရပ်တွေ အကုန်လုံးကို ခဏတာ စီမံခန့်ခွဲမှာ ဟုတ်လား” ထိုစကားကို ကြားရသည့် အချိန်မှာတော့ လူပေါင်း များစွာတို့၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။

ဤအရာသည် အဓိပ္ပာယ် ရှိလွန်းလှသည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ဆန်းကြယ်လွန်းလှ၏။ ထာဝရမြို့ကို စီမံခန့်ခွဲရန်အချိန် ရှိလှမည်မဟုတ်ချေ။ မူလ မြို့တော်ဝန် လက်ထဲသို့ ပြန်လည် လွဲပြောင်းပေးထားခြင်း ကသာလျှင် အကျိုးအကြောင်း ဆီလျော်ပေလိမ့်မည်။  ထို့အပြင် မြို့သည့် မြို့တော်ဝန် တည်ဆောက်ခဲ့သည့်အရာ ဖြစ်၏။ ထို့ကြောင့် အတွင်းရေးကိစ္စရပ်များနှင့် ပတ်သက်မည်ဆိုလျှင် မြို့တော်ဝန်ထက် ပိုမိုကာ သိရှိမည့်လူဟူ၍ မည်သူမှ ရှိလိမ့်မည် မဟုတ်ချေ။

“မြို့တော်ဝန်.. ကောင်းကင်မူလလောကကြီးထဲကို ကျုပ်တို့ ဘယ်အချိန်ဝင်ကြမှာလဲ” ဟုန်ရွှမ်က အသာ မေးမြန်းလိုက်၏။ လက်ရှိ အခြေအနေတွင် ထာဝရမြို့သည့် ရှုပ်ထွေးလှသည့် တည်နေရာ ပတ်လမ်းကြောင်း ထဲတွင် တည်ရှိလျက် ရှိနေပြီး ကောင်းကင်မူလလောကကြီးထဲသို့ မဝင်ရသေးချေ။ ထို့ကြောင့် ကောင်းကင်မူလ လောကကြီး၏ အင်အားစုတစ်ခုဟု သတ်မှတ်၍ ရနိုင်မည် မဟုတ်ကြောင်း သိသာလှ၏။

တူညီစွာပင် ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် အကျိုးအမြတ်များကို ရရှိခံစားခြင်း မရှိကြပေ။ ယခု ကောင်းကင်မူလလောကကြီး၏ အဆင့်သည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သလို ကောင်းကင်တာအိုကလည်း သိသာရှင်းလင်းသွားကာ စိတ်ဝိညာဉ်စွမ်းအင်များကလည်း မြန်မြန်ဆန်ဆန်ဖြင့် ပိုမိုကာ တိုးတက်လာခဲ့၏။ ထို့ကြောင့် တည်နေရာအနှံ့သည် ကောင်းချီးပေးခံခြင်း ခံရသည့် ကုန်းမြေတစ်ခုဟု ပြောဆို၍ ရသည်။

လောကကြီးထဲတွင် နေထိုင်ခြင်းအား အရူးသာ မဟုတ်သည်ဆိုပါက ငြင်းပယ်လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် လောကကြီးထဲတွင် နေထိုင်ရင်း ကျင့်ကြံခြင်း အဆင့်များသည် မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်သည် မဟုတ်ပါလား။ ထိုအရာသည် အားလုံးသောသူတို့ မနာလို ဖြစ်ရမည့် ကိစ္စရပ်မျိုးပင်။

အတိတ်တုန်းကသာဆိုလျှင် ထာဝရမြို့ထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ကောင်းကင်မူလ လောကကြီး ကို အထင်အမြင်သေးခဲ့၏။ ထို့အပြင် ၎င်းတို့၏ ယခင် နက်နဲမီးတောက်လောကကြီးနှင့် နှိုင်းယှဉ်ရမည် ဆိုပါက ကွာခြားချက်က အလွန်ပင် ကြီးမားလွန်းလှ၏။ အခြေခံ သဘောတရားလေးကပင်လျှင် လိုက်ဖက်ညီလှသည့် အရာမျိုး မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ အလုံးစုံ ကွာခြားလို့ သွားခဲ့သည်။

ကောင်းကင်မူလလောကကြီးသည် မူလ နက်နဲမီးတောက်လောက၏ အဆင့်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လျက် ရှိနေလေ၏။ ခြေလှမ်းတစ်လှမ်းချင်းစီ လှမ်းသွားသည် ဆိုပါက ကျိန်းသေ‌ပေါက် တစ်ချိန်ချိန်တွင် ကျော်လွန်သွားမှာ သေချာ၏။ သူတို့အနေနှင့် ကောင်းကင်မူလလောကကြီး လောကကြီး တိုးတက်မှု မတိုင်ခင် အားလုံးသောလူများ၏ အာရုံစူးစိုက်စရာလူများ ဖြစ်လာသည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်  ကောင်းကင်မူလလောကကြီးထဲသို့ ဝင်ရောက်ရန်အတွက် စဉ်းစားရပေလိမ့်မည်။

မြေအင်မော်တယ်လောကမှ ဂိုဏ်းဂဏများ ဝင်ရောက်လာခဲ့သည်ကို ကြည့်ရှုမည်ဆိုလျှင် ၎င်းတို့အနေနှင့် နားလည်သင့်၏။ လက်ရှိ အချိန်၌ ဝင်ရောက်ခြင်း မရှိပါက အနာဂတ်တွင် မျှော်လင့်ချက်ဟူ၍ အလုံးစုံရှိလိမ့်မည် မဟုတ်ချေ။

လောကတစ်ခုချင်းစီတိုင်း၏ သန္ဓေလောကသားများသည် အသီးသီး လိုက်နာကြသည့် စည်းကမ်းများရှိ၏။ ပြင်ပမှ အဖွဲ့အစည်း တစ်ခုအနေနှင့် ၎င်းတို့၏ ကိုယ်ပိုင်လောကကြီးဆီသို့ ဝင်ရောက်ကာ အခြေချခြင်းကို မည်သူကမှ အလိုမရှိကြချေ။ စကြဝဠာထဲရှိ လောကအသီးသီး၌လည်း ထိုကဲ့သို့ပင် ဖြစ်၏။ ဤဝင်ရောက်လာသည့် လူများအား ကျူးကျော်သူများဟုသာ သတ်မှတ်ကြ၏။ ထာဝရမြို့မှ လူများသည် ကောင်းကင်မူလလောကကြီးထဲမှ လူများ၏ ကျူးကျော်သူဟူ၍ သတ်မှတ်ခြင်းကို မခံချင်ကြချေ။

ထို့အပြင် ထာဝရမြို့က မည်မျှ အားကောင်းသည်ဆိုဆို ဂိုဏ်းဂဏ အင်အားစု တစ်ခုသာလျှင်ဖြစ်၏။ လောကကြီး တစ်ခုလုံးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့အပြင် ၎င်းတို့၏ မြို့တော်ဝန်ကို ကြည့်ရှုရသည်မှာ တည်ငြိမ်အေးချမ်းပြီး မည်သည့်ခံစားချက်မှ မရှိသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ မြို့တော်ဝန်သည်သာ ၎င်းတို့ကို လျစ်လျှူရှုသည်ဆိုပါက ထာဝရမြို့တစ်ခုလုံးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ၏ ဆက်စပ်မှု ရှိနေသည် ဆိုလျှင်တောင်မှ မည်သည့် အကျိုးအမြတ်ကိုမှ ရရှိလိမ့်မည် မဟုတ်ချေ။

တော်ဝင်အင်ပါယာ အနည်းငယ်ကို အမှီအခို ပြုသည်ဆိုပါက အချိန်တော်တော်ကြာ အခြေချ ရပ်တည်နိုင် လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် တော်ဝင်အင်ပါယာများဆိုသည်မှာ ထိပ်ဆုံးအဆင့်၌ ရှိသည့်လူများ မဟုတ်သောကြောင့်ပင်။ ပြောရမည်ဆိုလျှင် အစစ်အမှန် အင်မော်တယ် တစ်ယောက်ကသာလျှင် ထောက်ပံ့ပေးနိုင်သည့် လူတစ်ယောက် ဖြစ်သွားသောကြောင့်ပင်။

“သုံးနာရီ ကြာပြီးသွားရင် ကျုပ် ထာဝရမြို့ကြီးကို ကောင်းကင်မူလလောကကြီးထဲကို ဝင်စေမယ်” ချီလင်းက ပြောဆိုလိုက်၏။ သူ၏အသံသည် တည်တည်ငြိမ်ငြိမ်နှင့်ပင် ဖြစ်လို့နေခဲ့၏။

သို့ပေမဲ့ သူ့စကား ပြီးဆုံးအောင် မပြောလိုက်ရသေးချေ။ သူ၏ တည်ငြိမ်အေးချမ်းလျက် ရှိနေသည့် မျက်နှာပေါ်တွင် အနည်းငယ်သော အရိပ်အယောင်များ ပြောင်းလဲသွား၏။ မထင်မှတ်ထားလောက်အောင်ပဲ လက်ရှိအခြေအနေ၌ သူသည် ခံစားချက် တချို့ကို ခံစားလိုက်မိ၏။ သူသည် ရုပ်သေးရုပ်တစ်ယောက်ကဲ့သို့ အသက်မဲ့ပြီး စိတ်ခံစားချက် ကင်းမဲ့သည့် လူတစ်ယောက် မဟုတ်တော့ချေ။

“မြို့တော်ဝန်လား” ဟုန်ရွှမ်သည် ဇဝေဇဝါဖြင့် လှမ်းကာ မေးမြန်းလိုက်သည်။

“ကျုပ်ရဲ့‌ မွေးရပ်မြေက လူတွေက ရောက်ရှိလာခဲ့ပြီ” ချီလင်း၏ အသံက ခြောက်ကပ်ကပ်နှင့် ဖြစ်နေ၏။ သူ၏ အသံသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက် ရှိနေသည်ကို အားလုံးက ကြားရမှာဖြစ်၏။

နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့ပြီနည်း။ များပြားလှသည့် အကျိုးသင့်၊ အကြောင်းသင့် ကိစ္စရပ်များကို စဉ်းစားခဲ့ပြီး သည့်နောက် သူသည် သူ၏မွေးရပ်မြေဆိုသည် အော်ရာများကို ပြန်လည်ကာ ခံစားလာမိ၏။ အနည်းငယ် အားနည်းနေသည် ဆိုလျှင်တောင်မှ သူက အာရုံခံမိ၏။ ထို့အပြင် သူသည် လက်ရှိအခြေအ‌နေ၌ အတော်ပင် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ယခင်ကနှင့် မတူတော့ချေ။

“မွေးရပ်မြေ ဟုတ်လား”

ဟုန်ရွှမ်က အနည်းငယ် ကြောင်အသွားမိ၏။ သူက မြန်မြန်ဆန်ဆန်ပဲ တုံ့ပြန်လိုက်မိသည်။ ပြီးသည့်နောက် မသေချာ၊ မရေရာသလို လှမ်းမေးလိုက်သည်။ “မြို့တော်ဝန်... နက်နဲမီးတောက် လောကမှာရှိတဲ့ လူတွေကို ဆိုလိုချင်တာလား”

အစပိုင်းတုန်းက သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီသို့ သွားရောက်ပြီးသည့်နောက် နက်နဲမီးတောက်လောကနှင့် ပတ်သက်၍ တိကျရှင်းလင်းသည့် အဖြေများကို သွားရောက်ကာ မေးမြန်းခဲ့ဖူး၏။ နက်နဲမီးတောက်လောကကြီးသည် အစိတ်စိတ် အပိုင်းပိုင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လောကငယ်လေး သုံးခု အဖြစ် ကွဲပြားသွားခဲ့ပြီဖြစ်၏။

သို့ပေမဲ့ မည်သို့ပင် ဆိုစေကာမူ နက်နဲမီးတောက်လောကကြီးသည် တစ်ချိန်က အရမ်းကို အားကောင်းခဲ့ဖူး၏။ အစိတ်အပိုင်း သုံးခုအဖြစ် ခွဲခြားသွားခဲ့မည် ဆိုလျှင်တောင်မှ တစ်ခုချင်းစီတိုင်းသည် ကျိန်းသေပေါက် လက်ရှိ မြေအင်မော်တယ်လောကကြီးထက် အားကောင်းမှာတော့ သေချာသည်။

လက်ရှိအချိန်မှာတော့ မြို့တော်ဝန်သည် ၎င်း၏ မွေးရပ်မြေ အော်ရာများကို အာရုံခံမိနေ၏။ ဤအရာသည် လောကကြီးသုံးခုကြီးထဲမှ တစ်ခု၏ သတ္တဝါများထံမှ ရောက်ရှိလာသည့်ပုံပေါ်၏။

“နက်နဲအလင်းလောကလား၊ နက်နဲလျှို့ဝှက်နယ်မြေလား၊ ဒါမှမဟုတ် သိုင်းလောက ကလား” ဟုန်ရွှမ် တစ်ယောက် သေသေချာချာ အဖြေရှာ၍ မရနိုင်ခင်မှာဘဲ တောက်ပသည့် အလင်းတန်းများသည် လေဟာနယ်၏ အတွင်းပိုင်းဆီမှ ထွက်ပေါ်လာခဲ့သည်။

ကြယ်အလင်းများကဲ့သို့ တောက်ပလျက်ရှိနေသည့် ငွေဖြူရောင်လမ်းတစ်ခုသည် ရှုပ်ထွေးလှသည့် တည်နေရာ၏ အတွင်းထဲတွင် ပေါ်ပေါက်လာခဲ့၏။ ထိုငွေဖြူရောင် လမ်းပေါ်တွင်တော့ အင်မော်တယ်စွမ်းအင်များ ရစ်သိုင်းလျက် ရှိနေပြီး တော်ဝင်တာအို၏ အရိပ်သင်္ကေတများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ဆန်းကြယ်လှသည့် ဒဏ္ဍာရီလာ သားရဲများသည် ထိုလမ်းတလျှောက်တွင် ဝေ့ဝိုက်ကာ ပျံသန်းလျက်ရှိနေ၏။ တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှချေသည်။ အားလုံးသောသူများသည် ထိုအရာကို မြင်ရ၏။

လမ်းပေါ်တွင်တော့ ကြယ်နှင့် နေအလင်းကဲ့သို့ပင် စူးရှတောက်ပလွန်းလှသည့် ပိန်သွယ်သွယ်နှင့် လူတစ်ယောက်သည် ဖြည်းဖြည်းချင်း လှမ်းလျှောက်လာ၏။ ၎င်း၏ မျက်နှာသည် ရှေးဆန်လွန်းလှ၏။ ၎င်း၏ ကြီးမားပြီး ကျယ်ပြန့်လွန်းလှသည့် အင်္ကျီလက်သည် လေနှင့်အတူ လှုပ်ခါလျက် ရှိနေ၏။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဝတ်စုံသည် ကောင်းကင်မူလလောကကြီးနှင့် သက်ဆိုင်သည့် အရာမျိုး မဟုတ်ချေ။ ရှေးခေတ်မှ အရာတစ်ခု ကဲ့သို့ပင်ဖြစ်သည်။

ကြည့်ရသည်မှာ ရှေးယခင်မှ ယခုအချိန်ဆီသို့ အချိန်ပြောင်းပြန်လည်ကာဖြင့် ရောက်ရှိလာသကဲ့သို့ပင်။ ထိုလူသည် မြေပေါ်သို့ မဆင်းသက်သေးချေ။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရှိန်အဟုန်ကို ထုတ်ဖော်လျက် ရှိနေ၏။ ၎င်း၏ အရှိန်အဟုန်သည် မိုင်သန်းနှင့် ချီနေသည့် လေဟာနယ် တည်နေရာ လမ်းကြောင်းကြီးအား လွှမ်းခြုံလျက် ရှိနေ၏။

ထိုစွမ်းအင်လှိုင်းများသည် ထာဝရမြို့ကြီး တစ်ခုလုံးကိုပင် လွှမ်းခြုံလျက် ရှိနေ၏။ ဤအခြေအနေကို ရင်ဆိုင်ရသည့် အချိန်မှာတော့ ထာဝရမြို့ကြီး တစ်ခုလုံးသည် လေဟာနယ်ထဲသို့ ရောက်ရှိနေသည့် သစ်ကိုင်းခြောက် တစ်ခုကဲ့သို့ပင် ဖြစ်လို့နေ၏။ တစ်စစီ ဖြစ်သွားနိုင်သည့် အန္တရာယ်ကိုပင် ကြုံနေရသည်။

“ဒါ.. ဒါ အစစ်အမှန် အင်မော်တယ်လား” ဟုန်ရွှမ်က ထကာ အော်ဟစ်လိုက်၏။

“မဟုတ်ဘူး”

ချီလင်းသည် ပြန်လည်ကာ တုံ့ပြန်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ လေးနက်သည့် အမူအရာများ ဖြစ်တည်လာခဲ့သည်။ “သူက အန္တိမ အင်မော်တယ် ကျင့်ကြံသူပဲ”

ထိုစကားစု - အင်မော်တယ်ရိုးရိုး မဟုတ်ချေ။ အစစ်အမှန် အင်မော်တယ် ဆိုသည်မှာ အင်မော်တယ်ကို ရည်ညွှန်းခြင်း ဖြစ်၏။ လေးစားမှုအရ ပြောရမည်ဆိုလျှင် တကယ့်ကို‌ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရှိန်အဝါမျိုး ရှိသည့် ကျင့်ကြံသူပင်။ အင်မော်တယ်၏ရှေ့တွင် အန္တိမ အင်မော်တယ်ဆိုသည့် စကားလုံး ထည့်လိုက်ခြင်းမှာတော့ အလုံးစုံ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

လုပ်နိုင်ခွင့်၊ ကိုင်နိုင်ခွင့်၊ အချိန်နှင့် မြစ်ရေစီးကြောင်းထဲသို့ သွားလာနိုင်ခွင့်၊ ထာဝရ အသက်ရှင်ခွင့် စသည့် အရာများ အားလုံးကို ပိုင်ဆိုင်၏။ ၎င်းတို့အနေနှင့် မိမိဘာသာ သေလမ်း မရှာပါက ကျိန်းသေပေါက် သေဆုံးလိမ့်မည် မဟုတ်ချေ။ နေ၊ လ တို့နှင့်အတူ ယှဉ်တွဲကာ တည်ရှိနေထိုင်နိုင်သည့် လူများသာဖြစ်၏။ ကောင်းကင်နှင့် လောကကြီး တစ်ခုလုံး ပြိုလဲသွားမည် ဆိုလျှင်တောင်မှ ၎င်းတို့သည် ကပ်ဘေးကြီးမှ လွတ်မြောက်နိုင်သည်။

“ဘယ်လိုဖြစ်ပြီး ဒီလိုလူတစ်ယောက်က ကောင်းကင်မူလလောကကြီးထဲကို ရောက်လာရတာလဲ” ဟုန်ရွှမ်သည် အသစ်ဝင်ရောက်လာသည့်လူကို မကြည်လင်သည့် မျက်နှာသွင်ပြင်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။

ယုတ္တိဗေဒအရ ပြောရမည်ဆိုလျှင် မူလ နက်နဲမီးတောက် လောကကြီးဆီမှ သတ္တဝါများကို မြင်ရသည့် အချိန်မှာတော့ သူတို့သည် ပျော်ရွှင်မှုကို ခံစားရမှာဖြစ်၏။ ထို့အပြင် ဤလူသည် သူတို့ ပြန်၍ရနိုင်သည့် ဖြစ်နိုင်ချေကို ဖော်ညွှန်းပြသသည့် လူလည်းဖြစ်၏။ သို့သော်လည်း ကံဆိုးစွာဖြင့် အချိန်ကာလက မဟုတ်သေးချေ။

နက်နဲမီးတောက်လောကကြီးသည် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားခဲ့ပြီး လောကကြီးသုံးခု ဖြစ်လို့နေခဲ့၏။ ထို့ကြောင့် အဆင့်မြှင့်တင်လာခဲ့သော ကောင်းကင်မူလလောကကြီးနှင့် နှိုင်းယှဉ်နိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့အနေနှင့် ပြန်ရန် စိတ်ပါဝင်စားမှု မရှိတော့ဟု ပြောဆိုလျှင် ပိုမိုကာ မှန်ပေလိမ့်မည်။

နက်နဲအလင်းလောကနှင့် နက်နဲလျှို့ဝှက်လောက မည်သည့်လောကတွင်ဖြစ်ဖြစ် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ကဲ့သို့သော လူမျိုး မရှိမှာကတော့ သေချာ၏။ ထို့ကြောင့် သူတို့သည် အဘယ်ကြောင့် အလုပ်ရှုပ်ခံကာ ပြန်သွားရမည်နည်း။ အိမ်ကိုပြန်သွားခြင်း ဆိုသည်မှာ မူလအခြေအနေကို ပြန်လည် ရောက်ရှိသွားခြင်းနှင့် ဆင်တူ ပေလိမ့်မည်။ သို့ပေမဲ့ ကောင်းကင်မူလလောကကြီးထဲတွင် နေထိုင်သည်ဆိုပါက ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည်သာ တခြားသော လောကများနှင့် ဆက်လက်ပူးပေါင်းနေသရွေ့ သူတို့၏ အားအင်အဆင့်ကလည်း တိုးတက်နေမှာဖြစ်၏။

“ထာဝရမြို့ကြောင့်များလား”

ဟုန်ရွှမ်က မျက်မှောင်ကုတ်လိုက်မိ၏။ တခြားသူများ၏ အော်ရာကို အာရုံခံမိပြီးနောက် ထာဝရမြို့၏ အော်ရာများကို တခြားသူများက အာရုံခံမိလိမ့်မည်ဖြစ်ကြောင်း သူက သိရှိ၏။ အဘယ်ကြောင့်ဆိုသော် နှစ်ဖက်လုံးသည် တူညီသည့် တည်နေရာဆီမှ ရောက်ရှိလာခဲ့ခြင်းကြောင့်ပင်။ တစ်ဖက်လူကို ဆွဲဆောင်နိုင်ဖို့ ဆိုသည်မှာ စဉ်းစားနိုင်မှုဘောင်အတွင်းတွင် တည်ရှိလို့နေခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူက စိတ်ပါဝင်စားလာသည် ဆိုပါက မည်သို့ လုပ်မည်နည်း။

ဟုန်ရွှမ်သည် စဦးကျင့်ကြံသူလေးတစ်ယောက် မဟုတ်တော့ချေ။ ထို့ကြောင့် အလွန်အားကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးသည် မလိုလားအပ်သည့် ကြင်နာသနားစိတ်များ မရှိကြောင်း သူက သိရှိ၏။ ယခင် နက်နဲမီးတောက်လောကကြီးသည် ကြမ်းတမ်းသည့် သဘောသဘာဝ ရှိပြီးဖြစ်၏။ ထိုကဲ့သို့သော လူမျိုးသည်သာ ကောင်းမွန်သည့် ရည်မှန်းချက်နှင့် လာသည် မဟုတ်ပါက ကျိန်းသေပေါက် ထာဝရမြို့ကြီး တစ်ခုလုံးသည် အန္တရာယ်ကြားထဲတွင် ကျရောက်နေသည်သာမက လောကကြီး တစ်ခုလုံးပင်လျှင် ဖျက်ဆီးခံရခြင်း အဖြစ်သို့ ရောက်ရှိမှာ သေချာသည်။

All Chapters