← Chapters

အခန်း (၂၁၆)

Vol. 15 Ch. 216

အခန်း (၂၁၆)

Vol. 15 Ch. 216

“ဘာကို ကောင်းကင် မကောင်းမှုစာရင်းလဲ” လောင်ရှားမြို့တော်ဝန်သည် နတ်ဆိုးနတ်ဘုရားတစ်ပါး လောကကြီး ဆီသို့ ဆင်းသက်လာသည့် လူတစ်ယောက်ကဲ့သို့ အော်ဟစ်လျက် ရှိနေ၏။

ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် နတ်ဆိုးအော်ရာများသည် မြို့ကြီးတစ်မြို့လုံးကို လွှမ်းခြုံလျက် ရှိနေပြီး ရေတွက်လို့ မရအောင် များပြားလှသည့် လူများအားလုံးသည် အမှတ်တမဲ့ဖြင့် ဒူးထောက်ကာ ထိုင်ချလိုက်၏။ သူတို့သည် မည်သို့မှ ခုခံနိုင်ခြင်း မရှိကြချေ။ အကန့်အသတ်မဲ့ များပြားလှသည့် နတ်ဆိုးစွမ်းအင်များသည် မြစ်ကဲ့သို့ပင် လွှမ်းခြုံလျက် ရှိနေပြီး ရှေးနတ်ဆိုး နတ်ဘုရားကြီးတစ်ပါး ရောက်ရှိလာသကဲ့သို့ပင် သက်ရှိများ အားလုံးကို သတ်ဖြတ်မည့် အခြေအနေမျိုးသို့ပင် ရောက်ရှိသွားသည်။

လက်ရှိအခြေအနေမှာတော့ အားလုံးသော သူတို့သည် ဤနေရာဆီမှ ချက်ချင်းထွက်ခွာသွားရန်သာ တောင်းဆု ပြုမိကြသည်။ ဖိနှိပ်ခံထားရသောကြောင့် ၎င်းတို့သည် အသက်ရှူမဝသလိုပင် ဖြစ်နေမိ၏။ မည်သူမှသည် နတ်ဆိုးသူတော်စင်တစ်ပါး တည်ရှိနေသည့် မြို့ထဲတွင် နေချင်ကြလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အချိန်မရွေး သွေးစတေးမှုကို ပြုလုပ်သွားနိုင်သည် မဟုတ်ပါလား။

ဝှီး

အလင်းတန်းများ တောက်ပလာခဲ့ပြီး လေဟာနယ်ကို ထိုးခွင်းသွားခဲ့ပြီး။ ဆူနာမီကဲ့သို့သော သွေးအဆီအနှစ်များ သည် တဝုန်းဝုန်းနှင့် ဖြစ်တည်လျက် ရှိနေပြီး ကောင်းကင်ယံထက်ဆီသို့ ထိုးတက်သွားခဲ့၏။

နတ်အဆင့်၌ တည်ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ပင် ဖြစ်လေ၏။ ၎င်းသည် လောင်ရှားမြို့တော်ဝန် ထုတ်ဖော်လိုက်သည့် သွေးအဆီအနှစ်များကို မြင်ရသည့်အချိန်မှာတော့ ချက်ချင်းပဲ ထွက်ပြေးခြင်းကို ပြုလုပ်လိုက်ခြင်းပင်။ သို့ပေမဲ့ နောက်တစ်စက္ကန့်အတွင်းမှာပဲ လောင်ရှားမြို့တော်ဝန်သည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ လိုက်သည်။

ကြီးမားလွန်းလှသည့် တူကြီးတစ်ချောင်းသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ဖြစ်တည်လာပြီးသည့်နောက် ကျယ်လောင်လှသည့် အသံကြီးနှင့်အတူ လေထုထဲသို့ ဝှေ့ယမ်းလေ၏။

ရေတွက်လို့ မရအောင် များပြားလှသည့် လူများ၏ မျက်နှာများသည် ဖြူလျော်သွားခဲ့ပြီး သွေးများ အန်ထွက်လာခဲ့သည်။

ထွက်ပြေးရန် ကြိုးစားခဲ့သည့် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် တစ်ခါတည်း လွင့်စင်သွားခဲ့၏။ ပြန်လည် ကောင်းမွန်ရန် အချိန်မရောက်သေးခင်မှာပဲ ကောင်းကင်ယံဆီမှ လက်ကြီးတစ်ဖက် ကျဆင်းလာခဲ့ပြီး ၎င်းအား သွေးမြူများ ဖြစ်သည်အထိ ဖျစ်ညှစ်ကာ သတ်ဖြတ်ခဲ့လေ၏။

“သေချင်နေတာပဲ”

လောင်ရှားမြို့တော်ဝန်သည် သူ၏လက်ကို ပြန်လည်ကာ ရုတ်သိမ်းလိုက်၏။ သလင်းကဲ့သို့ ကြည်လင်လှသည့် သွေးပုတီးလုံးလေး တစ်ခုသည် သူ၏ လက်ထဲတွင် ပေါ်ပေါက်လာခဲ့တော့၏။ ဤအရာသည် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူ၏ သွေးအဆီအနှစ်ပင် ဖြစ်လေ၏။ သူသည် ချက်ချင်းဆိုသလိုပဲ ထိုအရာကို သန့်စင်ခဲ့ခြင်းပင်။

ဂလု

ဘေးတစ်ဖက်တွင် ရှိနေသည့်လူသည် ထိုသွေးပုတီးလုံးကို မြင်ရသည့်အချိန်မှာတော့ တံတွေးကို မနည်းမျိုချလိုက် မိ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် မြို့တော်ဝန်ကို မခုခံနိုင်ခဲ့ချေ။ တစ်ခါတည်း သေဆုံးသွားခဲ့၏။ သူ့အနေနှင့် ထွက်ပြေးချင်သည်ဆိုလျှင်တောင်မှ မြို့တော်ဝန်သည် သူ့ကို အချိန် ပေးလိမ့်မည် မဟုတ်ချေ။

“လောင်ရှားမြို့ထဲကနေ ဘယ်သူ ထွက်သွားချင်သေးလဲ”

လောင်ရှားမြို့တော်ဝန်သည် ကောင်းကင်ယံဆီသို့ တက်လှမ်းလိုက်၏။ ၎င်းသည် တင်းမာခက်ထန်လွန်းလှသည့် ဟန်ပန်အမူအရာကို ထုတ်ဖော်လျက် ရှိနေ၏။ သူ၏ အသံသည် ငရဲ၏ အတွင်းပိုင်းဆီမှ ရောက်ရှိလာခဲ့သည့် အသံကဲ့သို့ပင် အေးစက်ပြီး အညှာအတာ ကင်းမဲ့လွန်းလှ၏။

မြို့ထဲတွင် ရှိနေသည့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချွေးစေးများ ပျံလာခဲ့၏။ သူတော်စင်တစ်ယောက်နှင့် ရင်ဆိုင်ရန်အတွက် သူတို့သည် အလွန်ပင် အားနည်းလွန်းလှ၏။ အရေအတွက်အရ အနိုင်မယူနိုင်သလို အရည်အသွေးအရလည်း အနိုင် မယူနိုင်ချေ။

သူတော်စင်တစ်ယောက်သည် အတွေးတစ်ချက်နှင့်တင် သူတို့ကို တစ်ခါတည်း သတ်ဖြတ် အနိုင်ယူနိုင်စွမ်း ရှိနေ၏။ ပြန်လည်တိုက်ခိုက်ခြင်း မပြုနိုင်သလို ထွက်ပြေးခြင်းလည်း မပြုနိုင်ချေ။ ထို့ကြောင့် လူပေါင်းများစွာတို့သည် စိတ်ဓာတ်ကျမှုကို ခံစားလိုက်ကြ၏။

“ကျုပ်... ခင်ဗျားတို့ အားလုံးကို မသတ်ချင်ဘူး။ တကယ်တော့ အချိန်တော်တော်ကြာကြာ နေထိုင်ခွင့် ပေးအုံးမလိုဘဲ။ ဒါပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သခင်က ကျုပ်ကို ဒီလိုလုပ်ဖို့အတွက် ဖိအားပေးခဲ့ တယ်လေ။ ဒီတော့ နောက်ဘဝကို စိတ်အေးအေးချမ်းချမ်းနဲ့ သွားကြတော့”

လောင်ရှားမြို့တော်ဝန်၏ အသံသည် ရေခဲကဲ့သို့ အေးစက်လျက်ရှိ၏။ သူသည် လက်ကို အသာဖြန့်ကျက်ပြီးသည့်နောက် လေဟာနယ်ထဲသို့ လက်ညှိုးကို ညွှန်လိုက်သည်။

ဟူး ....။

လောင်ရှားမြို့တော်ဝန်သည် အစီအရင်တစ်ခုကို ဖန်တီးလိုက်၏။ ထိုအစီအရင်သည် ကောင်းကင်ယံထက်တွင် နေလုံးကဲ့သို့ပင် တောက်ပလာခဲ့၏။ အစီအရင်ထဲဆီမှ သင်္ကေတများသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့ပြီး ထိုသင်္ကေတများသည် လတ်ဆတ်သည့် သွေးများဖြင့် ဖန်တီးထားခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ကြက်သွေးရောင် လေဝဲကြီးတစ်ခုက ဖြစ်တည်လာခဲ့ပြီး လောကကြီးတစ်ခုလုံးကို တုန်ခါစေခဲ့၏။ ကြီးမားလွန်း လှသည့် လေလှိုင်းအဟုန်များသည် လောင်ရှားမြို့၏ တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ အရာအားလုံးသည် ကမ္ဘာပျက်တော့မည် သကဲ့သို့ပင်။

“လောင်ရှားမြို့တော်ဝန်... ခင်ဗျား လုပ်ရဲတာလား” တစ်စုံတစ်ယောက်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ သူ၏လေသံထဲတွင် အဆုံးမဲ့သော ဒေါသတရားများ ပါဝင်နေ၏။

“ငါက ဘာလို့ မလုပ်ရဲရမှာလဲ” လောင်ရှားမြို့တော်ဝန်သည် ခပ်တည်တည်ဖြင့် ပြန်လည်ကာ မေးခွန်းထုတ်လိုက်သည်။

သူ့ကို အဆုံးသတ်အထိရောက်အောင် တွန်းပို့ခဲ့ပြီး အတိတ်က ပြုလုပ်ခဲ့သည့် မကောင်းမှုများသည်လည်း ပေါ်ပေါက်သွားခဲ့ပြီ ဖြစ်သောကြောင့် မွန်းစတားမျိုးနွယ်နှင့် လူသားမျိုးနွယ်တွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် သူ့ကို သတ်ဖြတ်ရန် လာနေပြီဖြစ်၏။ ထိုသူတို့သာ ရောက်ရှိလာသည်ဆိုပါက သူသည် သေချာပေါက် သေဆုံးသွား ပေလိမ့်မည်။ သေဆုံးခြင်းကို ရှောင်လွှဲ၍ မရသည်ဆိုမှတော့ ကျိန်းသေပေါက် အကောင်းဆုံးဖြစ်အောင် ကြိုးစားရပေလိမ့်မည်။

“လောင်ရှားမြို့တော်ဝန်... ခင်ဗျားက တကယ့်ကို ရည်မှန်းချက် ကြီးခဲ့တာပဲ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သခင်သာ ခင်ဗျားရဲ့ လျှို့ဝှက်ချက်တွေကို မထုတ်ဖော်ခဲ့ဘူးဆိုရင် ကျုပ်ကို သိတောင်သိမှာ မဟုတ်ဘူး။ ခင်ဗျား ပိုပြီး အားကောင်းလာတဲ့အချိန်မှာ လောကကြီး တစ်ခုလုံးကို ဒုက္ခပေးမယ့်လူပဲ။ ဒီနေ့မှာတော့ ကျုပ်တို့ သေသွားရမယ်ဆိုရင်တောင်မှ တခြားစွမ်းအားမြင့် ကျင့်ကြံသူတွေက လာပြီးတော့ ကျုပ်တို့အတွက် လက်စား လာချေလိမ့်မယ်။ ကျုပ်တို့က ငရဲပြည်ကို သွားတဲ့လမ်းမှာ စောင့်နေမယ်”

နှင်းကဲ့သို့ ဖြူဖွေးလှသည့် ဆံနွယ်များနှင့် အဘိုးအိုတစ်ယောက်သည် နာနာကျင်ကျင်ဖြင့် ရယ်မောလိုက်၏။ သူ၏အကြည့်များသည် လောင်ရှားမြို့တော်ဝန်ကို စူးစိုက်ကာ ကြည့်ရှုနေ၏။

“ဟုတ်လား”

လောင်ရှားမြို့တော်ဝန်သည် ထူးမခြားသလို နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ကောင်းကင်မကောင်းမှု စာရင်းက ကျုပ်ကို သတ်ဖြတ်ပစ်နိုင်မယ်လို့ ထင်နေတယ်ဆိုရင် ခင်ဗျားတို့ စိတ်ပျက်သွားမှာ စိုးရိမ်ရတယ်”

ပြောနေတုန်းမှာပဲ လောင်ရှားမြို့တော်ဝန်သည် သူ၏လက်ကို အသာဖိနှိပ်လိုက်၏။

အစီအရင် တစ်ခုလုံးသည် အသက်ဝင်သွားပြီး အကန့်အသတ်မဲ့ များပြားလွန်းလှသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ရေတွက်လို့မရအောင် များပြားလှသည့် လူများသည် ဆိုးရွားစွာဖြင့် အော်ဟစ်လိုက်ကြပြီး သွေးများသည် ကောင်းကင်ယံဆီသို့ ပျံတက်လာခဲ့ကြ၏။ ကောင်းကင်ကြီး တစ်ခုလုံးသည် သွေးပင်လယ်ကဲ့သို့ ဖြစ်တည်လာခဲ့သည်။

“ကောင်းကင်မကောင်းမှုစာရင်းက မင်းကို သုတ်သင်မပစ်နိုင်ဘူးဆိုရင် ငါကကော .....”

အားလုံး စိတ်ပျက် ဝမ်းနည်းလျက် ရှိနေတုန်းမှာပဲ ရှေးဆန်လွန်းလှသည့် အသံကြီးတစ်ခုသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့ တော့၏။ ထိုအသံကြီးသည် အားလုံးသောသူတို့၏ နားထဲသို့ ရောက်ရှိလာ၏။

ဘုန်း

ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာပြီး အစီအရင် တစ်ခုလုံးသည် ပျက်စီးသွားခဲ့၏။ အစီအရင် ထဲတွင် ရှိနေသည့် အလင်းတန်းများသည်လည်း တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့သည်။

အဝေးကောင်းကင်ယံ ထက်တွင်တော့ တောက်ပလွန်းလှသည့် ပုံရိပ်တစ်ခုက ချဉ်းကပ်လာ၏။ ၎င်းသည် တစ်လှမ်းချင်း လျှောက်လှမ်း လာ၏။ ကြည့်ရှုရသည်မှာ ဘုံကိုးဆင့်ဆီမှ ဆင်းသက်လာသကဲ့သို့ပင်။ အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက် ရှိနေပြီး မျက်လုံးများမှာတော့ အဆုံးမဲ့စကြဝဠာထဲရှိ ကြယ်ပွင့်များကဲ့သို့ပင် နက်နဲကာ တောက်ပလွန်းလှချေ၏။

“အတိတ်တုန်းက အင်ပါရီယာနိုင်ငံထဲမှာ ရှိနေတဲ့ မြို့တွေက အမှတ်တမဲ့နဲ့ ပျောက်ဆုံးပြီး သေဆုံးကုန်တာနဲ့ ပတ်သက်ပြီး ငါ ဇဝေဇဝါ ဖြစ်ခဲ့တယ်။ အင်း.. ကောင်းကင်မကောင်းမှုစာရင်း ပေါ်ပေါက်မလာရင် ငါ နားလည်မှာ မဟုတ်ဘူး။ အခု ဒါတွေအားလုံးက မင်းကြောင့်။ လောင်ရှားမြို့တော်ဝန်.. မင်း နောက်ကွယ်ကနေ အရာအားလုံးကို လုပ်နေတာကိုး”

“တော်ဝင်ချောင်နိုင်ငံတော်ရဲ့ ဘိုးဘေးကြီးလား” တစ်စုံတစ်ယောက်သည် အံ့အားသင့်စွာဖြင့် ထကာ အော်ဟစ်လိုက်သည်။

All Chapters