← Chapters

အပိုင်း (၇၆၉)

Vol. 52 Ch. 769

အပိုင်း (၇၆၉)

Vol. 52 Ch. 769

"ရွှမ်"

မီးတောက်ဘုရင်၏ ညာဘက်လက်တွင် နတ်ဘုရား ဓားတစ်စင်းက ဖြစ်တည်လာခဲ့၏။ တစ်ပေခန့်ရှိမည့် ဓားသည် နတ်ဘုရားပစ္စည်းများနှင့် ဖန်တီးပြုလုပ်ထားသည့်အရာဖြစ်သည်။

နတ်ဘုရားဓားကို အသာမြှောက်ကိုင်ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများကို ထုတ်ဖော်ကာ တစ်ဖက်လူကို ခုခံ၏။ ချက်ချင်းပဲ နတ်ဘုရားဓားသည် ပိုင်ယု၏ လှံနှင့် ထိပ်တိုက်တွေ့ဆုံပြီး နောက်ဘက်သို့ လွင့်စင်သွားခဲ့၏။

ငွေဖြူရောင်လှံ၏ အရှိန်အဟုန်သည် တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်း၏။ ထိုအရာသည် ဝိညာဉ် နတ်ဆိုးတောအုပ်၏ ဌာနေအရှင်ဆီသို့ ရောက်ရှိသွားခဲ့သည်။

သို့ပေမဲ့ ထိုကဲ့သို့သော အရေးအကြောင်းအခြေနေမျိုးတွင် အင်မော်တယ်ဘုရင်တစ်ယောက်သည် ထိုလှံ၏ ရှေ့၌ ပေါ်ပေါက်လာခဲ့၏။

"ကျောင်းကျွင်းဟန်"

လျှိုချင်းဟုန်၏ အမူအရာတစ်ခုလုံးက ပြောင်းလဲသွားသည်။

"ဘာတွေဖြစ်ကုန်တာလဲ"

အရေးအကြောင်းအခြေနေမျိုးတွင် အင်ပါယာပိုင်ယုသည် ဌာနေအရှင် အစီအစဉ်ကို ဖျက်ဆီးရန် ကြိုးစားခဲ့၏။ အဘယ့်ကြောင့် ကျောင်းကျွင်းဟန်က လှံရှေ့သို့ ပြေးဝင်ကာ တားဆီးခဲ့ရသနည်း။ ၎င်းသည် အင်မော်တယ်ဘုရင် စာရင်းတွင်ပင် ပါဝင်သည့် လူတစ်ယောက်မဟုတ်ချေ။ ဤအရာသည် သေလမ်းရှာခြင်း မဟုတ်ပါလား။ ထို့အပြင် အင်မော်တယ် ရှေးလမ်းစဉ်၏ တာအိုအရှင် တစ်ယောက်အနေနှင့် အဘယ့်ကြောင့် ငရဲလောကကြီးကို လာရောက် ကူညီနေရသနည်း။

"အခု ငရဲလောကရဲ့ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ကြောင့် အင်မော်တယ်ဘုရင် ရွှမ်ယွင် ကိုယ်တိုင်တောင်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပြီ။ သူကျုပ်ကို ဒီနေရာရောက်အောင် လွှင့်ပစ်လိုက် တာ" ကျောင်းကျွင်းဟန်သည် အားပျက်စွာဖြင့် ရှင်းပြလိုက်၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အားအင် ကင်းမဲ့သွားသလိုပင်။ သူ၏ ဝိညာဉ်တစ်ခုလုံးသည်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့၏။

ငရဲလောကကြီး၏ စွမ်းအားမြင့် ကျင့်ကြံသူများ … ပြန်လည်ကာ တွေးပြီးသည့်နောက် သူသည် မည်သို့မှ မနေနိုင်ပဲ ကြက်သီးမွေးညင်းများပင် ထခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ အင်မော်တယ် ဘုရင်စာရင်းတွင် ပါဝင်သော အင်မော်တယ် ရွှမ်ယွင်ပင်လျှင် မယှဉ်နိုင်ခဲ့ချေ။

အင်မော်တယ်ဘုရင် ရွှမ်ယွင်ကို ဖိနှိပ် တိုက်ခိုက်နိုင်ခဲ့၏။ ထိုသူသည် ရှီယွင် မဟုတ်သည် ဆိုမှတော့ ကျိန်းသေပေါက် ထျန်းကျီသာလျှင် ဖြစ်ပေလိမ့်မည်။

အစစ်အမှန်ပင် နောက်ထပ်ခဏအတွင်းမှာပင် မီးတောက်ဘုရင်ရှေ့တွင် သေးသွယ်လှသည့် ခန္ဓာကိုယ်ပိုင်ရှင်က ပေါ်ပေါက်လာခဲ့၏။ ၎င်း၏ မျက်လုံးများက အေးစက်လျက်ရှိနေပြီး ပေါ်ပေါ်လာချင်းမှာပဲ အသင်္ချေများပြားသည့် လူများအားလုံးကို ဖိနှိပ်တိုက်ခိုက်သည်။

အင်မော်တယ်ဘုရင်ထျန်းကျီ

မီးတောက်ဘုရင်သည် မိမိကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်ပြီးသည့်နောက် မျက်နှာထက်တွင် ပျော်ရွှင်မှု အရိပ်အယောင်များနှင့် ပြည့်နှက်သွားခဲ့၏။ အသစ်ဝင်ရောက်လာသူသည် ကျိန်းသေပေါက် တစ်ဖက်လူများ အားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိနေသည့် လူမျိုး မဟုတ်ပါလား။

"ကိုယ့်အားအင်ကိုယ် မသိတဲ့ ပုရွက်ဆိတ်လေးတွေပါလား။"

အင်မော်တယ်ဘုရင်ထျန်းကျီသည် တိုက်ခိုက်ရေးနေရာတွင် ရှိနေသည့် အရာအားလုံးကို တစ်ချက်ဝှေ့ကာ ကြည့်ရှုလိုက်၏။ နှောင့်နှေးခြင်းတစ်ချက် မရှိဘဲ ၎င်းသည် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားများကို ထုတ်ဖော်ကာဖြင့် အင်မော်တယ်ဘုရင် တော်တော်များများ၏ တိုက်ခိုက်ချက်များကို တစ်ယောက်ထဲ ခုခံလိုက်၏။

ဤအတောအတွင်း မီးတောက်ဘုရင်နှင့် တခြားအသက်ရှင် ကျန်ရစ်ခဲ့ကြသည့် အင်မော်တယ်ဘုရင် တော်တော်များများတို့သည် တစ်ဖက်လူဆီမှ ပေးအပ်သည့် ဖိအားများကို ရှောင်ရှားနိုင်ခဲ့၏။ တစ်ဖက်မှ အင်မော်တယ်ဘုရင်များ ရှေ့သို့ ဆက်တိုးလာမည်ကိုလည်း တားဆီးနိုင်ခဲ့သည်။ ဌာနေအရှင်၏ အကြံအစည်သည် ကျိန်းသေပေါက် အောင်မြင်ပေလိမ့်မည်။

"ဘုန်း"

အင်မော်တယ်ဘုရင် ရွှမ်ယွင်သည် ကောင်းကင်ယံဆီသို့ လွင့်စင်သွားခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်တွင် သွေးများ စွန်းထင်းလျက် ရှိနေပြီး နူတ်ခမ်းထောင့်မှလည်း သွေးများစီးကျနေ၏။ ၎င်း၏ နတ်ဘုရားလက်နက် တစ်ခုသည် သွေးမြူများအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့၏။

မိုင်သန်းနှင့်ချီသည့် အကွာအဝေးသို့ လွင့်စင်သွားခဲ့ခြင်းဖြစ်ပြီး လမ်းတစ်လျှောက်တွင် ရှိနေသည့် တောင်တန်းအားလုံး ပြိုလဲကုန်သည်။

ဤအတောအတွင်း ၎င်းလွင့်စင်သွားရာ တည်နေရာလမ်းကြောင်း၌ လူတစ်ယောက်က ပေါ်ပေါက်လျက်ရှိ၏။ ထိုသူသည် ကြက်သွေးရောင် မျက်လုံးများကို ပိုင်ဆိုင်၏။ ကြောက်မက်ဖွယ်ရာကောင်းစွာ အေးစက်လျက် ရှိနေသည့် မျက်နှာသွင်ပြင်မျိုးနှင့် ၎င်းကို ကြည့်ရှုရသည်မှာ ထိတ်လန့်ဖွယ်ရာ ကောင်းလှသော လူသေ အလောင်းကောင်ကြီး တစ်ခုကဲ့သို့ပင် အားလုံးသော သူတို့၏ ကျောရိုးမကြီးကို စိမ့်တက်စေ၏။ သံသယ ရှိစရာမလိုပေ။ ၎င်းသည် ခန့်မှန်း၍ မရနိုင်သည့် အင်မော်တယ် ဘုရင်တစ်ယောက်ဖြစ်ပြီး အင်မော်တယ်ဘုရင်အဆင့်၏ ထိပ်ဆုံး နှစ်ဆယ်စာရင်းတွင် ဝင်သည့်လူ ဖြစ်၏။

၎င်းသည် ထျန်းကျီပင် ဖြစ်သည်။

တချို့သော အင်မော်တယ်ဘုရင်များသည် ၎င်းနှင့် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ပြီးသည့်နောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားသည်။ အင်မော်တယ်ဘုရင်အဆင့်တွင် ပါဝင်သော အင်မော်တယ် ရွှမ်ယွင်ပင်လျှင် ၎င်း၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။

ထျန်းကျီသည် ရွှမ်ယွင်ကို ဖမ်းဆီးပြီး ထပ်မံ တိုက်ခိုက်လိုက်ပြန်၏။

"ဘုန်း"

အင်မော်တယ်ဘုရင် ရွှမ်ယွင်သည် မြေကြီးထဲသို့ ထိုးဝင်သွားခဲ့၏။ ၎င်း၏ တိုက်ခိုက်ရေး စွမ်းအင်အားလုံး ယုတ်လျော့သွားခဲ့၏။ အင်မော်တယ်ဘုရင်တစ်ယောက်အတွက် ဤကဲ့သို့သော အခြေနေမျိုးကို ကြုံရသည် ဆိုသည်မှာ ရှားရှားပါးပါးပင်ဖြစ်သည်။

သို့ပေမဲ့ ယနေ့အချိန်တွင် အင်ပါယာဘုရင် ရွှမ်ယွင်သည် ကျိန်းသေပေါက် ဤကဲ့သို့ အခြေအနေမျိုးကို ကြုံနေရသည်။ ၎င်းသည် အံကိုကြိတ်ကာဖြင့် ရှေ့တွက်ရှိနေသည့် တည်နေရာကို လှမ်းကာ ကြည့်ရှုလိုက်၏။

"တာအိုရောင်းရင်း ရွှမ်ယွင်" အဝေးတစ်နေရာရှိ ကျောင်းကျွင်းဟန်က လှမ်းကာ အော်ဟစ်လိုက်၏။

"အခြေအနေကိုနားလည်တဲ့သူက ဉာဏ်ကောင်းတဲ့လူပဲ။"

မီးတောက်ဘုရင်က ပြောဆိုလိုက်၏။ ၎င်း၏ အနားရှိ အင်မော်တယ်သန့်စင်ခြင်း မျှော်စင်သည် ပြန်လည် ကောင်းမွန်နေပြီ ဖြစ်ပြီး တဝုန်းဝုန်း နှင့် လှုပ်ခါကာဖြင့် ၎င်း၏ စိတ်ဆန္ဒများကို ထုတ်ဖော်နေသည်။

၎င်းသည် အင်မော်တယ်ဘုရင်တော်တော်များများကို သန့်စင်ကာဖြင့် လက်နက်၏ စွမ်းရည်ကို တိုးမြှင့်ရန် ကြိုးစားခဲ့၏။ ထို့ကြောင့်အင်မော်တယ်ဘုရင်များစွာတို့၏ နားထဲတွင် ထိုလက်နက်ဆီမှ ထွက်ပေါ်လာသည့် အသံသည် အဆက်မပြတ် ဝင်ရောက်လျက်ရှိနေ၏။

အင်မော်တယ်ဘုရင်စာရင်းတွင် နာမည်ကျော်ကြားသည့် လူတစ်ယောက်ဖြစ်သော အင်မော်တယ်ဘုရင် ရွှမ်ယွင်ပင်လျှင် သေတော့မလိုဖြစ်နေသည်။ သူတို့အနေနှင့် ငရဲလောကကြီးသို့ မည်သို့ ယှဉ်ပြိုင်တိုက်ခိုက်ရမည်နည်း။

ထို့အပြင် ဂုဏ်ယူဝံ့ကြွားရပါသည်ဆိုသော ကောင်းကင်နန်းဆောင်၏ သခင်သည် ငရဲလောကကြီးသည် အသင်္ချေများပြားသည့် လောကအသီးသီးကို စုစည်းနိုင်မည်ဟု ပြောဆိုခဲ့သည် မဟုတ်ပါလား။

ငရဲလောက၏ စည်းမျဉ်းများအောက်တွင် မည်သည့် နိယာမ အသစ်မှ ဖြစ်တည်လာတော့မည် မဟုတ်ချေ။ ၎င်းတို့သည် ခေါင်းကိုငုံ့ကာ တစ်ဖက်လူ၏ ဆန္ဒ အတိုင်း လိုက်လျောဖို့သာ ရှိတော့၏။ လောကအသီးသီး တို့သည် ၎င်းတို့ပိုင်ဆိုင်ခဲ့ရာ ရွှေခေတ်များ ကုန်ဆုံးသွားပေတော့မည်။

"ကျုပ်တို့ဒီနေရာကနေ ထွက်ခွာသွားကြမလား"

ထိုအတွေးသည် အားလုံးသောသူတို့၏ နှလုံးသားထဲကို ဝင်ရောက်လာခဲ့၏။ တိုက်ခိုက်သူအားလုံးသည် အဆိုးဝါးဆုံး အခြေနေသို့ ရောက်ရှိလာခဲ့ပြီး အကာအကွယ် အစီအရင်များကို ဖန်တီးထားခဲ့ရ၏။

ငရဲလောကတွင်ရှိနေသည့် အင်မော်တယ် ဘုရင်ပေါင်းမြောက်များစွာတို့သည် လက်ရှိအခြေနေတွင် စိတ်သက်သာရာ ရလို့နေခဲ့ပြီး အားလုံးသော သူတို့ကို အထက်စီးမှ ပြန်လည် တိုက်ခိုက်လာခဲ့သည်။

လောကအသီးသီးဘက်ရှိ အင်မော်တယ်ဘုရင် အရေအတွက်သည် များပြားလွန်း၏။ သို့ပေမဲ့ ငရဲလောကမှ ပေါ်ပေါက်လာသည့် အင်မော်တယ်ဘုရင်များသည် တကယ့်ကို အားကောင်းလွန်းနေ၏။

နတ်ဆိုးလောကမှ တချို့သည် နန်းကုန်းယွင်ကြောင့် သေဆုံးခဲ့သည် ဆိုလျှင်တောင်မှ ယခုပေါ်ပေါက် လာသည့် သူများသည် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းသည့် လူများဖြစ်နေကြသည်။

အသင်္ချေများပြားသည့် လောကအသီးသီးတို့ရှိ အင်မော်တယ်ဘုရင်များ၏ စိတ်ထဲတွင် အတွေးတစ်ခုသာလျှင် ရှိ၏။ ၎င်းတို့သည် အခြေနေတစ်ခုလုံးကို ထိန်းချုပ်ကာဖြင့် မြန်မြန်ထွက်ပြေးရန် စဉ်းစားလိုက်မိကြ၏။

"ဘယ်လောက်ဆိုးယုတ်လိုက်လဲ"

ပိုင်ယုက အော်ဟစ်လိုက်၏။ သူသည် တခြားသော အင်မော်တယ်ဘုရင်များ၏ ရည်ရွယ်ချက်ကို ကောင်းကောင်း အာရုံခံမိ၏။ လက်ရှိအခြေနေတွင် သူကိုယ်တိုင်သည်လည်း အသက်ရှင်သန်နိုင်ရန်အတွက် မနည်းရုန်းကန်နေရ၏။

အင်မော်တယ်ဘုရင် ထျန်းကျီနှင့် ရင်ဆိုင်တွေ့ရသည့် အချိန်တွင် သူ့အနေနှင့် တန်ပြန်တိုက်ခိုက်မှုကို ပြုလုပ်ရန်ပင် မနည်း ကြိုးစားနေရသည်။ သို့ပေမဲ့ အဘယ့်ကြောင့် တခြားသောသူများသည် ခုခံခြင်းကို မပြုလုပ်ဘဲ ထွက်ပြေးရန် ကြိုးစားနေသနည်း။

အဝေးတစ်နေရာတွင်တော့ လျှိုချင်းဟုန်ဆီမှ မိုးကြိုးပစ်သံကဲ့သို့သော ကျယ်လောင်သည့် ဟစ်ကြွးသံကြီး ပေါ်ပေါက်လာခဲ့၏။ ၎င်းသည် တစ်နှစ်မှာ တစ်ခါ ပေါ်ပေါက်လာခဲ့သော ချွင်းချက်မဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းသည့် သွေးစွမ်းအင်များကို အသက်သွင်းကာဖြင့် ရှီယွင်နှင့် တိုက်ခိုက်နေသည်။

ကံဆိုးစွာဖြင့် သူ၏ ပြိုင်ဘက်သည် သူ၏ တိုက်ခိုက်ချက်များ အားလုံးကို သက်တောင့်သက်သာဖြင့် ဖယ်ရှားလျက် ရှိနေပြီး ကြွက်ကို ကစားနေသည့် ကြောင်ကဲ့သို့ပင်။ ၎င်းတို့နှစ်ယောက်၏ ကွာခြားချက်သည် တကယ့်ကို ကြီးမားလွန်းလှ၏။

"ကျုပ်တို့ မနိုင်နိုင်ဘူး။ ငရဲလောကရဲ့ အရှင်က မကြာခင်လာတော့မယ်။ သူကအင်မော်တယ်အင်ပါယာလေ။ သူလာတယ်ဆိုတာနဲ့ ကျုပ်တို့အားလုံး သေပြီပဲ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်တောင် ဒီလူကို ယှဉ်နိုင်မှာမဟုတ်ဘူး။"

"သွားကြရအောင်"

တခြားသော အင်မော်တယ်ဘုရင်များသည် တစ်ချက်လေးမှ နောက်လှည့်မကြည့်ဘဲ ထွက်ပြေးရန် ကြိုးစားကြတော့၏။ ၎င်းတို့သည် ကွာစီအင်မော်တယ်အင်ပါယာအဆင့် အခွင့်အရေးကို စိတ်ဝင်စားသော်လည်း လက်ရှိအခြေနေမျိုးတွင် ဤအခွင့်ရေးသည် ပေါ်ပေါက်မလာသေးချေ။ ငရဲလောက၏ အရှင်မှာတော့ ပေါ်ပေါက်လာခဲ့ပြီဖြစ်၏။ ဆက်လက်နေထိုင်ခြင်းသည် သေဆုံးခြင်း အဖြစ်သို့ ရောက်ရှိသွားနိုင်သည်။

"အရှင့်ရဲ့ဆုံးဖြတ်ချက်က တကယ့်ကိုမှန်တယ်။ လက်ရှိ လောကအသီးသီးမှာရှိတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေ အကုန်လုံးက သားသတ်ရုံထဲကို ရောက်နေတဲ့ ဝက်တွေလိုပဲ အော်ဟစ်နေကြတယ်"

ဌာနေအရှင်က မှတ်ချက်ပြုလိုက်၏။ ၎င်း၏ မျက်လုံးများသည် အေးစက်လျက်ရှိနေပြီး တိုက်ပွဲကြီးကို စူးစိုက် ကြည့်ရှုနေ၏။ လက်နှစ်ဖက်ကို အသာမြှောက်ပြီးနောက် ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများ ထွက်ပေါ်လာခဲ့၏။ ၎င်းသည် နတ်ဆိုးလောကကြီးထဲမှ ထွက်ပေါ်လာသော ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် လက်နက်ဆီမှ အလင်းတန်းများကို ပိုမို ထွန်းတောက်လာစေခဲ့၏။

လောကကြီးတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်လှိုင်းများနှင့် ဖြစ်တည်လျက် ရှိနေပြီး လောကပျက်လုမတတ်ပင်။

"ဘုန်း"

အသံကြီးတစ်ခုက ပဲ့တင်ထပ်လာခဲ့၏။ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အသံကြီးသည် အသင်္ချေ များပြားသည့် လောကအသီးသီးကို တုန်ခါစေခဲ့သည်။

စွမ်းအင်လှိုင်းများသည် ကြမ်းကြမ်းတမ်းတမ်း ဖြစ်တည်လာခဲ့ပြီး ထိုစွမ်းအင်တို့သည် လောကအသီးသီးဆီမှ ဆွဲယူခဲ့သည့် စွမ်းအင်များပင် ဖြစ်၏။ တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်လှိုင်းများသည် တစ်နေရာဆီသို့ စုဝေးနေခဲ့၏။

စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းနေသည့် တည်နေရာသည် လောကကြီး၏ အလယ်ဗဟို တည်နေရာ တစ်ခုဖြစ်ပြီး မှောင်မဲလျက်ရှိနေသည့် လောကကြီးသည် လင်းထိန်လျက်ရှိသည့် လောကကြီး အဖြစ်သို့ ပြောင်းလဲလာခဲ့သည်။

ထိုနေရာကြီးတွင် ကြီးမားလှသည့် ဝဲဂယက်ကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ စွမ်းအင်လှိုင်းများသည် ထိုလေဝဲကြီးသို့ တိုးဝင်လျက် ရှိနေပြီး အမဲရောင်လူတစ်ယောက်၏ ပုံပန်းသွင်ပြင်သည် တဖြည်းဖြည်း အကောင်အထည် ဖြစ်တည်လာခဲ့၏။ ထိုသူသည် အလွန်အားကောင်းလွန်းပြီး ၎င်း၏ စည်းချက်ကျနသော နှလုံးခုန်သံကပင်လျှင် အားလုံးသောသူတို့၏ ဒူးခေါင်းများကို ခွေယိုင်သွားစေခဲ့၏။

All Chapters